• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဗင်နီဇွဲလားကို ထရမ့် အမှန်တကယ် ဝင်တိုက်မလား

by Rob Crilly
5 December 2025
in ဆောင်းပါး
A A
ဗင်နီဇွဲလားကို ထရမ့် အမှန်တကယ် ဝင်တိုက်မလား
917
VIEWS
Share on FacebookShare on Twitter

အမေရိကန် ပြည်ထောင်စုနှင့် ဗင်နီဇွဲလားတို့ စစ်ဖြစ်လုနီးဖြစ်နေသည်။

အမေရိကန်သည် ထိုဒေသတွင်းသို့ တပ်များ အလုံးအရင်း ပို့နေပြီး ကာရစ်ဘီယံပင်လယ်မှ စစ်သင်္ဘော ၁၁ စီးပါ ရေတပ်သင်္ဘောအုပ်စုကို ဦးဆောင်ရန် ၎င်း၏ အကြီးမားဆုံး လေယာဉ်တင်သင်္ဘော USS Gerald R Ford ကို စေလွှတ်သည်။

တပ်သား ၁၅,၀၀၀ ခန့်နှင့် စစ်လေယာဉ် ၁၀၀ ကို အသင့်ပြင်ထားသည်။

ထိုစစ်လက်နက်ပစ္စည်းများက ပေးသည့် သတင်းစကားမှာ ရှင်းလင်းသည်။ အမေရိကန် ပြည်ထောင်စုသည် စစ်ရေးဖြေရှင်းမှုကို ရွေးချယ်ပါက နိုင်မည်ဆိုသည့် သတင်းစကား ဖြစ်သည်။

ထိုအခြေအနေကို သမ္မတ ဒေါ်နယ် ထရမ့်က ဒီဇင်ဘာလ ၂ ရက်နေ့တွင် အိမ်ဖြူတော် အစိုးရအစည်းအဝေး တက်ရောက်သောအခါ သူ၏ သီးခြားသတင်းစကားဖြင့် ထောက်ခံသည်။

“မူးယစ်အကြမ်းဖက်သမားများ” နှင့် ၎င်းတို့၏ သင်္ဘောများကို ရက်သတ္တပတ် အတန်ကြာ တိုက်ခိုက်ပြီးနောက် ဗင်နီဇွဲလားမြေကို တိုက်ခိုက်ရန် နီးကပ်လာပြီဖြစ်ကြောင်း သူက ကတိပြုသည်။

“မူးယစ်အကြမ်းဖက်သမားများ” နှင့် ၎င်းတို့၏ သင်္ဘောများကို ရက်သတ္တပတ် အတန်ကြာ တိုက်ခိုက်ပြီးနောက် ဗင်နီဇွဲလားမြေကို တိုက်ခိုက်ရန် နီးကပ်လာပြီဖြစ်ကြောင်း သူက ကတိပြုသည်။

အမေရိကန်၊ ဗာဂျင်ကျွန်း၊ စိန့် သောမတ်စ်တွင် USS Gerald R Ford စစ်သင်္ဘောပေါ်မှ တိုက်ခိုက်ရေး ဂျက်လေယာဉ်များ / SEAMAN ABIGAIL REYES

“ကုန်းပေါ်ဆို ပိုလွယ်တယ်။ အရမ်းပိုလွယ်ပြီး သူတို့သွားမယ့် လမ်းကြောင်းတွေကို ကျနော်တို့သိတယ်။ သူတို့အကြောင်း အရာရာကို ကျနော်တို့ သိတယ်” ဟု သမ္မတ ဒေါ်နယ် ထရမ့်က ပြောသည်။

“သူတို့ ဘယ်မှာနေလဲ ကျနော်တို့သိတယ်၊ လူဆိုးတွေ ဘယ်မှာနေလဲ ကျနော်တို့သိတယ်။ ကျနော်တို့ မကြာခင် စတင်တော့မယ်” ဟု ၎င်းကပြောသည်။

မူးယစ်ဆေးပစ်မှတ်များကို အကန့်အသတ်ဖြင့် တိုက်မည့်သဘော သမ္မတ ထရမ့်၏ စကားများက ဖော်ပြနေသည်။ သို့သော် ထိုတိုက်ခိုက်မှုသည် လေကြောင်းတိုက်ခိုက်မှုများနောက်တွင် အထူးတပ်ဖွဲ့ စီးနင်းမှုများဖြင့် အဓိက ခေါင်းဆောင်များကို ဖယ်ရှားပြီး အတိုက်အခံကို တင်ပေးကာ နီကိုလပ် မာဒူရို အစိုးရကို ဖြုတ်ချမည့် ပိုမိုကျယ်ပြန့်သော စစ်ဆင်ရေး၏အစ ဖြစ်နိုင်သည်။

တချိန်တည်းတွင် ချိတ်ဆက်မှုသည် ရှင်းလင်းသည်။ စစ်ရေးအရှိန်မြှင့်တင်မှုကို မူးယစ်မှောင်ခိုလုပ်ငန်း ရပ်ဆိုင်းစေရန် ဖြစ်သည်ဟုဆိုသော်လည်း အစိုးရအရာရှိဟောင်းတဦး ပြောသည့်အတိုင်း ပြောရပါက “မူးယစ်ဆေးဝါး ဟန့်တားဖို့အတွက်ပဲဆို ကျနော်တို့ ဒီလောက်ချထားမှုမျိုးကို သုံးမှာ မဟုတ်ဘူး” ဟုသာ ပြောရမည် ဖြစ်သည်။

လွန်ခဲ့သော ရက်သတ္တပတ်ကုန်တွင် အစိုးရအပြောင်းအလဲဖြစ်ရေးသည် မဖြစ်သေးပင်လျှင် ထင်ရှားလာနေသည်။

ချက်ချင်း နုတ်ထွက်လျှင် မာဒူရိုနှင့် သူ့မိသားစုကို ဗင်နီဇွဲလားမှ ဘေးကင်းစွာ ထွက်ခွင့်ကို သမ္မတ ထရမ့်က ကမ်းလှမ်းသည့်သတင်းများ ထွက်ပေါ်လာသော်လည်း ဆွေးနွေးမှုများ ပျက်ပြားသွားသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့တွင် သမ္မတ ထရမ့်က တရစ်တင်းလိုက်ပြီး ဗင်နီဇွဲလား၏ ဝေဟင်ပိုင်နက်ကို ပိတ်လိုက်ကြောင်း လေကြောင်းလိုင်းများနှင့် လေယာဉ်မှူးများကို သတိပေးသည်။

နုတ်ထွက်ရန် ဖိအားပေးခံနေရသည့် ဗင်နီဇွဲလားသမ္မတ နီကိုလပ် မာဒူရိုကို / Getty Images

“ဒါကို လျှော့မတွက်နဲ့” ဟု သူက ပြောသည်။ ထိုသို့ပြောခြင်းသည် ကောင်းကင်တွင် ဒုံးကျည်များနှင့် ဗုံးများ ပြည့်နေမည်ဟု ပြောခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

စစ်အင်အားဖြည့်တင်းမှုနှင့် ခြိမ်းခြောက်မှုများသည် အစိုးရ အပြောင်းအလဲ မြန်စေရန် ရည်ရွယ်သည်ဟု ဂျော့ ဒဗလျူ ဘုရှ် လက်အောက်တွင် USAID ၏ လက်တင်အမေရိက လုပ်ငန်းများကို ဦးဆောင်ခဲ့သူ ရီပတ်ဘလစ်ကန် သေနင်္ဂဗျူဟာ ပညာရှင် အဒယ်ဖို ဖရန်ကိုက ပြောသည်။

စစ်အင်အားဖြည့်တင်းမှုနှင့် ခြိမ်းခြောက်မှုများသည် အစိုးရ အပြောင်းအလဲ မြန်စေရန် ရည်ရွယ်သည်ဟု ဂျော့ ဒဗလျူ ဘုရှ် လက်အောက်တွင် USAID ၏ လက်တင်အမေရိက လုပ်ငန်းများကို ဦးဆောင်ခဲ့သူ ရီပတ်ဘလစ်ကန် သေနင်္ဂဗျူဟာ ပညာရှင် အဒယ်ဖို ဖရန်ကိုက ပြောသည်။

“ကျနော်တို့က ဒီကိစ္စကို အစိုးရအပြောင်းအလဲလို့ မခေါ်တဲ့ တရားဝင် သဘောထားရှိပေမဲ့ အခြေခံကျတဲ့ အပြောင်းအလဲ မဖြစ်စေချင်ရင် ဒီစစ်လက်နက်ပစ္စည်းတွေနဲ့ အကြီးဆုံး လေယာဉ်တင်သင်္ဘောတွေကို ဖြန့်ကြက်မှာ မဟုတ်ဘူး” ဟု ၎င်းကပြောသည်။

“ဒါကြောင့် ကျနော်တို့ဆန္ဒက ဖိအားအများကြီးပေးပြီး လက်ရှိ ခေါင်းဆောင်ပိုင်းနဲ့ စစ်ခေါင်းဆောင်ပိုင်းကို သူတို့ပြဿနာ သူတို့ရှင်းစေမယ်။ ဒါက ရည်မှန်းချက် ပန်းတိုင်ပဲ” ဟု အဒယ်ဖို ဖရန်ကိုက ပြောသည်။

လက်ရှိအချိန်အထိ စစ်ရေးအရ အရေးယူမှုသည် ကမ်းလွန်တွင်သာ ရှိနေသည်။ တိုက်ခိုက်မှု အနည်းဆုံး ၂၁ ခုက မူးယစ်ဆေးဝါး သယ်ဆောင်သည်ဟု သံသယရှိသော သင်္ဘောများကို ဖြစ်ပြီး ဗင်နီဇွဲလား နိုင်ငံသား ၈၃ ဦး သေဆုံးသည်။

သို့သော် မြေပြင်တိုက်ခိုက်မှုများသည် နောက်တဆင့် ဖြစ်နိုင်သည်ဟု သုတေသီများက ယူဆသည်။

မြေပြင်တိုက်ခိုက်မှုများသည် အန္တရာယ်ရှိသည်။ ထရမ့်ကို ထောက်ခံသူများက နိုင်ငံတကာ စွန့်စားမှုများ ရပ်ဆိုင်းရန်နှင့် မစတင်ရန် ကတိပြုသောကြောင့် ထောက်ခံခြင်းဖြစ်သည်။ မည်သည့် အမေရိကန် ထိခိုက်သေဆုံးမှု မဆိုသည် နိုင်ငံရေးကပ်ဆိုးဖြစ်သောကြောင့် အမေရိကန်က မြေပြင်တွင် တိုက်ခိုက်ခြင်းထက် တာဝေးမှ ပစ်ခတ်ခြင်းသာ ပိုမိုဖြစ်နိုင်သည်။

ဗင်နီဇွဲလားနိုင်ငံ ပတ်ဝန်းကျင်တွင် ဖြန့်ချထားသည့် အမေရိကန် စစ်တပ်အင်အားပြ မြေပုံ

သမ္မတ ထရမ့်၏ အရာရှိများတွင် ရွေးချယ်စရာ အများအပြားရှိပြီးဖြစ်သည်။ တိုက်ခိုက်မှုများကို ဥပမာအားဖြင့် မူးယစ်လုပ်ငန်းများ၊ လေယာဉ်ကွင်းများနှင့် ဓာတ်ခွဲခန်းများကိုသာ ကန့်သတ်ပြုလုပ်မည် သို့မဟုတ် ထိုတိုက်ခိုက်မှုများတွင် မူးယစ်မှောင်ခိုလုပ်ငန်းမှ အကျိုးခံစားနေသည်ဟု ယူဆရသည့် ဗင်နီဇွဲလားတပ်များကိုပါ ထည့်သွင်းတိုးချဲ့နိုင်သည်။ အကြီးမားဆုံး ရွေးချယ်စရာများမှာ တိုက်ခိုက်မှုများသည် သမ္မတ မာဒူရိုကို ထောက်ခံသည့် စစ်တပ်များနှင့် နိုင်ငံ၏ ရေနံချက်စက်ရုံများအား ပစ်မှတ်ထားခြင်းဖြစ်မည်ဟု ယူဆရသည်။

ထိုတိုက်ခိုက်မှုများကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေး သို့မဟုတ် “အမေရိက ပထမ” မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်ရေးများအဖြစ် ပုံဖော်ပြီး ထရမ့်က သူ့ကိုထောက်ခံသူများထံမှ နိုင်ငံရေးအကာအကွယ်ယူကာ မာဒူရို အစိုးရကို အင်အားချိနဲ့စေမည် ဖြစ်သည်။

လာမည့် အပတ်အတွင်း တိုက်ခိုက်မှုဖြစ်မည်ဟု မျှော်လင့်ကြောင်း အမေရိကန် ကြည်းတပ် စစ်ကောလိပ်မှ လက်တင်အမေရိက သုတေသန ပါမောက္ခ အီဗန် အဲလစ်စ်က ပြောသည်။ ထိုတိုက်ခိုက်မှုများသည် မာဒူရိုကို ထိပ်တန်းခေါင်းဆောင်များက ဆန့်ကျင်အာခံမှု မဖြစ်ပါက ပထမခြေလှမ်းသာ ဖြစ်နိုင်သည်။

လာမည့် အပတ်အတွင်း တိုက်ခိုက်မှုဖြစ်မည်ဟု မျှော်လင့်ကြောင်း အမေရိကန် ကြည်းတပ် စစ်ကောလိပ်မှ လက်တင်အမေရိက သုတေသန ပါမောက္ခ အီဗန် အဲလစ်စ်က ပြောသည်။ ထိုတိုက်ခိုက်မှုများသည် မာဒူရိုကို ထိပ်တန်းခေါင်းဆောင်များက ဆန့်ကျင်အာခံမှု မဖြစ်ပါက ပထမခြေလှမ်းသာ ဖြစ်နိုင်သည်။

“အဲဒီနောက်မှာ ရွေးချယ်စရာ နှစ်ခုရှိတယ်။ သေနတ်ကျည် ဖောက်မှာလား၊ ထွက်သွားမှာလား ဆိုတာပဲ” ဟု ၎င်းက ပြောသည်။

၂၀၂၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲရှုံးနိမ့်စဉ် အာဏာဆက်ရနေသည့် ပြိုင်ဘက်နှင့် မပြီးပြတ်သေးသော ကိစ္စရှိသည်ဟု ယူဆသည့် အမေရိကန် သမ္မတအတွက် ရှောင်ထွက်သွားခြင်းသည် ရွေးချယ်စရာ မဖြစ်နိုင်လောက်ပေ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို၊ သမ္မတ ဒေါ်နယ် ထရမ့်နှင့် ကာကွယ်ရေးဝန်ကြီး ပိဟက်ဂ်ဆက်သ်တို့ကို ဒီဇင်ဘာလ ၂ ရက်နေ့ ကက်ဘိနက် အစည်းအဝေးတွင် တွေ့ရစဉ် / AFP

မစ္စတာ အဲလစ်က ထိုကိစ္စကို သိနိုင်သည်။ သူသည် ထရမ့်၏ ပထမသက်တမ်းအတွင်း နောက်ဆုံးနှစ်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန မူဝါဒစီမံရေးအဖွဲ့တွင် ပါဝင်သည်။

သေနတ်မောင်းဖြုတ်ခြင်းသည် ဗင်နီဇွဲလား၏ ရုရှားလုပ် S-300 လေကြောင်းကာကွယ်ရေးစနစ်များ၊ ၎င်း၏ ထိန်းချုပ်ကွပ်ကဲရေးဌာနများနှင့် Sukoi 30 တိုက်လေယာဉ်များကို ဖျက်ဆီးပြီး နှစ်ရက်၊ သုံးရက်အတွင်း အထူးတပ်ဖွဲ့စစ်ဆင်ရေး ၁၀ ခုမှ ၂၀ အထိအတွက် လမ်းခင်းပေးခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

“အမေရိကန် ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်တာကို မြင်ရမှာ မဟုတ်ပေမဲ့ ဝင်လာပြီး ဖမ်းချင်တဲ့လူကို ဖမ်းသွားမယ်၊ တရားဝင်အစိုးရဖွဲ့တာမျိုးကို လမ်းဖွင့်ပေးတာမျိုး မြင်ရနိုင်တယ်” ဟု သူပြောသည်။

“USS Gerald R Ford ရှိနေတာက အဲဒီအချက်ကို ရှင်းပြတယ်။ အပျက်အစီး ကြီးကြီးမားမား မဖြစ်စေချင်ဘဲ F-18 လေယာဉ်အုပ်စု လေးခုက ကနဦးတိုက်ခိုက်မှုမှာ ဘယ်အခန်းကဏ္ဍကမှ ပါမှာမဟုတ်ဘူး” ဟုလည်း ပြောသည်။

“ဒါပေမဲ့ ကနဦး ဒုံးကျည် တိုက်ခိုက်မှုအပြီး အလျင်အမြန် အလှည့်အပြောင်းလုပ်ပြီး မြေပြင် ပစ်မှတ်တွေကို လေယာဉ်နဲ့ ရေရှည်တိုက်ဖို့ စီစဉ်ထားရင် လေယာဉ်တင် သင်္ဘောလိုအပ်တယ်” ဟု ပါမောက္ခ အီဗန် အဲလစ်စ်က ပြောသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
181
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
474
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
183

(The Telegraph ပါ Rob Crilly ၏ Is Trump really preparing for war with Venezuela? ကို ဘာသာပြန်သည်။)

You may also like these stories:

ပြည်ပခြိမ်းခြောက်မှု မရှိဘဲ စစ်တပ်ဖြန့်ကြက်သည်ကို အမေရိကန်အများစု သဘောမတူ

အမေရိကန်နှင့် သံအဆက်အသွယ် ဖြတ်ရန် ဗင်နီဇွဲလား အစိုးရ အမိန့်ပေး

အမေရိကန်က ဗင်နီဇွဲလား ဒုသမ္မတ ကို ပိတ်ဆို့အရေးယူ

ဗင်နီဇွဲလားဒီမိုကရေစီ လှုပ်ရှားသူ မစ္စမာချာဒို နိုဘယ်ဆုရ (ရုပ်/သံ)

ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတ ရက်သတ္တပတ်

Your Thoughts …
Tags: Sliderဒေါ်နယ်ထရမ့်နီကိုလပ် မာဒူရိုဗင်နီဇွဲလားမူးယစ်ဆေးဝါးလေကြောင်းတိုက်ခိုက်မှုအမေရိကန်
Rob Crilly

Rob Crilly

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (နိဂုံး)

ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (နိဂုံး)

မြဝတီမြို့၌ ကျားဖြန့်ဂိုဏ်းများ ပိုကြီးထွားလာ

မြဝတီမြို့၌ ကျားဖြန့်ဂိုဏ်းများ ပိုကြီးထွားလာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved