• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲ ဘာထူးလဲ

by ဧရာဝတီ
8 November 2018
in သတင်း
A A
အမေရိကန် သမိုင်းဝင် ပထမ နိုင်ငံရေးသမားများ ဖြစ်သည့် ရှာရိုက်ဒေးဗစ်၊ အလက်ဇန်ဒရီးယား အိုကက်စီယို ကော်တက်နှင့် ရာရှီဒါ တီလိုက်ဘ် / Reuters

အမေရိကန် သမိုင်းဝင် ပထမ နိုင်ငံရေးသမားများ ဖြစ်သည့် ရှာရိုက်ဒေးဗစ်၊ အလက်ဇန်ဒရီးယား အိုကက်စီယို ကော်တက်နှင့် ရာရှီဒါ တီလိုက်ဘ် / Reuters

10.2k
VIEWS
Share on FacebookShare on Twitter

အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲများတွင် ဒီမိုကရက်တို့က အောက်လွှတ်တော် ကွန်ဂရက်ကို ထိန်းချုပ်လိုက်နိုင်သောကြောင့် သမ္မတထရမ့်အတွက် ထိုးနှက်ချက်ဖြစ်သည်ဟု သတင်းများတွင် ဖေါ်ပြကြသည်။

ကွန်ဂရက်တွင် ၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒီမိုကရက်တို့အများစုဖြစ်လာခြင်းသည် လွှတ်တော်တွင် ထရမ့်၏ အစီအစဉ်များကို ကန့်သတ်လိုက်ခြင်း ဖြစ်သော်လည်း ထရမ့်၏ ရီပတ်ဘလစ်ကန်များက အထက်လွှတ်တော် ဆီးနိတ်ကို ချုပ်ကိုင်ထားနိုင်ဆဲ ဖြစ်သည်။

ထရမ့်သည် ၂၀၂၀ အထိ ပြန်လည်ရွေးကောက်ခံရန် မလိုသော်လည်း အင်္ဂါနေ့က ကျင်းပသောရွေးကောက်ပွဲသည် သဘောထားကွဲလွဲမှုများ ဖြစ်စေသော သမ္မတ အပေါ် လူထုဆန္ဒ ခံယူပွဲဖြစ်သည်ဟု ယူဆကြသည်။ အစိုးရမဟုတ်သောပါတီက သက်တမ်းဝက်ရွေးကောက်ပွဲတွင် နိုင်လေ့ရှိသော သမိုင်းကို ယခုရွေးကောက်ပွဲက ထပ်မံ အတည်ပြုလိုက်ခြင်းလည်း ဖြစ်သည်။

ကွန်ဂရက်တွင် ဒီမိုကရက်များ မဲပိုရသွားသော်လည်း ထရမ့်ကမူ ဆီးနိတ်ကိုသာ အာရုံစိုက်ပြီး ဆောင်းပါးရှင်တဦးကို ကိုးကားကာ သူ့ကိုယ်သူ ချီးကျူးသည်။

“လွန်ခဲ့တဲ့ ၁၀၅ နှစ်အတွင်းမှာ သမ္မတက သက်တမ်းဝက်ရွေးကောက်ပွဲမှာ အထက်လွှတ်တောက် ထိန်းထားနိုင်ငံတာ ၅ ကြိမ်ပဲ ရှိပါတယ်။ သူ့မှာ ပဉ္စလက်စွမ်းရည်ရှိတယ်။ သူ့နားထဲကနေ ဒီစွမ်းအင်တွေ ထွက်လာတယ်။ သမ္မတက တကယ်မဲရအောင် လုပ်နိုင်တဲ့သူ၊ မဲဆွယ်သူဖြစ်တယ်” ဟု ထိုဆောင်းပါးရှင်က ဖေါ်ပြသည်ကို ထရမ့်က တွစ်တာတွင် ကိုးကားရေးသားသည်။

မည်သို့ဆိုစေ ဒီမိုကရက်တို့သည် အောက်လွှတ်တော်ကို ထိန်းချုပ်လိုက်နိုင်သည်။ အောက်လွှတ်တော် ၄၃၅ နေရာတွင် ဒီမိုကရက်က ၂၂၂ နေရာ ရီပတ်ဘလီကန်က ၁၉၆ နေရာနိုင်သည်။ ယခုအခါ ဒီမိုကရက်တို့သည် ထရမ့်အစိုးရ၏ လုပ်ရပ်များနှင့် ဝင်ငွေခွန်မှသည် အကျိုးစီးပွား ပဋိပက္ခအထိ သူ၏ စီးပွားရေးလုပ်ငန်းများကို စုံစမ်းစစ်ဆေးခွင့် ရရှိရေး ဖိအားပေးနိုင်ပြီဖြစ်သည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
458
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
167
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
48

မက္ကဆီကို နယ်စပ်တွင် တံတိုင်းတည်ဆောက်မည့် သူ၏ ကတိအပါအဝင် ဥပဒေပြုရေး အစီအစဉ်များကိုလည်း ဒီမိုကရက်တို့က ပိုမို ထိရောက်စွာ ပိတ်ဆို့ တားဆီးနိုင်တော့မည်ဖြစ်သည်။

အမျိုးသမီးများနှစ်ဟု ရေးသားနေကြသော ယခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်းများစွာလည်း အနိုင်ရကြသည်။

အသက် ၂၉ နှစ်အရွယ် ဒီမိုကရက်များဖြစ်ကြသော အလက်ဇန်ဒရီးယား အိုကက်စီယို ကော်တက်နှင့် အက်ဘီဖင်ကန်နိုအာ တို့သည် အသက်အငယ်ဆုံး အမျိုးသမီး အောက်လွတ်တော် ကိုယ်စားလှယ်များဖြစ်လာကြသည်။

အီလ်ဟန်အော်လ်မာနှင့် ရာရှီဒါ တီလိုက်ဘ်တို့သည် ပထမဆုံး မွတ်စလင်အမျိုးသမီး အောက်လွှတ်တော်ကိုယ်စားလှယ်များဖြစ်လာကြသည်။ ရှာရိုက်ဒေးဗစ်နှင့် ဒီဘရာဟားလန်းတို့သည် ပထမဆုံး ဌာနေတိုင်းရင်းသား အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်လာကြသည်။ ၎င်းတို့အားလုံးသည် ဒီမိုကရက် ကိုယ်စားလှယ်များဖြစ်သည်။

ရီပတ်ဘလစ်ကန်တို့သည် အထက်လွှတ်တော်တွင် ၅၁ နေရာ ထိန်းထားနိုင်ပြီး ဒီမိုကရက်တို့က ၄၆ နေရာသာ ရသည်။ ထို့ကြောင့် ထရမ့်သည် သူ၏ အုပ်ချုပ်ရေးပိုင်းနှင့် တရားရေး ရာထူးခန့်အပ်မှုများတွင် အများစုမဲ ရမည်ဖြစ်သည်။

ထို့ကြောင့် လွှတ်တော်နှစ်ရပ် အားပြိုင်ပွဲဖြစ်တော့မည်။ ထရမ့်၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးရာထူးခန့်အပ်မှုများကို အတည်ပေးရန် လိုလားသော ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်အများစုကို ထရမ့်ဆက်လက်ရရှိနေမည်ဖြစ်သည်။ တခုတည်းသောမေးခွန်းမှာ ပါတီအတွက် အကျိုးကျေးဇူး မည်မျှရမည်ကို ထရမ့်က အာမခံနိုင်မည်လားဟူ၍ပင်။

ဒီမိုကရက်တို့ အောက်လွတ်တော်တွင် ခုခံမှု အားအနည်းဆုံး အခြေအနေမှ အများစုဖြစ်သွားရခြင်းမှာ ရီပတ်ဘလစ်ကန်တို့ကို ကာလကြာမြင့်စွာ ထောက်ခံခဲ့သည့် နယ်မြို့များမှ ပညာတတ်နှင့် ထရမ့်၏ မူဝါဒနှင့် အပြောအဆိုများကို မကြိုက်သော မဲဆန္ဒရှင်များကြောင့်ဖြစ်သည်။

မျှော်လင့်ထားသည့် ဆူနာမီလှိုင်းကဲ့သို့ ကြီးမားလျှင်မြန်သော အောင်မြင်မှု မဟုတ်သော်လည်း ၈ နှစ်အတွင်း ဒီမိုကရက်တို့အောက်လွှတ်တော်ကို ပထမဆုံး ထိန်းချုပ်နိုင်လောက်သည့် အောင်ပွဲရခဲ့သည်။ ထို့ကြောင့် ထရမ့်၏ ဥပဒေဆိုင်ရာ အစီအစဉ်များကို တားဆီးနိုင်စွမ်းရပြီး ထရမ့်အစိုးရကို ပိုမို ထိန်းကျောင်းနိုင်မည်ဖြစ်သည်။

ပြည်နယ် ၅၀ အနက် ၃၆ ပြည်နယ်တွင် အုပ်ချုပ်ရေးမှူးများကို ရွေးချယ်သည်။ ဖလော်ရီဒါတွင် လက်ဝဲယိမ်းတိုးတက်သော အင်ဒရူးဂီလန်သည် ထရမ့်ဝါဒီ ရှေးရိုးသမားး ရွန်ဒီ ဆန်းတစ်ကို ကျည်းတန်စွာ ရှုံးနိမ့်သည်။

ကော်လိုရာဒို ပြည်နယ်အုပ်ချုပ်ရေးမှူးရွေးပွဲတွင် ဒီမိုကရက် ဂျရတ်ပိုလစ်သည် အနိုင်ရရန် သေချာနေပြီး အမေရိကတွင် ထုတ်ဖေါ်ကြေညာထားသည့် ဂေးများအနက် ပထမဆုံး ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်လာမည်။

မီရှီဂန်၊ အီလီနွိုက်နှင့် ကင်းဆပ်တို့တွင်လည်း ဒီမိုကရက်တို့ပြည်နယ်အုပ်ချုပ်ရေးမှူးများ ဖြစ်လာကြသည်။ နယူးယောက်ပြည်နယ် ဒီမိုကရက် အုပ်ချုပ်ရေးမှူး အင်ဒရူး ကူယိုမိုသည် တတိယသက်တမ်းအတွက် အရွေးခံရသည်။ သူသည် ၂၀၂၀ ရွေးကောက်ပွဲတွင် သမ္မတလောင်းဖြစ်မည်ဟု သတင်းပြေးနေသည်။

သို့သော် ပြည်နယ် ၅၀ တွင် ရီပတ်ဘလီကန်က အုပ်ချုပ်ရေးမှူး ၃၃ နေရာကို ထိန်းချုပ်ထားနိုင်သည်။ ထရမ့် ၂၀၂၀ ရွေးကောက်ပွဲ ပြန်အရွေးခံလျှင် ရီပတ်ဘလီကန် ပြည်နယ် အုပ်ချုပ်ရေးမှူးများက ၎င်းတို့ပြည်နယ်တွင် အလှူရှင်များ၊ တက်ကြွသူများနှင့် လုပ်အားပေးများကို ရှာဖွေရန် အရေးပါသောကဏ္ဍတွင် ရှိကြမည်ဖြစ်သည်။

ကိုးကား ။ ။ BBC, CNN

Your Thoughts …
Tags: ဒီမိုကရက်ရီပတ်ဘလစ်ကန်အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ထရမ့် သမ္မတ ပြန်ဖြစ်လာခြင်းက ရာဇဝတ်မှုများ ရပ်ဆိုင်းထားမည်

ထရမ့် သမ္မတ ပြန်ဖြစ်လာခြင်းက ရာဇဝတ်မှုများ ရပ်ဆိုင်းထားမည်

by ဧရာဝတီ
7 November 2024
4.2k

နယူးယောက်တွင် လက်ရှိ စီစဉ်ထားသည့် နိုဝင်ဘာလ ၂၆ ရက်နေ့၌ ထောင်ဒဏ် စီရင်မည့်ကိစ္စကို ဆိုင်းငံ့ထားရန် ထရမ့်၏ ရှေ့နေများက တရားသူကြီး မစ္စတာ ဂျူယန် မာချန်ကို ပြောကြားထားသည်။

၂၀၂၄ အမေရိကန် ရွေးကောက်ပွဲလမ်းညွှန်

၂၀၂၄ အမေရိကန် ရွေးကောက်ပွဲလမ်းညွှန်

by ဧရာဝတီ
2 November 2024
2k

မစ္စတာ ထရမ့်သည် စီးပွားရေးနှင့် လူဝင်မှုကြီးကြပ်ရေး ပြဿနာများတွင် ဦးဆောင်နေပြီး မစ္စ ဟဲရစ်သည် နိုင်ငံရေး အစွန်းရောက်ဝါဒအပေါ် အားသာချက် လျှော့နည်းလာနေသည်။

အီလွန်မတ်စ်က သုံးစွဲသူ ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်အဖွဲ့ကို ဖျက်သိမ်းခိုင်း

အီလွန်မတ်စ်က သုံးစွဲသူ ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်အဖွဲ့ကို ဖျက်သိမ်းခိုင်း

by ဧရာဝတီ
30 November 2024
1.8k

ဒေါ်နယ် ထရမ့် အနိုင်ရဖို့ ဒေါ်လာ သန်းချီ ကူညီခဲ့ပြီး အစိုးရ စွမ်းဆောင်ရည် ထိရောက်ရေး အဖွဲ့မှာ မကြာသေးခင်ကမှ ခန့်အပ်ခြင်း ခံထားရတဲ့ ကမာ္ဘ့ အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ် ရဲ့ လွှမ်းမိုးနိုင်စွမ်းကို ထင်သာ မြင်သာ...

ဒေါ်နယ်ထရမ့် ကို AI နယ်ပယ်မှာ အကြီးအကဲ ဖြစ်လာမယ့်သူလို့ OpenAI ရဲ့ CFO ပြောဆို

ဒေါ်နယ်ထရမ့် ကို AI နယ်ပယ်မှာ အကြီးအကဲ ဖြစ်လာမယ့်သူလို့ OpenAI ရဲ့ CFO ပြောဆို

by ဧရာဝတီ
16 December 2024
787

ဒေါ်နယ်ထရမ့် အနေနဲ့ အထွေထွေ ဉာဏ်ရည်တု (AGI) ဖွံ့ဖြိုးလာဖို့ အရေးကြီးတဲ့ အခြေခံ တည်ဆောက်မှုတွေ လုပ်ဆောင်နေချိန်မှာ စတင် တာဝန်ယူရမယ့် သူလည်း ဖြစ်တယ်လို့…

အမေရိကန်အစိုးရလုပ်ငန်း ပြန်စနိုင်ရေး မဲခွဲမှု မအောင်မြင်

အမေရိကန်အစိုးရလုပ်ငန်း ပြန်စနိုင်ရေး မဲခွဲမှု မအောင်မြင်

by ဧရာဝတီ
4 October 2025
642

အထက်လွှတ်တော်၌ ရီပတ်ဘလစ်ကန် အများစု လွှမ်းမိုးထားပြီး ရီပတ်ဘလစ်ကန်အမတ်ခေါင်းဆောင် John Thune က မဲခွဲခြင်းကို လာမည့် တနင်္လာနေ့တွင် ထပ်မံကြိုးစားသွားမည်ဟု ဆိုသည်။

ထရမ့် ဒုတိယသက်တမ်း ပထမဆုံး ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေ အသာရ

ထရမ့် ဒုတိယသက်တမ်း ပထမဆုံး ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေ အသာရ

by ဧရာဝတီ
6 November 2025
630

အင်္ဂါနေ့သည် ကိုယ်စားလှယ်လောင်းများထံမှ လွန်စွာကွဲပြားခြားနားသည့် ဒီမိုကရက်တစ် အတွေးအခေါ် ၂ ခုကို စမ်းသပ်ခြင်းဖြစ်သည်။

Next Post
မှော်ဘီနည်းပညာတက္ကသိုလ်  / မျိုးမင်းစိုး / ဧရာဝတီ

ကျရှုံးဘာသာရပ် ပြန်ဖြေခွင့်ပေးရန် နည်းပညာတက္ကသိုလ်ကျောင်းသားများ တောင်းဆို

တောင်ကိုးရီးယားနဲ့ ရင်းနှီးမြှပ်နှံမှုအကာအကွယ်ပေးရေးစာချုပ် ချုပ်ဆို (ရုပ်/သံ)

တောင်ကိုးရီးယားနဲ့ ရင်းနှီးမြှပ်နှံမှုအကာအကွယ်ပေးရေးစာချုပ် ချုပ်ဆို (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved