• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လှိုင်သာယာ၌ ဓားကိုင်လုယက်သူ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံး

by ဧရာဝတီ
28 July 2018
in သတင်း
A A
ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးသွားသော ဆန်းလင်းဦး / Yangon Police

ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးသွားသော ဆန်းလင်းဦး / Yangon Police

36.5k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် ဓားထောက်လုယက်ခဲ့သူတဦးအား ဖမ်းဆီးစဉ် ဓားဖြင့် ပြန်လည် တိုက်ခိုက်မှုသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေနတ်ဒဏ်ရာဖြင့် လှိုင်သာယာ ဆေးရုံ၌ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့သတင်း ထုတ်ပြန်သည်။

သေဆုံးသူ ဆန်းလင်းဦး(၂၅နှစ်)သည် ယနေ့မနက် အစောပိုင်းက နေအိမ်သို့ပြန်လာသည့် စက်မှုဇုန် လုံခြုံရေး ဝန်ထမ်း တဦးအား စက်မှုဇုန်(၂)၊ ဦးရွှေအိုးလမ်း အရောက်တွင် လည်ပင်းဓားထောက်ကာ ငွေနှစ်သောင်းလုယက်စဉ် ဝန်ထမ်းဖြစ် သူက ပိုက်ဆံအား ပြန်လည်ဆွဲယူမှုကြောင့် ဓားဖြင့်ထိုးကာ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
49
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
802
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
226

ယင်းလုယက်မှုတွင် ဝန်ထမ်းဖြစ်သူ၏ ဝဲဘက်တတောင်တွင် ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး ၎င်း၏တိုင်တန်း မှုကြောင့် လှိုင်သာယာ မြို့မရဲစခန်းတွင် ပုဒ်မ ၃၉၄ ဖြင့် ကနဦးအမှုဖွင့်ခဲ့သည်။

အခင်းဖြစ်ပြီးနောက် စက်မှုဇုန်(၃) ဦးမြဲလမ်းတွင် လုယက်မှုကျူးလွန်ခဲ့သူအား ဓားကိုင်ဆောင်လျှက် ပြန်လည်တွေ့ရှိခဲ့ပြီး ဖမ်းဆီးစဉ် အရိုးအသွား ၁၀ လက်မခန့်ဓားဖြင့် ပြန်လည်တိုက်ခိုက်မှုလာသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုထားသည်။

ယင်းဖမ်းမှုတွင် ရဲတပ်ကြပ်ကြီး မြင့်သိန်း၏ ဝဲလက်ခုံ၌ ဓားဒဏ်ရာရရှိခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့က ဆိုသည်။

သေဆုံးသူထံမှလည်း ဓားဦးချွန်တချောင်းနှင့် လုယူခဲ့သည့် ငွေကျပ်နှစ်သောင်းကို ပြန်လည်သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။

ဆန်းလင်းဦးသည် သီရိမင်္ဂလာဈေးအတွင်း ဓားကိုင်ရမ်းကားမှုဖြင့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်နေ့ က လက်နက်များ အက်ဥပဒေပုဒ်မ ၁၉(င)ဖြင့် ထောင်ဒဏ်လေးလ ကျခံခဲ့ရသူဖြစ်ပြီး လွန်ခဲ့သည့် ၃ ရက်က ထောင်မှပြန်လွတ်လာ သူ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

၎င်းသည် ၂၀၁၇ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့ကလည်း ခိုးမှုမသင်္ကာဖြင့် ပိတောက်ချောင်းနယ်မြေ ရဲစခန်း တွင် ဖမ်းဆီးခံရပြီ ရန်ကုန်ရဲအက်ဥပဒေပုဒ်မ ၃၁ ဖြင့် ထောင်ဒဏ် ၂ လ ကျခံရဖူးသူဖြစ်ကြောင်း လည်း ရဲတပ်ဖွဲ့က ဆိုထားသည်။

Your Thoughts …
Tags: လုယက်မှုလှိုင်သာယာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ခိုးမှုစွပ်စွဲပြီး မိခင်နှင့်ကလေးအား လက်ရောက်ကျူးလွန်သည့်ဆိုင်ရှင် အဖမ်းခံရ

ခိုးမှုစွပ်စွဲပြီး မိခင်နှင့်ကလေးအား လက်ရောက်ကျူးလွန်သည့်ဆိုင်ရှင် အဖမ်းခံရ

by ဧရာဝတီ
21 October 2025
2k

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် စတိုးဆိုင်တခုအတွင်း ပစ္စည်းခိုးယူသည်ဟုစွပ်စွဲကာ ကလေးနှင့်မိခင်ဖြစ်သူတို့အား ဓာတ်တိုင်၌ ကြိုးဖြင့်ချည်ခဲ့သည့် ဆိုင်ရှင်အမျိုးသမီးကို လှိုင်သာယာမြို့မရဲစခန်းတွင် ယနေ့နေ့လယ်ပိုင်း၌ ဖမ်းဆီး ထားကြောင်း အမှုလိုက်ပါဆောင်ရွက်နေသူတဦးက ဧရာဝတီကို ပြောသည်။

ဆန္ဒပြ အလုပ်သမားများကို စစ်တပ်နှင့်ပေါင်း၍ တရုတ်စက်ရုံ ခြိမ်းခြောက်

ဆန္ဒပြ အလုပ်သမားများကို စစ်တပ်နှင့်ပေါင်း၍ တရုတ်စက်ရုံ ခြိမ်းခြောက်

by ဧရာဝတီ
19 November 2024
1.4k

အလုပ်သမားများက အချက် ၁၈ ချက်ကို တောင်းဆိုထားကြပြီး ထိုထဲတွင် အမျိုးသမီးအလုပ်သမား ၂ဦးကို ကိုယ်ထိ လက်ရောက်ကျူးလွန်ခဲ့သည့် တရုတ်နိုင်ငံသား စက်ရုံဒါရိုက်တာကို လုပ်ငန်းခွင်မှ ထုတ်ပယ်ပေးရန်၊ အလုပ်ထုတ်ခံရသည့် အလုပ်သမားများကို အလုပ်ပြန်ခန့်ရန်၊ လုပ်ငန်းခွင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုရရှိရန်

ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်

ကြိုးပေးခံရတဲ့ လှိုင်သာယာက အညတရ သူရဲကောင်းနှစ်ဦး

by ဧရာဝတီ
1 August 2022
13.5k

မိသားစုရဲ့ ဆုံးရှုံးမှုအကြီးကြီး ဖြစ်တဲ့အပြင် ဒါမျိုး ပထမဆုံး ဆုံးရှုံးတာပဲ။ ဒါပေမဲ့ ကျမရဲ့ ဆုံးရှုံးမှုက ဂုဏ်ယူသင့်ဂုဏ်ယူထိုက်တဲ့ ဆုံးရှုံးမှုမျိုးပေါ့။ အတိုင်းထက်အလွန်ကို ဂုဏ်ယူတယ်။ လေးလည်း လေးစားပါတယ်

ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

by ဧရာဝတီ
21 May 2025
338

ချန်းရိဖိနပ်စက်ရုံတွင် ထောင်နှင့်ချီသောအလုပ်သမားများက တရက်လျှင် လုပ်အားခ ကျပ် ၁၂,၀၀၀ ထိ တိုးမြှင့်ပေးရန် မေ ၁၄ ရက်မှစပြီး အလုပ်ရုံအတွင်း ဆန္ဒပြတောင်းဆိုခဲ့ရာ ယမန်နေ့ည၌ တောင်းဆိုညှိနှိုင်းမှု ပြေလည်ခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။

ဒီဇင်ဘာ ၁၉ ရက်နေ့က တိုက်ပွဲတွင် ကိုးကန့်အဖွဲ့က သိမ်းနိုင်ခဲ့သည့် တပ်မ ၇၇ တပ်မှ ယူနီဖောင်းနှင့် လက်နက်ခဲယမ်းများ  / The Koekang

တပ်မ (၇၇) မှ စွန့်ခွာသူ တဦးနှင့် တွေ့ဆုံခြင်း

by အဲဟိန်း
21 January 2022
25.5k

တရက်တွင် “ကျနော် တပ်မ (၇၇) ထဲ ရောက်နေတာ၊ စာချုပ်ပြည့်ပြီးလည်း ထွက်မရလို့ ကူညီပါ” ဟု ဆက်သွယ်လာသည်။

...

စစ်သေနတ်ပြောင်းဝအောက်က ရန်ကုန်သူ ရန်ကုန်သားများ

by ဧရာဝတီ
5 April 2023
10.1k

အာဏာသိမ်း စစ်တပ်လက်အောက်မှာ ကြုံတွေ့နေရတဲ့ နေ့စဉ်လူမှုဘဝအထွေထွေ အဆင်မပြေမှု၊ စိတ်မကျေနပ်မှု၊ ဒေါသနဲ့ သောကတွေကြောင့် ကျမဟာ တနေ့တခြား ရူးချင်သလိုလိုတောင် ဖြစ်လာနေပါတယ်။

Next Post
တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံ / ဧရာဝတီ

တတိယအကြိမ် ၂၁ ရာစု ပင်လုံကို အနီးကပ် ကြည့်ရှုခြင်း (၃)

ငယ်ရွယ်စဉ်မှာ ကျရှုံးမှုတွေ အများကြီးကို ရင်ဆိုင်တတ်သူဟာ အသက်အရွယ်တခု ရောက်တဲ့အခါ ဒီအမှားတွေက သင်ခန်းစာပေးနိုင်မှာပါ

အသက် ၃၀ မတိုင်ခင် ပြီးမြောက်ထားသင့်တဲ့ အရာတွေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved