• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ICRC ကို မောင်တော ဒေသခံ ၃၀၀ ခန့် ကန့်ကွက်

by မိုးမြင့်
11 September 2018
in သတင်း
A A
ICRC ကို ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်မှ ဒေသခံ သုံးရာခန့်တို့ ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည် / Ko Oo / Facebook

ICRC ကို ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်မှ ဒေသခံ သုံးရာခန့်တို့ ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည် / Ko Oo / Facebook

22.4k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံနယ်စပ်များကို ကာရံထားသော ခြံစည်းရိုးများအကြား စခန်းချ နေထိုင် နေသည့် ရိုဟင်ဂျာများအား နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC) က အကူအညီများ ပေးပို့နေခြင်းကို ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်မှ ဒေသခံ သုံးရာခန့်တို့ စက်တင်ဘာလ ၁၀ ရက်နေ့တွင် ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။

မြို့နယ်အာဏာပိုင်များက ရခိုင်အမျိုးသားရေးဝါဒီ ဦးစိန်လှဖြူကို ထိုဆန္ဒပြပွဲအတွက် ခွင့်ပြုချက်ပေးခဲ့သည်မှာ ရက်အတန်ကြာပြီဖြစ်သည်။

ဆန္ဒပြပွဲ စီစဉ်သူများက ICRC နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) ၏ အကူအညီပေးရေး အစီအစဉ်ကို ပြင်းထန်စွာ ကန့်ကွက်ကြပြီး ဘင်္ဂါလီ အကြမ်းဖက်သမားများကို ရိက္ခာ ထောက်ပံ့နေခြင်း ဖြစ်သည်ဟု စွပ်စွဲကြသည်။

ရခိုင်အမျိုးသားပါတီမှ ပြည်ထောင်စုလွှတ်တော်အမတ် ဦးကျော်ကျော်ဝင်းက ဆန္ဒပြပွဲဖြစ်ပွားကြောင်း စက်တင်ဘာလ ၁၀ ရက်နေ့တွင်ပင် ဖုန်းဖြင့် အတည်ပြုပြောကြားသည်။

ဆန္ဒပြသူများသည် ICRC နှင့် MRCS တို့၏ ကယ်ဆယ်ရေးအစီအစဉ်ကို မကျေနပ်ကြကြောင်း သူက ပြောသည်။ ICRC သည် ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ များကို မျက်နှာသာပေး ဘက်လိုက်ပြီး ဒေသတွင်းမှ တခြားသော မွတ်ဆလင်မဟုတ်သော လူနည်းစုများကို တန်းတူညီမျှသော လူသားခြင်းစာနာမှု အကူအညီ ပေးပို့ခြင်းမရှိကြောင်း မောင်တော ဒေသခံ တချို့က ပြောသည်။

စင်စစ် နယ်စပ်ခြံစည်းရိုး အနီးတွင်နေထိုင်သူများကို ဘင်္ဂလားဒေ့ရှ် အခြေစိုက် ကုလသမဂ္ဂ အေဂျင်စီများက လူသားချင်းစာနာမှု အကူအညီများ ပေးပို့နေသည်မှာ လအတန်ကြာပြီဖြစ်သည်။ သို့သော် မြန်မာနိုင်ငံမှ ရိက္ခာပေးပို့ခြင်း စတင်နိုင်ပြီဖြစ်သောကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်က အကူအညီပေးခြင်း ရပ်ဆိုင်းရန် မကြာသေးမီက မြန်မာနိုင်ငံခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးကို မြန်မာနိုင်ငံဘက်က ပြောကြားခဲ့သည်။

ဒုက္ခသည် ၃၀၀၀ ခန့်ကို မကြာမီ စတင်ပြန်လည် ပို့ဆောင်မည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာနိုင်ငံသို့ အကြောင်းကြားခဲ့ကြောင်း သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက နေပြည်တော်တွင် သတင်းထောက်များကို စက်တင်ဘာလ ၇ ရက်နေ့က ပြောကြားခဲ့သည်။

ဆန္ဒပြပွဲ ဖြစ်ပွားသည်ကို သိရှိကြောင်း စက်တင်ဘာလ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက ထုတ်ပြန်သည့် ICRC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မောင်တောမြို့နယ်မှ တောင်ပြို မြို့နယ်ခွဲရှိ နယ်စပ်အနီးတွင် နေထိုင် ကြသော သူများကို မြန်မာနိုင်ငံဘက်မှ အသက်ကယ် လူသားချင်းစာနာမှု အကူအညီများ ပေးရန် ၎င်းတို့ကို မေတ္တာရပ်ခံခဲ့ကြောင်း ထိုကြေညာချက်တွင် ရှင်းပြထားသည်။

ICRC သည် ၎င်းတို့၏ ဆောင်ရွက်ချက်များကို ရပ်ရွာ အသိုင်းအဝန်း ခေါင်းဆောင်များနှင့် အာဏာပိုင်များ ဆွေးနွေး နေဆဲဖြစ်ကြောင်း၊ အကူအညီပေးရန် မေတ္တာရပ်ခံခြင်း၏ သက်ရောက်မှုများကို စုံစမ်းစစ်ဆေး နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

“ကြက်ခြေနီ လှုပ်ရှားမှုတွင် ပူပေါင်းဆောင်ရွက်သူများသည် လိုအပ်နေသူများအတွက် အရေးပေါ် အကူအညီများကို ဘက်မလိုက်သော နည်းလမ်းဖြင့် ပေးရန် အမြဲကြိုးစားသည်။ မိမိတို့ အဖွဲ့အစည်းသည် ရခိုင်ပြည်နယ်တွင် မကြာသေးမီက ဖြစ်ပွားသော အကြမ်းဖက်မှုကြောင့် ထိခိုက်သောသူအားလုံးကို ကူညီခြင်းဖြင့် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းနေသည်” ဟုလည်း ဖော်ပြထားသည်။

ဆန္ဒပြသူများသည် မြို့လယ်မှ မောင်တောခရိုင် အုပ်ချုပ်ရေမှူးရုံးနှင့် ကပ်လျှက်ရှိ ICRC ၏ မောင်တောရုံးခွဲသို့ ချီတက် ဆန္ဒပြခဲ့ကြောင်း ဟိန္ဒူအသိုင်းအဝန်း ခေါင်းဆောင် ဦးနီမော်လ်က ဧရာဝတီ သတင်းဌာနသို့ ဖုန်းဖြင့် ပြောသည်။

ရာနှင့်ချီသော ဟိန္ဒူ ဒုက္ခသည်များသည် အစားအစာ မလုံလောက်မှုနှင့် ကြုံတွေ့နေခဲ့ရသည်မှာ လအတန်ကြာပြီ ဖြစ်သော်လည်း အစိုးရက လူတဦးလျှင် ဆန် နှစ်ဘူးသာ နေ့စဉ်ဝေပေးကြောင်းနှင့် ICRC အပါအဝင် မည်သည့်နိုင်ငံတကာ အကူအညီမျှ မရသည်မှာ လ အတန်ကြာပြီဖြစ်ကြောင်းလည်း သူက ဆိုသည်။

“ဟိန္ဒူတွေ ဒုက္ခသည်စခန်းက ICRC ရဲ့ မောင်တောရုံးခွဲနောက် ကပ်လျက်မှာ။ ဒါပေမယ့် ဒီနေ့အထိ ကျနော်တို့ကို ဘာမှ မပေးဘူး။ ICRC အရာရှိတွေကိုလည်း ကျနော်တို့ သွားပြောပေမယ့် အခုချိန်အထိတော့ ဘာမှ ဖြစ်မလာသေးဘူး။ သူတို့က ကျနော်တို့ကို ဘာလို့ မကူညီချင်တာလဲဆိုတာ ကျနော်လည်း နားမလည်ဘူး။ မပေးတော့ကော ကျနော်တို့ ဘာတတ်နိုင်မှာလဲ” ဟု ဦးနီမော်လ်က ဆိုသည်။

ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ များကို နေရပ်စွန့်ခွာစေသည့် ၂၀၁၇ ခုနှစ် သြဂုတ်လ အကြမ်းဖက်မှုကြောင့် ဟိန္ဒူ ၁၀၀၀ ခန့်လည်း နေရပ်စွန့်ခွာခဲ့ရပြီးနောက် ဒီဇင်ဘာလတွင် ICRC က ဟိန္ဒူ နေရပ်စွန့်ခွာရသူတဦးလျှင် ငွေ ၄၅၀၀၀ ကျပ်ခန့် ခရီးစရိတ်အဖြစ် ပေးခဲ့ကြောင်းလည်း သူက ပြောသည်။

လွန်ခဲ့သော လအနည်းငယ်က လူမှုဝန်ထမ်းဝန်ကြီးဌာနက ဟိန္ဒူနေရပ်စွန့်ခွာရသူများကို အပတ်စဉ် ရိက္ခာ ဖြန့်ဝေပေးမည်ဟု ကတိပေးခဲ့သော်လည်း လွန်ခဲ့သောလ တလလုံးအတွက် ရိက္ခာတပတ်စာသာ ရကြောင်း ဦးနီမော်လ်၏ ပြောပြချက်အရသိရသည်။

မောင်တောရှိ အစိုးရ လုံခြုံရေးတပ်များ၏ နယ်စပ် စခန်း ၃၀ နှင့် တပ်မတော်စခန်းတခုတို့ကို ARSA အဖွဲ့က တိုက်ခိုက်ပြီးနောက် ဖြစ်ပွားသော ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာများနှင့် ဟိန္ဒူများသည် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
361
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
50

နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကြောင့် လအနည်းငယ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရိုဟင်ဂျာ ၇ သိန်းခန့် ထွက်ပြေးကြရသည်။

ထိုနယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများသည် လူမျိုးစုသုတ်သင်ခြင်းဖြစ်သည်ဟု ကုလသမဂ္ဂက ပြောပြီး လူမျိုးတုံး သတ်ဖြတ်ရန် ရည်ရွယ်ချက် ရှိသည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံမှ ထိပ်တန်းဗိုလ်ချုပ်ကြီးများကို နိုင်ငံတကာ ရာဇဝတ် တရားရုံး (ICC) တွင် စုံစမ်းစစ်ဆေးရန်လည်း ကုလသမဂ္ဂက တောင်းဆိုသည်။ ထိုတရားရုံးကလည်း စုံစမ်းစစ်ဆေးမည်ဟု ယခုလ အစောပိုင်းက ကြေညာသည်။

(ဧရာဝတီ သတင်းထောက် မိုးမြင့်ရေးသည့် Hundreds of Arakanese Protest ICRC Distribution of Aid to Rohingya Ahead of Repatriation ကို ဆီလျော်အောင် ဘာသာပြန်သည်။)

Your Thoughts …
Tags: ICRCရခိုင်အမျိုးသားပါတီရိုဟင်ဂျာ
မိုးမြင့်

မိုးမြင့်

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.7k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ပယ်ထားသော အနောက်နိုင်ငံများလည်း မြန်မာ့အရေးမှာ အပြစ်မကင်း

ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ပယ်ထားသော အနောက်နိုင်ငံများလည်း မြန်မာ့အရေးမှာ အပြစ်မကင်း

by Peter Popham
21 December 2024
13.7k

Independent သတင်းဌာန၏ မှတ်တမ်းရုပ်သံတွင် သံအမတ်ဟောင်း ဆာ ဂျွန်ဂျန်ကင်က အနောက်နိုင်ငံများသည် မိမိတို့ကိုယ် မိမိတို့ အပြစ်တင်ရမည်ဟု ပြောသည်။

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

by ဧရာဝတီ
20 September 2024
13.5k

ဒီမြစ်ကမ်းကိုကူးပြေးတဲ့လူတွေကျတော့ RSO အဖွဲ့က အဓိကလုပ်တယ်။ RSO အဖွဲ့က ဒီမာမောက်ဆိုတဲ့ တယောက်ရှိ တယ် ဒီလူက ခရီးသည်တယောက်ကို ၅ သိန်းယူတယ်။ ၅ သိန်းကနေပြီး လူတွေကြောက်ပြီးမှ ပိုပြေးလာတဲ့အချိန်မှာ သူက ၈ သိန်းယူတယ်။...

ဒေါ်ဆောင်ဆန်းစုကြည်၏ အတိတ်ကို ပြန်လည် ဆန်းစစ်ကြည့်ခြင်း

ဒေါ်ဆောင်ဆန်းစုကြည်၏ အတိတ်ကို ပြန်လည် ဆန်းစစ်ကြည့်ခြင်း

by David Scott Mathieson
17 August 2023
11.9k

မြန်မာတွင် “ကရင်မလင်ဗေဒ” (Kremlinology) ခန့်မှန်းပြောဆိုမှုများသာ လွှမ်းမိုးနေသည်။ “စစ်ကောင်စီဗေဒ” (SACology) နှင့် “စုဗေဒ” (Suuology) ကို အစားထိုး စဉ်းစားကြည့်ပါ။

၂၀၂၅ ခုနှစ် လားရာကို အကဲဖြတ်ခြင်း

၂၀၂၅ ခုနှစ် လားရာကို အကဲဖြတ်ခြင်း

by ဧရာဝတီ
9 January 2025
11.9k

သတင်းကောင်းမှာ စစ်တပ်သည် ကျဆုံးသည့် အနေအထားတွင် ရှိနေသည်။

Next Post
သရုပ်ဆောင် သင်ဇာဝင့်ကျော်  /  Thinzar Wint Kyaw's Facebook

“Sexy ဝတ်ရမယ့်နေရာမှာ လုံသွားရင်မကြိုက်ဘူး”

မွန်ပြည်နယ် မော်လမြိုင် မြို့နယ် တရားရုံး  / ဉာဏ်စိုးဝင်း / ဧရာဝတီ

နိုင်ငံသားကတ် ၂ ခုကိုင်သည့် ရပ်ကွက် အုပ်ချုပ်ရေးမှူး အမှု သက်သေ ၆ ဦး စစ်ဆေးပြီး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved