• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လက်နက်ကြီးကျည် ကျ၍ မြောက်ဦး ရှေးဟောင်းဘုရားတချို့ ပျက်စီး

by မင်းအောင်ခိုင်
16 March 2019
in သတင်း
A A
ထုက္ကန်သိမ် ဘုရား  /  မင်းအောင်ခိုင်

ထုက္ကန်သိမ် ဘုရား / မင်းအောင်ခိုင်

47.6k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ရှေးဟောင်းနယ်မြေထဲသို့ လက်နက်ကြီး ကျည်များ ကျရောက်သဖြင့် ရှေးဟောင်း အမွေအနှစ် ဘုရားတချို့ ထိခိုက်ပျက်စီးသွားကြောင်း သတင်း ရရှိသည်။

မတ်လ ၁၅ရက်နေ့က ဖြစ်ပွားသည့် တိုက်ပွဲအတွင်း သမိုင်းဝင် မြေထဲ ရှေးဟောင်းဘုရားနှင့် ထုက္ကန်သိမ် ဘုရားအနီးရှိ ယဉ်ကျေးမှု အမွေအနှစ် ထိမ်းသိမ်းရေး ဂိတ်တဲ တခုမှာ လက်နက်ကြီး ကျည်ထိ၍ ပျက်စီးသွား ခဲ့ကြောင်း မြောက်ဦးမြို့ ရှေးဟောင်းသုတေသန ဌာနမှ ညွန်ကြားရေးမှူး ဒေါက်တာ သန်းထိုက်က ပြောသည်။

ဒေါက်တာသန်းထိုက်က “ အဓိကတော့ ၂ နေရာလို့ ပြောရမှာပေါ့။ အနောက်မြေထဲ ဘုရား တဆူရယ်။ နောက်တခုက ထုက္ကန်သိမ်ဘုရား ဘေးနားမှာ ကျတဲ့ လက်နက်ကြီး ကျည်ပေါ့။ အဲဒါမှာ ဘုရာကိုတော့ မထိပါဘူး ။ ယဉ်ကျေးမှု အမွေ အနှစ် လုံခြုံရေး ဂိတ်တဲကို လက်နက်ကြီး ကျည်စထိပြီးတော့ လက်နက်ကြီး အစမှန်တာ ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
292
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
20
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
42

မြောက်ဦး မြို့မိမြို့ဖ တဦးဖြစ်သူ ဦးဦးထွန်းလှိုင်က “တိုက်ပွဲ ဖြစ်တာတော့ မဟုတ်ဘူး၊ မနေ့ည အောင်တပ်ရပ်ကွက် ဘက်က စစ်သား ၃၀ ကျော်လောက် မြို့ကို ပတ်ပြီးတော့ လာတယ်လို့ သိရ တယ်။ လက်နက်ကြီး ကျတာ ကတော့ ထုက္ကန်သိမ်နဲ့ ရှစ်သောင်း ဘုရားမှာ ကျတာတွေရှိပါတယ်။ ဘုန်းတော်ကြီးကျောင်းနဲ့ အိမ်ခေါင်း မိုးပေါ်တွေ မှာ အစအန လာကျတာတွေ ရှိတယ်။ မြို့ခံတွေက တော့ စိုးရိမ်တာပေါ့၊အိမ်တွေကို စိုးရိမ်ပြီး ညမအိမ်ရဲကြတော့ဘူး ” ဟု ဧရာဝတီသို့ ပြောသည်။

မြောက်ဦး ရှေးဟောင်း ယဉ်ကျေးမ ှုအမွအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ဥက္ကဌ ဒေါ်ခင်သန်းက ယင်းသို့ ပစ်ခတ်မှု ကြောင့် ရှေးဟောင်း အမွေအနှစ်များ ပျက်စီးသွားရခြင်းမှာ အလွန်ဝမ်းနည်းစရာကောင်းကြောင်း ၊ နိုင်ငံသားများ ပိုင်ဆိုင် သည့် ရှေးဟောင်းအမွေအနှစ်ကို နိုင်ငံသားများကပင် ဖျက်ဆီး ခြင်းမှာ အလွန်ရင်လေးစရာကောင်းသည်ဟု ပြောသည်။

ဒေါ် ခင်သန်း “ကံကောင်းတာတခု က လက်နက်ကြီကျည်က ထုက္ကန်သိမ်ဘုရားကို ကျော်ပြီး ကျလာ တာ ကံကောင်းသွား တယ်။ မဟုတ်ရင် ရှစ်သောင်းဘုရားနဲ့ ထုက္ကန်သိမ်ကို ထိမှာ၊ အဲဒီက လုံခြုံရေး စင်တာဆိုရင် စကာပေါက် ဖြစ်သွားတယ်။ ဒီလို ပစ်နေမယ်ဆိုရင် တော်တော် ဝမ်းနည်းဖို့ ကောင်း တယ်။ စစ်ပွဲကို ရပ်စေချင်တယ်။ ရှေးဟောင်းအမွေအနှစ်ဆိုတာ ဘာနဲ့မှ အစားထိုးလို့မရဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ကိုးသောင်းဘုရား ဓာတ်ပုံ ၊ မင်းအောင်ခိုင်

ထိခိုက်ပျက်စီးသွားသည့် အနောက်မြေထဲ ဘုရားမှာ ခြံစည်းရိုး ကာရန်ကာ ထိမ်းသိမ်းထားသည့် ဘုရားတဆူ ဖြစ်ပြီး မည်သည့်အဖွဲ့က လာရောက် ပစ်ခတ်သည်ကို တိတိကျကျ ပြောဆိုရန် ခက်ခဲ့ ကြောင်း ဒေါက်တာ သန်းထိုက်က ဆက်လက်ပြောကြားသည်။

“သံသယဖြစ်စရာ လက်နက်ကိုင် အဖွဲ့ ၂ ခု ရှိနေတော့ တိတိကျကျ ဘယ်သူရယ်လို့ ပြောလို့မရဘူး ။ ကျနော်တို့ အနေနဲ့ ဖြစ်စဉ်ကိုပဲ အထက်ဌာနကို တင်ပြထားပါတယ်။ ကမ္ဘာ့အမွေအနှစ် တင်နေတဲ့ ကာလမှာ ဒီလို ဖြစ်တယ် ဆို တော့ ကဏ္ဍအလိုက် လုပ်ငန်းလုပ်တဲ့ အပေါ်မှာ အနှောင်အယှက် ဖြစ် တာပေါ့” ဟု ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်တွင်တော့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ပျက်စီးထိခိုက်မှုမှာ ယင်း နှစ်နေရာသာ ရှိပြီး ရှေးဟောင်းဇုန်ထဲသို့ သွားရောက် ကြည့်ရှုမှာသာ အသေးစိတ် သိနိုင်မည် ဖြစ် ကြောင်း ဒေါ် ခင်သန်းက ဆိုသည်။

ယင်း မြောက်ဦးမြို့ပေါ်တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုကြောင့် ရှေးဟောင်းဘုရာ တချို့ အပြင် ရပ်ကွက် တချို့သို့ လက်နက် ကြီး အစအန လာရောက် ထိမှန်သည့်အတွက် ၊ ရှေးဟောင်းဘုရာအနီးမှ သစ်ပင် များ ကျည်ထိမှန်မှုများ ရှိသလို လူနေအိမ်ခေါင်းမိုး တချို့ ထိခိုက်ပျက်စီးမှု ရှိကြောင်း သိရသည်။

ယင်းအပြင် ကျောက်ရာဇ်ကေ ရပ်ကွက်မှ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတဦးဖြစ်သူ ဒေါ်ခင်ခင်သိန်း မှာလည်း လက်နက်ကြီး အစအန လာမှန်သည့် အတွက် လက်ရှိအချိန်တွင် မြောက်ဦးမြို့ ပြည်သူဆေးရုံတွင် အတွင်း လူနာ အဖြစ် တက်ရောက်ကုသနေရကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် ဧရာဝတီမှ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်အား ဆက်သွယ်ခဲ့ရာ “စစ်ဆင်ရေး ကိစ္စတွေကိုတော့ ကျနော် လည်း အသေးစိတ် မသိဘူးဗျ ။ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ကိုပဲ မေးလိုက်ပါ ” ဟု ဆိုသည်။

တပ်မတော်သတင်း ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား ဧရာဝတီမှ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။

Your Thoughts …
Tags: ကျည်ထိမှန်မှုမြောက်ဦးရှေးဟောင်းဘုရား
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

မြောက်ဦးတွင် အချုပ်သား ၇ ဦးကို ပစ်သတ်ရန် အမိန့်ပေးခဲ့ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝန်ခံ

မြောက်ဦးတွင် အချုပ်သား ၇ ဦးကို ပစ်သတ်ရန် အမိန့်ပေးခဲ့ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝန်ခံ

by ဧရာဝတီ
29 February 2024
8.2k

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ-၃၇၈ တပ်ရင်းအတွင်း ကိုဖိုးလပြည့်နှင့် သတင်းသမား ကိုဖိုးသီဟ အပါအဝင် ဖမ်းဆီးထားသည့် အရပ်သား ၇ ဦးကို သတ်ဖြတ်ခဲ့ကြောင်း အမိန့်ပေးစေခိုင်းသူ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝန်ခံထားသော ဗီဒီယိုဖိုင်များအား ရက္ခိုင့်တပ်တော် (AA)...

ရခိုင် “ပုံမှန်အခြေအနေသစ်”

ရခိုင် “ပုံမှန်အခြေအနေသစ်”

by ဇေယျ (အညာ)
14 May 2024
6.9k

"အေးအခုတော့ မြောက်ဦးကို ငါတို့ ရခိုင်တွေကိုယ်တိုင် အုပ်ချုပ်နေပြီကွ"

စစ်တွေမြို့

စစ်တွေမြို့

by ဧရာဝတီ
16 March 2025
3.2k

ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး ၁၈၂၆ ခုနှစ်က အင်္ဂလိပ်နဲ့ ချုပ်ဆိုခဲ့တဲ့ ရန္တပိုစာချုပ် မတိုင်ခင်က ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဟာ မြောက်ဦးမြို့ ဖြစ်ကြောင်း သိရပါတယ်။

မင်းပြားတိုက်ပွဲ လက်နက်ကြီးနှင့် လေကြောင်းကြောင့် အရပ်သားထိခိုက်မှုရှိ

မင်းပြားတိုက်ပွဲ လက်နက်ကြီးနှင့် လေကြောင်းကြောင့် အရပ်သားထိခိုက်မှုရှိ

by ဧရာဝတီ
11 January 2024
2.5k

လက်နက်ကြီးကျည်ဆန်များ မင်းပြားမြို့ပေါ် ရပ်ကွက်များသို့ ကျရောက် ပေါက်ကွဲမှုကြောင့် မြို့ခံများ ထိခိုက်ဒဏ်ရာများရရှိသလို မြို့မဈေးကြီးရှိ ဆိုင်ခန်းများမှာလည်း မီးလောင်မှုဖြစ်ပွားနေကြောင်း

မြောက်ဦးမြို့တွင်း တိုက်ပွဲပြင်းထန်နေ

မြောက်ဦးမြို့တွင်း တိုက်ပွဲပြင်းထန်နေ

by ဧရာဝတီ
10 January 2024
2.4k

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား ဇန်နဝါရီ ၉ ရက် မွန်းလွဲပိုင်းမှ စတင်ပြီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲကြောင့် မြောက်ဦးမြို့လုံးကျွတ် ထွက်ပြေး

တိုက်ပွဲကြောင့် မြောက်ဦးမြို့လုံးကျွတ် ထွက်ပြေး

by ဧရာဝတီ
26 December 2023
1.6k

မြောက်ဦးမြို့ မြတန်ဆောင် စစ်ရှောင်စခန်းမှ စစ်ရှောင် ၂ ဦး အပါအဝင် မြို့ခံ ၉ ဦး ကိုလည်း စစ်ကောင်စီက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားပြီး လက်ရှိအချိန်အထိ ပြန်လွတ်လာခြင်း မရှိသေးကြောင်း

Next Post

တနသာၤရီတိုင်း ဝန်ကြီးချုပ်ဟောင်းကို NLD ပါတီက အရေးယူမှာလား (ရုပ်/သံ)

အပိုလို ၁၂ အာကာသ ယာဉ်မှူးများ မြန်မာပြည်လာရောက်စဉ်

အပိုလို ၁၂ အာကာသယာဉ်မှူးများ၏ မြန်မာပြည်ခရီး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved