• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Coronavirus Update

ဘရာဇီးမှာ ကိုဗစ် နေ့စဉ် ကူးစက်မှုနှုန်း စံချိန်တင် မြင့်တက်လာ

by Aurora
17 December 2020
in Coronavirus Update
A A
ဘရာဇီးနိုင်ငံဟာ COVID-19 ကူးစက်မှုနှုန်း မြင့်တက်နေပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ WHO က သတိပေးထားပါတယ်။

ဘရာဇီးနိုင်ငံဟာ COVID-19 ကူးစက်မှုနှုန်း မြင့်တက်နေပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ WHO က သတိပေးထားပါတယ်။

3.6k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် တတိယအများဆုံး ကူးစက်နေတဲ့ ဘရာဇီးနိုင်ငံမှာ နေ့စဉ် ကူးစက်မှုနှုန်းတွေ တရှိန်ထိုး မြင့်တက်သွားပေမယ့် လက်ရှိအချိန်ထိ ကာကွယ်ဆေး ထိုးနှံနိုင်ဖို့ လမ်းစ မတွေ့ရသေးပါဘူး။ ဒီဇင်ဘာလ ၁၆ ရက်နေ့က ၂၄ နာရီအတွင်း ကူးစက်မှုနှုန်း စံချိန်တင်အဖြစ် ၇၀,၀၀၀ ကျော် ကူးစက်ခံခဲ့ရပါတယ်။

ကူးစက်မှုနှုန်း တဟုန်ထိုး မြင့်တက်လာပြီး ဆေးရုံတက် ကုသသူ အရေအတွက် များလာတာကြောင့် လာမယ့် ခရစ္စမတ်နဲ့ နှစ်သစ်ကူး ကာလတွေမှာ ကျင်းပမယ့် ပွဲတော်တွေကို အစိုးရက ပိတ်ပင်ထားရပါတယ်။ ဘရာဇီးမှာ ဇူလိုင်လကုန်ပိုင်းကစလို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ စတင်မြင့်တက်လာခဲ့တာပါ။

အစိုးရရဲ့ တရားဝင် ထုတ်ပြန်တဲ့ အချက်အလက်တွေအရ နိုဝင်ဘာလအတွင်း ကူးစက်မှုနှုန်းနဲ့ သေဆုံးနှုန်း မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ COVID-19 ကြောင့် ဘရာဇီးနိုင်ငံသား ၁၈၃,၀၀၀ ကျော် သေဆုံးခဲ့ရပြီး ဒါဟာ ကမ္ဘာပေါ်မှာ အမေရိကန်ပြီးရင် ဒုတိယ အသေပျောက် အများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။

လူဦးရေ ထူထပ်တဲ့ ဆောပိုလိုမြို့နဲ့ ရီယိုဒီဂျနေးရိုးမြို့တွေမှာ ဆေးရုံတက် ကုသသူ အရေအတွက် များလာကာ ရီယိုမှာဆိုရင် အရင်ပတ်က COVID-19 ကူးစက်လူနာ ၁,၅၀၀ နီးပါး ဆေးရုံတက် ကုသနေပါတယ်။ ကုသခံနေသူတွေထဲက ရောဂါပြင်းထန်သူ ၂၇၃ ဦးမှာ ၅၁ ဦးသာ COVID-19 ဆေးရုံ ခုတင်နေရာ ပေးထားနိုင်တယ်လို့ ဆိုပါတယ်။

ကျန်းမာရေးဌာန တာဝန်ရှိသူတွေကတော့ ကူးစက်မှုတွေ တရှိန်ထိုး မြင့်တက်လာတာဟာ ချမှတ်ထားတဲ့ Social distancing နဲ့ Lockdown စည်းမျဉ်းတွေကို ဖြေလျှော့ပေးလိုက်တာကြောင့်လို့ ဆိုပါတယ်။ “ကန့်သတ်ချက်တွေ ဖြေလျှော့ပေးလိုက်တော့ အများပြည်သူ သွားလာရာ နေရာတွေမှာ လူထူထပ်လာပြီး ကူးစက်မှုနှုန်း ပြန်မြင့်တက်လာတာပါ” လို့ သုတေသီ Daniel Villela က ပြောပြသွားပါတယ်။

ဘရာဇီးနိုင်ငံဟာ COVID-19 ဒုတိယလှိုင်း စတင်ခဲ့တဲ့ ၂၀၂၀ နှစ်လယ်ပိုင်းလောက်ကစပြီး ကူးစက်မှုတွေ မြင့်တက်နေရာကနေ အခုချိန်ထိ ကျဆင်းသွားတာမျိုး မရှိသေးပါဘူး။ ပြည်နယ် ၂၆ ခုမှာ ၂၁ ခုက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်တက်နေဆဲ အခြေအနေပါ။ COVID-19 ကုသရေး ဆေးရုံ ခုတင် အရေအတွက်ကလည်း ၈၀ ရာခိုင်နှုန်းကျော်လောက် ပြည့်နေပါပြီလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ယခင်အပတ်က နိုင်ငံတောင်ပိုင်း၊ Rio Grande do Sul ပြည်နယ်မှာ COVID-19 ကြောင့် သေဆုံးနှုန်း ၄၇ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Eduardo Leite က ပြောသွားပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) အကြီးအကဲ Tedros Adhanom Ghebreyesus ကလည်း ဘရာဇီးနိုင်ငံဟာ COVID-19 ကူးစက်မှုနှုန်း မြင့်တက်နေပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သတိပေး ပြောဆိုထားပါတယ်။

ကျန်းမာရေး ကျွမ်းကျင်သူ တချို့ကတော့ ကူးစက်မှုနှုန်း မြင့်တက်လာတာဟာ ဘရာဇီးသမ္မတ ကိုယ်တိုင်က ပြည်သူတွေကို အချက်အလက် အမှားတွေ ပြောကြားနေတာကြောင့် ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

ဘရာဇီး သမ္မတ Jair Bolsonaro

နိုင်ငံတွင်းမှာ ကူးစက်မှုနှုန်း မြင့်တက်နေပေမယ့် ဘရာဇီးသမ္မတ Bolsonaro ရဲ့ ကာကွယ်ဆေး အစီအစဉ်မှာ စတင် ထိုးနှံပေးမယ့်ရက် အတိအကျ မရှိသေးတာကြောင့် အတိုက်ခံခေါင်းဆောင်တွေဘက်က ပြစ်တင် ဝေဖန်လိုက်ပါတယ်။ ဘရာဇီး ကျန်းမာရေး အဖွဲ့အစည်းဘက်ကလည်း အခုချိန်ထိ ကာကွယ်ဆေး ခွင့်ပြုပေးထားတာမျိုး မရှိသေးပါဘူး။

ကျန်းမာရေးဒုဝန်ကြီး Elcio Franco ကတော့ ဘရာဇီး တနိုင်ငံလုံးအတွက် ကာကွယ်ဆေး လုံလောက်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောကြားလိုက်ပါတယ်။ “ကျနော်တို့ရဲ့ ရည်မှန်းချက်က တနှစ်အတွင်း လူဦးရေ သန်း ၈၀ ကျော်ကို ထိုးနှံပေးဖို့ပါ။ ဘရာဇီးနိုင်ငံမှာ လူဦးရေ ၂၁၂ သန်းကျော် ရှိပါတယ်” လို့ ဆိုပါတယ်။

Ref: Aljazeera

You may also like these stories:

RelatedPosts

သဇင်ပန်း

သဇင်ပန်း

10 January 2026
102
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
304
အင်ဒိုနီးရှား မြို့တော် ဂျကာတာ ကမ္ဘာ့ အကြီးဆုံးမြို့ ဖြစ်လာ

အင်ဒိုနီးရှား မြို့တော် ဂျကာတာ ကမ္ဘာ့ အကြီးဆုံးမြို့ ဖြစ်လာ

4 January 2026
1.8k

ယူကေမှာ မျိုးဗီဇကွဲ ကိုရိုဗိုင်းရပ်စ်သစ် ကူးစက်မှုတွေ ရှိလာ

ဗိုင်းရပ်စ် စတင်ကူးစက်ရာ ဝူဟန် ပင်လယ်စာဈေးကြီးရဲ့ ကိုဗစ် ၁ နှစ်အလွန်

အမေရိကန်မှာ COVID-19 ကူးစက်မှုကြောင့် သေဆုံးသူ ၃ သိန်း ကျော်ပြီ

Your Thoughts …
Tags: COVID-19ကူးစက်မှုနှုန်းဘရာဇီး
Aurora

Aurora

Contributor

Similar Picks:

ယူကရိန်းလုပ် သံချပ်ကာယာဉ်များကို  MNDAA ထပ်မံသိမ်းဆည်းရမိ

ယူကရိန်းလုပ် သံချပ်ကာယာဉ်များကို MNDAA ထပ်မံသိမ်းဆည်းရမိ

by ဧရာဝတီ
13 November 2023
6.4k

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် ယူကရိန်းလုပ် သံချပ်ကာယာဉ်များကို ဆက်လက် သိမ်းဆည်းရမိလာနေသည်။

အီလွန်မတ်စ် ရဲ့ Tesla တရုတ် ဈေးကွက် ရောင်းအား စံချိန်တင် မြင့်တက်

အီလွန်မတ်စ် ရဲ့ Tesla တရုတ် ဈေးကွက် ရောင်းအား စံချိန်တင် မြင့်တက်

by ဧရာဝတီ
5 January 2025
2.2k

တနှစ်တာ အတွင်း ကမ္ဘာလုံးဆိုင်ရာ တင်ပို့ ရောင်းချမှု ပထမဆုံးအကြိမ် ကျဆင်းခဲ့သော်လည်း ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဈေးကွက်တခု အတွင်း အားကောင်းတဲ့ စွမ်းဆောင်နိုင်မှု ဖြစ်ကြောင်း…

တရုတ် BYD ကုမ္ပဏီ လူကုန်ကူးမှု၊ အလုပ်သမားတွေကို ကျွန်ပြု ဖိနှိပ်မှုတွေ နဲ့ ဘရာဇီးမှာ တရားစွဲခံရ

တရုတ် BYD ကုမ္ပဏီ လူကုန်ကူးမှု၊ အလုပ်သမားတွေကို ကျွန်ပြု ဖိနှိပ်မှုတွေ နဲ့ ဘရာဇီးမှာ တရားစွဲခံရ

by ဧရာဝတီ
31 May 2025
1.4k

ဖိနှိပ်မှုတွေ ခံစားခဲ့ရတဲ့ ဝန်ထမ်းတွေ အတွက် စာချုပ်ပါလစာ အပြည့်အပြင် ရပိုင်ခွင့်တွေကို အပြည့်အဝ ပေးဆောင်ဖို့ တောင်းဆိုထားတယ် လို့လည်း…

အမေရိကန် နုတ်ထွက်ရင်လည်း ပါရီ သဘောတူညီချက် အစီအမံတွေ ဆက်ရှိနေမယ်

အမေရိကန် နုတ်ထွက်ရင်လည်း ပါရီ သဘောတူညီချက် အစီအမံတွေ ဆက်ရှိနေမယ်

by ဧရာဝတီ
9 February 2025
612

ပါရီ သဘောတူညီချက် စတင်ပြီး ၁၀ နှစ်အတွင်း ကမာ္ဘကြီးမှာ ကွဲပြားမှုတွေ ရှိလာပေမယ့် ရာသီဥတု ဆိုင်ရာ ညှိနှိုင်းမှု လုပ်ငန်းစဉ်ကတော့ လမ်းကြောင်း သွေဖည်မသွားဘူး လို့လည်း…

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

by ညီညီသူ
25 May 2020
8.5k

အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / Thin Zar Wint Kyaw's Facebook

Stay home ကာလ နေထိုင် စားသောက်မှု ပုံစံကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
13 July 2021
52.2k

ဒီကာလမှာ ပိုစားပါ။ ပိုအိပ်ပါ။ ကိုယ်ခံအား ကောင်းနေဖို့ အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။

Next Post
ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနှင့် ငါးသယံဇာတအရေးသည် ဒွန်တွဲနေပါသည်/သားငှက်ထိန်းသိမ်းရေးအဖွဲ့ မြန်မာ - WCS

ဧရာဝတီလင်းပိုင် အသေအပျောက် များရခြင်း နောက်ကွယ်

--

ဆယ်စုနှစ်များအတွင်း ဧရာမအရွယ်လွန် ကုန်သေတ္တာတင် (Mega Container Ship) သင်္ဘောကြီးများ ဖွံ့ဖြိုးတိုးတက်လာခြင်း နှင့် မြန်မာ့ သင်္ဘောသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

14 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved