Travel

ခရီးသွားရင်း လူသေဆုံးမှု အဖြစ်အများဆုံး နေရာများ

Want create site? Find Free WordPress Themes and plugins.

တချို့ဒေသတွေဟာ ခရီးသွားတွေ သဘောကျလောက်အောင် လှပတဲ့ နေရာတွေပါ။ ဒါပေမဲ့လည်း လူတွေ မေ့နေတတ်တဲ့ အချက်က အဲဒီလိုဒေသတွေဟာ အန္တရာယ်အများဆုံး ဒေသတွေ ဖြစ်နေနိုင်သေးတယ်ဆိုတဲ့ အချက်ပါ။ ခရီးသွားအများစုဟာ ဒီလိုဒေသတွေကို အလည်ရောက်သွားကြတဲ့အခါ မတော်တဆမှုတွေနဲ့ သေဆုံးသွားတတ်ကြသလို တချို့တွေကတော့ အပြင်းအထန် ဒဏ်ရာ ရသွားလေ့ ရှိတတ်ပါတယ်။

အန္တရာယ်အဖြစ်နိုင်ဆုံး ဒေသတွေမှာ အသိပေးစာတန်းတွေ ကပ်ထားလေ့ ရှိပေမယ့် လူတွေက ဒီညွှန်ကြားချက်ကို လိုက်နာလေ့ မရှိကြပါဘူး။ အဲဒီအတွက်လည်း ကံဆိုးမိုးမှောင် ကျရောက်မှုတွေ ဖြစ်လာလေ့ ရှိတတ်ပါတယ်။ ခရီးသွားရင်း မတော်တဆဖြစ်မှုတွေ အများဆုံးနိုင်ငံတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) Kodoka (ပါပူဝါနယူးဂီနီ နိုင်ငံ)

ပါပူဝါနယူးဂီနီ နိုင်ငံမှာ ခရီးသွားတွေအတွက် အန္တရာယ်အများဆုံးကတော့ Kodoka လမ်းလျှောက် ခရီးပါ။ ဒီခရီးကတော့ မိုင် ၆၀ နီးပါး ရှည်လျားတဲ့ ခရီးဖြစ်ပြီး ၆ ရက်ကြာ တောင်တက်၊ လမ်းလျှောက်ပြီး ရေကူးရတဲ့ ခရီးစဉ်တွေပါ ပါဝင်ပါတယ်။ ဒီခရီးကိုသွားသူ အများစုက ဒဏ်ရာတွေ ရတတ်သလို မကြာခဏ ဆိုသလိုပဲ အသက်သေဆုံးမှုတွေအထိ ဖြစ်တတ်ပါတယ်။

၂၀၁၃ ခုနှစ်၊ စက်တင်ဘာလမှာတော့ ခရီးသွားအုပ်စု တစုဟာ ဓားကိုင်ဆောင်လာတဲ့လူတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။ အဲဒီ ဖြစ်စဉ်အတွင်း လူ ၂ ယောက်သေဆုံးခဲ့ပြီး ၇ ယောက်ကတော့ အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။

(၂) ဧဝရက်တောင် (နီပေါနိုင်ငံ)

နီပေါနိုင်ငံကိုတော့ တောင်တက်သမား အများစု လာရောက်ကြပါတယ်။ တကယ်တော့ ဧဝရက်တောင်ဟာ လှပသလို တောင်တက်သမားတွေအတွက် အသက်အန္တရာယ် အများဆုံး အရပ်ဒေသတခုလည်း ဖြစ်ပါတယ်။ ဧဝရက်တောင်ဟာ ကမ္ဘာပေါ်မှာတော့ လူအသေအပျောက် အများဆုံး နေရာတွေထဲမှာ တခုအပါအဝင်ပါ။ မကြာခဏဆိုသလို တောင်တက်သမားတွေ အသက်ဆုံးရှုံးရလေ့ ရှိပြီး ဒဏ်ရာတွေလည်း အပြင်းအထန် ရတတ်ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းကလည်း တောင်တက်သမား ၅ ဦး သေဆုံးခဲ့ရပါတယ်။

(၃) Pamplona မြို့ (စပိန်နိုင်ငံ)

စပိန်နိုင်ငံရဲ့ Pamplona မြို့ကလည်း ခရီးသွားတွေ ထိခိုက်ဒဏ်ရာရပြီး သေဆုံးမှု အများဆုံး မြို့တမြို့ပါ။ စပိန်နိုင်ငံရဲ့ ထင်ရှားတဲ့ ကစားနည်းတခုဖြစ်တဲ့ ကျွဲရိုင်းသတ်ပွဲမှာ ခရီးသည်ထောင်ပေါင်းများစွာဟာ Pamplona မြို့ကို ရောက်လာတတ်ကြပါတယ်။ ပွဲတော်ကို လာရောက်ကြတဲ့ လူအတော်များများဟာ လူနင်းတာကြောင့် ဒဏ်ရာ အကြီးအကျယ် ရလေ့ ရှိသလို တချို့တွေလည်း ကျွဲရိုင်းရဲ့ ဦးချိုနဲ့ အသက်ပျောက်ကုန်ကြပါတယ်။

ဒါကြောင့်မို့လည်း Pamplona မြို့ဟာရဲ့ ကျွဲရိုင်းသတ်ပွဲတော်ဟာ ခရီးသွားတွေအတွက်တော့ အန္တရာယ်များတဲ့ ပွဲတော်တခုပါ။

(၄) အစ္စတန်ဘူလ်မြို့ (တူရကီနိုင်ငံ)

တူရကီနိုင်ငံရဲ့ မြို့တမြို့ ဖြစ်တဲ့ အစ္စတန်ဘူမြို့ကလည်း ခရီးသွားရင်း လူအသေအပျောက် အများဆုံး ဒေသတွေရဲ့ စာရင်းမှာ ပါဝင်နေပါတယ်။ အစ္စတန်ဘူလ်မြို့ အနေနဲ့ ခရီးသွားတွေကို အဓိက ဆွဲဆောင်တဲ့အကြောင်းကတော့ အပျော်စီးသင်္ဘောတွေနဲ့ အစားအသောက်ကောင်းတဲ့ ကြယ် ၅ ပွင့် ဟိုတယ်တွေကြောင့်ပါ။

ဒါပေမဲ့လည်း အကြမ်းဖက်ဝါဒရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ခရီးသွားတွေဟာ အစ္စတန်ဘူလ်မြို့ကို ရှောင်လာခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အထိ လူ ၂၀၀ ကျော် အစ္စတန်ဘူလ်မှာ အသတ်ခံခဲ့ရပါတယ်။

(၅) San Pedro Sula (ဟွန်ဒူးရပ်စ်နိုင်ငံ)

တကယ်တော့ ဟွန်ဒူးရပ်စ်နိုင်ငံဟာ ချစ်စရာကောင်းတဲ့ နိုင်ငံတနိုင်ငံပါ။ လှပတဲ့ရှုမျှော်ခင်းတွေက ခရီးသွား အများအပြားကို ဆွဲဆောင်နေပါတယ်။ ဒါပေမဲ့ အခြားတဘက်မှာတော့ ဆိုးဝါးတဲ့ ကိစ္စရပ်တွေ ရှိနေပါတယ်။ အဲဒီကိစ္စတွေတော့ ရာဇဝတ်မှု ကျူးလွန်မှုတွေကြောင့် ခရီးသွားတွေအသက် အန္တရာယ်နဲ့ ကြုံတွေ့နိုင်တဲ့အကြောင်းပါ။ Zika ဗိုင်းရပ်စ်လို ရောဂါပိုးမွှားတွေကလည်း ပေါများတဲ့အတွက် ခရီးသွားတွေအနေနဲ့ ရှောင်လာကြပါတယ်။ San Pedro Sula မြို့မှာဆိုရင်တော့ လူသတ်မှုလို ကိစ္စတွေက ၃ ရက်ကို ပျမ်းမျှ ၁၆၉ မှုလောက်ဖြစ်ပွားလေ့ ရှိပါတယ်။

Ref. moneyinc

Did you find apk for android? You can find new Free Android Games and apps.
Loading