• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

၂၀၁၃ က “သနပ်ခါး” ရုပ်ရှင် ဆင်ဆာအကြောင်း ပြောပြခဲ့တဲ့ မင်းထင်ကိုကိုကြီး

by ယုဖြူဟန်
17 December 2020
in Entertainment
A A
ဒါရိုက်တာ မင်းထင်ကိုကိုကြီးရဲ့ “သနပ်ခါး” ရုပ်ရှင်  / Ko Ko Gyi's Facebook

ဒါရိုက်တာ မင်းထင်ကိုကိုကြီးရဲ့ “သနပ်ခါး” ရုပ်ရှင် / Ko Ko Gyi's Facebook

7k
VIEWS
Share on FacebookShare on Twitter

လတ်တလော ရုပ်ရှင်ဆင်ဆာ မလိုအပ်ကြောင်း ကမ်ပိန်း လုပ်နေကြတဲ့အတွက် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ရုပ်ရှင်ဆင်ဆာနဲ့ ပတ်သက်ပြီး ၂၀၁၃ ခုနှစ်တုန်းက သူ ရိုက်ကူးခဲ့တဲ့ “သနပ်ခါး” ရုပ်ရှင် ဆင်ဆာအကြောင်း သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် ပြောပြခဲ့ပါတယ်။

“၂၀၁၃ တုန်းက ရုပ်ရှင်ဆင်ဆာ ကျနော် အဲဒီကိစ္စကို မေ့တောင်မေ့နေတာပါ။ ညက Rating System စကားဝိုင်းမှာ ဏကြီး ပြန်ပြောတော့မှ သတိရတယ်။ ဆင်ဆာနဲ့ ပတ်သက်ရင်တော့ အဲကိစ္စလေးကို ပြန်ပြောဖို့ လိုအပ်တယ် ယူဆလို့ ပြန်ပြောပါရစေ” လို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောပါတယ်။

ဆက်လက်ပြီး “၂၀၁၃ မှာ ရုံတင်မယ့် Digital film သနပ်ခါးကို ဆင်ဆာ လျှောက်ပါတယ်။ ရုပ်ရှင်ထဲမှာ ရဲတိုက်နဲ့ ဝတ်မှုံရွှေရည် ချစ်သူတွေအဖြစ် ပွင့်လင်းရောက်ရှိ နယ်ကျွံသွားတဲ့ အခန်း ပါပါတယ်။ တကယ်တော့ ဇာတ်ညွှန်းထဲမှာ အဲဒီအခန်းရဲ့ နောက်ဆုံးစာပုဒ်က တယောက်ကို တယောက် အချစ်ဖြင့်နမ်း၊ ရမ္မက်ဖြင့်နမ်း ဆိုတဲ့ စာပိုဒ်လေးတခုပါ။ စိတ်ထဲမှာလည်း အဲဒီအခန်းကို ရိုက်တဲ့အခါမှာ ခက်ခက်ခဲခဲတော့ ရိုက်ရလိမ့်မယ်လို့ပဲ တွက်ဆထားခဲ့တာပါ”လို့ ပြောပါတယ်။

“သနပ်ခါး” ရုပ်ရှင်ကားထဲမှာ တယောက်နဲ့ တယောက် ချစ်သူအဖြစ် ရောက်ရှိသွားတဲ့ အခန်းပါရှိပြီး ရုပ်ရှင်တကားလုံး ပြီးသွားပေမယ့် အဆိုပါအခန်း ကျန်ရှိနေတဲ့အတွက် ခက်ခက်ခဲခဲ ရိုက်ရလိမ့်မယ်လို့လည်း တွက်ဆခဲ့မိတယ်လို့ ဆိုပါတယ်။

“အဲဒီအခန်းကို ရိုက်တော့ ရုပ်ရှင်တကားလုံးရဲ့ အခန်း တော်တော်များများကို ရိုက်ပြီးနေပါပြီ။ Night scene ဖြစ်တဲ့ အဲဒီအခန်းအတွက် Lighting နေရာ ချနေတဲ့အချိန်မှာ ကျနော့်ခေါင်းထဲ အတွေးတခု ဝင်လာပါတယ်။ ဒီ ၂ ယောက် ဒီနေရာမှာ ဘာဖြစ်သွားမယ်ဆိုတာကို အဲလောက် ထူထူပိန်းပိန်းကြီး ပြစရာလိုလို့လားဆိုတဲ့ အတွေးပါ။ အဲဒါနဲ့ ကျနော် နည်းနည်းစဉ်းစားပြီး ဆုံးဖြတ်လိုက်ပါတယ်။ မပြတော့ဘူး၊ ပြစရာ မလိုတော့ဘူး။ တယောက်ကို တယောက် ဖက်မယ်၊ တယောက်လက်ကို တယောက် ဆုပ်မယ်။ လုံလောက်ပြီ” လို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဆိုပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီး (ဓာတ်ပုံ – Ko Ko Gyi’s Facebook)

“ဒါပေမဲ့ ကျနော်တခုတော့ လုပ်လိုက်ပါတယ်။ သူတို့ ၂ ယောက် လက်ချင်း ဆုပ်မိတဲ့အချိန်မှာ Black frame ၅ စက္ကန့် ဝင်ပါတယ်။ အသံလည်း မပါတော့ပါဘူး။ အဲဒါပြီးမှ နောက် ဆင်းန်ကို ပြောင်းပါတယ်။ ဆင်ဆာက အဲဒီ Black frame ၅ စက္ကန့်ကို ထောက်ညွှန်ချက်နဲ့ ဖြုတ်ခိုင်းပါတယ်။ နားမလည်တဲ့အတွက် ဆင်ဆာလူကြီးကို ကျနော် သွားတွေ့ရပါတော့တယ်”

RelatedPosts

သဇင်ပန်း

သဇင်ပန်း

10 January 2026
102
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
304
အင်ဒိုနီးရှား မြို့တော် ဂျကာတာ ကမ္ဘာ့ အကြီးဆုံးမြို့ ဖြစ်လာ

အင်ဒိုနီးရှား မြို့တော် ဂျကာတာ ကမ္ဘာ့ အကြီးဆုံးမြို့ ဖြစ်လာ

4 January 2026
1.8k

“ဘာဖြစ်လို့ ဖြုတ်ခိုင်းတာလဲ ကျနော် မေးတော့ ကျနော် ဘာမှ မပြဘဲ ထားခဲ့တဲ့ Black frame ၅ စက္ကန့်နေရာမှာ ပရိသတ်က သူတို့ယူချင်သလို ယူတော့မယ်၊ သူတို့စဉ်းစားချင်သလို စဉ်းစားတော့မယ်။ အဲလို မဖြစ်သင့်ဘူးတဲ့။ အလွန်အကျွံတွေ ရကုန်ကြလိမ့်မယ်တဲ့။ အင်မတန်ကိုမှပဲ အံ့အားသင့်ခဲ့ရပါတယ်။ လူငယ် ၂ ယောက် မျိုသိပ် ဖိနှိပ်ထားခဲ့ရတဲ့ အချစ်တွေ ပေါက်ကွဲ လွင့်စင်သွားမယ့် အခိုက်အတန့်လေး၊ အဲဒါကို ကျနော်က မပြတော့ဘူး။ ပရိသတ်ဖာသာ ခံစားပါစေတော့လို့ ချန်ထားခဲ့တယ်။ ပရိတ်သတ် ယူလိုသရွေ့ ယူပါစေ ထားခဲ့တယ်။ ဆင်ဆာက ခွင့်မပြုနိုင်ဘူးတဲ့” လို့ ဆိုပါတယ်။

ဆင်ဆာက ပရိသတ် စိတ်ကူးခွင့်အထိ လှမ်းချုပ်ချယ်ဖို့အတွက် ကြိုးစားနေကြတာကို သိလိုက်ရတာကြောင့် တာဝန်ယူကြောင်း လက်မှတ်ပါ ထိုးပေးခဲ့ရတယ်လို့ သိရပါတယ်။

“ပရိသတ်ရဲ့စိတ်ကူးခွင့်အထိ လှမ်းချုပ်ချယ်ဖို့ ကြိုးစားနေကြတာပါ့လားလို့ ကျနော် သိလိုက်ပြီ။ တော်တော်လွန်နေပြီဆိုတာ ကျနော် သိလိုက်ပြီ။ ကျနော် မလျှော့နိုင်တော့ဘူး။ ငြင်းရခုန်ရတာလေးတွေ ဖြစ်ခဲ့တယ်။ နောက်ဆုံးတော့ ကျနော် တာဝန်ယူကြောင်း ဝန်ခံ လက်မှတ်ထိုးရင် ခွင့်ပြုမယ်ဆိုလို့ ကျနော် လက်မှတ် ထိုးပေးခဲ့ရတယ်” လို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောထားပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးက အဆိုပါ “သနပ်ခါး” ရုပ်ရှင်ကို ၂၀၁၃ ခုနှစ်က ရိုက်ကူးခဲ့ပြီး သရုပ်ဆောင်များအဖြစ် ရဲတိုက်၊ ဝတ်မှုံရွှေရည်၊ နေအောင်၊ မေကဗျာ၊ ရိုတတို့ ပါဝင်ထားပါတယ်။

You may also like these stories:

Rating System ဖြစ်ဖို့ အလွှာပေါင်းစုံက လောကသားတွေရဲ့ ထောက်ခံမှု လိုအပ်

“ဆင်ဆာအဖွဲ့အနေနဲ့ အမြင်ကျယ်ကျယ်ထားပြီး Rating System လုပ်သင့်တယ်”

Rating စနစ်ကို တောင်းဆိုနေကြတဲ့ ရုပ်ရှင်ဖန်တီးသူများ

Your Thoughts …
Tags: “သနပ်ခါး” ရုပ်ရှင်ဆင်ဆာဒါရိုက်တာ မင်းထင်ကိုကိုကြီး
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

စိတ်ဝင်စားစရာ ကြွယ်ဝသော မြန်မာရုပ်ရှင် ခေတ်သစ်သမိုင်း

စိတ်ဝင်စားစရာ ကြွယ်ဝသော မြန်မာရုပ်ရှင် ခေတ်သစ်သမိုင်း

by Bertil Lintner
3 June 2024
1.6k

"ရုပ်ရှင်သည် ဗမာများ အတိတ်ကို ဆန်းသစ်သော အမြင်ဖြင့် ပြန်လည်ကြည်ရှုသည့် နည်းလမ်းကိုသာမက တော်လှန်သော အနာဂတ်ကိုပင် ရှုမြင်သုံးသပ်နိုင်စေသည်”

အီလွန်မတ်စ် ရဲ့ X အိန္ဒိယမှာ ဆိုရှယ်မီဒီယာ ဆင်ဆာ ယန္တရား ဖျက်သိမ်းရေး အမှု ရှုံးနိမ့်

အီလွန်မတ်စ် ရဲ့ X အိန္ဒိယမှာ ဆိုရှယ်မီဒီယာ ဆင်ဆာ ယန္တရား ဖျက်သိမ်းရေး အမှု ရှုံးနိမ့်

by ဧရာဝတီ
28 September 2025
475

X (Twitter အမည်ပြောင်း) အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ လိုအပ်ပြီး နိုင်ငံရဲ့ ဥပဒေတွေကို လိုက်နာရမယ် လို့လည်း တရားရုံးက ဆိုပါတယ်…

သရုပ်ဆောင် သင်ဇာဝင့်ကျော် / Thin Zar Wint Kyaw's Facebook

“တယောက်တည်းကိုပဲ ဆင်ဆာဖြတ်တယ်ဆိုရင် ဝမ်းနည်းမိမှာ”လို့ သင်ဇာဝင့်ကျော် ပြော

by ယုဖြူဟန်
25 August 2019
9.3k

“အမှတ်တရကတော့ ဆင်ဆာ အဖြတ်ခံရတဲ့ အခန်းပေါ့။ ဘာကြောင့် ဖြတ်လဲတော့ မသိဘူး။ ပရိုဂျူဆာ ပြောတာကတော့ တချို့အခန်းတွေက ဆင်ဆာ အဖြတ်ခံရတယ်။

သရုပ်ဆောင် ဇဏ်ခီ / Zenn Kyi's Facebook

“ဆင်ဆာအဖွဲ့အနေနဲ့ အမြင်ကျယ်ကျယ်ထားပြီး Rating System လုပ်သင့်တယ်”

by ယုဖြူဟန်
15 December 2020
2.2k

“နောက်တချက်က ဆင်ဆာအဖွဲ့အနေနဲ့ ရုပ်ရှင်အနုပညာကိုဘယ်လောက်ထိ နားလည်သလဲ။ ခံစားတတ်သလဲ။ ကမ္ဘာ့ရုပ်ရှင် ဘယ်အဆင့်ရောက်နေပြီဆိုတာ ဘယ်လောက်သိသလဲ။

'Game of Thrones' စီးရီး

‘Game of Thrones’ စီးရီးကို ဆင်ဆာဖြတ်တောက်လို့ တရုတ်ပရိသတ်တွေဝေဖန်

by မစ်ကီ
18 April 2019
5.8k

တရုတ်ဆင်ဆာဗားရှင်းဟာ ကြာချိန် ၄၈ မိနစ်ရှိပြီး ကမ္ဘာတဝန်းမှာ ကြည့်ရှုနိုင်တဲ့ မူရင်းဗားရှင်းဟာ ၅၄ မိနစ် ရှိပါတယ်။

ရုပ်ရှင်ပွဲတော်ကို ရန်ကုန် Goethe- Institute နှင့် ဝဇီရာ ရုပ်ရှင်ရုံများတွင် စက်တင်ဘာလ ၁၀ ရက်နေ့အထိ ပြသနေသည် / ထက်ဝေ

ဆင်ဆာနဲ့ လုံးပမ်းနေရပေမယ့် ဝဿန်ရုပ်ရှင်ပွဲတော် ၈ ကြိမ် မြောက်ခဲ့ပြီ

by လွင်မာထွန်း
8 September 2018
9.1k

ရုပ်ရှင်ပွဲတော်ကို ရန်ကုန် Goethe- Institute နှင့် ဝဇီရာ ရုပ်ရှင်ရုံများတွင် စက်တင်ဘာလ ၁၀ ရက်နေ့အထိ ပြသမည်ဖြစ်သည်။

Next Post
ဘရာဇီးနိုင်ငံဟာ COVID-19 ကူးစက်မှုနှုန်း မြင့်တက်နေပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ WHO က သတိပေးထားပါတယ်။

ဘရာဇီးမှာ ကိုဗစ် နေ့စဉ် ကူးစက်မှုနှုန်း စံချိန်တင် မြင့်တက်လာ

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနှင့် ငါးသယံဇာတအရေးသည် ဒွန်တွဲနေပါသည်/သားငှက်ထိန်းသိမ်းရေးအဖွဲ့ မြန်မာ - WCS

ဧရာဝတီလင်းပိုင် အသေအပျောက် များရခြင်း နောက်ကွယ်

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

14 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved