• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို တပ်မတော် တရားစွဲဆိုမှု စွဲချက်တင် အမိန့်ချ

by ထက်ခေါင်လင်း
18 July 2019
in သတင်း
A A
ယနေ့ ရုံးချိန်းတွင် တွေ့ရသော ဒါရိုက်တာ မင်းထင်ကိုကိုကြီး / မျိုးမင်းစိုး / ဧရာဝတီ

ယနေ့ ရုံးချိန်းတွင် တွေ့ရသော ဒါရိုက်တာ မင်းထင်ကိုကိုကြီး / မျိုးမင်းစိုး / ဧရာဝတီ

15.9k
VIEWS
Share on FacebookShare on Twitter

တပ်မတော်က တရားစွဲဆိုထားသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အများပြည်သူ၏ အကျိုး ပျက်စီးစေမှု ပုဒ်မ ၅၀၅ (က) ဖြင့် စွဲချက်တင်ကြောင်း ယနေ့ အင်းစိန်မြို့နယ် တရားရံုံးက အမိန့်ချမှတ်လိုက်သည်။

၃ ပတ်ကြာ ထောင်အချုပ်နှင့် တရားရင်ဆိုင်နေရသော ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို Facebook တွင် တပ်မတော် နှင့် ပတ်သက်သည့် ရေးသားဝေဖန်ချက်များသည် တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိများ၊ တပ်မတော် သားများကို တာဝန်ပေါ့လျော့စေခြင်း၊ မလေးမစားဖြင့် တာဝန်ပျက်ကွက်စေခြင်း ပြုစေသည့် ရေးသား ဝေဖန်ချက်များ ဖြစ် ခြင်းကြောင့် ယခုလို စွဲချက်တင်လိုက်ခြင်း ဖြစ်သည်ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီး၏ ဥပဒေ အကျိုးဆောင် တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

ဦးရောဘတ်စန်းအောင်က“ကျနော်က တရားလိုကို မေးတုန်းက ဒီလိုရေးလို့ တပ်မတော်မှာ ပုန်ကန်မှု ဖြစ်လာတာ၊ တာဝန် မလေးမစား ဖြစ်လာတာ မရှိဘူး ဆိုရင် မှန်ပါတယ်လို့ ဖြေခဲ့ပြီးသား။ နောက်ပြီး ဒီတရားစွဲဖို့မှာ တပ်မတော်ရဲ့ အကြီးအကဲ ဖြစ်တဲ့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ခွင့်ပြုချက် မရှိဘူး ဆိုတာ မှန်လားဆိုတော့လည်း တပ်မတော်မှာက သူ့တာဝန်အလိုက် ကဏ္ဍခွဲပြီး တာဝန်ထမ်းဆောင်နေရတာပါလို့ ပြောတယ်။ စွဲချက်တင်ပြီးဆိုတော့ ကျနော်တို့ ဘက်က ထုချေရမှာပေါ့”ဟု ဆိုသည်။

ယခု တရားစွဲဆိုမှုကို တရားလိုများ အနေဖြင့် တပ်မတော် ပြိုကွဲရန်၊ တပ်မတော်သား အချင်းချင်း အပြန်အလှန် လေး စားမှု ပျက်ကွက်ရန် ရည်ရွယ်ကြောင်း သက်သေမပြနိုင်ခဲ့သော်လည်း မိမိကို စွဲချက်တင်ခဲ့သည်ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီး က ယနေ့ ရုံးချိန်းအပြီးတွင် မီဒီယာများကို ပြောခဲ့ကြောင်း Justice for Min Htin Ko Ko Gyi Facebook Page ၌ ဖော်ပြ ထားသည်။

ယနေ့ စွဲချက်တင်လိုက်သည့် အတွက် ပြန်ခေါ်သက်သေ အနေဖြင့် တရားလိုဖြစ်သည့် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒု ဗိုလ်မှူးကြီး လင်းထွန်းကို ပြန်လည် စစ်မေးခဲ့သည်။

ယင်းသို့ စစ်မေးခဲ့ရာတွင် အင်းစိန်မြို့နယ် ရဲစခန်း၌ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားသလို တရားရုံး သို့ ပုဒ်မ ၅ဝ၅(က) ဖြင့် တရားစွဲရန် မသင့်ဘဲ ဥပဒေလမ်းကြောင်း အရ မှားယွင်းကြောင်း စွပ်စွဲခံရသူ၏ ရှေ့နေမှ မေးမြန်း ခဲ့ရာတွင် မိမိ မကျေနပ်သဖြင့် တရားစွဲခြင်း ဖြစ်သည်ဟု တရားခွင် အတွင်း ထွက်ဆိုခဲ့သည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးက“တရားလိုက အခုလို တရားစွဲတာမှာ ပုဒ်မ ၂ ခုရှိလို့ ၂ ခုနဲ့ စွဲတာ။ ၃ ခုရှိရင် ၃ ခုနဲ့ စွဲမယ်။ ၄ ခုရှိရင် ၄ ခုနဲ့ စွဲမှာလို့ တရားခွင် အတွင်း ပြောသွားတယ်”ဟု Justice for Min Htin Ko Ko Gyi Facebook Page တွင် ရုပ်သံ ဖော်ပြထားသည်။

တရားလို ဖြစ်သည့် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒု ဗိုလ်မှူးကြီး လင်းထွန်းသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ သုတေသနမှူး ဦးမျိုးရန်နောင်သိန်း၊ The Voice ဂျာနယ်မှာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် တာဝန်ရှိသူများကို တပ်မတော်ကို အသရေပျက်စေအောင် ပြုလုပ်သည် ဟုဆိုကာ အဆိုပါ ပုဒ်မများဖြင့်ပင် တရားစွဲဆိုခဲ့ဖူးသူလည်း ဖြစ် သည်။

ယခုစွဲချက်သည် အင်းစိန်မြို့နယ် ရဲစခန်းတွင် အဆိုပါ တရားလို ကိုယ်တိုင် အမှုဖွင့်ထားသည့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) နှင့် သက်ဆိုင်ခြင်း မရှိသေးဘဲ ၆၆(ဃ)အမှုသည် ရဲစခန်းမှ တရားရုံးသို့ အမှုစွဲဆို တင်ပို့ထားခြင်း မရှိသည်ကို လေ့လာတွေ့ရှိရသည်ဟု ဦးရောဘတ်စန်းအောင် က ပြောသည်။ 

ဦးရောဘတ်စန်းအောင်က“ရဲစခန်းမှာ ဖွင့်ထားတဲ့ ၆၆(ဃ)နဲ့က အမှု တည်ဆောက်မှု မပြီးသေးဘဲ တရားရုံး ခွင့်ပြုမိန့် မရသေးလို့ တရားရုံးကို စွဲဆိုတင်ပို့တာ မလုပ်သေးတာ ဖြစ်မယ်။ အခု စွဲချက်တင်တာက တရားရုံးမှာ ဦးတိုက် လျှောက် ထား တဲ့ ၅ဝ၅(က) အမှုတခုတည်းပဲ ရှိသေးတယ်။ ၆၆(ဃ) ဟာ ဘယ်လို ဆက်ဖြစ်လာမယ်တော့ မသိသေး ဘူး”ဟု ဆိုသည်။

လာမည့် ရုံးချိန်းကို သြဂုတ်လ ၁ ရက်သို့ ချိန်းဆိုလိုက်ပြီး ထိုနေ့တွင် တရားလိုပြသက်သေထဲမှ ပြန်ခေါ် သက်သေဖြစ် သည့် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူး အောင်ရဲကျော်ကို ထပ်မံ စစ်ဆေးမည် ဖြစ်သည်။

ထိုစစ်ဆေးမှု အပြီး စွပ်စွဲခံရသူဘက်မှ တရားခံပြ သက်သေ ၂ ဦး လောက်သာ ထပ်မံ တင်ပြစစ်ဆေးမည် ဖြစ်ပြီး အမှု အမြန် ပြီးပြတ်အောင် ဆောင်ရွက်သွားမည်ဟု  ဦးရောဘတ်စန်းအောင်က ပြောသည်။  

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
46
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
36
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
56

ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅ဝ၅ (က)သည် ပြည်ထောင်စု အစိုးရ၏ ကြည်း၊ ရေ၊ လေ တပ် တခုခုမှ အရာရှိအား၊ သို့မဟုတ် တပ်သားအား စစ်ပုန်ကန်ခြင်းကိုသော်လည်းကောင်း၊ သက်ဆိုင်ရာ မိမိတာဝန်ကို မလေးစားခြင်းသော် လည်းကောင်း၊ ပျက်ကွက်ခြင်း သော်လည်းကောင်း၊ ပြုစေရန်အကြံရှိလျှင်၊ သို့မဟုတ် ထိုသို့ပြုစေတန်ရာသည့် အကြောင်းရှိလျှင်ဟု ပြဋ္ဌာန်းထားပြီး ထောင်ဒဏ် ၂ နှစ် အထိ လည်းကောင်း၊ ငွေဒဏ် သို့မဟုတ် ဒဏ် ၂ ရပ်လုံး ဖြစ်စေ ချမှတ်နိုင်သည်။

နွားသို့မေတ္တာစာ အပါအဝင် ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးတင်ခဲ့သည့် ပို့စ် ၁၀ ခုကြောင့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)နှင့် အမှုဖွင့်ခံရခြင်း ဖြစ်ကြောင်း ၂၀၁၉ ခုနှစ် ဧပြီလ ၂ ရက်၌ ဒါရိုက်တာ မင်းထင်ကိုကိုကြီး က အင်းစိန် မြို့မ ရဲစခန်းမှ ပြန်အထွက်တွင် ပြောဆိုခဲ့သည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီး၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖေဖော်ဝါရီ ၁၅ ရက်မှ မတ်လ ၂၂ ရက် အတွင်း ရေးတင်ခဲ့ သည့် ပို့စ်များထဲမှ ပို့စ် ၁၀ ခုသည် တပ်မတော်၏ ဂုဏ်သိက္ခာအား ထိခိုက်စေသည်ဟု ဆိုကာ ရန်ကုန်တိုင်း စစ်ဌာန ချုပ်မှ ဒု ဗိုလ်မှူးကြီး လင်းထွန်းက မတ်လ ၂၉ ရက်တွင် တရားလို လုပ်ကာ အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် နိုင်ငံတကာ အထိ ဖြန့်ကျက်နိုင်သည့် လူ့အခွင့်အရေး မှတ်တမ်း ရုပ်ရှင်များကို ထုတ်လုပ်နေသော လူ့ဂုဏ်သိက္ခာ ရုပ်ရှင်သိပ္ပံကို တည်ထောင်သူ တဦးလည်း ဖြစ်သည်။

You may also like these stories:

ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို စွဲချက်တင်၊ မတင် လာမည့် ရုံးချိန်းတွင် အမိန့်ချမည်

ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲခံရသူ ၂၀၀ အထိရှိလာ

မင်းထင်ကိုကိုကိုကြီး လွတ်မြောက်ရေး နိုင်ငံတကာ ရုပ်ရှင်အဖွဲ့များ တောင်းဆို

Your Thoughts …
Tags: ဒါရိုက်တာ မင်းထင်ကိုကိုကြီး
ထက်ခေါင်လင်း

ထက်ခေါင်လင်း

ဧရာဝတီ

Similar Picks:

ဒါရိုက်တာ မင်းထင်ကိုကိုကြီးရဲ့ “သနပ်ခါး” ရုပ်ရှင်  / Ko Ko Gyi's Facebook

၂၀၁၃ က “သနပ်ခါး” ရုပ်ရှင် ဆင်ဆာအကြောင်း ပြောပြခဲ့တဲ့ မင်းထင်ကိုကိုကြီး

by ယုဖြူဟန်
17 December 2020
7k

ဆင်ဆာက ပရိသတ် စိတ်ကူးခွင့်အထိ လှမ်းချုပ်ချယ်ဖို့အတွက် ကြိုးစားနေကြတာကို သိလိုက်ရတာကြောင့် တာဝန်ယူကြောင်း လက်မှတ်ပါ ထိုးပေးခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့သည့် မေလ ၉ ရက်နေ့က ရုံးချိန်းတွင် တွေ့ရသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး  / ဧရာဝတီ

ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို စွဲချက်တင်၊ မတင် လာမည့် ရုံးချိန်းတွင် အမိန့်ချမည်

by ထက်ခေါင်လင်း
4 July 2019
12.2k

ယနေ့တွင် ရုံးချိန်းတွင် တရားလိုပြ သက်သေ ၅ ဦးအနက် နောက်ဆုံးသက်သေ ဗိုလ်မှူးအောင်ရဲကျော် ကို စစ်ဆေးပြီး နောက် နှစ်ဖက်ရှေ့နေများက တရားစွဲဆိုသင့်၊ မသင့်ကို အပြီးသတ် လျှောက်လွှဲခဲ့ကြကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီး အမှုတွင် လိုက်ပါ...

ယနေ့ ရုံးချိန်းတွင် တွေ့ရသော ဒါရိုက်တာ မင်းထင်ကိုကိုကြီး  / မျိုးမင်းစိုး / ဧရာဝတီ

ဒါရိုက်တာ မင်းထင်ကိုကိုကြီး အာမခံ ထပ်မံ လျှောက်ထားမှု ပယ်ချခံရ

by ထွန်းထွန်း
25 April 2019
13.6k

ဒါရိုက်တာ မင်းထင်ကိုကိုကြီးက “ကင်ဆာ ဖြစ်ပြီးတော့ အသဲကို လှီးထုတ်ထားတယ်။ ဒီနေ့လည်း အာမခံ လျှောက်တာ အာမခံ မပေးဘူး” ဟု တရားရုံးက အပြန်တွင် ပြောသည်။

ယနေ့ ရုံးချိန်းတွင် တွေ့ရသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး  / မျိုးမင်းစိုး / ဧရာဝတီ

ဒါရိုက်တာ မင်းထင်ကိုကိုကြီး ထောင်ဒဏ် ၁နှစ် ချမှတ်ခံရ

by ထွန်းထွန်း
29 August 2019
4.6k

တပ်မတော်က တရားစွဲထားသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးအား ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် တနှစ်ကျခံရန် အင်းစိန်မြို့နယ် တရားရုံးက ယနေ့ သြဂုတ် ၂၉ ရက်တွင် အမိန့်ချလိုက် သည်။

Next Post
ဇွန်လက တယ်လ်အဗစ်တွင် ကျင်းပသည့် လက်နက်ပြပွဲတခုသို့ တက်ရောက်နေသော မြန်မာစစ်အရာရှိများ / Haaretz

လက်နက်ပြပွဲများသို့ မြန်မာ့တပ်မတော်ကို မဖိတ်တော့ဟု အစ္စရေး ပြော

ယနေ့ ရုံးချိန်းမှာ တွေ့ရတဲ့ အလှမယ် သင်းသင်း / ယုဖြူဟန် / ဧရာဝတီ

"ခြိမ်းခြောက်တိုင်းလည်း မကြောက်သလို၊ မြှောက်တိုင်းလည်း မမြောက်ဘူး"လို့ ပြောတဲ့ သင်းသင်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved