• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Coronavirus Update

စင်ကာပူကို Pfizer-BioNTech ကာကွယ်ဆေး ၂၀၂၀ နှစ်ကုန်ပိုင်း ရောက်မည်

by Aurora
14 December 2020
in Coronavirus Update
A A
နှင်းဆီအဖွဲ့သားများ / Nay Toe's Facebook

နှင်းဆီအဖွဲ့သားများ / Nay Toe's Facebook

3.7k
VIEWS
Share on FacebookShare on Twitter

စင်ကာပူနိုင်ငံရဲ့ Health Science Authority (HSA) ကနေ အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer နဲ့ ဂျာမန် BioNTech တို့ပူးပေါင်းထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေးကို ခွင့်ပြုပေးလိုက်ပါပြီ။ ဝန်ကြီးချုပ် လီရှန်လွန်းက ပထမအသုတ် မှာယူထားတဲ့ ကာကွယ်ဆေးတွေ ဒီဇင်ဘာကုန်မှာ ရောက်လာမယ်လို့ ပြောကြားလိုက်ပါတယ်။

Pfizer-BioNTech တို့ ပူးပေါင်း ထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေး ပထမဆုံး တင်ပို့ရောင်းချခဲ့တဲ့ နိုင်ငံတွေထဲမှာ စင်ကာပူလည်းပါဝင်တယ်လို့ ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားသွားပါတယ်။ စင်ကာပူရဲ့ HSA ကနေ ဆေးဝါး စမ်းသပ်ရေး အချက်အလက်၊ သိပ္ပံဆိုင်ရာ သက်သေအထောက်အထားတွေကို လေ့လာပြီး အသုံးပြုဖို့ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် ကာကွယ်ဆေးတွေလည်း လာမယ့်လပိုင်းတွေမှာ ထပ်မံ ရောက်ရှိလာမှာဖြစ်လို့ စီစဉ်ထားတဲ့အတိုင်း ဖြစ်လာမယ်ဆိုရင် နောက်နှစ် တတိယ လေးလပတ်ကာလမှာ တနိုင်ငံလုံးစာ ပြည့်မီသွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောကြားသွားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ဆရာဝန်တွေနဲ့ ကျွမ်းကျင်သူတွေ စုဖွဲ့ထားတဲ့ ကော်မတီတရပ် ထားရှိပြီး ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်တွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးကို ရောဂါကူးစက်ခံရဖို့ ဖြစ်နိုင်ချေများတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အသက်ရွယ် ကြီးရင့်သူတွေကို ဦးစားပေး ထိုးနှံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်း

“ဦးစားပေး ထိုးရမယ့်သူတွေပြီးရင် တနိုင်ငံလုံး အတိုင်းအတာနဲ့ ထိုးပေးနိုင်အောင် ဆောင်ရွက်သွားမှာပါ။ နောက်နှစ်ကုန်ပိုင်းမှာ နိုင်ငံသားတိုင်း ကာကွယ်ဆေး ထိုးပေးနိုင်အောင် ကော်မတီက စီမံဆောင်ရွက်နေပါတယ်” လို့ ဝန်ကြီးချုပ်က မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

ကာကွယ်ဆေးကို စင်ကာပူနိုင်ငံသား အားလုံးနဲ့ နိုင်ငံတွင်းမှာ နှစ်ရှည်နေထိုင်နေသူတွေကို အခမဲ့ ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။

“ကာကွယ်ဆေး ထိုးပေးမယ့်အချိန်ရောက်ရင် ထိုးကြဖို့ ကျနော် တိုက်တွန်းချင်ပါတယ်။ ဘာလို့လဲဆိုရင် သင်သာ ကာကွယ်ဆေးထိုးထားရင် သင့်တယောက်တည်းကို ကာကွယ်ပေးတာ မဟုတ်ပါဘူး။ သင့်ဘေးနားက ချစ်ခင်ရသူတွေကိုပါ ကာကွယ်ပေးရာ ရောက်ပါတယ်” လို့ ဝန်ကြီးချုပ် လီရှန်လွန်းက ဆိုပါတယ်။

ဆေးသယ်ယူပို့ဆောင်ရေး လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်က စင်ကာပူမှာ အခြေခံလိုအပ်ချက်တွေအပြင် ကျွမ်းကျင်ပညာရှင် အမြောက်အမြား ရှိသလို၊ နိုင်ငံတကာ ပို့ဆောင်ရေးလုပ်ငန်း DHL နဲ့ FedEx တို့လို အခြေစိုက်တွေရှိပြီး IATA အသိအမှတ်ပြု စင်ကာပူလေကြောင်းလိုင်းတွေနဲ့ ချန်ဂီလေဆိပ်မြေပြင်ပိုင်းကလည်း စနစ်တကျ ကိုင်တွယ်ဆောင်ရွက်နိုင်တယ်လို့ ပြောကြားသွားပါတယ်။

Ref: CNA

You may also like these stories:

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
126
သဇင်ပန်း

သဇင်ပန်း

10 January 2026
136
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311

Pfizer နဲ့ BioNTech ကာကွယ်ဆေးကို ခွင့်ပြုပေးလိုက်တဲ့ မက္ကဆီကို

တောင်ကိုရီးယားမှာ ကိုဗစ် ကုသရေးအတွက် ကွန်တိန်နာ ဆေးရုံသုံး ခုတင် တည်ဆောက်

ကိုဗစ် ကူးစက်မှု နောက်ဆက်တွဲအဖြစ် အမျိုးသားများမှာ ပန်းသေ၊ ပန်းညှိုး ဖြစ်နိုင်

Your Thoughts …
Tags: BioNTechHSAPfizerကာကွယ်ဆေးစင်ကာပူ
Aurora

Aurora

Contributor

Similar Picks:

မြွေပွေး ပိုးထိ၊ လူပါး ပုလင်းကွဲရှ ခရိုနီ သူဌေးကြီး နှင့်…

မြွေပွေး ပိုးထိ၊ လူပါး ပုလင်းကွဲရှ ခရိုနီ သူဌေးကြီး နှင့်…

by ကြာဖက်နှင်း
24 August 2024
17.2k

မိမိကိုယ်ကို ခြောက်ပြစ်ကင်း သဲလဲစင်ဟု ကြွေးကြော်ခဲ့သူကြီး။ ဒီလိုနဲ့ လောဘကို မသတ်နိုင်တော့ မြွေပွေး ပိုးထိ၊ လူပါး ပုလင်းကွဲရှ ဖြစ်သွားခဲ့ရသည်။

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

by Justin Higginbottom
13 September 2023
13.9k

ဧရာဝတီသတင်းဌာနမှ ဂျပ်စတင် ဟစ်ဂင်ဘော့တွမ်နှင့် ဒေါက်တာ တာနဲလ် တွေ့ဆုံမေးမြန်းခန်းဖြစ်သည်။

စစ်ရာဇဝတ်မှုများနှင့် မကင်းသူ မြန်မာခရိုနီများ စင်ကာပူ လက်ခံထား

စစ်ရာဇဝတ်မှုများနှင့် မကင်းသူ မြန်မာခရိုနီများ စင်ကာပူ လက်ခံထား

by ဧရာဝတီ
8 September 2023
13.1k

စင်ကာပူ၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြရန် လူ့အခွင့်အရေးအဖွဲ့ Justice For Myanmar (JFM) က စစ်ရာဇဝတ်မှုများနှင့် ဆက်စပ်နေသည့် လုပ်ငန်းရှင် ကိုးဦးကို ဖော်ပြသည့် “Dirty Over 30” စာရင်းကို ထုတ်ပြန်လိုက်သည်။

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

စင်ကာပူမှ အဓိကဘဏ် UOB က မြန်မာနှင့် အဆက်ဖြတ်တဲ့အခါ

စင်ကာပူမှ အဓိကဘဏ် UOB က မြန်မာနှင့် အဆက်ဖြတ်တဲ့အခါ

by Gwen Robinson
11 August 2023
10.9k

UOB ၏ မူဘောင်သစ်ကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး အမေရိကန် ဒေါ်လာ၊ ယူရိုနှင့် စင်ကာပူဒေါ်လာ အပါအဝင် အဓိကငွေကြေးအားလုံး အကျုံးဝင်မည်ဖြစ်သည်။

ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၁

ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၁

by အောင်သစ်
8 May 2024
9.7k

အမေရိကန် အစိုးရက ဦးထွန်းမြင့်နိုင်သည် ဖခင်၏ မူးယစ်အင်ပါယာသို့ ၁၉၉၀ ပြည့်နှစ်မှ စတင် ဝင်ရောက်ခဲ့ပြီး ထိုမှ စတင်ကာ မြန်မာပြည်၌ အချမ်းသာဆုံးသူတဦး ဖြစ်လာခဲ့သည်ဟု ဆိုခဲ့သည်။

Next Post
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်  / မျိုးမင်းစိုး / ဧရာဝတီ

နိုင်ငံတကာလေကြောင်းလိုင်းများကို ဇန်နဝါရီ ၁ ရက်နေ့ ဖွင့်ရန် ဆုံးဖြတ်

ဧရာဝတီကိုဗစ်စင်တာရှိ Call Center တွင် စေတနာ့ဝန်ထမ်းများ အလုပ်လုပ်နေစဉ် / ထက်ဝေ / ဧရာဝတီ

အိုင်တီနည်းပညာဖြင့် ကိုဗစ် ၁၉ ကို တွန်းလှန်ခြင်း

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved