• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သောက်သုံးရေ ပြတ်နေသည့် မွန်ပြည်နယ်က ရွာ ၁၀ ရွာ အကူအညီတောင်း

by ဉာဏ်စိုးဝင်း
26 April 2019
in သတင်း
A A
ရေခန်းခြောက်လာသည့် မော်လမြိုင်က ရွှေနတ်တောင်ဆည်  / ဉာဏ်စိုးဝင်း / ဧရာဝတီ

ရေခန်းခြောက်လာသည့် မော်လမြိုင်က ရွှေနတ်တောင်ဆည် / ဉာဏ်စိုးဝင်း / ဧရာဝတီ

6.9k
VIEWS
Share on FacebookShare on Twitter

မွန်ပြည်နယ် အတွင်းရှိ ကျေးရွာ ၁၀ ရွာမှာ သောက်သုံးရေ ပြတ်တောက်နေသည့် ပြဿနာကြုံတွေ့နေသဖြင့် မွန်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံသို့ သောက်သုံးရေး အကူအညီ ပေးရန် တောင်းခံထားကြောင်း သတင်းရရှိသည်။

အဆိုပါ ကျေးရွာများသည် မော်လမြိုင်၊ ပေါင်နှင့် ဘီးလင်းမြို့နယ်တို့မှ ဖြစ်ပြီး သြင်္ကန် အကြိုကာလမှ ဧပြီ ၂၃ ရက်နေ့အထိ တောင်းဆိုလာသည့် ကျေးရွာစာရင်းများ ဖြစ်ကြောင်း မွန်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဒုညွှန်မှူး (နည်းပညာ) ဦးဝင်းနိုင်က ဧရာဝတီသို့ ပြောသည်။

ဦးဝင်းနိုင် က “ဘီးလင်းမှာရှိတဲ့ ဂွသောင်းလိုဟာမျိုးတွေ၊ ပေါင်ဘက်မှာဆို ဝဲပတန်လိုဟာမျိုးတွေက ပင်လယ်နဲ့လည်း နည်းနည်း နီးတယ်ဆိုတော့ ဆိုးဝါးတယ်ဆိုတာထက် သောက်ရေ ရှားပါးတယ်ပေါ့၊ ရေအခတ်ခဲတွေရှိတယ်” ဟု ဆိုသည်။

မော်လမြိုင်မြို့နယ်ထဲတွင် ကော့ခပို၊ ကော့ခမယ်၊ သူကြီးကုန်းကျေးရွာ၊ ဘီးလင်းမြို့နယ်ထဲတွင် ဒေါင်းရပ်၊ ဂွသောင်းကျေးရွာ၊ ပေါင်မြို့နယ်ထဲတွင် ကော့ကရင်၊ ကော့ထော်ကျေးရွာ၊ ဝဲပတန်၊ ဘိုင်လောင် ကျေးရွာများမှာ ရေတွင်း၊ ရေကန်များ ခန်းခြောက်သွားသဖြင့် သောက်သုံးရေ အခတ်ကြုံနေခြင်းအပေါ် သောက်သုံးရေ ရရှိရေးအတွက် မွန်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနထံ အကူအညီ တောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပေါင်မြို့နယ်ထဲရှိ ကျေးရွာအချို့တွင် ရာသီဥတု အပူရှိန်ကြောင့် ရေတွင်း၊ ရေကန်များ ခန်းခြောက်လာသည်မှာ တစ်လဝန်းကျင် ရှိနေပြီးဖြစ်၍ ကျေးရွာအတော်များများမှာ သောက်သုံးရေ မလုံလောက်မှုနှင့် ရင်ဆိုင်နေရကြောင်း ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာမှ ကိုဝင်းညွှန့် က ပြောပြသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
8
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
12
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
107

ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းတင် ကလည်း “ကျနော်တို့မှာကျတော့ ရေကန်ကတော့ နည်းနည်းပဲ ကျန်တော့တာပေါ့ တစ်ထွာလောက်ပဲ ကျန်တော့တာ၊ ကန်တွေ ခြောက်ကုန်ပြီပေါ့လေ၊ ရေအလှူရှင်တွေ လာတာရှိတယ်၊ ကိုယ်စားလှယ်တွေ၊ မီးသတ်တွေ လာပေးတာရှိတယ်” ဟု ပြောသည်။

ရေခန်းခြောက်လာသည့် မော်လမြိုင်က ရွှေနတ်တောင်ဆည် (ဓာတ်ပုံ – ဉာဏ်စိုးဝင်း၊ ဧရာဝတီ)

ကျေးလက်ဒေသများတွင် ယခုနှစ် နွေရာသီကာလ သောက်သုံးရေ အခတ်ခဲဖြစ်မည့် ကျေးရွာပေါင်း ၂၀ ဝန်းကျင်ထိ မြင့်တက်လာနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားကြောင်း မွန်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဒုညွှန်မှူး (နည်းပညာ) ဦးဝင်းနိုင်က ပြောသည်။

ဦးဝင်းနိုင် က “အပူချိန်မြင့်ရင် ရေသောက်နှုန်းများတာပေါ့၊ ရေအသုံးပြုမှု များတာပေါ့နော်၊ နောက် ကျေးရွာမှာကျတော့ ကျနော်တို့က လူတင်စဉ်းစားလို့မရဘူး၊ ကျွဲတို့၊ နွားတို့၊ ဆိတ်တို့ အိမ်မွေး တိရိစ္ဆာန်တွေ အတွက်ပါ စဉ်းစားပေးရတယ်ဗျ၊ အဲ့ဒီတော့ ပိုပြီးတက်လာမယ်လို့ ကျနော်မျော်မှန်းထားပါတယ်”ဟု ဆိုသည်။

၎င်းကဆက်၍ “ရေရှားတဲ့ရွာတွေက ၂၀၁၄၊ ၂၀၁၅ ခုနှစ်လောက်ကဆို ရွာ ၄၀၊ ၅၀ လောက်ရှိတယ်၊ နှစ်စဉ် ရေရှားတဲ့ရွာတွေကို ဘတ်ဂျက်မှာ ထည့်ပြီးတော့ ရေတွင်းတွေ တူးပေးတယ်၊ အဝီစိတွင်းတွေ တူးပေးတယ်။ မြေသား မိုးရေလှာင်ကန်တွေ ဆောက်ပေးတယ်၊ အဲ့ဒီတုန်းက ၅၀၊ အခုဆို ၁၀ ရွာဖြစ်တဲ့အတွက် ကျနော်တို့ ၈၀ ရာခိုင်နှုန်းလောက် ဖြေရှင်းပေးနိုင်ခဲ့ပြီ” ဟု ရှင်းပြသည်။

ထိုအပြင် မော်လမြိုင်မြို့ပေါ် ရပ်ကွက်များကို စည်ပင်သာယာရေးအဖွဲ့က ရေပေးဝေနေသည့် ရွှေနတ်တောင် ဆည်နှင့် ကင်ပွန်းချုံ ရေလှောင်ကန်တို့မှာလည်း ယခင်နှစ်ထက် ရေခန်းခြောက်လာမှုနှင့် ရင်ဆိုင်နေရကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ပြည်နယ် အင်ဂျင်နီယာမှူး ဦးတင်ကိုကိုလတ် က “အရင်နှစ်တွေက သြင်္ကန်မတိုင်ခင် မိုးတကြိမ်၊ နှစ်ကြိမ်ရွာတယ်၊ ဒီနှစ်က မိုးကလည်းမရွာဘူး၊ အပူချိန် အရမ်းတက်ပြီး ရေငွေ့ပြန်နှုန်းက များတော့ တရက်၊ တရက်ကို ရေကျနှုန်းက အရမ်းမြန်တယ်” ဟု ဆိုသည်။

ရေအခတ်ခဲရှိနေသည့် မော်လမြိုင်မြို့ပေါ် ရပ်ကွက်များကို စည်ပင်သာယာရေးအဖွဲ့မှ ရေကားများဖြင့် ဖြန့်ဖြူပေးနေသော်လည်း လုံလောက်မှု မရှိသဖြင့် အခတ်အခဲများစွာ ရှိကြောင်း မော်လမြိုင်မြို့၊ မဟာမြိုင် ရပ်ကွက်မှ ကိုဖိုးချိုက ပြောသည်။

Your Thoughts …
Tags: ပေါင်ဘီးလင်းမော်လမြိုင်မွန်ပြည်နယ်သောက်သုံးရေးပြတ်
ဉာဏ်စိုးဝင်း

ဉာဏ်စိုးဝင်း

ဧရာဝတီ

Similar Picks:

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

by အေးချမ်းဆု
26 October 2023
11.6k

စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

ဒု စစ်ခေါင်းဆောင် ရောက်နေချိန် ရတခ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

ဒု စစ်ခေါင်းဆောင် ရောက်နေချိန် ရတခ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

by မိအိသဉ္ဇာမြင့်
9 April 2024
9k

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တောင်ပိုင်းစစ်မျက်နှာပြင်ဖြစ်သော မြဝတီ၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ် စစ်ဆင်ရေးများကို အနီးကပ် ကွပ်ကဲရန် ရောက်နေခြင်းဖြစ်ပြီး ယနေ့ထိ ရှိနေဆဲဖြစ်သည်ဟု အတည်ပြုနိုင်ကြောင်း

အရှေ့တောင်တိုင်း စစ်ဌာနချုပ် အတိုက်ခံရပြီးနောက် မော်လမြိုင်၌ ပိုမိုစစ်ဆေးလာ

အရှေ့တောင်တိုင်း စစ်ဌာနချုပ် အတိုက်ခံရပြီးနောက် မော်လမြိုင်၌ ပိုမိုစစ်ဆေးလာ

by မိအိသဉ္ဇာမြင့်
17 April 2024
7.2k

ယခုရက်ပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မော်လမြိုင်မြို့၌ စစ်ဆင်ရေးများ ထပ်မံလုပ် ဆောင်မည်ဟု ဖော်ပြနေကြသောကြောင့် ပိုမို စစ်ဆေးနေခြင်းဖြစ်နိုင်

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၂)

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၂)

by မိုးစက်ငြိမ်းချမ်း
6 September 2023
7.2k

တပြည်လုံးအနှံ့တွင် စစ်တိုက်နေရသည့် စစ်ကောင်စီအဖို့ နေရာတခုတွင် အင်အားအလုံးအရင်း စုစည်းပြီး စစ်ဆင်ရေးပြုလုပ်ရန် မဖြစ်နိုင်ပေ။

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၃)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၃)

by အေးချမ်းဆု
16 October 2023
7k

PNDF သည် စစ်အာဏာရှင် အပြုတ်တိုက်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုကို ရည်မှန်းချက်ထား၏။

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၁)

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၁)

by မိုးစက်ငြိမ်းချမ်း
4 September 2023
6.4k

၂၀၂၃ မိုးရာသီတွင် မယ်စဲ့နှင့် ဖားဆောင်းမြို့နယ်များအတွင်း လေကြောင်းတိုက်ခိုက်မှုများ ပါဝင်သော တိုက်ပွဲကြီးများ နေ့စဉ်ဖြစ်ပွားလာကာ ကရင်နီပြည်နယ်အနှံ့ တိုက်ပွဲများဖြစ်ပွားသည်။

Next Post
ကောလင်း ထီးချိုင့်လမ်းပိုင်းရှိ ရွှေထွက်သည် ဆိုသော မြေနေရာ၌ တူးဖော်နေသူများ  / ဦးသူရ / ကောလင်း

ကောလင်း၌ ရွှေထွက်သည် ဆိုသော နေရာအား တူးဖော်မှု တားမြစ်

Kodoka (ပါပူဝါနယူးဂီနီ နိုင်ငံ)

ခရီးသွားရင်း လူသေဆုံးမှု အဖြစ်အများဆုံး နေရာများ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved