• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြောက်ဦးမြို့တွင်း တိုက်ပွဲပြင်းထန်နေ

by ဧရာဝတီ
10 January 2024
in သတင်း
A A
မြောက်ဦးမြို့တွင်း တိုက်ပွဲပြင်းထန်နေ

မြောက်ဦးမြို့နယ်အတွင်း စစ်ဆင်ရေးလှုပ်ရှားနေသည့် AA တပ်ဖွဲ့ဝင်များကို ယခုလဆန်းပိုင်းအတွင်း တွေ့ရစဉ် / 3 Brotherhood Alliance

2.4k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ အမှတ် (၃၁) ရဲတပ်ရင်းအနီး ကျောက်ပြင်ဆိပ် ဘုန်းတော်ကြီးကျောင်းရှေ့၌ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား ယမန်နေ့ မွန်းလွဲပိုင်းမှ စ၍ ယနေ့တိုင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်။

စစ်ကောင်စီက လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးနေသလို AA တပ်များကလည်း မြောက်ဦးမြို့ပေါ်ရှိ ခမရ ၅၄၀၊ ခမရ ၃၇၇၊ ခမရ၃၇၈ တို့အား ဒရုန်းများနှင့် တပြိုင်တည်းတိုက်ခိုက်ကြောင်း၊ ယခုချိန်တိုင် လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်နေကြောင်း မြောက်ဦးမြို့ခံများက ပြောသည်။

မြောက်ဦးဒေသခံတဦးက “မနေ့က ခမရ ၅၄၀ ကနေ ကိုးသောင်းဘုရားနားက ရဲတပ်ရင်းကို စစ်သားတွေ လာတဲ့အချိန် အလယ်ဈေးရပ်ကွက်၊ ကျောက်ပြင်ဆိပ် ဘုန်းကြီးကျောင်းနားမှာ တွေ့ပြီး တိုက်ပွဲဖြစ်တာ စစ်တပ်က သေတဲ့သူရှိတဲ့ အတွက် ပြန်ဆုတ်ချိန် မြို့ခံ အရပ်သား ၃ဦးကို ဖမ်းပြီး ပစ်သတ်သွားတယ်။ ညကတော့ AA က ၅၄၀ တပ်ရင်း၊ ၃၇၇၊ ၃၇၈။ အဲဒီမြို့ပေါ်က တပ်ရင်း ၃ ရင်းလုံးကို ဒရုန်းနဲ့ ဗုံးနဲ့ စတိုက်တယ် ဒီနေ့မနက်ပိုင်းအထိ နှစ်ဖက်လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်နေကြတုန်း” ဟု ဆိုသည်။

ထို့ပြင် ယင်းနေ့ည ၉ နာရီတွင် မြောက်ဦးမြို့ပေါ်ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်းများဖြစ်သော ခမရ-၅၄၀၊ ခမရ-၃၇၇၊ ခမရ-၃၇၈ တို့အား AA တပ်ဖွဲ့ဝင်များက ဒရုန်းများဖြင့် တပြိုင်တည်းတိုက်ခိုက်ခဲ့သလို လက်ရှိအချိန်ထိလည်း လက်နက် ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်နေကြောင်း ၎င်းက ပြောသည်။

မြောက်ဦးမြို့ပေါ်ရှိ ခမရ-၅၄၀၊ ခမရ-၃၇၇၊ ခမရ-၃၇၈ တို့မှ တိုက်ပွဲဖြစ်ပွားသည့်နေရာ အပါအဝင် မြောက်ဦးမြို့နယ်အတွင်း အရပ်သားများနေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်နေသောကြောင့် မြောက်ဦးနှင့် ကျောက်တော်မြို့နယ်ကြားရှိ ကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း ဒေသခံများက ဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် (AA) ကလည်း မြောက်ဦးမြို့၊ သကျမာရ်အောင်အနီး၌ မြောက်ဦးအခြေစိုက် ခမရ-၅၄၀ တပ်ရင်းမှ အင်အား ၅၉ ကျော်ပါ စစ်ကြောင်းတခုနှင့် မိနစ်အနည်းငယ်ကြာ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူ များရှိခဲ့ကြောင်း ယမန်နေ့ည၌ သတင်းထုတ်ပြန်သည်။

အထိနာသွားသည့် အဆိုပါစစ်ကြောင်းသည် ဒေသခံပြည်သူ ၃ ဦးအား လူသားဒိုင်းကာအဖြစ် ၎င်းတို့၏ တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ ခမရ-၅၄၀ တပ်ရင်းမှ လက်နက်ကြီးများဖြင့် မြို့ပေါ်ရပ် ကွက်များသို့ ပစ်ခတ်ခဲ့သဖြင့် ပြည်သူ ၁ ဦး ထပ်မံသေဆုံးကာ ကလေးငယ် ၁ ဦး အပါအဝင် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း AA က ဆိုထားသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.6k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
67
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
50

အဆိုပါအခြေအနေများနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

ဇန်နဝါရီ ၇ ရက်တွင်လည်း မြောက်ဦးမြို့၊ သင်းကျစ်တော်တောင်ဘုရားကုန်းပေါ် တပ်စွဲနေထိုင်သည့် အင်အား ၁၀၀ ကျော် စစ်ကောင်စီတပ်သားများ AA တပ်ဖွဲ့ထံ လက်နက်ချ အလင်းဝင်းရောက်သွားပြီး ယင်းစခန်းအား အပြီးသတ်သိမ်းပိုက်ခံရမှု ကြောင့် စစ်ကောင်စီသည် ယင်းပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ညအချိန် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်းကျစ်တော်တောင်စခန်း သိမ်းပိုက်မှုတွင် စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း AA က သတင်းထုတ်ပြန်ထားသည်။

မြောက်ဦးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ ခရိုင်ရဲစခန်းနှင့် ယင်းမြို့နယ်အတွင်းရှိ မြောင်းဘွေရဲစခန်းတို့ကိုလည်း ၂၀၂၃ ဒီဇင်ဘာလ ကုန်ပိုင်း၌ AA က သိမ်းပိုက်ခဲ့ပြီး အဆိုပါစခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးအပြင် လေကြောင်း ဖြင့်ပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြောက်ဦးမြို့ခံများ မြို့လုံးကျွတ် ထွက်ပြေးတိမ်းရှောင်ကြရသည်။

ထိုသို့ အရပ်သားများနေထိုင်ရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုနှင့်ပတ်သက်၍ စစ်တပ်က လုပ်ဆောင်ခြင်းမရှိကြောင်း၊ AA အဖွဲ့ကသာ စစ်စခန်းရှိရာနေရာများသို့ အဝေးမှလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခတ်ခြင်း၊ ဒရုန်းများအသုံးပြု တိုက် ခိုက်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း စစ်ကောင်စီဘက်က တုံ့ပြန်ထားသည်။

လက်ရှိတွင် မြောက်ဦးမြို့နယ်အတွင်း လင်းမြွေတောင်စခန်းကုန်း၊ မြောက်ဦးအခြေစိုက် ခမရ-၅၄၀၊ ခမရ-၃၇၇၊ ခမရ-၃၇၈ နှင့် ကိုးတောင်းဘုရားအနီးရှိ အမှတ် (၃၁) ရဲတပ်ရင်းတို့ကိုလည်း AA တပ်ဖွဲ့ဝင်များက ဝိုင်းပတ်ပိတ်ဆို့ထားသည့်အတွက် စစ်ရေးတင်းမာနေကြောင်း သိရသည်။

ဇန်နဝါရီ ၈ ရက်၊ နံနက် ၆ နာရီဝန်းကျင်၌ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်ကျေးရွာအနီးရှိ စစ်ကောင်စီ၏ ဓညဝတီ ရေတပ်စခန်းအား AA က ပထမဆုံးအကြိမ် စတင်တိုက်ခိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှစတင်ကာ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး လက်ရှိ ချင်းပြည် နယ် ပလက်ဝမြို့နယ် အပါအဝင် ရခိုင်မြောက်ပိုင်းရှိ မြို့နယ်အသီးသီး၌ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

You may also like these stories:

ကျောက်တော် တောင်ရှည်တောင်ဗျူဟာကုန်းတခုလုံး AA ထံ လက်နက်ချလာ

ပလက်ဝမြို့မရဲစခန်းကို AA သိမ်းပိုက်ထား

တင်းမဗျူဟာကုန်း၏ ၇၀ရာနှုန်း AA သိမ်းထားဟုဆို

Your Thoughts …
Tags: AAစစ်ကောင်စီတိုက်ပွဲပြင်းထန်မြောက်ဦး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မင်းအောင်လှိုင်ခေတ် မြန်မာပြည်

မင်းအောင်လှိုင်ခေတ် မြန်မာပြည်

မိုင်းငေါ့မြို့သိမ်းတိုက်ပွဲအပြီး ကျောက်မဲဒေသခံတချို့ မြို့ကို စွန့်ခွာလာ

မိုင်းငေါ့မြို့သိမ်းတိုက်ပွဲအပြီး ကျောက်မဲဒေသခံတချို့ မြို့ကို စွန့်ခွာလာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

2 hours ago
1.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved