• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

KIA ၏ တပ်ရင်း-၆ ကို တပ်မတော်က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ဟုဆို

by ချစ်မင်းထွန်း
14 May 2018
in သတင်း
A A
KIA ထိန်းချုပ်နယ်မြေတနေရာ  / ဧရာဝတီ

KIA ထိန်းချုပ်နယ်မြေတနေရာ / ဧရာဝတီ

45k
VIEWS
Share on FacebookShare on Twitter

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း-၆ ကို တပ်မတော်က ယနေ့ နံနက်ပိုင်းတွင် လေယာဉ်ဖြင့် ၃ ကြိမ် လာရောက် ပစ်ခတ် တိုက်ခိုက် သည်ဟု KIA တပ်ရင်း-၆ တပ်ရင်းမှူး ဗိုလ်မှူးအောင်ဂျာက ပြောသည်။

ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင်ရှိသော တပ်ရင်း-၆ ဌာနချုပ်၏ တောင်ကုန်း ပတ်ဝန်းကျင်အား မေ ၁၄ ရက်က တပ်မတော်ဘက်မှ နံနက် ၁၀ နာရီ ဝန်းကျင်က လေယာဉ်ဖြင့် ၃ ကြိမ် လာရောက်၍ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KIA ဘက်က ဆိုသည်။

ဗိုလ်မှူးအောင်ဂျာ က “တပ်ရင်း ၆ ဌာနချုပ် ပတ်ဝန်းကျင်လောက်ပဲ ကျနော်တို့ ပြောလို့ရတယ်။ လုံခြုံရေးအရ အတိအကျ ပြောမရလို့ပါ။ တပ်ရင်း ၆ ထိုင်တဲ့ တောင်ကုန်း ပတ်ဝန်းကျင်မှာ ဒီမနက်က လေယာဉ်နဲ့ ၃ ကြိမ် ဗုံးကျဲ တယ်။ လေယာဉ်ကတော့ ဒီနေ့မှာ ၃ ကြိမ်လာပစ်တာ။ တိုက်ပွဲကတော့ ဆက်တိုက်ပဲ အကြီးအကျယ် ထိုးနေကြတာ”ဟု ဧရာဝတီသို့ ပြောသည်။

တပ်မတော်ဘက်၏ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ အရပ်သားများကို ထိခိုက်ခြင်းမရှိကဲ့သို့ ကျေးရွာများ ကိုလည်း ထိခိုက်ပျက်စီးမှု မရှိကြောင်း ဗိုလ်မှူး အောင်ဂျာ က ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
377
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
52

တပ်မတော်အနေဖြင့် တပ်ရင်း – ၆ ကိုတိုက်ခိုက်နေသည်မှာ ၃ ရက်ခန့် ရှိပြီဖြစ်ပြီး တပ်ရင်း – ၆ နေရာမှာသာမက ကချင်ပြည်နယ် အတွင်းရှိ တခြား KIA လှုပ်ရှားမှု ရှိရာနေရာများတွင်လည်း ထိုးစစ်ဆင် တိုက်ခိုက်မှုရှိကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ (PCG) မှ ဦးဆန်းအောင် က ပြောသည်။

ဦးဆန်းအောင် က “ဒီနေ့တင် မဟုတ်ဘူး။ တမြန် မနေ့ကနေ အခု ၂ ရက်၊ ၃ ရက်တောင် ရှိနေပြီး အဲမှာ။ အဲဒါကတော့ တောက် လျှောက် ထိုးနေတာ။ တပ်ရင်း ဌာနချုပ်တွေ တော်တော် များများကို ထိုးနေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ တိုက်ပွဲများဖြစ်ပွားနေမှုနှင့်ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဝန်ကြီးဌာနသို့ ဆက်သွယ်သော် လည်း ဖုန်းကိုင် ဖြေကြားခြင်းမရှိသဖြင့် တပ်မတော်ဘက်ခြမ်းမှ အတည်ပြုချက်ကို ရယူဖော်ပြနိုင်ခြင်းမရှိပါ။

သို့သော်လည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တေဇကျော် ကတော့ တနိုင်ငံအပါအဝင် ကချင်ပြည်နယ် အတွင်းတွင် နယ်မြေ ထိန်းသိမ်းရေး အတွက် တိုက်ခိုက်ရမှုများ ရှိသကဲ့သို့ KIA က ချောင်းမြောင်းပစ်ခတ်မှုများကြောင့် တိုက်ခိုက်ရမှုများလည်း ရှိကြောင်း လတ်တလောက်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ အခြေအနေနှင့် ပတ်သက်ပြီး ပြည်တွင်း/ပြည်ပမှ မီဒီယာများဖြင့် မေ ၁၁ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဗိုလ်ချုပ် တေဇကျော် “တကယ်တမ်း ကျတော့ တိုက်ခိုက်မှုတွေ အားလုံးက KIA စတင်ပြီးတော့ တိုက်ခိုက်တဲ့ အတွက် ကြောင့်မလို့ ကျနော်တို့က ပြန် တုန့်ပြန်ပြီး ကျနော်တို့ ရှင်းလင်းတာ ဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် တပ်မတော်က ဖားကန့်ဒေသနှင့် တနိုင်းဒေသဘက်တွင် တပ်အင်အား ဖြည့်စီး၍ နယ်မြေ ရှင်းလင်း ရေးများ လုပ်ဆောင်နေခြင်းကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာနိုင်သည့်အခြေအနေရှိကြောင်း KIA ဘက် ဆိုသည်။

ဗိုလ်မှူးအောင်ဂျာ က “သူတို့ အင်အား အလုံးအရင်းနဲ့ဆိုတော့ တက်နိုင်သလောက် တိုက်ပွဲမဖြစ်အောင် ရှောင်တယ်။ ဒီစစ်အင်အားတွေက ဆက်တိုက် ဆက်တိုက် တိုးလာမယ်ဆိုရင် တိုက်ပွဲက အချိန်မရွေးဖြစ်လာနိုင်တယ်ပေါ့။ သူတို့က ငြိမ်သွားတာ မဟုတ်ဘဲနဲ့ ဆက်တိုးလာတဲ့အခြေအနေ ဖြစ်နေတယ်” ဟု ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားမှုများ ရပ်တန့်ရေး ကြားဝင် စေ့စပ် ညှိနှိုင်းပေးလိုသော်လည်း ၂ ဖက်စလုံးမှ ဆန္ဒမရှိပါက မည်သို့မှ ဆောင်ရွက်၍ မရနိုင်ကြောင်း ဦးဆန်းအောင်က ဆိုသည်။

PCG မှ ဦးဆန်းအောင်က “ကြားဝင် ဆောင်ရွက်ပေးဖို့ဆိုတာက တပ်မတော်ဘက်ကလည်း ကြားဝင် ဆောင်ရွက်ပေးမှုကို တပ်မတော် အနေနဲ့ လိုချင်တဲ့ အနေအထားမျိုး မရှိဘူးဗျ။ အဲဒါကြောင့်လည်း စောင့်ကြည့်နေပါတယ်။ ကြားဝင် တယ်ဆိုတာက ၂ ဖက်က ဆန္ဒရှိမှပဲ ဝင်လို့ရတဲ့ ကိစ္စပဲ။ ကျနော်တို့ကပဲ လိုလားလို့ မရပါဘူး ၂ ဖက် အဖွဲ့အစည်းက လိုလားမှ ရမှာပါ။ အရင်တုန်းကတော့ အခေါက်ခေါက်ရှိတယ်။ စာပို့ပြီး နှစ်ဖက် ညှိနှိုင်း ကြဖို့ တောင်းဆိုတာပေါ့။ ဘာမှ ပြန်မလာတဲ့အခါကျတော့ လောလောဆယ် ကျနော်တို့ စောင့်ကြည့်နေတုန်းပဲ ရှိပါသေးတယ်” ဟု ပြောသည်။

တပ်မတော်နှင့် KIA အကြား ၂၀၁၇ ခုနှစ်၊ ဇွန်လက စတင်၍ ကချင်ပြည်နယ်၊တနိုင်းမြို့နယ်အတွင်းမှ  ပယင်းမှော်များ၌ ဖြစ်ပွားသော တိုက်ပွဲများက စတင်ပြီး ယနေ့ထိ မကြာခဏ ဖြစ်ပွားနေခြင်း ဖြစ်သည်။

ထို့နောက် မတ် ၁၄ ရက်မှာ ဟူးကောင်းချိုင့်ဝှမ်း  (တနိုင်းဒေသ) နမ့်ဗျူရှိ KIA ၏ တပ်ရင်း-၁၄ ဌာနချုပ် ဆုတ်ခွာ ပေးခဲ့ရပြီးနောက် တိုက်ပွဲများ ပြန်လည် ငြိမ်သက်သွားသော်လည်း ဧပြီ  ၆ ရက်တွင် ဖားကန့်ဒေသ၊ တံတားညီနောင်မှာ လုံခြုံရေး တာဝန်ယူထားသော တပ်မတော်စခန်းကို KIA တပ်ရင်း-၆ က ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအပြီး နောက်ပိုင်း ဧပြီ ၁၁ ရက်မှာ တနိုင်းဒေသ၊ အောင်လောဒ့်ကျေးရွာမှာ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ဒေသခံ ၂၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပြီး  တနိုင်း၊ ဖားကန့်၊ မံစီ စသည့်မြို့နယ်များအတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေကြောင်း သိရသည်။

တပ်မတော်နှင့် KIA ကြား တိုက်ပွဲများ ရပ်တန့်နိုင်ရေး ၂၀၁၈ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊တာလီမြို့မှာ တပ်မတော်ဘက်မှ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသော်လည်း တစုံတရာ သဘောတူညီမှု မရခဲ့ကြောင်း သတင်းများမှာ ဖော်ပြခဲ့ကြသည်။ကြီးအကျယ် ထိုးနေကြတာ

Your Thoughts …
Tags: KIAဗုံးကျဲ
ချစ်မင်းထွန်း

ချစ်မင်းထွန်း

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.3k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.7k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

Next Post
The Revenant ရုပ်ရှင်မှ ဇာတ်ဝင်ခန်း တခန်း

ဖြစ်ရပ်မှန် ရုပ်ရှင်ကားတွေရဲ့ နောက်ကွယ်က စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများ (၂)

သက်သေခံပစ္စည်းများနှင့် တရားခံ မျိုးဇော်ဦး ဆိုသူ  / Yangon Police / Facebook

FDA အမျိုးသမီးဝန်ထမ်း အဓမ္မကျင့်အသတ်ခံရမှု ဇွန်လဆန်းတွင် အမိန့်ချဖွယ်ရှိ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved