• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်ပဋိပက္ခက စီးပွားရေးနှင့် ခရီးသွားကဏ္ဍကို ရိုက်ခတ်မှုရှိဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဆို

by မျိုးပပစန်း
12 May 2018
in သတင်း
A A
မေလ ၉ရက်နေ့က ရန်ကုန်မြို့ Novotel Hotel တွင် ကျင်းပသည့် Yangon Investment Forum 201 တွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို တွေ့ရစဉ် / UMFCCI

မေလ ၉ရက်နေ့က ရန်ကုန်မြို့ Novotel Hotel တွင် ကျင်းပသည့် Yangon Investment Forum 201 တွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို တွေ့ရစဉ် / UMFCCI

7.9k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် စီးပွားရေးနှင့် ခရီးသွား ကဏ္ဍ များကိုပါ ရိုက်ခတ်မှုများ ရှိကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

မနေ့ မေလ ၁၁ ရက်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ရုံးချုပ် (UMFCCI) ၌ ပြုလုပ် သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ၁ နှင့် ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ် များ ပုံမှန် ဆွေးနွေးပွဲ ၁၇ ကြိမ်မြောက်အခမ်းအနားတွင် ဦးဖြိုးမင်းသိန်းက ယင်းသို့ ပြောခြင်း ဖြစ်သည်။

“ရခိုင်ကိစ္စ ဖြစ်လိုက်တဲ့ အခြေနေမှာ ကျနော်တို့ ရန်ကုန်ကို ရိုက်ခတ်မှု တခုရှိပါတယ်။ အကြမ်းဖက်ခံရ မှုမှာ နိုင်ငံတကာ မီဒီယာကိုအသုံးပြုပြီး ကျနော်တို့ကပဲ အကြမ်းဖက် နေသလိုမျိုးဖြစ်အောင် ဆောင် ရွက်နေတဲ့ အခြေအနေတွေက စီးပွား ရေး ကို အလွန်တရာ ရိုက်ခတ်မှု ရှိလာခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

စီးပွားရေးကဏ္ဍအပြင် ခရီးသွားလုပ်ငန်းမှာလည်း အနည်းငယ် ကျသွားသည့်အတွက် ခရီးသွား နယ်ပယ်ပါ ရိုက်ခတ်ခံခဲ့ ရကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသည် ဘာသာရေးပဋိပက္ခများ ဖြစ်နေသည်ဟု မြင်ကြသော်လည်း မြန်မာနိုင်ငံကို လာရောက်သော ပုဂ္ဂိုလ်များ ယင်းအခြအနေ မဟုတ်ဘူးဆိုသည်ကို သိရှိကြောင်းကို ဝန်ကြီးချုပ်က ဆက်လက်၍ “ကျနော်တို့ နိုင်ငံကို နိုင်ငံတကာ သတင်းမီဒီယာကနေ တဖက်သတ် စွပ်စွဲခံရတဲ့ အခြေအနေမျိုး ကျနော်တို့ အစိုးရဘက်ကိုက အကြမ်းဖက်မှုကို အားပေး နေသလိုမျိုးပဲ။ ကျနော်တို့က အကြမ်းဖက်ခံခဲ့ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယင်းသို့ ကျဆင်းနေသည့် အတွက် ရန်ကုန်မြို့အနေနှင့် စီးပွားရေး ကဏ္ဍ၊ ခရီးသွားကဏ္ဍနယ်ပယ် များ ပြန်လည် ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူဖြစ်စေနိုင်မည့် ပြပွဲများကို တိုးမြှင့်ဆောင်ရွက် သွားရန် ပြင်ဆင်နေကြောင်း ပြောသည်။

UMFCCI အထွေထွေ အတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုးက “မကောင်းသတင်းက တိုင်းပြည်ရဲ့ ပုံရိပ်ကို ဖျက်တဲ့အတွက် မြန်မာနိုင်ငံလို့ စဉ်းစားလိုက်ရင် မျက်စိထဲမှာ မြင်နေတော့တာ ခရီးသွား မယ့်သူက ဘာမှမသိတဲ့သူ စီးပွားရေးအရ အလုပ်လုပ်မယ့်သူက ဒီမကောင်းမှုတွေ ရှိနေတဲ့ နေရာကို ဘယ်သူပဲဖြစ်ဖြစ် စိတ်မဝင်စားတော့ဘူး။ မကောင်းသတင်း ရှိနေ ခြင်း က တိုင်းပြည်အတွက် ခရီးသွားလာမှု၊ ရင်းနှီးမြှုပ်နှံမှု အများကြီးနစ်နာတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်မလာတော့ဘူး ပေါ့” ဟု ပြောသည်။

တပ်မတော်ခန်းမနှင့် MCC တို့တွင် ပြုလုပ်နေသည့် ပြပွဲများကလည်း နိုင်ငံတကာ ပြပွဲများအဆင့်သို့ တက် ရောက်နိုင်ခြင်း မရှိသေးကြောင်း ဦးဖြိုးမင်းသိန်းက ဆိုသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
38
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
765
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
219

“ကျနော်တို့ ဟောင်ကောင်၊ စင်ကာပူနိုင်ငံတွေမှာ လုပ်နေတဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် နိုင်ငံတကာ ရောင်းမယ့် သူတွေကလည်း မြန်မာပြည်ကို လာတယ်။ ဝယ်မယ့် သူတွေကလည်း လာမယ်။ ဒီပြပွဲမျိုး လုပ်ဖို့ ဖြစ်ပါတယ်။ ဒါကို လုပ် ဆောင်ဖို့အတွက်လည်း ဆွေးနွေးနေကြပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်တိုင်း အစိုးရအနေနှင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ ခရီးသွားများကို ဆွဲဆောင်နိုင်စေရန် ဈေးကွက်မြှင့်တင် သည့် အနေနှင့် ကျောက်မျက်ရတနာမှ စ၍ ပရိဘောဂ၊ ယာဉ်များ အစရှိသည့် ထုတ်ကုန်များ ပါဝင်မည့် ပြပွဲတခု လုပ်ဆောင် ရန် အစီအစဉ်ရှိကြောင်း သိရသည်။

ဆက်လက်၍ ၎င်းက “ပြင်ဆင်တယ်ဆိုတာ ကျနော်တို့ ၁ နှစ် ပြင်ဆင်ရတာ ဖြစ်တယ်။ ဒီနေ့ပြင်ဆင် မှုက နောက်နှစ် နိုင်ငံ တကာ ပြက္ခဒိန်မှာ ကျနော်တို့ ဘယ်မှာ ဘယ်ပွဲတွေ ရှိတယ်ဆိုတာ ထည့်သွင်း နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့က ဒီပြပွဲကြီးတွေကို အမြန်ဆုံး နှစ်စဉ်ဆောင်ရွက်ဖို့အတွက် တိုင်းအစိုးရက ကြိုးစားနေပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံ၌ တကမ္ဘာလုံးမှ အသိအမှတ် ပြုထားသော ကျောက်မျက် ရတနာများ ဖြစ်သည့် ကျောက်စိမ်း၊ မိုးကုတ် ပတ္တမြား အစရှိသည့် အဖိုးတန် ရတနာများရှိသောကြောင့် ဈေးကွက်ကို ထူထောင်နိုင်လျှင် ဧည့်လမ်းညွှန်များ အလုပ် ရရှိခြင်း၊ စားသောက်ဆိုင်များ လုပ်ငန်းများ၊ ဟိုတယ်များနှင့် ခရီးသွားလုပ်ငန်းရှိ အသေးစား၊ အလတ်စား လုပ်ငန်းများပါ အထောက်အကူ ဖြစ်နိုင်သည်ဟု ဝန်ကြီးချုပ်က ဆိုသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကြည်သိန်းကိုက “ခရီးသွား ကဏ္ဍက ပြည်တွင်းရော ပြည်ပရောရှိတယ်။ အဲဒီတော့ ပြည်ပက ထိုက်သင့်သလောက် လျော့ပေမယ့် လည်း ပြည်တွင်းက တိုးလာတယ်။ ခရီးသွား လုပ်ငန်းအတွက်က နိုင်ငံခြားသား လျော့သွားတဲ့ အတွက်ကို ဆိုးဆိုးဝါးဝါး ကျဆင်းခြင်း မရှိဘူး”ဟု ဧရာဝတီသို့ ပြော သည်။

ပြည်ပဧည့်သည် လျော့နည်းသွားခြင်းကြောင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင် ကြီးမှူးပြီး အာဆီယံနိုင်ငံများနှင့် ဂျပန်၊ တရုတ်၊ ကိုရီးယားနိုင်ငံများမှ ခရီးသွား ဦးရေ ၁ သန်းခန့် မြန်မာနိုင်ငံသို့ ဝင် ရောက်ရန် MOU (နှစ်ဖက်နားလည်မှု စာချွန်လွှာ) ရေးထိုးဆောင်ရွက်နေကြောင်း သိရသည်။

Your Thoughts …
Tags: ရခိုင်ပဋိပက္ခ
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

ဟာဂျီ ဦးအေးလွင် / ဧရာဝတီ

ကိုဖီအာနန် ကော်မရှင် ဖွဲ့မှ အရပ်ကယ်ပါ လူဝိုင်းပါ ဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်က မှားပါတယ်

by ထွန်းထွန်း
9 December 2019
49.9k

အိမ်တွင်းရေးလို့ ပြောကြတော့ အိမ်တွင်းရေး အကြမ်းဖက်ပြီဆိုရင် ကိုယ့်က လေးကို၊ မိန်းမကို ရိုက်ချင်တိုင်း၊ နှိပ်စက်ချင်တိုင်း လုပ်လို့ မရဘူး။ မဖြစ်သင့်ဘူးဆိုရင် အရပ်ကနေ ဝင်ပြီးတော့ တားတာ၊ ပြုတာက ရှိနေကြပြီးသားပဲ။ ကိုဖီအာနန် ကော်မရှင်ကြီးဖွဲ့ကာမှ အရပ်ကယ်ပါ...

AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ်တွင် လုပ်ငန်းများ လုပ်ကိုင် သည့် စီးပွားရေးလုပ်ငန်းများမှ အခွန်ကောက်ခံမည့် အစီအစဉ်ကိုလည်း ကြေငြာခဲ့သည် / ဧရာဝတီ

ပြောင်းလဲနေသော ရခိုင်စစ်ပွဲ မြေမျက်နှာပြင်

by Anthony Davis
20 February 2020
55.2k

ရခိုင်ပဋိပက္ခက အပစ်အခတ် ရပ်စဲရေး အလားအလာ လုံးဝမရှိသလောက် ဖြစ်နေသည်။

၂၀၁၉ ခုနှစ် ကချင်ပြည်နယ် လိုင်ဇာမြို့တွင် တွေ့ရသော တပ်ဖွဲ့ဝင်များ/ / ဧရာဝတီ

ရခိုင်ပဋိပက္ခ မည်သည့်ရှုထောင့်ကမဆို အခြေအနေ ပိုဆိုးရွားနေ

by အောင်ဇော်
7 June 2020
32.8k

ရခိုင်ပဋိပက္ခသည် အရှိန်အဟုန် ဆက်လက်မြင့်မားနေသောကြောင့် တိုက်ပွဲများ ပိုမို ပြင်းထန်ရန်သာ ရှိမည်ကို စိုးရိမ်နေရသည်။

"သတင်းမီဒီယာအလုပ်သည် ရာဇဝတ်မှု မဟုတ်"ဟု စာတမ်းပါ တီရှပ်ကို ဝတ်ဆင်ထားသော သတင်းသမားတဦး / မျိုးမင်းစိုး

ရခိုင်ပဋိပက္ခ ပိုကြီးလာမည်ကို စိုးရိမ်၍ မီဒီယာတချို့ ကို အရေးယူရဟု တပ်မတော် ပြော

by ထက်နိုင်ဇော်
21 April 2019
19.9k

လူမျိုးရေး ပဋိပက္ခများ ပိုမိုကြီးထွားလာမည်ကို တပ်မတော်က စိုးရိမ်သဖြင့် သတင်း မီဒီယာတချို့ကို အရေးယူရန် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောသည်

ရသေ့တောင် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သော မင်းဖူးကျေးရွာသူ မရီရီစိုး ရုပ်အလောင်းအား သယ်ယူလာစဉ် / မင်းအောင်ခိုင် / ဧရာဝတီ

ရခိုင်စစ်ပဋိပက္ခကို ဆွေးနွေးခြင်းဖြင့် အဖြေရှာရန် အရပ်ဘက်အဖွဲ့များ တောင်းဆို

by မင်းအောင်ခိုင်
24 April 2019
7.8k

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်ပြီး စစ်ရေးအရ မဖြေရှင်းဘဲ နှစ်ဘက်ခေါင်း ဆောင်များ တွေ့ဆုံ၍ ဆွေးနွေး အဖြေရှာရန် ရခိုင် အရပ်ဘက်အဖွဲ့အစည်း ၂၉ ၈ ဖွဲ့ က ဧပြီလ ၂၃ ရက်နေ့...

Next Post
ဘင်္ဂလားဒေ့ရှ်ဘက်မှ ဘန်ကာနှင့် ပစ်ကျင်းတည်ဆောက်နေမှု / Information Committee

ဘန်ကာနှင့် ပစ်ကျင်းများ ဆောက်လုပ်မှု ဘင်္ဂလားဒေ့ရှ်ကို မြန်မာကန့်ကွက်

အဆိုတော် Taylor Swift သီဆိုဖျော်ဖြေနေစဉ်

ဝတ်စုံ ၈ စုံလဲပြီး သီချင်း ၂၄ ပုဒ် ဖျော်ဖြေခဲ့တဲ့ အဆိုတော် Taylor Swift ရဲ့ ပထမဆုံး Reputation ဖျော်ဖြေပွဲ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved