• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အမေရိကန်နှင့် သံအဆက်အသွယ် ဖြတ်ရန် ဗင်နီဇွဲလား အစိုးရ အမိန့်ပေး

by ဧရာဝတီ
25 January 2019
in သတင်း
A A
ဗင်နီဇွဲလား သမ္မတ မာဒျူရို (Global Look Press/ Venezuelan Presidency)

ဗင်နီဇွဲလား သမ္မတ မာဒျူရို (Global Look Press/ Venezuelan Presidency)

9.8k
VIEWS
Share on FacebookShare on Twitter

ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင်ကို အမေရိကန်က သမ္မတအဖြစ် အသိအမှတ် ပြုသည့်အတွက် နှစ်နိုင်ငံဆက်ဆံ ရေး တင်းမာလာပြီးနောက် သံအဆက်အသွယ် ဖြတ်တောက်ရန် ဗင်နီဇွဲလား သမ္မတ နီကိုလက် မာဒျူရိုက အမိန့်ပေး လိုက်ခြင်းဖြစ်သည်။

ဗုဒ္ဓဟူးနေ့၌ အမေရိကန်ရှိ ဗင်နီဇွဲလား သံရုံးနှင့် ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ရန်နှင့် ဗင်နီဇွဲလားတွင် ရောက်နေသည့် အမေရိကန်သံတမန်များကိုလည်း ၇၂ နာရီအတွင်း နိုင်ငံမှ ထွက်ခွာရန် သမ္မတ မာဒျူရိုက အမိန်ထုတ်လိုက်ခြင်း ဖြစ်ပြီး၊ အမေရိကန်နှင့် အနောက်နိုင်ငံများမှ အသိအမှတ်ပြုသည့် မိမိကိုယ် မိမိ သမ္မတအဖြစ် ကြွေးကြော်နေသူ် ဂျူအန်ဂွိုင်ဒိုကမူ မည်သည့် အမေရိကန်သံတမန်မှ ထွက်ခွာသွားရန်မလိုကြောင်း၊ ၎င်းတို့နှင့် ပတ်သက်၍ တစုံတခုဖြစ်ပွားခဲ့ပါက အကျိုး ဆက်ကို ခံစားရမည်ဖြစ်ကြောင်း ခြိမ်းခြောက်လိုက်ပြီး နိုင်ငံခြားရေးဌာနကို တန်ပြန်အမိန့်ပေးခဲ့သည်။

ဂျူအန် ဂွိုင်ဒိုသည် ၂၀၁၅ ခုနှစ်က ဗင်နီဇွဲလား အမျိုးသားလွှတ်တော်၏ ခေါင်းဆောင် ဖြစ်လာ သူဖြစ်ပြီး၊ ယခုလ စောစော ပိုင်းက သမ္မတ ဒုတိယသက်တမ်းအတွက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သူ မာဒျူရို အား တရားမဝင် နေရာလုယူထားကြောင်း စွပ်စွဲသည့် အတွက် နှစ်ဘက်အကြား တင်းမာမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဂျူအန်ဂွိုင်ဒို၏ စွပ်စွဲချက်ကို အမေရိကန်၊ ဘရာဇီးလ်၊ ကနေဒါ၊ ဥရောပသမဂ္ဂ ခေါင်းဆောင်ပိုင်းနှင့် အမေရိကန် ပြည်နယ်အဖွဲ့အစည်းဝင်အများစုတို့က လိုက်ပါထောက်ခံကြသည်။

မက္ကဆီကိုကမူ အတိုက်အခံခေါင်းဆောင် ဂွိုင်ဒိုကို အသိအမှတ်မပြုသကဲ့သို့ ဘိုလီးဗီးယာကလည်း မာဒျူရိုကို အတိ အလင်း ထောက်ခံကြောင်း ကြေညာခဲ့သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
2
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
7
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
13

ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီး ဂျော့ချ် အရီဇာက အမေရိကန်အစိုးရနှင့် သမ္မတဒေါ်နယ်ထရမ့် တို့သည် အာဏာသိမ်းမှု ဖြစ်ပေါ်အောင် လှုံ့ဆော်နေကြကြောင်း စွပ်စွဲလိုက်သည်။

ရုရှားကလည်း “အဖျက်သဘောဆောင်၍ ပြည်ပဝင်ရောက်စွက်ဖက်ခြင်းသည် နိုင်ငံတကာဥပဒေ၏ အခြေခံအကျဆုံး စံနှုန်းများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းသာဖြစ်ကြောင်း” သမ္မတ ဗလာဒီ မာပူတင်က သဘောထားမှတ်ချက် ပေးခဲ့ပြီး ဗင်နီဇွဲလားပုန်ကန်သူများကို အစိုးရအား အသိ အမှတ်ပြုသော အမေရိကန်ဦးဆောင်သည့်အုပ်စုကို ရုရှားက ရှုတ်ချလိုက်သည်။

ဝါရှင်တန်၏ ရည်ရွယ်ချက်ရှိရှိဖြင့် ဗင်နီဇွဲလား ခေါင်းဆောင်သတ်မှတ်နေခြင်းသည် အနောက်အုပ်စု၏ နိုင်ငံတကာ ဥပဒေလာ အချုပ်အခြာအာဏာနှင့် အခြားနိုင်ငံ၏ပြည်တွင်းရေးဝင်မစွက်ရေးမူတို့အပေါ် အမှန်တကယ်ရပ်တည်ချက်ကို ပြသရာရောက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး မာရီယားဇာခါရိုဗာက ပြောသည်။

ရုရှားသမ္မတက ဗင်နီဇွဲလားရွေးကောက်ခံအစိုးရအပေါ် မိမိထောက်ခံချက်ကို အခိုင်အမာကတိပြု ကြောင်း သမ္မတနီကို လပ်မာဒျူရိုနှင့် တယ်လီဖုန်းဆက်သွယ်စဉ် ပြောကြားခဲ့သည်။

ပူတင်နှင့်မာဒျူရိုတို့သည် နယ်ပယ်အသီးသီးတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန် သဘောတူညီမှု ရခဲ့ကြသည်။

လနှင့်ချီ၍ ဖြစ်ပွားနေသော ဗင်နီဇွဲလားနိုင်ငံရေးအကျပ်အတည်းအတွင်း မာဒျူရိုက ဒုတိယသက်တမ်း အဖြစ် နောက်ထပ် ၆ နှစ် ထမ်းဆောင်ခွင့်ရမည့် ပြီးခဲ့သည့် ရွေးကောက်ပွဲကို အသိအမှတ်မပြုရန် အမေရိကန်ဆုံးဖြတ်ချက်သည် ဗင်နီဇွဲလား ပြည်တွင်းရေးအပေါ် နက်နက်ရှိုင်းရှိုင်း သက်ရောက် နေခဲ့ရသည်။

ဗင်နီဇွဲ့လားနိုင်ငံတွင် လမ်းမပေါ်သို့ လူအများထောင်နှင့်ချီ၍ ထွက်ကာ မာဒျူရို ပြုတ်ကျရေး ဆန္ဒပြခဲ့ ကြသဖြင့် ဗုဒ္ဓဟူးနေ့က အမေရိကန်ကျောထောက်နောက်ခံပေးထားပြီး လက်ရှိလွှတ်တော် ဥက္ကဋ္ဌဖြစ် နေသူ အတိုက်အခံခေါင်းဆောင် ဂျူရန်ဂွိုင်ဒိုက ကျမ်းသစ္စာကျိန်ဆိုကာ သူ့ကိုယ်သူကြားဖြတ် အစိုးရသမ္မတအဖြစ် ကြေညာခဲ့သည်။

၎င်းကျမ်းသစ္စာကျိန်ဆိုပြီး မိနစ်ပိုင်းအတွင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဂွိုင်ဒိုကို ကြားဖြတ်သမ္မတအဖြစ် အသိအမှတ်ပြုလိုက်ကြောင်း ကြေညာခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက မာဒျူရိုကို ရာထူးမှဆင်းပေးရန် တိုက်တွန်းခဲ့ပြီး ဗင်နီဇွဲလားစစ်တပ်အနေဖြင့် ဒီမိုကရေစီပြန်ရရေးလုပ်ဆောင်ရန် ဆော်သြခဲ့သည်။

သမ္မတ မာဒျူရိုကို ထောက်ခံသည့် နိုင်ငံများတွင် ရုရှား၊ တရုတ်၊ ဘိုလီးဗီးယား၊ ကျူးဘား၊ အီရန်၊ ဆီးရီးယားနှင့် တူရကီတို့ ပါဝင်သည်။

Your Thoughts …
Tags: နိုင်ငံရေးအကျပ်အတည်းဗင်နီဇွဲလား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

by အောင်ဇော်
7 January 2026
3.2k

ခြုံငုံပြောရလျှင် မြန်မာပြည်သူများသည် မှောင်မိုက်သော ငါးနှစ်တာကို ဖြတ်သန်းပြီးနောက် ယခုထက် ပိုမိုကောင်းမွန်သော အခြေအနေနှင့် ထိုက်တန်ပါသည်။

မာချာဒိုကို ဗင်နီဇွဲလားမှ ခေါ်ထုတ်သည့် လျှို့ဝှက်ခရီး

မာချာဒိုကို ဗင်နီဇွဲလားမှ ခေါ်ထုတ်သည့် လျှို့ဝှက်ခရီး

by Tucker Reals, Lilia Luciano နှင့် Norman Oliver
13 December 2025
1.4k

"သူ့ကို ပထမဆုံးအကြိမ် မြင်တွေ့ရပြီး အဲဒါသူပဲဆိုတာ အတည်ပြုနိုင်တော့ အသက်ရှူ မှားသွားတယ်" ဟု မစ္စတာ စတန်းက ပြောသည်။

ဗင်နီဇွဲလားကို ထရမ့် အမှန်တကယ် ဝင်တိုက်မလား

ဗင်နီဇွဲလားကို ထရမ့် အမှန်တကယ် ဝင်တိုက်မလား

by Rob Crilly
5 December 2025
917

အမေရိကန် ပြည်ထောင်စုနှင့် ဗင်နီဇွဲလားတို့ စစ်ဖြစ်လုနီးဖြစ်နေသည်။

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

by ဧရာဝတီ
12 January 2026
521

ဗင်နီဇွဲလားဟာ ကမ္ဘာ့ရေနံသိုက်တွေရဲ့ ၁၇ ရာခိုင်နှုန်း၊ ရေနံစည်ပေါင်း ၃၀၃ ဘီလီယံ ရှိတဲ့ ရေနံသိုက်ကြီးကို ပိုင်ဆိုင်ထား…

ဗင်နီဇွဲလားဒီမိုကရေစီ လှုပ်ရှားသူ မစ္စမာချာဒို နိုဘယ်ဆုရ (ရုပ်/သံ)

ဗင်နီဇွဲလားဒီမိုကရေစီ လှုပ်ရှားသူ မစ္စမာချာဒို နိုဘယ်ဆုရ (ရုပ်/သံ)

by ဧရာဝတီ
10 October 2025
143

ဗင်နီဇွဲလားပြည်သူတွေအတွက် ဒီမိုကရေစီအခွင့်အရေးမြှင့်တင်ရေး မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုကြောင့် ဗင်နီဇွဲလားဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် မစ္စ မာရီယာ ကော်ရီနာ မာချာဒို (María Corina Machado) ကို ၂၀၂၅ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြှင့်ခဲ့ကြောင်း နိုဘယ်ဆုချီးမြှင့်ရေးကော်မတီက ကြေညာခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့တွင် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြသူတဦး / AFP

မူပြောင်းမလား လူပြောင်းမလား စစ်ကောင်စီ တခုတော့ ရွေးရမည်

by ဝေမင်းထွန်း
4 May 2023
14.3k

စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်တာကာလသည် ပြန်လည်ခွင့်လွှတ်ကြေအေးရန် လွန်စွာခက်ခဲသည့်၊ ပြန်လည်ရင်ကြားစေ့ရန် ခက်ခဲသည့် ကိစ္စရပ်ပေါင်းများစွာ ဖြစ်ခဲ့ပြီးဖြစ်၏။

Next Post
ကရင်နီလက်နက်ကိုင်တပ်ဖွဲ့ဝင်များ / Karenni Soldiers KA Pictures  / Facebook

ကယားပြည်နယ်တွင်း တပ်စခန်းသစ်များကြောင့် ဒေသခံများ စိုးရိမ်နေ

အဆိုတော်ကျားပေါက် / Han Htue Lwin's Facebook

“The Voice Myanmar Season 2 က ကြည့်လို့ကောင်းမယ့် အစီအစဉ်ပါ”

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved