အာဏာသိမ်း စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ငြင်းဆန်ခဲ့ကြတဲ့ လူငယ်တွေဟာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်တွေထဲ ရောက်ရှိနေကြပြီး စစ်တပ်ကို ပြန်တိုက်ကြဖို့ပြင်ဆင်နေကြပါတယ်။
စစ်ကောင်စီက နောက်ဆုံးထွက်ပေါက်အနေနဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအကြပ်စေခိုင်းပြီး စစ်အင်အားစုဆောင်းဖို့ ကြိုးစားပေမယ့်လည်း၊ လူငယ်တွေကတော့ စစ်ကောင်စီနဲ့ ဝေးရာ လွတ်မြောက်နယ်မြေတွေ၊ နိုင်ငံရပ်ခြားတွေကို အသီးသီးထွက်ခွာနေကြတာပါ။
အဲဒီအထဲကမှ တချို့လူငယ်တွေဟာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ PDF တွေထဲဝင်ပြီး
လက်နက်ကိုင်လမ်းစဉ်နဲ့ အာဏာရှင် စနစ်ကို ပြန်တိုက်ဖို့ ဆုံးဖြတ်သွားခဲ့ကြတာဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













