• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကယားပြည်နယ်တွင်း တပ်စခန်းသစ်များကြောင့် ဒေသခံများ စိုးရိမ်နေ

by လဝီဝမ်
25 January 2019
in သတင်း
A A
ကရင်နီလက်နက်ကိုင်တပ်ဖွဲ့ဝင်များ / Karenni Soldiers KA Pictures  / Facebook

ကရင်နီလက်နက်ကိုင်တပ်ဖွဲ့ဝင်များ / Karenni Soldiers KA Pictures / Facebook

14.5k
VIEWS
Share on FacebookShare on Twitter

လက်ရှိ ကရင်နီလက်နက်ကိုင်အဖွဲ့ လှုပ်ရှားနေဆဲဖြစ်သည့် ကယားပြည်နယ်တွင် မြန်မာ့တပ်မတော်က အခြေစိုက် တပ်စခန်း ၄ ခုကို မကြာသေးမီက ချထားလိုက်ပြီး ယင်းနယ်မြေအတွင်း လက်နက်ကိုင်တပ်ချင်း ထိတွေ့မှု ဖြစ်လာနိုင်ချေကို ဒေသခံများအကြား စိုးရိမ်ထိတ်လန့်မှု ရှိနေသည်။

ကယားပြည်နယ်မြို့တော် လွိုင်ကော်အခြေစိုက် ကရင်နီလူမှုအဖွဲ့အစည်း ကွန်ရက် (KCSN) က ဇန်နဝါရီလ ၂၁ ရက် သတင်းထုတ်ပြန်ရာတွင် မြန်မာ့တပ်မတော်က ဒီမောဆိုး၊ ဖားဆောင်း၊ ဘော်လခဲနှင့် ရှားတောမြို့နယ်များတွင် တပ်စခန်းသစ်များ တည်ဆောက်နေသည်ဟု ဆိုထားသည်။

မြန်မာ့တပ်မတော်၏ အမှတ် ၅၄ ခြေလျင်တပ်ရင်းသည် ဒီမောဆိုးမြို့နယ်၊ ဒေါ်ပုကျေးရွာတွင် တပ်စခန်းသစ်တခု တည်ဆောက်နေသည်။ အမှတ် ၄၂၈ တပ်ရင်းကလည်း ဖားဆောင်းမြို့နယ်၊ နတ်ရေတွင်း (ဗိုလ်သန်းဝင်းကုန်း) တွင် အခြေစိုက်စခန်းတခု တည်ဆောက်ခဲ့သည်။

အမှတ် ၄၂၉ တပ်ရင်းက ရှားတောမြို့နယ်၊ ဒေါ်ဝီရောနှင့် သီရိဒါ ကျေးရွာတို့အကြားတွင် တပ်စခန်းတခု တည်ဆောက်နေပြီး မဲစဲ့မြို့နယ်၊ နမ်မာကီးကျေးရွာတွင် အမှတ် ၃၃၇ တပ်ရင်း၏စခန်းသစ် ဆောက်နေကြောင်း သိရသည်။

အဆိုပါတပ်ရင်း ၄ ရင်းသည် ယင်းနေရာတွင် ယာယီတပ်စွဲထားသည်မှာ ၃ လ ကြာမြင့်ပြီ ဖြစ်ကြောင်း မြန်မာ့တပ်မတော်၏ အဆိုအရ သိရသည်။

ယင်းတပ်စခန်း တည်ဆောက်မှုကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၃ ရက်က စတင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီ ၇ ရက်တွင် ပြီးစီးခဲ့သည်။

မြန်မာ့တပ်မတော်က လေးလကြာ ထိုးစစ်ရပ်ဆိုင်းထားသည့် ကာလအတွင်း တပ်စခန်းသစ်များ တည်ဆောက်နေခြင်းအပေါ် အဆိုပါဒေသမှ KCSN အဖွဲ့ဝင်များ အပါအဝင် ဒေသခံအများအပြားက မေးခွန်းထုတ် နေကြသည်။

KCSN မှ ပြောခွင့်ရသူ ခူတုရယ်က ဧရာဝတီသို့ ဗုဒ္ဓဟူးနေ့၌ ပြောကြားရာတွင် ယင်းနယ်မြေများအတွင်း တိုက်ပွဲများ တဖန်ဖြစ်ပွားလာမည်ကို စိုးရိမ်ပူပန်၍ ဒေသခံများအကြား အထိတ်တလန့်ဖြစ်နေရကြောင်း ဆိုသည်။

“အဲဒီနယ်မြေတွေမှာ အရင်တုန်းက တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ဖူးလို့ ဒေသခံတွေမှာ အတိတ်က ခါးသီးတဲ့အတွေ့အကြုံတွေ ခံစားရဘူးတယ်။ တိုက်ပွဲဖြစ်ဖို့ အရိပ်လက္ခဏာ ဖြစ်လာပြီးနောက်ပိုင်းမှာ သူတို့ စိုးရိမ်ထိန့်လန့်တယ်” ဟု သူက ပြောသည်။

မြန်မာ့တပ်မတော်က ရှမ်း၊ ကချင်၊ ကယားပြည်နယ်များတွင် ၄ လကြာ ထိုးစစ် ရပ်ဆိုင်းထားမည်ဟု ဆိုသော်လည်း အကယ်၍ အနာဂတ် ပဋိပက္ခများဆီသို့ ဦးတည်ပြီး တပ်စခန်းများကို ပြင်ဆင်နေသဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် အမှန်တကယ် ငြိမ်းချမ်းလိုလားပါရဲ့လားဟု မေးခွန်းထုတ်စရာ ရှိလာကြောင်း ခူတုရယ်က ပြောသည်။

“တကယ်လို့ သူက ငြိမ်းချမ်းရေးကို မြတ်နိုးတယ်၊ ပြည်သူတွေ ငြိမ်းချမ်းရေး အသီးအပွင့် ခံစားစေချင်တယ် ဆိုရင် သူ့စစ်တပ်က ဒါမျိုးတော့ မလုပ်သင့်ဘူးဗျာ” ဟု ခူတုရယ်က ပြောသည်။

အဆိုပါ တပ်စခန်းသစ်များဆီသို့ ရွှေ့ပြောင်းမှုများ ပြုခဲ့ပြီးဖြစ်ကြောင်း KCSN ၏ အဆိုအရ သိရသည်။ အဆိုပါ တပ်စခန်းများ တည်ဆောက်ခြင်းကို မလိုလားသည့် ဒေသခံအချို့တို့က တပ်ဖွဲ့ဝင်များထံ ချဉ်းကပ်၍ ယင်းနယ်မြေတွင် တပ်လာချခြင်းကို မထောက်ခံကြောင်း ပြသခဲ့ကြသည်။ စစ်တပ်၏တုံ့ပြန်မှုမှာ ယင်းနယ်မြေတွင် ယာယီတပ်စွဲရန်သာ ရည်ရွယ်ကြောင်း ဆိုသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
10
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
96

“သူတို့ ၃ လလောက်ပဲ နေမှာပါလို့ ကျနော်တို့ ဒေသခံတွေကို သူတို့ပြောတာပဲ” ဟု ခူးတူရယ်က ပြောသည်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဒုတိယဥက္ကဋ္ဌ ခူဦးရယ်က ၎င်းတို့၏ ပါတီ ကိုယ်စားလှယ်များအား မကြာသေးမီက စေလွှတ်ပြီး မြန်မာ့တပ်မတော် အရာရှိများနှင့် တွေ့ဆုံစေခဲ့ကြောင်း ဧရာဝတီသို့ ဗုဒ္ဓဟူးနေ့က ပြောသည်။

“တွေ့ကြတော့ အဲဒီတပ်အရာရှိတွေက ကျနော်တို့ကိုပြောတာက ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ သတ်မှတ်ချက် ၄ လတာ အပစ်အခတ် ရပ်စဲရေးကာလမှာ သူတို့လှုပ်ရှားတဲ့ တပ်တွေက ရောက်တဲ့နေရာမှာ ခဏ ယာယီ တပ်တည်တာပါဆိုတဲ့ သဘောမျိုးပဲ သိရပါတယ်” ဟု ခူဦးရယ်က ပြောသည်။

“တကယ်လို့ ကျနော်တို့ (KNPP) က ဒီကိစ္စအပေါ် တရားဝင် လုပ်ချင်တယ်ဆိုရင်တော့ ဒီကြားထဲ လစဉ် အစည်းအဝေးရှိတယ်၊ အဲဒီမှာ အကြောင်းအရာ တခုအနေနဲ့ တင်ပြ ဆွေးနွေးလိုပါတယ်လို့ သူတို့က ပြောတယ်” ဟု ၎င်းက ဆက်ပြောသည်။ လစဉ်လကုန်တိုင်း တပ်မတော်နှင့် KNPP တို့အကြား ကျင်းပသည့် အစည်းအဝေးများကို ရည်ညွန်း၍ ၎င်းက ပြောဆိုခြင်းဖြစ်သည်။

ဇန်နဝါရီလကုန်ပိုင်းတွင် ယင်းကိစ္စနှင့် ပတ်သက်ပြီး KNPP အနေဖြင့် တပ်မတော်ကို ဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း ခူဦးရယ်၏အဆိုအရ သိရသည်။

“ကျနော်တို့ KNPP အတွက် လစဉ်အစည်းအဝေးကနေ ဆွေနွေးညှိနှိုင်းပြီး တရားဝင် အဖြေတခုရအောင် ကြိုးစားသွားမှာပါ” ဟု သူက ပြောသည်။

တပ်စခန်းအသစ် တည်ဆောက်မှုနှင့် ပတ်သက်ပြီး အပစ်အခတ် ရပ်စဲရေးစာချုပ်တွင် မြန်မာ့တပ်မတော်နှင့် KNPP တို့ နှစ်ဖက်စလုံးက သဘောတူညီမှုရှိကြောင်း KNPP ၏ အဆိုအရ သိရသည်။

အကယ်၍ KNPP တပ်များ လှုပ်ရှားနေသည့် နယ်မြေအတွင်း တပ်စခန်းသစ်တခု ဆောက်ရန် ဆန္ဒရှိပါက တပ်ဘက်က KNPP သို့ ကြိုတင် အကြောင်းကြားရန် လိုအပ်သည်။ သို့ရာတွင် ယခုဖြစ်စဉ်၌ တပ်မတော်က တပ်စခန်းသစ် ၄ ခု တည်ဆောက်မည့်အကြောင်း ကြိုတင် အကြောင်းကြားခြင်း မရှိကြောင်း KNPP ၏အဆိုအရ သိရသည်။

မကြာသေးမီနှစ်များက တည်ငြိမ် အေးချမ်းနေခဲ့သော အဆိုပါဒေသတွင် မဝေးတော့သည့် အနာဂတ်တွင် တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်ကို KNPP က စိုးရိမ်မကင်းဖြစ်မိကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းနယ်မြေရှိ ဒေသခံများ ဘေးကင်းလုံခြုံမှုအတွက် KNPP က ပူပန်မိကြောင်း ခူဦးရယ်က ပြောသည်။

“တပ်မတော်ရဲ့ ဆောင်ရွက်ချက်ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုပြီးထိခိုက်မှာကို ကျနော်တို့ စိုးရိမ် ပါတယ်” ဟု ခူဦးရယ်က ပြောသည်။

မြန်မာ့တပ်မတော် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ထံမှ သဘောထားမှတ်ချက် ရယူရန် ဧရာဝတီက ဗုဒ္ဓဟူးနေ့၌ ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပေ။

(Lawi Weng ၏ New Army Bases Spark Fears of Fresh Fighting in Kayah State ကို ဘာသာပြန်သည်။)

Your Thoughts …
Tags: ကယားပြည်နယ်တပ်စခန်းသစ်မြန်မာ့တပ်မတော်
လဝီဝမ်

လဝီဝမ်

ဧရာဝတီ

Similar Picks:

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

နေပြည်တော်ကို ဦးတည်ချက်ထားပြီး တော်လှန်ရေးထိုးစစ် တနိုင်ငံလုံးကျယ်ပြန့်လာနိုင်

နေပြည်တော်ကို ဦးတည်ချက်ထားပြီး တော်လှန်ရေးထိုးစစ် တနိုင်ငံလုံးကျယ်ပြန့်လာနိုင်

by ဧရာဝတီ
10 November 2023
11k

စစ်ကောင်စီဆန့်ကျင်ရေး "၁၀၂၇ စစ်ဆင်ရေး" သည် စစ်ကိုင်းတိုင်းသို့ တိုးချဲ့ပြီး တနိုင်ငံလုံးသို့ ကျယ်ပြန့်လာနိုင်ကြောင်း ခုခံတော်လှန်ရေးတပ်များနှင့် သုတေသီများက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

by ဧရာဝတီ
10 November 2023
10.2k

နောက်ထပ်မြို့များကိုလည်း တော်လှန်ရေး အင်အားစုများက သိမ်းပိုက်မည်ဖြစ်ကြောင်းလည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ထိုင်းနယ်စပ် ကရင်နီပြည်နယ်တွင် စစ်ကောင်စီ နိဂုံးချုပ်တော့မည်

ထိုင်းနယ်စပ် ကရင်နီပြည်နယ်တွင် စစ်ကောင်စီ နိဂုံးချုပ်တော့မည်

by Brian Wei
26 March 2024
6.3k

စစ်ကောင်စီသည် ထိုင်း-မြန်မာနယ်စပ်ကို ထိန်းချုပ်မှု ဆုံးရှုံးသွားပြီး ၁၁၁၁ စစ်ဆင်ရေး စတင်ပြီးနောက်တွင် KNDF ထိန်းချုပ်နယ်မြေ ပိုမိုကျယ်ပြန့်လာသည်။

(ဝဲမှ ယာ) ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

သိက္ခာမဲ့သော တပ်ချုပ်များ

by ဧရာဝတီ
18 December 2021
22.5k

မြန်မာ့တပ်မတော်ဟာ အာဏာရှင်ကို ကာကွယ်ပေးဖို့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ ဂိုဏ်းအဖြစ်ကို နိမ့်ကျသွားတာ နှစ်ပေါင်းအတော်ကြာပါပြီ။

KNDF တနှစ်ပြည့် စစ်ရေးပြပွဲ / KNDF Battalion 5

ပြောင်းလဲနေသော ကရင်နီစစ်မျက်နှာ

by ကိုဦး
11 July 2023
11.8k

နှစ်နှစ်တာကာလပြီးနောက် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တယားသည် လွိုင်ကော်၌သာရှိပြီး ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲမြို့များတွင် လူသူကင်းမဲ့၍ စစ်ကောင်စီတပ်ဖွဲ့နှင့် မိသားစုများသာ ကျန်နေသည်ဟု သိရ၏။

Next Post
အဆိုတော်ကျားပေါက် / Han Htue Lwin's Facebook

“The Voice Myanmar Season 2 က ကြည့်လို့ကောင်းမယ့် အစီအစဉ်ပါ”

ဟာသ လူရွှင်တော်ဒိန်းဒေါင်

“အနုပညာလောကနဲ့ တဖြည်းဖြည်းဝေးတော့မယ်” လို့ ဆိုလာသူ ဒိန်းဒေါင်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved