• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Coronavirus Update

Pfizer နဲ့ BioNTech ကာကွယ်ဆေးကို ခွင့်ပြုပေးလိုက်တဲ့ မက္ကဆီကို

by Aurora
14 December 2020
in Coronavirus Update
A A
မက္ကဆီကိုနိုင်ငံကနေ Pfizer နဲ့ BioNTech ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့် ပေးလိုက်ပါတယ်။

မက္ကဆီကိုနိုင်ငံကနေ Pfizer နဲ့ BioNTech ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့် ပေးလိုက်ပါတယ်။

11.6k
VIEWS
Share on FacebookShare on Twitter

မက္ကဆီကိုဟာ ဆေးဝါးကုမ္ပဏီ Pfizer နဲ့ BioNTech တို့ ပူပေါင်းထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံဖို့ အရေးပေါ် အသုံးပြုခွင့် ပေးလိုက်တဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာပါတယ်။ ပထမဆုံး ယူကေမှာ စတင် ခွင့်ပြုခဲ့ပြီးနောက် ထိုးနှံနေချိန်မှာ ဘာရိန်းနဲ့ ကနေဒါနိုင်ငံတွေကပါ ခွင့်ပြုပေးထားတာပါ။

မက္ကဆီကိုနိုင်ငံရဲ့ Medical Safety Commission ကနေ အရေးပေါ်အသုံးပြုခွင့် ပေးလိုက်တာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးသူပေါင်း ၃၀၀,၀၀၀ ကျော်သွားပြီဖြစ်တဲ့ အမေရိကန်နိုင်ငံက အရေးပေါ် ခွင့်ပြုပေးဖို့ နောက်ဆုံးအဆင့် ရောက်နေချိန်မှာပဲ မက္ကဆီကိုကတော့ Pfizer နဲ့ BioNTech ကာကွယ်ဆေးကို လက်ခံတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတာပါ။

ကျန်းမာရေး ဒုဝန်ကြီး Hugo Lopez-Gatell က မက္ကဆီကိုဟာ Pfizer နဲ့ BioNTech ကာကွယ်ဆေး ကို ခွင့်ပြုပေးလိုက်တဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာကြောင်းကို ပြောကြားခဲ့ပါတယ်။ လူဦးရေ ၁၂၅,၀၀၀ အတွက် ကာကွယ်ဆေး ၂၅၀,၀၀၀ ပထမသုတ်အနေနဲ့ အမြန်ဆုံး နောက်အပတ်ထဲမှာ ရောက်လာဖို့ ရှိပါတယ်။

ကာကွယ်ဆေး ရောက်လာတဲ့အခါ ဦးဆုံး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တိုက်ဖျက်ရေးကို အစွမ်းကုန်ဆောင်ရွက်ပေးနေတဲ့ ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေကို စတင်ထိုးနှံပေးမယ်လို့ ဝန်ကြီး Lopez-Gatell က ဆိုပါတယ်။

မက္ကဆီကိုနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးက ပြောရေးဆိုခွင့်ရှိသူ ပြောကြားချက်အရ ဗိုင်းရပ်စ်ကြောင့် နိုင်ငံတွင်း သေဆုံးသူ ပျမ်းမျှအသက်ဟာ ၅၅ နှစ်အရွယ်ဖြစ်လို့ ဥရောပနိုင်ငံတွေက သေဆုံးသူ ပျမ်းမျှ ၇၅ နှစ်အရွယ်တွေထက် ငယ်လွန်းနေတယ်လို့ ဆိုပါတယ်။ ဝန်ကြီး Lopez-Gatell ကလည်း ကာကွယ်ဆေးအတွက် နိုင်ငံတွင်းက အသက်ရွယ်ကြီးရင့်သူတွေကိုပါ ဦးစားပေး ထိုးနှံပေးသွားဖို့ ရှိတဲ့အကြောင်း ပြောပြသွားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ရှိအချိန်ထိ ကူးစက်ခံရသူပေါင်း ၁,၂၅၀,၀၄၄ ရှိနေပြီး သေဆုံးသူကတော့ ၁၁၃,၉၅၃ ဦးရှိကာ ကမ္ဘာပေါ်မှာ ကူးစက်မှု အများဆုံးနိုင်ငံစာရင်းမှာ အဆင့် ၁၃ ရှိပါတယ်။ နေ့စဉ်ကူးစက်မှုနှုန်း ပျမ်းမျှ ၁၀,၀၀၀ ကျော်ရှိကာ နိုဝင်ဘာ ၂၈ ရက်က ၂၂,၀၀၀ ကျော်ထိ မြင့်တက်ခဲ့ပါတယ်။

Pfizer နဲ့ BioNTech ကာကွယ်ဆေးကို မက္ကဆီကို ရှေ့ဆင့်နောက်ဆင့် ဆိုသလို အမေရိကန် FDA က ခွင့်ပြုလိုက်တဲ့အကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗီဒီယိုကတဆင့် ပြောကြားလိုက်ပါတယ်။ “ကပ်ရောဂါကြီး မကြာခင် ပြီးဆုံးလို့ လူပေါင်း သန်းနဲ့ချီ ကယ်တင်နိုင်တော့မှာပါ။ ခွင့်ပြုပြီး ၂၄ နာရီမပြည့်ခင်မှာပဲ စတင်ထိုးနှံတော့မယ်” လို့ သမ္မတ ထရမ့်က ပြောကြားလိုက်ပါတယ်။

ကနေဒါနိုင်ငံကတော့ Pfizer နဲ့ BioNTech ကာကွယ်ဆေးကို တနိုင်ငံလုံးစာ ဝယ်ယူထားပေမယ့် ဗြိတိန်နဲ့ အမေရိကန်တို့ကတော့ ၃၀ ရာခိုင်နှုန်းနဲ့ ၁၅ ရာခိုင်နှုန်းပဲ မှာယူထားပြီး တခြားကာကွယ်ဆေးတွေကိုပါ ဝယ်ယူဖို့ သဘောတူညီထားကြပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
126
သဇင်ပန်း

သဇင်ပန်း

10 January 2026
136
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311

Pfizer နဲ့ BioNTech ကုမ္ပဏီဘက်က မှာယူထားပြီးသားတွေကို လပိုင်းအတွင်း အပြီးပြတ် ပို့ဆောင်နိုင်အောင် ပြင်ဆင်နေပြီး နောက်ထပ် အမှာစာအသစ်တွေအတွက် ထုတ်လုပ်ရေးပိုင်းကို တိုးမြင့်ထားတယ်လို့ ဆိုပါတယ်။

Ref: FOX News

You may also like these stories:

တောင်ကိုရီးယားမှာ ကိုဗစ် ကုသရေးအတွက် ကွန်တိန်နာ ဆေးရုံသုံး ခုတင် တည်ဆောက်

ကိုဗစ် ကူးစက်မှု နောက်ဆက်တွဲအဖြစ် အမျိုးသားများမှာ ပန်းသေ၊ ပန်းညှိုး ဖြစ်နိုင်

နိုင်ငံဦးစားပေး ကာကွယ်ဆေး ဝယ်ယူမှုတွေကို ကုလအတွင်းရေးမှူးချုပ် သတိပေး

Your Thoughts …
Tags: BioNTechPfizerကာကွယ်ဆေးကိုရိုနာဗိုင်းရပ်စ်မက္ကဆီကို
Aurora

Aurora

Contributor

Similar Picks:

မက္ကဆီကို အမျိုးသမီး သမ္မတသစ် ကလော့ဒီယာ ရှိုင်းဘောင်း ဘယ်သူလဲ

မက္ကဆီကို အမျိုးသမီး သမ္မတသစ် ကလော့ဒီယာ ရှိုင်းဘောင်း ဘယ်သူလဲ

by ဧရာဝတီ
5 June 2024
1.2k

ရှိုင်းဘောင်းသည် သိပ္ပံပညာနောက်ခံမှ လာသူ ဖြစ်သည်။ သူသည် စွမ်းအင် အင်ဂျင်နီယာပညာရပ်ဖြင့် ပါရဂူဘွဲ့ရသည်။

သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင် / SoeLwin / Facebook

သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးသူပိုများလာတယ်

by လဲ့လဲ့
26 December 2018
55.1k

သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်သောအခြေအနေများ၊ ကြိုတင်စစ်ဆေးနိုင်မှုများနှင့် ဓာတ်ရောင်ခြည် ကုသမှု၊ ခွဲစိတ်ကုသမှုအခြေအနေများ၊ သတိပြုရမည့်အချက်များနှင့်ပတ်သက်ပြီး ရန်ကုန် ဗဟိုအမျိုးသမီးဆေးရုံကြီးမှ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင်အား ဧရာဝတီသတင်း ထောက် လဲ့လဲ့မှ တွေ့ဆုံမေးမြန်းထားသည်။

ရန်ကုန်ဘူတာကြီးတွင် တွေ့ရသည့် ခရီးသွားများ  / ထက်ဝေ / ဧရာဝတီ

သင်္ကြန်ပိတ်ရက်ရှည် ခရီးသွားခြင်းများ မပြုလုပ်ရန် ကျန်းမာရေးဌာန သတိပေး

by သဇင်လှိုင်
20 March 2020
41.1k

သင်္ကြန်ကာလ ရုံးပိတ်ရက်ရှည်များ၌ ခရီးသွားရောက် လည်ပတ်ခြင်းများ မပြုလုပ်ကြရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒု ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။

၂၀၁၈ ခုနှစ်က ကလေးငယ်တဦးကို ကာကွယ်ဆေးထိုးပေးစဉ် / UNICEF

ကာကွယ်ဆေးမထိုးရသေးသည့် သန်းနှင့်ချီသော ကလေးငယ်များ ရောဂါကူးစက်မည့် အန္တရာယ် ကျရောက်နေ

by ယုဇန
30 May 2023
8.4k

"ကူးစက်ရောဂါဖြစ်လာရင်တော့ ထိန်းချုပ်ဖို့ ခက်လိမ့်မယ်" ဟု ကိုနေက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

လယ်တီ ဆရာတော်ကြီး ၏ ရောဂန္တရဒီပနီကျမ်းတွင် ပါဝင်သော အက္ခရာတံဆိ ပ်ပုံတော်  / ဆွေမျိုးပေါက်ဖော် မဂ္ဂဇင်း

အယူအဆ အလွဲတွေနဲ့ ဝါဒဖြန့်ဖို့ မီဒီယာကို အသုံးမချသင့်

by အောင်သီဟ
4 February 2020
7.8k

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့နိုင်ငံများတွင် ကုသရန် အဖြေမရှာနိုင်သေးသော် လည်း မြန်မာနိုင်ငံတွင်တော့ ကြိုတင်ကာကွယ်ခြင်း နှင့် ပျောက်ကင်းနိုင်မည်ဟူသော နည်းလမ်းအမျိုးမျိုး ထွက်ပေါ်လျက်ရှိသည်။

ပြီးခဲ့သည့်နှစ်က မန္တလေး သင်္ကြန်ပွဲတော် ကျင်းပနေမှုကို တွေ့ရစဉ် / ဇော်ဇော် / ဧရာဝတီ

မန္တလေး သင်္ကြန် ကျင်းပရန် မသေချာ

by ဒီလှိုင်းဝင်း
11 March 2020
8.3k

လတ်တလော ဖြစ်ပွားလျက်ရှိသည့် ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ရောဂါကူးစက် ပြန့်ပွားနေမှုကြောင့် မန္တလေး သင်္ကြန်ပွဲတော် ကျင်းပရန် မသေချာဟု မန္တလေးတိုင်း အစိုးရ အဖွဲ့က သိရသည်။

Next Post
ဇွန်လနှောင်းပိုင်းတွင် မဲဆောက်တွင် ဖမ်းဆီးမိသော လက်နက်အများအပြားသည် ရခိုင်ပြည်နယ်သို့ ဦးတည်နေကြောင်း ယုံကြည်ရသည်

လိင်၊ မူးယစ်ဆေး၊ လက်နက်နှင့် ကိုဗစ်-၁၉ သို့မဟုတ် ထိုင်း-မြန်မာ တရားမဝင် နယ်စပ်ကုန်သွယ်ရေး

Final အထိ တက်လှမ်းသွားတဲ့ ပြိုင်ပွဲဝင် ၄ ဦး / The Voice Myanmar

The Voice Myanmar Season 3 ရဲ့ ဖိုင်နယ် ပြိုင်ပွဲဝင် ၄ ဦး ပေါ်ထွက်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved