အမေရိကန် ပြည်ထောင်စုတွင် ရွေးကောက်ပွဲနေ့သည် တပတ်မျှပင် မလိုတော့ပေ။ ထို့ကြောင့် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ မည်သို့ကျင်းပသည်ကို သိရန်လိုအပ်သည်များကို အောက်တွင် ဖော်ပြလိုက်ပါသည်။
မည်သူမဲပေးနိုင်သနည်း
အမေရိကန် ပြည်ထောင်စုတွင် မဲပေးရန် နိုင်ငံသားများသည် အလွန်အခြေခံကျသည့် မဲပေးခွင့် စံနှုန်းအချို့ ပြည့်မီရမည်ဖြစ်သည်။ ၎င်းတို့သည်
-အမေရိကန်နိုင်ငံသားတဦး ဖြစ်ရမည်။
-မဲပေးရန် မှတ်ပုံတင်ထားသည့် ပြည်နယ်တွင် နေထိုင်သူ ဖြစ်ရမည်။
-အသက် ၁၈ နှစ်နှင့်အထက် ဖြစ်ရမည်။
မဲပေးခွင့်ရခြင်းသည် ပြည်နယ်တခုနှင့်တခု ကွာခြားနိုင်ပြီး အထူးသဖြင့် ရာဇဝတ်မှုပြစ်ဒဏ်နှင့် ပတ်သက်ပြီး ကွာခြားသည်။ ဥပမာအားဖြင့် ရာဇဝတ်မှုမှတ်တမ်း ရှိသူများသည် ပြည်နယ်အချို့တွင် မဲပေးခွင့် ထာဝရဆုံးရှုံးခြင်း အပါအဝင် ကန့်သတ်ချက်များ ရင်ဆိုင်ရနိုင်သည်။
မှတ်ပုံတင်ထားသည့် မဲဆန္ဒရှင် သန်း ၁၆၀ နီးပါးရှိသော်လည်း ၎င်းတို့အားလုံး မဲပေးကြမည် မဟုတ်ပေ။ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးသူ ၆၆ ရာခိုင်နှုန်းသာရှိပြီး ရာစုနှစ်တခုကျော်အတွင်း အမြင့်မားဆုံး ဖြစ်သည်။
ရွေးကောက်ပွဲ မည်သို့ကျင်းပသနည်း
အမေရိကန်နိုင်ငံရေးကို ပါတီနှစ်ခုက လွှမ်းမိုးထားသည်။ ကျယ်ပြန့်စွာ ဗဟို-လက်ဝဲကျသည့် လစ်ဘရယ် ဒီမိုကရက်များနှင့် လက်ယာ ကွန်ဆာဗေးတစ် ရီပတ်ဘလစ်ကန်များဖြစ်သည်။ အလားအလာရှိသော သမ္မတလောင်းရာထူးအတွက် ယှဉ်ပြိုင်ရန် ပါတီနှစ်ခုလုံးမှ ကိုယ်စားလှယ်လောင်းများ ထွက်ပေါ်လာသည်။
၎င်းတို့၏ ကိုယ်စားလှယ်လောင်းကို ရွေးချယ်ရန် ဒီမိုကရက်များနှင့် ရီပတ်ဘလစ်ကန်များသည် ပြည်နယ်တခုစီတွင် ပါတီတွင်း အခြေခံရွေးကောက်ပွဲများ ပြုလုပ်ပြီး အနိုင်ရသူသည် ရီပတ်ဘလစ်ကန် သို့မဟုတ် ဒီမိုကရက်တစ် အမျိုးသားညီလာခံများတွင် သမ္မတလောင်းနေရာကို လက်ခံသည်။ ထိုသို့ရွေးချယ်မှုဖြင့် ဒီမိုကရက်တစ် ဒုသမ္မတ ကင်မလာ ဟဲရစ်နှင့် ရီပတ်ဘလစ်ကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ ထိပ်တိုက်တွေ့ကြသည်။
၎င်းတို့၏ ကိုယ်စားလှယ်လောင်းကို ရွေးချယ်ရန် ဒီမိုကရက်များနှင့် ရီပတ်ဘလစ်ကန်များသည် ပြည်နယ်တခုစီတွင် ပါတီတွင်း အခြေခံရွေးကောက်ပွဲများ ပြုလုပ်ပြီး အနိုင်ရသူသည် ရီပတ်ဘလစ်ကန် သို့မဟုတ် ဒီမိုကရက်တစ် အမျိုးသားညီလာခံများတွင် သမ္မတလောင်းနေရာကို လက်ခံသည်။ ထိုသို့ရွေးချယ်မှုဖြင့် ဒီမိုကရက်တစ် ဒုသမ္မတ ကင်မလာ ဟဲရစ်နှင့် ရီပတ်ဘလစ်ကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ ထိပ်တိုက်တွေ့ကြသည်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်သည် ကနဦးတွင် ဒုတိယ သက်တမ်းအတွက် ပြန်လည် ရွေးကောက်ခံရန် ကြိုးစားသော်လည်း ဆိုးရွားလှသော စကားရည်လုပွဲ စွမ်းဆောင်မှုကြောင့် နောက် လေးနှစ်အုပ်ချုပ်ရန် သူ၏ စွမ်းရည်ကို မေးခွန်းထုတ်စရာ ဖြစ်လာပြီးနောက် ဇူလိုင်လတွင် သမ္မတလောင်းပြိုင်ပွဲမှ နုတ်ထွက်သည်။
ဂရင်းပါတီမှ ဂျေးစတိန်း၊ လစ်ဘာတာရီးယန်းပါတီမှ ချေ့စ် အိုလီဗာနှင် စစ်ဆန့်ကျင်ရေး ပညာရှင် ကော်နဲ ဝက်စ်တို့ကဲ့သို့သော တတိယပါတီ သို့မဟုတ် တသီးပုဂ္ဂလ သမ္မတလောင်းများလည်း ရှိသည်။
ရွေးကောက်ပွဲအဆင့်တွင် သမ္မတလောင်းများသည် ဒုတိယ သမ္မတလောင်းများကို ခန့်အပ်ကြသည်။ ယခုအခါ ဒီမိုကရက်နှင့် မင်နီဆိုးတားပြည်နယ် အုပ်ချုပ်ရေးမှူး တင်ဝေါ့ဇ်နှင့် ရီပတ်ဘလစ်ကန် အိုဟိုင်းယိုး ပြည်နယ် အထက်လွှတ်တော်အမတ် ဂျေဒီ ဗန့်စ်တို့သည် ၎င်းတို့၏ သမ္မတလောင်း အနိုင်ရပါက ဒုတိယသမ္မတ ဖြစ်လာမည် ဖြစ်သည်။ မဲဆန္ဒရှင်များသည် သမ္မတနှင့် ဒုသမ္မတများအတွက် မဲပေးကြမည်ဖြစ်ပြီး ထိုမဲရလဒ်သည် ပြည်နယ်အဆင့် သမ္မတရွေးချယ်ရေးအဖွဲ့ကို ဖြတ်သန်းရသည်။
၁၈၄၅ ခုနှစ်မှစတင်ပြီး အမေရိကန် ရွေးကောက်ပွဲများကို နိုဝင်ဘာလ၏ ပထမဆုံး အင်္ဂါနေ့တွင် ကျင်းပသည်။ သို့သော် မဲဆန္ဒရှင်များသည် ပြည်နယ်အများစုတွင် ကြိုတင်မဲပေးခွင့်ရှိပြီး မဲပေါင်း ၅၂ သန်း ပေးထားပြီးဖြစ်သည်။
ပြည်နယ်အဆင့် သမ္မတရွေးချယ်ရေးအဖွဲ့ မည်သို့ လုပ်ငန်းဆောင်ရွက်သနည်း
အမေရိကန် ရွေးကောက်ပွဲလုပ်ငန်း ဆောင်ရွက်မှုနှင့် မဲဆန္ဒရှင်များက ၎င်းတို့၏ နောက်ခေါင်းဆောင်ကို မည်သို့ ရွေးချယ်သည်ကို နားလည်ရန် ပြည်နယ်အဆင့် သမ္မတရွေးချယ်ရေးအဖွဲ့ကို နားလည်ရမည်ဖြစ်သည်။
မဲဆန္ဒရှင်များက တိုက်ရိုက်ရွေးချယ်သည့် အမေရိကန် ကွန်ဂရက် အဖွဲ့ဝင်များကဲ့သို့ မဟုတ်ဘဲ အမေရိကန် သမ္မတကို တိုက်ရိုက် တနိုင်ငံလုံးမဲဖြင့် ရွေးချယ်သည် မဟုတ်ပေ။ အမေရိကန်များ မဲပေးသောအခါ ၎င်းတို့သည် ၎င်းတို့ပြည်နယ်များမှ သမ္မတရွေးချယ်ရေးအဖွဲ့ဝင်များကို ရွေးချယ်ကြသည်။ ထိုရွေးကောက်ခံရသူများသည် ၎င်းတို့ပြည်နယ်တွင် သမ္မတလောင်း တဦးစီအတွက် ရသည့်မဲကို အခြေခံပြီး သမ္မတလောင်းနှင့် ဒုသမ္မတလောင်းကို မဲပေးကြရသည်။ မဲဆန္ဒရှင်များ၏ မဲများကို ရေတွက်အတည်ပြုပြီးပါက သမ္မတရွေးချယ်ရေးအဖွဲ့ဝင်များသည် ၎င်းတို့၏ မဲများကို ပေးကြသည်။
ရွေးကောက်ပွဲနိုင်ရန် ပြည်နယ်သမ္မတရွေးချယ်ရေးအဖွဲ့ဝင် မဲ မည်မျှလိုသနည်း
အမေရိကန်သမ္မတ ရွေးကောက်ပွဲနိုင်ရန် ပြည်နယ်အဆင့် သမ္မတရွေးချယ်ရေးအဖွဲ့ဝင် မဲ ၅၃၈ မဲအနက် အများစုဖြစ်သည့် ၂၇၀ မဲရရန် လိုအပ်သည်။
ထိုစနစ်သည် အံ့သြစရာကောင်းသော ရလဒ်များကို ဖန်တီးနိုင်သည်။ သမ္မတလောင်းတဦးသည် တနိုင်ငံလုံးမှ လူထုမဲ အနိုင်ရသော်လည်း ပြည်နယ်အဆင့် သမ္မတရွေးချယ်ရေးအဖွဲ့ မဲတွင် ရှုံးနိမ့်နိုင်သည်။ အမေရိကန်သမိုင်းတွင် ထိုသို့ ငါးကြိမ် ဖြစ်ခဲ့ဖူးသည်။
နောက်ဆုံးအကြိမ်မှာ ၂၀၁၆ ခုနှစ်တွင်ဖြစ်ပြီး ထရမ့်သည် တနိုင်ငံလုံး လူထုမဲအရေအတွက်အရ ဟီလာရီ ကလင်တန်ထက် မဲ ၃ သန်း နည်းသော်လည်း သမ္မတရာထူး အနိုင်ရသည်။
စစ်တမ်းများက ဘာကို ဖော်ပြနေသနည်း
ရွေးကောက်ပွဲနေ့ နီးကပ်လာသောအခါ မစ္စ ဟဲရစ်နှင့် မစ္စတာ ထရမ့်သည် ထောက်ခံမှု တန်းတူရနေပြီး ယိမ်းနွဲ့တတ်သော ပြည်နယ်များတွင် ထိန်းချုပ်နိုင်ရေး အကြိတ်အနယ် ယှဉ်ပြိုင်နေသည်။ ရွေးကောက်ပွဲကို တဖက်ဖက်သို့ ယိမ်းသွားစေနိုင်သည့် ထိုပြည်နယ်များမှ မဆုံးဖြတ်သေးသော မဲဆန္ဒရှင်များကို အနီးကပ် စောင့်ကြည့်နေရသည်။
ရွေးကောက်ပွဲနေ့ နီးကပ်လာသောအခါ မစ္စ ဟဲရစ်နှင့် မစ္စတာ ထရမ့်သည် ထောက်ခံမှု တန်းတူရနေပြီး ယိမ်းနွဲ့တတ်သော ပြည်နယ်များတွင် ထိန်းချုပ်နိုင်ရေး အကြိတ်အနယ် ယှဉ်ပြိုင်နေသည်။ ရွေးကောက်ပွဲကို တဖက်ဖက်သို့ ယိမ်းသွားစေနိုင်သည့် ထိုပြည်နယ်များမှ မဆုံးဖြတ်သေးသော မဲဆန္ဒရှင်များကို အနီးကပ် စောင့်ကြည့်နေရသည်။
FiveThirtyEight စစ်တမ်းအရ မစ္စ ဟဲရစ်သည် တနိုင်ငံလုံးတွင် ၁ ဒသမ ၅ မှတ် ဦးဆောင်နေသော်လည်း မစ္စတာ ထရမ့်သည် ထိုကွာဟချက်ကင်းမဲ့အောင် လုပ်နိုင်လုနီးပါး ဖြစ်နေသည်။ Reuters/Ipsos စစ်တမ်းတွင် မစ္စ ဟဲရစ်သည် မစ္စတာ ထရမ့်ထက် ၁ မှတ်သာ ဦးဆောင်နေပြီး မှားယွင်းနိုင်သည့် ပမာဏအတွင်းတွင်သာ ရှိနေသည်။
မစ္စတာ ထရမ့်သည် စီးပွားရေးနှင့် လူဝင်မှုကြီးကြပ်ရေး ပြဿနာများတွင် ဦးဆောင်နေပြီး မစ္စ ဟဲရစ်သည် နိုင်ငံရေး အစွန်းရောက်ဝါဒအပေါ် အားသာချက် လျှော့နည်းလာနေသည်။
ပင်ဆယ်လ်ဗေးနီးယား၊ ဂျော်ဂျီယာ၊ အရီဇိုးနားကဲ့သို့ ယိမ်းနွဲ့တတ်သော ပြည်နယ်များတွင် ကွာဟချက် လွန်စွာကျဉ်းမြောင်းသည်။ တနိုင်ငံလုံးတွင် မစ္စ ဟဲရစ်ဘက်က အားသာသော်လည်း ပြည်နယ်အဆင့် သမ္မတရွေးချယ်ရေးအဖွဲ့ မဲရလဒ်သည် ဆက်လက် မရေမရာဖြစ်နေပြီး အတိတ်က ရွေးကောက်ပွဲ ခန့်မှန်းနိုင်ခြေ ကင်းမဲ့မှုကို ထင်ဟပ်နေသည်။
မည်သူနိုင်သည်ကို ဘယ်အချိန်တွင် သိရမည်နည်း
ထိုအချက်များကို မဆုံးဖြတ်ရသေးပေ။ ရွေးကောက်ပွဲညတွင် အနိုင်ရသူကို ကြေညာရန် လွန်စွာ မဖြစ်နိုင်ပေ။ သို့သော် ထိုကိစ္စသည် မေးစရာမရှိသော ကိစ္စမဟုတ်ပေ။ သမိုင်းအရ အနိုင်ရသူကို ရွေးကောက်ပွဲနောက် ည သို့မဟုတ် နံနက်တွင် ကြေညာသည်။
တနိုင်ငံလုံး မဲပေးခြင်းကို ရွေးကောက်ပွဲနေ့တွင် ပိတ်လိုက်သောအခါ မီဒီယာသည် အချိန်နှင့် တပြေးညီ ရလဒ်များကို ဖော်ပြမည်ဖြစ်ပြီး အရှေ့ပိုင်းအချိန်ဇုန်မှ ရလဒ်များ ပထမဆုံး ထွက်ပေါ်မည် ဖြစ်သည်။
နောက်ဆုံးစာရင်းများကို ချက်ချင်းရနိုင်ဖွယ်မရှိဘဲ အထူးသဖြင့် စာတိုက်မှ မဲပေးခြင်းနှင့် အဝေးမှ မဲပေးခြင်း များပြားလာသောကြောင့် စာရင်းများကို ချက်ချင်းရနိုင်ဖွယ် မရှိပေ။ တခါတရံ ပြည်နယ်များသည် ရွေးကောက်ပွဲနေ့ စာပို့သည့် အမှတ်အသားပါလျှင် ထိုမဲများ နောက်ကျမှ ရောက်လာသည်ဖြစ်စေ ထည့်သွင်းရေတွက်ရန် ခွင့်ပြုကြသည်။ ထိုလုပ်ငန်းစဉ်ကြောင့် အချို့ပြည်နယ်များတွင် နှောင့်နှေးမှုဖြစ်နိုင်ပြီး အထူးသဖြင့် ကွာခြားမှု ကျဉ်းမြောင်းသော ပြည်နယ်များတွင် ထိုသို့ နှောင့်နှေးနိုင်သည်။
ထရမ့်က ၂၀၂၀ ပြည့်နှစ်တွင် မှားယွင်းစွာ ကြိုးစားသည့်အတိုင်း အသုံးချပြီး ရွေးကောက်ပွဲ ခိုးယူခံရသည်ဆိုသည့် ဇာတ်လမ်းကို ဖြန့်ချိနိုင်သည်။ ထိုရွေးကောက်ပွဲတွင် နောက်ကျမှ ရောက်လာသော သို့မဟုတ် ရေတွက်သောမဲ အများအပြားသည် ဒီမိုကရက်တို့အတွက် ဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်းမှာ ဒီမိုကရက်တစ်ပါတီသည် မဲရေတွက်ရန် အချိန်ပိုကြာသည့် မြို့ကြီးများတွင် ထောက်ခံမှု ပိုမိုရခြင်းနှင့် ထရမ့်က သူ့ကို ထောက်ခံသူများ စာတိုက်မှ မဲပေးခြင်းကို အားမပေးသောကြောင့် ဖြစ်သည်။
ထိုသို့သော နှောင့်နှေးမှုများကို ထရမ့်က ၂၀၂၀ ပြည့်နှစ်တွင် မှားယွင်းစွာ ကြိုးစားသည့်အတိုင်း အသုံးချပြီး ရွေးကောက်ပွဲ ခိုးယူခံရသည်ဆိုသည့် ဇာတ်လမ်းကို ဖြန့်ချိနိုင်သည်။ ထိုရွေးကောက်ပွဲတွင် နောက်ကျမှ ရောက်လာသော သို့မဟုတ် ရေတွက်သောမဲ အများအပြားသည် ဒီမိုကရက်တို့အတွက် ဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်းမှာ ဒီမိုကရက်တစ်ပါတီသည် မဲရေတွက်ရန် အချိန်ပိုကြာသည့် မြို့ကြီးများတွင် ထောက်ခံမှု ပိုမိုရခြင်းနှင့် ထရမ့်က သူ့ကို ထောက်ခံသူများ စာတိုက်မှ မဲပေးခြင်းကို အားမပေးသောကြောင့် ဖြစ်သည်။
မည်သည့် သမ္မတလောင်းမှ ပြည်နယ်အဆင့် သမ္မတရွေးချယ်ရေးအဖွဲ့ မဲ ၂၇၀ မရပါက အမြဲတမ်း မဟုတ်သည့် အရေးပေါ် ရွေးကောက်ပွဲ (Contingent Election) ကျင်းပမည် ဖြစ်သည်။ အောက်လွှတ်တော်က သမ္မတကို ပြည်နယ်တခုလျှင် ၁ မဲဖြင့် ရွေးချယ်မည်ဖြစ်ပြီး အထက်လွှတ်တော်က ဒုသမ္မတကို ရွေးကောက်မည် ဖြစ်သည်။
အောက်လွှတ်တော် သမ္မတလောင်းသည် အနိုင်ရရန် အများစု (၂၆ ပြည်နယ်) မဲလိုသည်။ ထိုသို့ ရှားပါးသည့် ဖြစ်ရပ်မျိုး ၁၈၂၄ ခုနှစ်တွင် ဖြစ်ခဲ့ပြီး အင်ဒရူး ဂျက်ဆင်သည် လူထုမဲနှင့် ပြည်နယ်အဖွဲ့ မဲရသော်လည်း အများစုမဲ မရသောကြောင့် ဂျွန်ဆင် ကွင်စီ အဒမ်စ်ကို အောက်လွှတ်တော်က ရွေးချယ်ခဲ့သည်။
စောင့်ကြည့်ရမည့် အဓိကရက်စွဲများ
-ရွေးကောက်ပွဲနေ့- နိုဝင်ဘာလ ၅ ရက်နေ့။ အမေရိကန်အများစုသည် လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ မဲပေးကြသည်။
-အတည်ပြုမှု နောက်ဆုံးအချိန်များ -နိုဝင်ဘာလ ၆ ရက်မှ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ။ ပြည်နယ်များသည် မဲရလဒ်များကို ထိုအချိန်ကာလအတွင်း အသိအမှတ်ပြုကြသည်။
-ပြည်နယ်အဆင့် သမ္မတရွေးချယ်ရေးအဖွဲ့- ဒီဇင်ဘာလ ၁၇ ရက်နေ့။ ပြည်နယ်ရွေးကောက်သူများသည် ၎င်းတို့၏ တရားဝင်မဲများကိုပေးရန် တွေ့ဆုံကြသည်။
-ပြည်နယ်အဆင့် သမ္မတရွေးချယ်ရေးအဖွဲ့ မဲများကို ကွန်ဂရက်က ရေတွက်သောနေ့ – ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်။ ပြည်နယ်ရွေးကောက်သူ မဲများကို ရေတွက်အတည်ပြုရန် ကွန်ဂရက်အစည်းအဝေး ခေါ်ယူသည်။
-ရာထူးလက်ခံသောနေ့- ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့။ ရွေးကောက်ပွဲနိုင် သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပြီး အာဏာလွှဲပြောင်းသည့် အထိမ်းအမှတ် ပြုလုပ်သည်။
(Al Jazeera ပါ A simple guide to the US election 2024 ကို ဘာသာပြန်သည်။)
You may also like these stories:
ကင်မလာနိုင်မည်ဟု အမေရိကန် ရွေးကောက်ပွဲ သမိုင်းပညာရှင် ဟောကိန်းထုတ်
အမေရိကန် ရွေးကောက်ပွဲစစ်တမ်းများတွင် ထရမ့်နှင့် ဟဲရစ် မည်သူ အသာရနေသနည်း
ထရမ့်ကို နောက်တကြိမ်လုပ်ကြံမှု၊ ခွေးတွေကြောင်တွေအရေး၊ တေလာဆွစ်ဖ်နှင့် အမေရိကန် ရွေးကောက်ပွဲ
ခါမလာဟဲရစ် သို့မဟုတ် ပထမဆုံး အမေရိကန် အမျိုးသမီး ဒုသမ္မတ