• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လေးနှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သူကို ဖမ်းမိ

by ဇူးဇူး
5 March 2018
in သတင်း
A A
ပြစ်မှုကျူးလွန်သူ ကိုကိုနိုင်(ခ) နိုင်ကြီး  / Yangon Police

ပြစ်မှုကျူးလွန်သူ ကိုကိုနိုင်(ခ) နိုင်ကြီး / Yangon Police

8k
VIEWS
Share on FacebookShare on Twitter

အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်အား ရိုက်နှက်ပြီး အဓမ္မပြုကျင့်ခဲ့သူကို တလအကြာတွင် ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က မတ်လ ၄ ရက်တွင် သတင်းထုတ်ပြန် လိုက်သည်။

အဆိုပါ သက်ငယ်မုဒိမ်းမှုသည် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ပန်းလှိုင်ဘူတာနှင့် ကြည့်မြင်တိုင်ဘူတာကြား မြို့ပတ်ရထားလမ်းဘေးတွင် ဖေဖော်ဝါရီ ၃ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဓမ္မပြုကျင့်သူ ကိုကိုနိုင် (ခ) ကိုနိုင် (ခ) နိုင်ကြီးဆိုသူကို ၂၀၁၈ မတ်လ ၂ ရက် ညနေ ၃ နာရီခွဲတွင် ပန်းဘဲတန်းမြို့နယ်၊ ဘုရားလမ်းဘူတာတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ ပြစ်မှုကျူးလွန်သူ ကိုကိုနိုင်သည် ဘုရားလမ်းဘူတာတွင် ညအိပ်နေထိုင်သူဖြစ်ပြီး အဓမ္မပြုကျင့်ခံရသူ မိန်းကလေးငယ်၏ မိဘများနှင့် ရင်းနှီးသူတဦး ဖြစ်ကြောင်း၊ ၎င်းကိုဖမ်းဆီးရမိချိန်တွင် ၎င်းထံမှ ကာမ အားတိုးဆေးများပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကိုကိုနိုင်၏ ထွက်ဆိုချက်အရ မိန်းကလေးငယ်၏ဖခင်နှင့် ရင်းနှီးသဖြင့် မကြာခဏ အရက်အတူ သောက်စားလေ့ရှိကြောင်း၊ အခင်းမဖြစ်ပွားခင် ဖေဖော်ဝါရီ ၂ ရက် ညပိုင်းက ဘုရားလမ်းဘူတာမှ ပန်းလှိုင်ဘူတာသို့ရောက်ရှိခဲ့ပြီး မိန်းကလေးငယ် မိသားစုနေထိုင်ရာ ပန်းလှိုင်ဘူတာ ခုံးတံတားတွင် ကာမအားတိုးဆေးနှင့် အရက်တို့ကို သောက်စားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်သည့် ဖေဖော်ဝါရီ ၃ ရက် နံနက် ၁ နာရီကျော်တွင် ပန်းလှိုင်ဘူတာ ခုံးတံတားအောက်၌ လူကြီးများမရှိဘဲ ကလေး ငယ်သုံးဦး အိပ်ပျော်နေသည်ကိုတွေ့ရှိရာ အစွန်ဆုံးတွင်အိပ်ပျော်နေသော မိန်းကလေးငယ်အား ပွေ့ချီလာစဉ် အော်ဟစ်သဖြင့် ပါးစပ်ကိုလက်ဖြင့်ပိတ်ပြီး ရထားသံလမ်းအတိုင်း ကြည့်မြင်တိုင်ဘူတာဘက်သို့ ခေါ်ဆောင်လာကြောင်း၊ ခတ္တာခုံးကျော် တံတားအနီး အရောက်တွင် မိန်းကလေးငယ်အား အုတ်တံတိုင်းဘေးသို့ခေါ်ဆောင်၍ အဓမ္မပြုကျင့်ပြီး ထွက်ပြေးခဲ့ကြောင်း ၎င်းက ထွက်ဆိုထားသည်။

အဓမ္မပြုကျင့်ခံရသူ မိန်းကလေးငယ်သည် အခင်းဖြစ်ပွားသည့်နေ့ ကတည်းက ယနေ့အချိန်အထိ ရန်ကုန်မြို့၊ ဟယ်လ်ပင် ကလေးဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိပြီး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာ ရေးအခြေအနေ ကောင်းမွန်လာပြီ ဖြစ်သော် လည်း ၎င်း၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ဆက်လက်ကုသပေးရန် လိုအပ်နေသေးကြောင်း ကူညီထောက်ပံ့ပေး နေသူများထံမှ စုံစမ်းသိရသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
34
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
42
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
653

ပြစ်မှုကျူးလွန်သူ ကိုကိုနိုင်သည် ၂၀၀၉ ခုနှစ်က ကြည့်မြင်တိုင် မီးရထားဘူတာရုံတွင် အရက် မူးယစ်သောက်စား ဆဲဆိုခဲ့သဖြင့် ရန်ကုန်ရဲအက် ဥပဒေ ပုဒ်မ ၄၁ ဖြင့် ထောင် ၇ ရက်ကျဖူးပြီး ၂၀၀၁ ခုနှစ်တွင် လှည်းကူးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၂၄ နှင့် လက်နက်များ အက်ဥပဒေ ၁၉(င)ဖြင့် ထောင်ဒဏ် ၁ နှစ် ကျခံဖူးသူဖြစ်ကြောင်း ရဲမှတ်တမ်းများက ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီးသည် ၂၀၁၇ ခုနှစ်အတွင်း မုဒိမ်းမှု ၂၇၀ မှု ဖြစ်ပွားခဲ့ပြီး သက်ငယ်မုဒိမ်းဖြစ် ပွားမှု အများဆုံး တိုင်းဒေသကြီးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

Your Thoughts …
Tags: လေးနှစ်အရွယ် မိန်းကလေးငယ်အဓမ္မပြုကျင့်
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

အချုပ်ကျ အမျိုးသမီးကို မုဒိမ်းကျင့်သည့် ပ.လ.ဖ အဖွဲ့ဝင်များ အရေးယူခံရမည်

အချုပ်ကျ အမျိုးသမီးကို မုဒိမ်းကျင့်သည့် ပ.လ.ဖ အဖွဲ့ဝင်များ အရေးယူခံရမည်

by ဧရာဝတီ
7 August 2023
8.2k

ကျူးလွန်သူ ၈ ဦးကို မြို့နယ်အချုပ်ထောင်တွင် ဖမ်းဆီးထားပြီး တာဝန်များအားလုံးကို ရပ်ဆိုင်းထားကြောင်း၊ အလားတူ ကျူးလွန်ခံရသည့် အမျိုးသမီးကိုလည်း တာဝန်မှရပ်ကာ သာမန်ပြည်သူအဖြစ် စောင့်ရှောက်ထားပြီး ကျန်းမာရေး ကောင်းမွန်ကြောင်း

သာပေါင်းမြို့နယ် မိဘမဲ့ကျောင်းမှ ၅ နှစ်အရွယ် မိန်းကလေးတဦး အဓမ္မကျင့်ခံရ

သာပေါင်းမြို့နယ် မိဘမဲ့ကျောင်းမှ ၅ နှစ်အရွယ် မိန်းကလေးတဦး အဓမ္မကျင့်ခံရ

by ဧရာဝတီ
18 July 2023
5.4k

ကျောင်းဝေယျာဝစ္စ ပြုလုပ်သူ ကိုအလုံးဆိုသူက အဓမ္မပြုကျင့်ခဲ့ပြီးနောက် ကျောင်းနေ ဦးပဉ္ဇင်းတပါး ဖြစ်သည့် ဦးစန္ဒာသီရိကို တိုင်ကြားရာ အဆိုပါဦးပဉ္ဇင်းကပါ ကလေးငယ်ကို ကျောင်းခန်းအတွင်း ဆေးထည့်ပေးရင်းနှင့် လိင်စိတ်ဖြေခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း

စစ်တွေ ဗျိုင်းဖြူရွာတွင် စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ် အလောင်း ဖျောက်

စစ်တွေ ဗျိုင်းဖြူရွာတွင် စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ် အလောင်း ဖျောက်

by ဧရာဝတီ
1 June 2024
3k

မေလ ၂၉ ရက်နေ့ မွန်းလွဲ၂ နာရီဝန်းကျင်တွင် အင်အား ၁၀၀ ကျော်ပါဝင်သည့် စစ်ကောင်စီတပ်သားများက ဗျိုင်းဖြူကျေးရွာသို့ ဝင်ရောက်လာပြီး ကျေးရွာသားများကို နေအိမ်မှထွက်ခိုင်းကာ ရွာလယ်ကွင်းပြင်တွင် လူစုခိုင်းပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း

စစ်တပ် သတ်ဖြတ်ခဲ့သည့် ၄ ဦးတွင် ကိုယ်ဝန်ဆောင်တဦးမှာ အဓမ္မပြုကျင့်ခံထားရ

စစ်တပ် သတ်ဖြတ်ခဲ့သည့် ၄ ဦးတွင် ကိုယ်ဝန်ဆောင်တဦးမှာ အဓမ္မပြုကျင့်ခံထားရ

by ဧရာဝတီ
29 August 2023
2.5k

ဝက်လက်မြို့နယ် အနောက်ခြမ်းရှိ ကျီးကန်တောင်ရွာ၊ ကျီးကန်မြောက်ရွာမှ ဒေသခံ အမျိုးသား ၃ ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးအား စစ်ကောင်စီ စစ်ကြောင်း ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ရက်ရက်စက်စက် သတ်ဖြတ်ထားခဲ့

မိခင်ဖြစ်သူကို အဓမ္မပြုကျင့် သတ်ဖြတ်ပြီး ကလေးတွေကိုပါ စစ်တပ်က သတ်ဖြတ်ခဲ့  / CJ

ပေါက်တွင် စစ်တပ်က သားအမိ ၃ ဦးကို သတ်ဖြတ်ပြီး မိခင်ဖြစ်သူကို အဓမ္မပြုကျင့်

by ဧရာဝတီ
9 March 2022
38.4k

ရုပ်အလောင်းကို ပြည်သူ့စွမ်းအားတပ်ပေါင်းစုအဖွဲ့မှ ဆရာဝန်က စစ်ဆေးရာ တွင်လည်း အဓမ္မပြုကျင့်ခံရသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

ထိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်သည့် CCTV ကင်မရာတွင် တွေ့မြင်ရသော ရဲ ဒုတပ်ကြပ် ဝတ်ချလ်င် စင်စမွန်ဆောင်န်က မြန်မာအမျိုးသမီးကို ညအချိန် အချုပ်မှ ခေါ်ထုတ်စဉ်(Khaosad)

မြန်မာအမျိုးသမီးကို အဓမ္မကျင့်မှုဖြင့် တိုင်ကြားခံရသည့် ထိုင်းရဲ အာမခံရ

by ဧရာဝတီ
16 January 2021
41.8k

စုံစမ်းစစ်ဆေးသူများက မီဒီယာသို့ ထုတ်ပြန်သည့် ဘိုဖွတ် ရဲစခန်းမှ စီစီတီဗွီကင်မရာတွင် ဝပ်ချာရင်က ထိုအမျိုးသမီး ကို အချုပ်ခန်းမှ ခေါ်ထုတ်သွားသည့် ပုံကို တွေ့ရသည်ဟု ဆိုသည်။ ၎င်းအား စုံစမ်းစစ်ဆေးကာလ အတွင်း အလုပ် ထုတ်ပယ် စွဲချက်တင်ခံထားရသလို...

Next Post
အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ချင်း အမျိုးသား တပ်ဦး (CNF) အဖွဲ့ ရန်ကုန် လေဆိပ်သို့ ရောက်ရှိလာ သည်ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ လဆန်းပိုင်းက တွေ့ရစဉ် / ဧရာဝတီ

UNFC အဖွဲ့ဝင် ပြန်လည် ဖြစ်ရေး မဆုံးဖြတ်ရသေးဟု CNF ပြော

ရေကူးမျက်မှန်ဟာ မျက်ကြည်လွှာကို ရေကူးကန်ထဲက ပိုးသတ်ဆေးတွေ ဘေးကနေ ကာကွယ် ပေးနိုင်ပါတယ်

ရေမကူးခင်နှင့် ရေကူးပြီးလျှင် ပြုလုပ်သင့်သော အချက်များ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved