• English
Thursday, July 10, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

အရှေ့တောင်တိုင်း စစ်ဌာနချုပ် အတိုက်ခံရပြီးနောက် မော်လမြိုင်၌ ပိုမိုစစ်ဆေးလာ

by မိအိသဉ္ဇာမြင့်
17 April 2024
in သတင်း
A A
အရှေ့တောင်တိုင်း စစ်ဌာနချုပ် အတိုက်ခံရပြီးနောက် မော်လမြိုင်၌ ပိုမိုစစ်ဆေးလာ

မော်လမြိုင်မြို့တွင် စစ်ကောင်စီတပ်သားများ စစ်ဆေးနေစဉ်/Cj (ပုံအဟောင်းဖြစ်သည်)

7.1k
VIEWS
Share on FacebookShare on Twitter

မွန်ပြည်နယ် မော်လမြိုင်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အား ဒရုန်းဖြင့် နှစ်ရက်ဆက် တိုက်ခိုက်ခံရပြီးနောက် မြို့ပေါ်တွင် ရှောင်တခင် စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများကဆိုသည်။

ကရင်ပြည်နယ် စစ်ဆင်ရေးများကို ဦးစီးရန် ဒုတိယ စစ်ခေါင်းဆောင် ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်း အရှေ့တောင်တိုင်း စစ် ဌာနချုပ်သို့ ရောက်နေချိန် ဧပြီလ ၈ ရက် ညနေပိုင်းနှင့် ၉ ရက် နေ့လယ်ပိုင်းတို့တွင် ရှားထူးဝေါနည်းပညာတပ်ဖွဲ့ လက်အောက်ခံ Alpha Bats Drone Force က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

RelatedPosts

တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

10 July 2025
9
ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

10 July 2025
338
စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်က သွေးခွဲချေမှုန်းရေးလို့ဆို (ရုပ်/သံ)

စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်က သွေးခွဲချေမှုန်းရေးလို့ဆို (ရုပ်/သံ)

10 July 2025
54

မော်လမြိုင်ဒေသခံတဦးက “အခု သူတို့က ပုန်းပြီးစစ်တာ။ ကျနော်တို့စစ်ခံရတုန်းကဆို တက္ကစီသမားက လှမ်းတား တာ၊ သူတို့ (စစ်သားနဲ့ ရဲ) တွေက ကားအနောက်မှာ ပုန်းနေတာ။ အခုကတော့ တနေရာထဲ အထိုင်ချစစ်တာထက် အဖွဲ့လိုက် ရွှေ့ပြီး လိုက်စစ်နေတာ။ သူတို့လည်း တနေရာထဲနေနေရင် ချောင်းပစ်ခံရမှာ ကြောက်လို့ထင်တယ်” ဟု ပြောသည်။

စစ်ကောင်စီကို ထောက်ခံသည့် တယ်လီဂရန်ချန်နယ်များနှင့် ဖေ့ဘွတ်စာမျက်နှာများတွင် ယခုရက်ပိုင်းအတွင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက မော်လမြိုင်မြို့၌ စစ်ဆင်ရေးများ ထပ်မံလုပ်ဆောင်မည်ဟု ဖော်ပြနေကြ သော ကြောင့် ပိုမို စစ်ဆေးနေခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

စစ်ဆေးရာတွင်လည်း ယခင်က ဆိုင်ကယ်ဘောက်များနှင့် ဖုန်းထဲရှိဓာတ်ပုံများကိုသာ စစ်ဆေးရာမှ ယခုအခါ KBZ Pay၊ တယ်လီဂရန်၊ ဆစ်ဂနယ်နှင့် မက်ဆင်ဂျာ စသည့် အက်ပလီကေးရှင်းများအပြင် ဆိုရှယ်မီဒီယာနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုပါ စစ်ဆေးလာကြောင်း ဒေသခံများက ပြောသည်။

မော်လမြိုင်မြို့တွင် စစ်ကောင်စီတပ်သားများ စစ်ဆေးနေစဉ်/Cj (ပုံအဟောင်းဖြစ်သည်)

မော်လမြိုင်ဒေသခံတဦးက “Facebook မှာဆိုလည်း ဘယ်သူနဲ့ Friend ဖြစ်ထားလဲ။ ပြီးရင် ဘယ်သူ့ကို ရီအက် (Reaction) လုပ်ထားလဲ။ ဘယ်သတင်းဌာနတွေကို Follow လုပ်ထားလဲဆိုတာကအစ အကုန်စစ်တာ။ ကျနော်ဆို ဓမ္မသရွာ မီးလောင်တုန်းကသတင်းအောက်မှာ Sad react (ဝမ်းနည်းရီအက်) ပေးထားလို့ သူပုန်ရွာ မီးလောင်တာကို ဝမ်းနည်းနေတာလားဆိုပြီး ရစ်တာ။ ဖမ်းမယ် လုပ်လို့ ပိုက်ဆံငါးသောင်းပေးခဲ့လိုက်ရတယ်” ဟု ပြောသည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များမှာ မော်လမြိုင်မြို့ပေါ်၊ ချောင်းဆုံ၊ ကျိုက်မရောနှင့် မုဒုံမြို့သို့ သွားရာလမ်းခွဲများတွင်ပါ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုက်ခိုက်ခံရမှုမတိုင်မီကတည်းကပင် မွန်ပြည် ဖက်ဒရယ်ကောင်စီ (MSFC) ၏ တပ် တခုဖြစ်သော မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တို့ ဧပြီ ၇ ရက်တွင် မဟာမိတ်အဖြစ် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ထို့ပြင် မကြာသေးမီက မွန်ပြည်သစ်ပါတီမှ ခွဲထွက်ခဲ့သည့် မွန်ပြည်သစ်ပါတီ အာဏာရှင်ဆန့်ကျင်ရေး (NMSP-AD) အဖွဲ့နှင့် မွန်ပြည်နယ် လွတ်မြောက်ရေးတပ်တော် (MLA) တို့ကလည်း ပြီးခဲ့သည့် မတ်လ ၂၅ ရက်တွင် ကရင်အမျိုး သား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့်အတူ ကော့ဘိန်းရဲစခန်းသိမ်းတိုက်ပွဲ၌ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ ကြသည်။

ထိုကဲ့သို့ ပြည်နယ်တွင်း စစ်ရေးတင်းမာနေသော အခြေအနေတွင် စစ်ကောင်စီက မော်လမြိုင်မြို့၌ စစ်ဆေးမှုများ ပြုလုပ်ပြီး ပြည်သူများကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

ဧပြီလ ဒုတိယပတ်အတွင်း စစ်ကောင်စီက မော်လမြိုင်မြို့ရှိ ပြည်သူ ၄ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ထောက်ပံ့သည်ဆိုသည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးပြီး အမှုဖွင့်ထားသည်။

မော်လမြိုင်ဒေသခံများဖြစ်သည့် မကြည်ဝါထွန်းနှင့် မပွင့်ဖြူအောင်တို့ကို ပြီးခဲ့သည့် ဧပြီလ ၇ ရက်တွင် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် PDF အဖွဲ့များကို ငွေကြေးထောက်ပံ့သည် ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ထို့ပြင် ဦးဇင်မင်းဦးနှင့် မချိုချိုခိုင်တို့ကိုလည်း ဧပြီလ ၄ ရက်နေ့တွင် အလားတူ စွပ်စွဲချက်များဖြင့် စစ်ကောင်စီက ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီထောက်ခံသည့် ဟန်ငြိမ်းဦး တယ်လီဂရမ်ချန်နယ်တွင်လည်း ယခုလ ဒုတိယပတ်အတွင်း အရှေ့တောင် တိုင်းစစ်ဌာနချုပ်အနီးတွင် နေထိုင်သည့် အမျိုးသမီးတဦးကို NUG နှင့် PDF များကို ထောက်ခံသည်ဟုဆိုကာ လိပ်စာ နှင့်တကွ တင်ထားပြီး ဖမ်းဆီးရန်လှုံ့ဆော်ထားသည်။

စစ်ကောင်စီက မတ်လ ၃၁ ရက်တွင် မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ မြို့ရှောင်လမ်းရှိ “ပြည့်လျှံ” ဧည့်ရိပ်သာ၌ လာ ရောက်တည်းခိုသည့် ရန်ကုန်တိုင်း၊ သာကေတမြို့ခံ ဒေါ်နွယ်နွယ်ဝေနှင့် တာမွေမြို့နေ မရမ္မာအောင်တို့နှစ်ဦးကို PDF အဖွဲ့များနှင့် တွေ့ဆုံရန် လာရောက်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) အရ အမှုဖွင့်ထားကြောင်း သိရသည်။

ယင်းပြင် မော်လမြိုင်မြို့နယ်၊ ကော့ခမယ်ကျေးရွာနေ မချစ်စုထွေး (ခ) ချစ်စုကိုလည်း ပြီးခဲ့သည့် မတ်လ ၂၅ ရက်က NUG၊ PDF အဖွဲ့တို့ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ၊ ၅၂ (က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဒေသခံများက ပြောသည်။

ရာမည ဖက်ဒရယ်အင်အားစုသစ် (NRFF) က မွန်ပြည်နယ်တွင် အရပ်သား ၉၀၀ ကျော် ဖမ်းဆီးခံထားရကြောင်း ပြီးခဲ့ သည့် ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်ထားသည့် အာဏာသိမ်း သုံးနှစ်ပြည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

ဆက်စပ်ဖတ်ရှုရန်

စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်း ဘယ်မှာလဲ

ဒု စစ်ခေါင်းဆောင် ရောက်နေချိန် ရတခ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

မြဝတီကို KNLA ပူးပေါင်းတပ်များ ထိန်းချုပ်

Your Thoughts …
Tags: စစ်ကောင်စီစစ်ဆေးရေးမော်လမြိုင်အရှေ့တောင်တိုင်းစစ်ဌာနချုပ်
မိအိသဉ္ဇာမြင့်

မိအိသဉ္ဇာမြင့်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.3k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.6k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

BPLA ဖွဲ့စည်းထူထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနားကျင်းပ

BPLA ဖွဲ့စည်းထူထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနားကျင်းပ

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

5 days ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

3 days ago
3.4k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate