• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စဉ့်ကူးရှိ ဘကကျောင်းတွင် မိန်းကလေးငယ်အား အိမ်သာတွင်း ပိတ်လှောင်မှု ဖြစ်ပွား

by ဒီလှိုင်းဝင်း
21 June 2018
in သတင်း
A A
အိမ်သာတွင်းပိတ်လှောင်ခံရသည့် မိန်းကလေးငယ် / Zaw Min Thant / facebook

အိမ်သာတွင်းပိတ်လှောင်ခံရသည့် မိန်းကလေးငယ် / Zaw Min Thant / facebook

18.6k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာအုပ်စု၊ ရုံးပင်ကုန်းကျေးရွာ သောတုဇနကျောင်းတိုက် အမှတ် ၁၂ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (မူလွန်) တွင် ကျောင်းထိုင်ဆရာတော်မှ ၁၃ နှစ်အရွယ် မိန်းကလေးတဦးအား လက်ပြန်ကြိုးတုတ်၍ အိမ်သာအတွင်း၌ ၃ ရက်ခန့် ပိတ်လှောင်မှု ဖြစ်ပွားခဲ့သည်။

အိမ်သာအတွင်း ပိတ်လှောင်ခံရသူမှာ အသက် ၁၃ နှစ်အရွယ် မယုနန္ဒာဖြစ်ပြီး မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ဒေါင်းရိုးရပ်ကွက်မှ အဆိုပါဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွင်နေထိုင်ကာ သတ္တမတန်းတွင် ပညာသင်ကြားနေသူ ဖြစ်သည်။

“ကလေးက ဘကကျောင်းမှာနေတယ်လို့ သိရတယ်၊ ကလေးက ပစ္စည်းခိုးလို့ဆိုပြီး ဘုန်းကြီးက အိမ်သာထဲမှာ သော့ခတ်ထားတယ်၊ ဒါကို ဘေးကအိမ်က ကြားပြီးတော့ ရဲတိုင်တာလို့ သိရတယ်၊ အခုကိစ္စကို သက်ဆိုင်ရာက တာဝန်ရှိတဲ့အတိုင်း ဆက်လက်ဆောင်ရွက်ကြမှာပါ”ဟု စဉ့်ကူးမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်နိုင်ဦးက ပြောသည်။

အဆိုပါ ၁၃ နှစ်အရွယ် မိန်းကလေးတဦးအား လက်ပြန်ကြိုးတုတ်၍ အိမ်သာအတွင်း၌ ၃ ရက်ခန့် ပိတ်လှောင်ခဲ့သူများသည့် ကျောင်းထိုင် ဆရာတော် ဦးပညာနန္ဒနှင့် ဦးအဂ္ဂဉာဏတို့အား အမှုဖွင့်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ် သံဃနာယကအဖွဲ့မှ လူဝတ်လဲပေးခဲ့သည်။

ထို့နောက် လက်ပံလှရဲကင်းစခန်းက ကျောင်းထိုင်ဆရာတော် ဦးပညာနန္ဒ(ခ) ဦးမြင့်သူနှင့် ဦးအဂ္ဂဉာဏ(ခ) ဦးအောင်ကျော်ကျော် တို့အား လက်ပန်လှ ရဲကင်းစခန်းတွင် (ပ) ၁၃၃/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၄၃/ ၃၂၃/ ၁၁၄ တို့ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
284
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
124
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

ဖြစ်စဉ်မှာ မယုနန္ဒာသည် စာသင်ကြားပေးနေသည့် ဆရာမတဦး၏ အခန်း သေတ္တာအတွင်းထည့်ထားသည့် ပိုက်ဆံအိတ် အတွင်းမှ ငွေ ၅၀၀ဝ ကျပ် ခိုးယူခဲ့သဖြင့် ဇွန်လ ၁၆ ရက် ညနေ ၅ နာရီအချိန်ခန့်က ကျောင်းထိုင် ဆရာတော် ဦးပညာနန္ဒက သစ်သားတုံးအား ကြိုးဖြင့်ချည်ကာ လက်မြှောက်ကိုင်ခိုင်းပြီး ကျောင်းသူ ကျောင်းသားများရှေ့ တွင် လမ်းလျှောက်ခိုင်းခဲ့ကြောင်း၊ ဦးဇင်းဦးအဂ္ဂဏက မယုနန္ဒာကို ငွေခိုးယူသည်ဟု ဆိုကာ ပါးရိုက်ခဲ့ကြောင်း သိရသည်။

၎င်းနောက် ဇွန် ၁၆ ရက်နေ့ ည၁၀ နာရီခန့်အချိန်တွင် မယုနန္ဒာအား နိုင်လွန်ကြိုးအဖြူရောင်ဖြင့် လက်ပြန်ကြိုးတုတ်၍ ကျောင်းဝင်းအတွင်းရှိ မစင်များ ပြည့်နေ၍ အသုံးမပြုတော့သည့် အိမ်သာအဟောင်းထဲတွင် ပိတ်လှောင်ထားခဲ့ပြီး တရက်လ ျှင် ထမင်းတနပ်သာ ကျွေးကာ ၃ ရက်ခန့် ရေမတိုက်ဘဲ ပိတ်လှောင်ချုပ်နှောင်ထားခဲ့သည်ဟု ကာယကံရှင်မိန်းကလေးက ထွက်ဆိုထားကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

“သောတုဇနကျောင်းတိုက်က စာသင်ကျောင်းဆောင်မြောက်ဘက်မှာရှိတဲ့ အိမ်သာထဲကနေ မိန်းကလေးတယောက် အော်ဟစ်အကူအညီ တောင်းခံနေတဲ့အသံကြားလို့ အကြောင်းကြားတယ်ဆိုပြီး စခန်းက လာတာနဲ့ လိုက်သွားခဲ့တာ၊ ဟိုရောက်တော့ ကလေးမလေးကို လက်ပြန်ကြိုးတုတ်ပြီး အိမ်သာထဲမှာ ပိတ်လှောင်ထားတာကို တွေ့ရတာပါပဲ”ဟု လက်ပန်လှ ကျေးရွာအုပ်စု၊ ရုံးပင်ကုန်းကျေးရွာ ရာအိမ်မှူး ဦးမျိုးလှိုင်က ပြောသည်။

အဆိုပါဖြစ်စဉ်ကို ဇွန်လ ၁၉ ရက်နေ့ နံနက် ၆နာရီခွဲ အချိန်ခန့်တွင် ကျေးရွာနေ ပြည်သူတဦး၏ သတင်းပေးပို့ချက်အရ လက်ပန်လှကျေးရွာရဲကင်းစခန်း ခေတ္တ ရဲကင်းစခန်းမှူး ရဲအုပ်သိန်းအောင် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် မြို့နယ်သံဃနာယကအဖွဲ့မှ အဖွဲ့ဝင်ဆရာတော်များ၊ သက်သေများနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာမှ သိရှိခဲ့ခြင်းဖြစ်သည်။

“အဲဒီကျောင်းက ဘကကျောင်းလည်း ဖွင့်ထားတယ်၊ ကလေးမလေးကို မသုံးတော့တဲ့အိမ်သာကို သော့ခတ်ထားတယ်၊ အိမ်သာကို ဖွင့်ခိုင်းပြီး အပြင်ထုတ်ပေးခဲ့ရတယ်၊ ဘုန်းကြီးတို့က အမှုရင်ဆိုင်ဖို့ ရဲလုပ်ပိုင်ခွင့်တွေ အဆင်ပြေအောင် တရား ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်ခွင့်ပေးခဲ့တယ်၊ အမှုက ရာဇဝတ်ပြစ်မှုဖြစ်နေလို့ တခါတည်း လူဝတ်လဲပေးခဲ့ပါ တယ်”ဟု စဉ့်ကူး မြို့နယ် သံဃနာယကအဖွဲ့ဝင် ဆရာတော်တပါးက မိန့်ကြားသည်။

“နောက်ဆုံးသိတာကတော့ သံဃာ၂ ပါးကို သံဃာ့နာယကက ဆရာတော်တွေက လူဝတ်လဲပေးပြီး ဖမ်းထားတယ်လို့ သိရပါတယ်၊ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့က ဘာမှ ဝင်စွက်ဖက်တာမျိုး မလုပ်ပါဘူး၊ သက်ဆိုင်ရာကိုတော့ အမှန်အတိုင်းဖြစ်အောင် ဆောင်ရွက်ပေးဖို့ ပြောထားပါတယ်”ဟု ဒေါက်တာကျော်နိုင်ဦးက ရှင်းပြသည်။

အဆိုပါ အမှုဖြစ်စဉ်အား လက်ပန်လှ ရဲကင်းစခန်းသို့ ဧရာဝတီမှ ဆက်သွယ်မေးမြန်းသော်လည်းဖြေကြားခြင်း မရှိပါ။

ပြီးခဲ့သည့် ဧပြီ ၂၁ ရက်ကလည်း မတ္တရာမြို့နယ်၊ တောင်ကန်အုပ်စု၊ ကင်းရွာရှိ လွင်ဦးကျောင်းတိုက်အတွင်း၌ အဆိုပါကျေးရွာမှ အသက် ၁၄ နှစ်အရွယ် အဋ္ဌမတန်းဖြေဆိုထားသူ မောင်ဝေဖြိုးနိုင်အား လွင်ဦးကျောင်းတိုက်မှ ဦးသုစရိတသည် မင်းမဲ့စရိုက်ဆန်စွာ အုပ်စုဖွဲ့၍ အနိုင်ကျင့်ရိုက်နှက်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုး ရသေ့တောင်ရှိ ပုညတောင် ဘုန်းကြီးကျောင်းမှ သံဃာတော် ဦးနာယကသည်လည်း ဧပြီလအတွင်းက ကိုရင်ငယ် ၇ ပါးကို ဒဏ်ရာရရှိသည်အထိ ရိုက်နှက်ဆုံးမခဲ့သဖြင့် ကင်မွန်းချောင်းနယ်မြေ ရဲစခန်းတွင် (ပ) ၆၆/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၃၊ ၃၂၅ တို့ဖြင့် အမှုဖွင့်အရေးယူမှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Your Thoughts …
Tags: ဆရာတော်ပိတ်လှောင်ဘကကျောင်း
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

မဟန ဆရာတော်ကို ပစ်တဲ့လက်သည်ဟာ စစ်တပ်ဖြစ်နေ (ရုပ်/သံ)

မဟန ဆရာတော်ကို ပစ်တဲ့လက်သည်ဟာ စစ်တပ်ဖြစ်နေ (ရုပ်/သံ)

by ယဉ်မွန်
20 June 2024
1.5k

ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ မဟာသံဃာမဟာနယကအဖွဲ့ဝင် (ငြိမ်း) ကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ကားပေါ်မှာ အတူပါလာခဲ့တဲ့ ရန်ကုန် ကံသုံးဆင့်ဆရာတော် ဦးဂုဏိကာဘိဝံသ ကပြန်လည်မိန့်ကြားခဲ့ပါတယ်။

မြင်းခြံ ပရဟိတဆရာတော်ကို ပစ်ခဲ့တဲ့ လက်သည် (ရုပ်/သံ)

မြင်းခြံ ပရဟိတဆရာတော်ကို ပစ်ခဲ့တဲ့ လက်သည် (ရုပ်/သံ)

by ယဉ်မွန်
3 July 2024
520

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ပရဟိတ ဆရာတော် ဦးဥတ္တမ ကို ပစ်ခတ်သတ်ဖြတ်သူတွေဟာ စစ်ကောင်စီဩဇာခံ ပျူစောထီးတပ်ဖွဲ့တွေဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ဧရာဝတီကို အတည်ပြုပါတယ်။

BMW ကား လှူဒါန်းမှုကို လက်ခံခဲ့လို့ ဝေဖန်ခံနေရတဲ့ ထိုင်းဆရာတော်  (ရုပ်/သံ)

BMW ကား လှူဒါန်းမှုကို လက်ခံခဲ့လို့ ဝေဖန်ခံနေရတဲ့ ထိုင်းဆရာတော် (ရုပ်/သံ)

by မိုးသောက်
28 May 2024
368

ထိုင်းနိုင်ငံက ဆရာတော်တပါးဟာ ဘတ် ၇ သန်းနီးပါးတန်ကြေးရှိတဲ့ BMW 750e ကားလှူဒါန်းမှုကို လက်ခံခဲ့အတွက် ဝေဖန်မှုတွေရင်ဆိုင်နေရပါတယ်။ ဒီအကြောင်းတွေကို ထိုင်းအခြေစိုက် သတင်းမီဒီယာတွေကလည်း ဖော်ပြနေကြတာ ဖြစ်ပါတယ်။

ဖယ်ခုံ ဘက ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက် (ရုပ်/သံ)

ဖယ်ခုံ ဘက ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက် (ရုပ်/သံ)

by ဧရာဝတီ
16 June 2025
114

ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်၊ လအိကျေးရွာက ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (ဘက) ကျောင်းကို စစ်ကောင်စီတပ်က အသေခံ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က ဧရာဝတီကို ပြောပါတယ်။

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

by ဧရာဝတီ
10 January 2026
88

အမေရိကန်နိုင်ငံမှာ သီတင်းသုံးနေတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက ဦးဆောင်ပြီး Walk For Peace ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ခြင်း ခရီးစဉ်မှာ မြန်မာဆရာတော် ဦးသီလာနန္ဒ လည်းပါဝင်လာခဲ့ပါတယ်။

၂၀၁၇ခုနှစ်ကတွေ့ရသည့် ကျောက်ဆည်မြို့ရှိ ဆင်ဖြူချပ် ပရဟိတနှင့် ဘက ကျောင်း

ကျောက်ဆည်ပရဟိတနှင့် ဘကကျောင်းဆရာတော်အား စစ်ကောင်စီ ဖိအားပေး၍ ကျောင်းမှ စွန့်ခွာခိုင်း

by ဧရာဝတီ
17 October 2021
7.8k

အဆိုပါ ကျောင်းအား PDF များနှင့် အဆက်အသွယ်ရှိသည်ဆိုသော စွပ်စွဲချက်ဖြင့် သံသယရှိသည်ဟုဆိုကာ အောက်တို ဘာလ ၄ ရက်က စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

Next Post
သရုပ်ဆောင် အောင်မင်းခန့် /  ယုဖြူဟန် / ဧရာဝတီ

“ဇာတ်လမ်းတွဲတွေက သရုပ်ဆောင်သစ်တွေအတွက် လုပ်ပြခွင့်ရတယ်” ဆိုတဲ့ အောင်မင်းခန့်

SNLD ပါတီတည်ထောင်ခြင်း ၂၉ နှစ်ပြည့် အခမ်းအနားမှ ဦးခွန်ထွန်းဦး  / မျိုးမင်းစိုး / ဧရာဝတီ

ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အနားယူမည့် သတင်း SNLD အတည်ပြုခြင်း မရှိ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved