• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Coronavirus Update

အမေရိကန်မှာ COVID-19 ကူးစက်မှုကြောင့် သေဆုံးသူ ၃ သိန်း ကျော်ပြီ

by Aurora
15 December 2020
in Coronavirus Update
A A
အမေရိကန်ဟာ ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှု အများဆုံးနဲ့ သေဆုံးသူ အများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။

အမေရိကန်ဟာ ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှု အများဆုံးနဲ့ သေဆုံးသူ အများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။

5.6k
VIEWS
Share on FacebookShare on Twitter

အမေရိကန်နိုင်ငံမှာ Pfizer-BioNTech ကာကွယ်ဆေးကို FDA က ခွင့်ပြုပေးခဲ့ပြီးနောက် စတင်ထိုးနှံနေစဉ်မှာပဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၃၀၀,၀၀၀ ကျော်သွားခဲ့ပါပြီ။ အမေရိကန်ဟာ ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှု အများဆုံးနဲ့ သေဆုံးသူ အများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။

ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်မှာ COVID-19 ကူးစက်မှုကြောင့် သေဆုံးသူ ၃၀၈,၀၈၉ ဦးရှိပြီဖြစ်လို့ ဒါဟာ ဗီယက်နမ်စစ်ပွဲမှာ အမေရိကန် သေဆုံးနှုန်းရဲ့ ၅ ဆ၊ ၂၀၀၁ ခုနှစ် 9/11 တိုက်ခိုက်မှုမျိုး အကြိမ် ၁၀၀ ကြောင့် သေဆုံးနှုန်းနဲ့ တူညီနေတယ်လို့ ဆိုပါတယ်။

လူဦးရေ သန်း ၃၃၀ ကျော်ရှိတဲ့ အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် ၁၇ သန်းနီးပါး ရှိပါတယ်။ အအေးဓာတ် ပိုလာတဲ့ ဆောင်းရာသီကာလမှာ ကူးစက်မှုနှုန်း မြင့်တက်နေသလို၊ သေဆုံးနှုန်းကလည်း နေ့စဉ်ဆိုသလို စံချိန်တင် မြင့်တက်နေပါတယ်။

ကူးစက်မှုနဲ့ သေဆုံးနှုန်း မြင့်တက်နေစဉ်မှာပဲ Pfizer-BioNTech ကာကွယ်ဆေး သန်း ၃၀၀ ကို နိုင်ငံတဝှမ်းက နေရာ ၆၀၀ ကျော်ကို ပို့ဆောင်ပေးနေပါပြီ။ ပထမဆုံး ကာကွယ်ဆေးကို ဒီဇင်ဘာ ၁၄ ရက်မှာ ကျန်းမာရေး ဝန်ထမ်းဖြစ်သူ Long Island က သူနာပြုဆရာမ Sandra Lindsay ကို ထိုးနှံပေးလိုက်ပါတယ်။

သူနာပြုဆရာမ Sandra Lindsay အား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးစဉ်

အမေရိကန်သမိုင်းမှာ အကြီးမားဆုံး ကာကွယ်ဆေးထိုးနှံရေး ကမ်ပိန်းဖြစ်ပြီး COVID-19 ကုသရေးလုပ်ငန်း လုပ်ဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကူးစက်မှုကနေ ကာကွယ်ပေးနိုင်ဖို့ စတင်ထိုးနှံပေးခဲ့တာပါ။ နောက်ထပ် ကာကွယ်ဆေးဖြစ်တဲ့ Moderna ဆေးလည်း လာမယ့် ရက်ပိုင်းတွင်းမှာ ရောက်လာမှာဖြစ်လို့ ၂၀၂၀ နှစ်ကုန်ပိုင်းလောက်မှာ အမေရိကန် လူဦးရေ သန်း ၂၀ ကျော်လောက် ကာကွယ်ဆေး ထိုးနှံပြီးသားဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
124
သဇင်ပန်း

သဇင်ပန်း

10 January 2026
134
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311

အိမ်ဖြူတော် ကာကွယ်ဆေး ထိုးနှံရေးအစီအစဉ် အကြီးအကဲကလည်း ၂၀၂၁ နှစ်လယ်လောက်မှာ အမေရိကန်နိုင်ငံသားတိုင်း ကာကွယ်ဆေးထိုးပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးဆိုင်ရာ ပညာရှင်ကတော့ ကာကွယ်ဆေး ထိုးနှံပေးနေပေမယ့် နိုင်ငံတွင်းမှာ သေဆုံးနှုန်း မြင့်တက်နေဆဲအခြေအနေကို သတိပြု ဆင်ခြင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

လာမယ့် ဆောင်းရာသီကာလတွေဟာ ဗိုင်းရပ်စ် အလွယ်တကူ ပျံ့နှံ့နိုင်လို့ နှာခေါင်းစည်း Mask မတပ်ကြသေးတဲ့ အမေရိကန်နိုင်ငံသား အများစုကြောင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းမှာ COVID-19 ကြောင့် သေဆုံးသူ အရေအတွက်ဟာ နောက်ထပ် ၁ သိန်းလောက် ရှိလာနိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာတဝှမ်းမှာလည်း COVID-19 ကူးစက်ခံရသူ ၇၃ သန်းကျော် ရှိလာပြီး၊ သေဆုံးသူဦးရေကတော့ ၁ ဒသမ ၆ သန်း ကျော်လွန်လာပါပြီ။ ဥရောပတိုက်နိုင်ငံတွေမှာလည်း လာမယ့် ဆောင်းရာသီ ပိတ်ရက်ရှည်တွေအတွင်း ကူးစက်မှု ပိုများမလာအောင် ကန့်သတ်ချက် စည်းမျဉ်းတွေကို ထပ်မံ တိုးမြင့်လိုက်ပါတယ်။

Ref: Aljazeera

You may also like these stories:

စင်ကာပူကို Pfizer-BioNTech ကာကွယ်ဆေး ၂၀၂၀ နှစ်ကုန်ပိုင်း ရောက်မည်

Pfizer နဲ့ BioNTech ကာကွယ်ဆေးကို ခွင့်ပြုပေးလိုက်တဲ့ မက္ကဆီကို

တောင်ကိုရီးယားမှာ ကိုဗစ် ကုသရေးအတွက် ကွန်တိန်နာ ဆေးရုံသုံး ခုတင် တည်ဆောက်

Your Thoughts …
Tags: COVID-19ကာကွယ်ဆေးကူးစက်မှုသေဆုံးမှုအမေရိကန်နိုင်ငံ
Aurora

Aurora

Contributor

Similar Picks:

စစ်ကောင်စီ တိုက်ခိုက်မှု ၉ ရက်အတွင်း သေဆုံးသူ အရပ်သား ၄၀ ကျော် ရှိလာ

စစ်ကောင်စီ တိုက်ခိုက်မှု ၉ ရက်အတွင်း သေဆုံးသူ အရပ်သား ၄၀ ကျော် ရှိလာ

by ဧရာဝတီ
9 September 2024
770

တိုင်းနှင့်ပြည်နယ်တို့၌ ယခုလ ဆန်းပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု များကြောင့် ကလေးငယ် ၁၁ ဦးနှင့် ကိုယ်ဝန် ဆောင်များအပါအဝင် အရပ်သားပြည်သူ ၄၀ ကျော်ထိ သေဆုံးခဲ့ရ

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

by ညီညီသူ
25 May 2020
8.5k

အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / Thin Zar Wint Kyaw's Facebook

Stay home ကာလ နေထိုင် စားသောက်မှု ပုံစံကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
13 July 2021
52.2k

ဒီကာလမှာ ပိုစားပါ။ ပိုအိပ်ပါ။ ကိုယ်ခံအား ကောင်းနေဖို့ အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။

စစ်တပ်ရဲ့အကြမ်းဖက်မှုကို မထောက်ခံဖို့ တရုတ်အစိုးရကို တောင်းဆို (ရုပ်/သံ)

စစ်တပ်ရဲ့အကြမ်းဖက်မှုကို မထောက်ခံဖို့ တရုတ်အစိုးရကို တောင်းဆို (ရုပ်/သံ)

by ဧရာဝတီ
3 November 2024
346

စစ်ကောင်စီတပ်ရဲ့ ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ သတ်ဖြတ်မှုတွေကို တရုတ်အနေနဲ့ထောက်ခံအားပေးတာတွေ မလုပ်ဖို့ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေက အသိပေး ဆန္ဒထုတ်ဖော်လိုက်ကြပါတယ်။

သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင် / SoeLwin / Facebook

သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးသူပိုများလာတယ်

by လဲ့လဲ့
26 December 2018
55.1k

သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်သောအခြေအနေများ၊ ကြိုတင်စစ်ဆေးနိုင်မှုများနှင့် ဓာတ်ရောင်ခြည် ကုသမှု၊ ခွဲစိတ်ကုသမှုအခြေအနေများ၊ သတိပြုရမည့်အချက်များနှင့်ပတ်သက်ပြီး ရန်ကုန် ဗဟိုအမျိုးသမီးဆေးရုံကြီးမှ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင်အား ဧရာဝတီသတင်း ထောက် လဲ့လဲ့မှ တွေ့ဆုံမေးမြန်းထားသည်။

ကျနော်တို့မှာ ကျနော်တို့ပဲရှိတယ် (ရုပ်/သံ)

ကျနော်တို့မှာ ကျနော်တို့ပဲရှိတယ် (ရုပ်/သံ)

by ဧရာဝတီ
21 October 2024
277

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး တိုက်ပွဲမှာ ပြည်သူတွေဟာ နည်းအမျိုးမျိုးနဲ့ ပါဝင်နေကြပါတယ်။ ဒီအထဲမှာ တပိုင်တနိုင်စျေးရောင်းပြီး ရန်ပုံငွေရှာပေးနေကြတဲ့ ပြည်သူတွေလည်း ပါဝင်ပါတယ်။

Next Post
မန္တလေးမြို့တွင် တွေ့ရသော ကိုဗစ်ကာကွယ်ရေး ပညာပေးဆိုင်းဘုတ်တခု/ဇော်ဇော်/ဧရာဝတီ

မြန်မာ့ ကိုဗစ်ကျရှုံးမှုက ထိုင်း အောင်ပွဲကို ခြိမ်းခြောက်နေ

ဂျော်ဒန်မှ ဝယ်ယူမည့် Airbus CASA C-295s လေယာဉ် အမျိုးအစားကို တွေ့ ရစဉ် / Wikipedia

ဂျော်ဒန်က ဝယ်ယူမည့် Airbus ၂ စင်း စစ်ပွဲသုံး မဟုတ်ဟု တပ်မတော် ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved