• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

လိင်၊ မူးယစ်ဆေး၊ လက်နက်နှင့် ကိုဗစ်-၁၉ သို့မဟုတ် ထိုင်း-မြန်မာ တရားမဝင် နယ်စပ်ကုန်သွယ်ရေး

by ဧရာဝတီ
14 December 2020
in ဆောင်းပါး
A A
ဇွန်လနှောင်းပိုင်းတွင် မဲဆောက်တွင် ဖမ်းဆီးမိသော လက်နက်အများအပြားသည် ရခိုင်ပြည်နယ်သို့ ဦးတည်နေကြောင်း ယုံကြည်ရသည်

ဇွန်လနှောင်းပိုင်းတွင် မဲဆောက်တွင် ဖမ်းဆီးမိသော လက်နက်အများအပြားသည် ရခိုင်ပြည်နယ်သို့ ဦးတည်နေကြောင်း ယုံကြည်ရသည်

18.1k
VIEWS
Share on FacebookShare on Twitter

ဇူလိုင်နှင့်သြဂုတ်လများတွင် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ဖြစ်ပွားမှုတိုးလာသောအခါ ထိုင်းသတင်းစာများက နှစ်နိုင်ငံနယ်စပ် တရားမဝင်ဖြတ်ကျော်မှုများကို တားဆီးရန် ထိုင်းနှင့်မြန်မာအစိုးရ ဌာနများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်ဖြစ်ကြောင်း စာဖတ်သူများကို အာမခံရေးသားကြသည်။ ထိုစဉ်က ရိုက်ကူးထားသည့် ဓါတ်ပုံများတွင် လက်နက်ကောင်းမွန်စွာ တပ်ဆင်ထားသော စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များသည် ထိုင်းနိုင်ငံ မဲဆောက်နှင့် မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီနယ်စပ်တွင် ကင်းလှည့်နေသည်ကို ပြသထားသည်။

ထိုထက် ပိုမိုမြောက်ပိုင်းကျသောနေရာဖြစ်သည့် ရှမ်းပြည်နယ် တာချီလိတ်နှင့်ကပ်လျက် မဲဆိုင်မြို့သို့ လာရောက်လည်ပတ်သူများအနေဖြင့် အရပ်ဝတ်ဝတ်ထားသော ထိုင်းအရာရှိများနှင့်အတူ ရဲများနှင့် စစ်သားများသည် မြန်မာနယ်စပ်ကို စောင့်ကြည့်ထောက်လှမ်းနေသည်ကို တွေ့ရမည်ဖြစ်သည်။ သတင်းခေါင်းစဉ်များနှင့် စစ်သားများနယ်စပ်တွင် ကင်းလှည့်နေသည့် ဓါတ်ပုံများကြောင်း ထိုင်းနိုင်ငံသားများသည် ၎င်းတို့ဘေးကင်းလုံခြုံသည်ဟု ခံစားရမည်ဖြစ်သည်ကို သံသယဖြစ်ဖွယ် မလိုပေ။

မကြာသေးမီလများအတွင်း နှစ်န်ိုင်ငံလုံးမှ လုံခြုံရေးအရာရှိများ၊ လူကုန်ကူးသူများနှင့် မြန်မာဖက်မှ လက်နက်ကိုင်များသည် နယ်စပ်ကို ဖြတ်ကျော်ကာ ထိုင်းနှင့်မြန်မာနိုင်ငံသားများ၊ ကုန်စည်များကို မှောင်ခိုကူးပြီး စီးပွားဖြစ်နေခဲ့ကြသည်။

သို့သော် ထိုသို့ လုံခြုံသည်ဟု ခံစားနေရခြင်းသည် မှားယွင်းနေသည်။ လုံခြုံရေးအရာရှိများသည် စစ်ဆေးရေးစခန်းများတွင် စောင့်ကြည့်စစ်ဆေးနေသော်လည်း လူအတော်များများ နယ်စပ်ကို တရားဝင်ရော တရားမဝင်ပါ ဖြတ်ကျော်နေကြသည်။

မကြာသေးမီလများအတွင်း နှစ်န်ိုင်ငံလုံးမှ လုံခြုံရေးအရာရှိများ၊ လူကုန်ကူးသူများနှင့် မြန်မာဖက်မှ လက်နက်ကိုင်များသည် နယ်စပ်ကို ဖြတ်ကျော်ကာ ထိုင်းနှင့်မြန်မာနိုင်ငံသားများ၊ ကုန်စည်များကို မှောင်ခိုကူးပြီး စီးပွားဖြစ်နေခဲ့ကြသည်။

တရုတ်နိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အရှေ့တောင်အာရှသို့ ရောက်လာသည့်အချိန်မှ စတင်ပြီး ထိုင်းနိုင်ငံသည် ကမ္ဘာတွင် အအောင်မြင်ဆုံး ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်မှုသေနင်္ဂဗျူဟာများကို အကောင်အထည်ဖေါ်သောကြောင့် ချီးကျူးခံရသည်။ သို့သော် ထိုင်းနှင့် မြန်မာ ၂ နိုင်ငံလုံးမှ လူမသိသူမသိ ကူးသန်းနေသည့် ရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်သည့် ကိုဗစ်-၁၉ ကူးစက်မှုအသစ်များကို တွေ့လာရသောကြောင့် အချက်ပေးခေါင်းလောင်းသံများ မကြာသေးမီက ကြားလာရသည်။

တရားမဝင် ဝင်ရောက်မှုကို ကာကွယ်ရန် ထိုင်းတပ်ဖွဲ့ သောင်ရင်းမြစ်အတွင်း ကင်းလှည့်စဉ်/ Assawin Pinitwong / Bangkok Post

ထိုင်းနှင့်မြန်မာအလုပ်သမားများသည် လုံခြုံမှုမရှိသောနယ်စပ်ကို တရားမဝင်ဖြတ်ကျော်ပြီး အချို့သောသူများသည် လော့ဒေါင်း ပိတ်ဆို့မှုကာလအတွင်း အကျိုးအမြတ်များသော အလုပ်အကိုင်နှင့် စီးပွားရေး အခွင့်အလမ်းများကိုပင် ရရှိခဲ့သည်။

မြန်မာန်ိုင်ငံ၏ ကိုဗစ်-၁၉ ကန့်သတ်ချက်များကို ချိုးဖေါက်ပြီး တာချီလိတ်နှင့် မဲဆောက်တဖက်ကမ်း မြဝတီမှ ဖျော်ဖြေရေးနှင့် ဘားဆိုင်အများအပြားသည် ဆက်လက်ဖွင့်လှစ်နေကြသည်။ ထိုမြို့များရှိ ဟိုတယ်များတွင် ထိုင်းအမျိုးသမီးငယ်များသည် လွန်စွာရေပမ်းစားသည်။ အချို့သော ထိုင်းအမျိုးသမီးငယ်များသည် တလလျှင် ဘတ် တသိန်း (မြန်မာ ကျပ်ငွေ ၄၅ သိန်းနီးပါး) ရသည်ဟုပင် ထိုင်း သတင်းစာများနှင့် ရုပ်သံများက ဖေါ်ပြကြသည်။

ထိုင်းအမျိုးသမီးငယ်များသည် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်ပြီးနောက် တာချီလိတ်ရှိ ဖျော်ဖြေရေးလုပ်ငန်းများနှင့် ဘားများတွင် အလုပ်လုပ်ကြသည်။

တာချီလိတ်ရှိ ဖျော်ဖြေရေးလုပ်ငန်းမှ ထိုင်းနိုင်ငံမြောက်ဖက်အစွန်ဆုံး မဲဆိုင်သို့ ပြန်လာသူ နောက်ထပ်အမျိုးသမီး သုံးဦးတွင် ကိုဗစ်-၁၉ ကူးစက်နေသောကြောင့် ချင်းရိုင်ခရိုင်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ အရေအတွက်မှာ စုစုပေါင်း ၄၉ ဦးအထိ ရှိသွားပြီဖြစ်သည်။

ထိုင်းအမျိုးသမီးငယ်များသည် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်ပြီးနောက် တာချီလိတ်ရှိ ဖျော်ဖြေရေးလုပ်ငန်းများနှင့် ဘားများတွင် အလုပ်လုပ်ကြသည်။

တာချီလိတ်ရှိ ဖျော်ဖြေရေး လုပ်ငန်းတခုဖြစ်သော 1G1-7ဟိုတယ်သည် ကိုဗစ်-၁၉ အကြီးအကျယ် ကူးစက်သောနေရာ ဖြစ်လာပြီး ထိုနေရာမှပြန်လာသော ထိုင်းအမျိုးသမီး ၁၀ ဦးနှင့် တည်းခိုသူများတွင် ကိုဗစ်-၁၉ ကူးစက်ခံရကြောင်း တွေ့ရသည်။

ယခုအခါ ပိတ်ထားပြီး မန်နေဂျာကို တရားစွဲဆိုထားသည့် 1G1-7 ဟိုတယ်သည် ထိုင်း၊ တရုတ်နှင့် မြန်မာဧည့်သည်များကို အားထားသောနေရာဖြစ်သည်။ ထိုလေးထပ်ရှိသော ဟိုတယ်တွင် အထူးဧည့်သည်များအတွက် ကာရာအိုကေခန်း ၂၀၊ အနှိပ်ခန်းများနှင့် လောင်းကစား အဆောက်အအုံများလည်း ရှိကြောင်း ဒေသခံများနှင့် သတင်းထောက်များကပြောသည်။

ထိုလူသိများသည့် ညလည်ပတ်စရာနေရာကို ထိုင်း၊ မြန်မာနှင့်တရုတ် စီးပွားရေးသမားများက ပိုင်ဆိုင်ပြီး ရှယ်ယာအများစုကို တရုတ်ရင်းနှီးမြှုပ်နှံသူက ပိုင်ဆိုင်သည်။

မြဝတီတွင်လည်း မြန်မာအစိုးရက တင်းကျပ်သော လော့ဒေါင်း ပိတ်ဆို့မှု ချမှတ်ထားသော်လည်း ထိုနယ်စပ်ရှိ ကာစီနိုလောင်းကစားရုံများ ဆက်လက်ဖွင့်ကာ တရားမဝင် လမ်းကြောင်းများမှတဆင့် ဝင်လာသူများဖြင့် လောင်းကစားဝိုင်းများ စည်ကားနေသည်။ မြဝတီ မြို့နယ်ရှိ လောင်းကစား အချက်အခြာနေရာဖြစ်သော ရွှေကုက္ကိုတွင် တရုတ်လောင်းကစားသမား ၂၀၀၀ ခန့် ရှိနေသည်။

အချို့သောတရုတ်များသည် ထိုင်းနိုင်ငံသို့ ခိုးဝင်သောအခါ မြန်မာ သို့မဟုတ် ကရင်ဝတ်စုံများကိုပင် ဝတ်ဆင်ကြသည်။

လွန်ခဲ့သောလ အနည်းငယ်က မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု အခြေအနေဆိုးလာသောအခါ တရုတ်အများအပြားသည် ထိုင်းနိုင်ငံသို့ ခိုးဝင်ကြသည်။ အချို့က နယ်ခြားစောင့်တပ်များကို ရှောင်ကွင်းသွားပြီး အချို့က နယ်စပ်ကို ထိန်းချုပ်ထားသည့် ထိုင်း၊ မြန်မာနှင့် ကရင်လက်နက်ကိုင်များကို ငွေအမြောက်အမြားပေးကာ သွားလာကြသည်။

အချို့သောတရုတ်များသည် ထိုင်းနိုင်ငံသို့ ခိုးဝင်သောအခါ မြန်မာ သို့မဟုတ် ကရင်ဝတ်စုံများကိုပင် ဝတ်ဆင်ကြသည်။

ကိုဗစ်ပိတ်ဆို့မှု အစောပိုင်းကာလအတွင်း ရွှေကုက္ကိုလောင်းကစား စီမံကိန်းတွင် ပါဝင်ပတ်သက်သော ထိုင်းနှင့်တရုတ် ရင်းနှီးမြှုပ်နှံသူများ၊ လောင်းကစားသမားများနှင့် ရာဇဝတ်ဂိုဏ်းများသည် ကရင်လက်နက်ကိုင်များနှင့် တိုင်းရင်းသား နယ်ခြားစောင့်တပ်များထိန်းချုပ်သည့် စစ်ဆေးရေး စခန်းများမှ နယ်စပ်ကို ဖြတ်ကျော်ကြပြီး ဘန်ကောက်နှင့် မြဝတီအကြား ကူးသန်းသွားလာရာတွင် မည်သည့်အခက်အခဲမျှ မရှိကြပေ။

သို့သော် အချို့သောသူများသည် ထိုမျှ ကံမကောင်းကြပေ။

တာချီလိတ်ရှိ 1G1-7 ဟိုတယ်တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားနေခဲ့ကြောင်း ယုံကြည်ရသည်

အောက်တိုဘာလက ရွှေကုက္ကိုမှ လာသည့် တရုတ်များ နယ်စပ်ကို တရားမဝင်ဖြတ်ကျော်သည်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ၎င်းတိို့ကို ဖမ်းဆီးချိန်တွင် ထိုတရုတ် သုံးဦးတွင် ထိုင်းဘတ် ၈ သန်း (အမေရိကန်ဒေါ်လာ ၂၅၅၀၀၀ သို့မဟုတ် မြန်မာငွေ ၃၂၈ သန်း) ပါလာသည်။

လက်တွေ့အားဖြင့်ဆိုရပါက မြဝတီ တနေရာတည်းတွင်ပင် လူ ရာနှင့်ချီပြီး နေ့စဉ် နယ်စပ်ကို တရားမဝင် ဖြတ်သန်းသွားလာနေသည်။ အချို့က လုံခြုံရေး အစောင့်အရှောက်ဖြင့် ဖြတ်သန်းသွားလာရန် ထိုင်းနှင့် မြန်မာလုံခြုံရေး အရာရှိများ၊ ဂိုဏ်းဖွဲ့ထားသည့် မှောင်ခိုသမားများနှင့် တိုင်းရင်းသားလက်နက်ကိုင်များကို စောင့်ရှောက်ခပေးကြသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများသည် တရားဝင်စစ်ဆေးရေး စခန်းများမှတဆင့် နေရပ်ပြန်ကြသော်လည်း အချို့မှာ ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်ကြသည်။ လူကုန်ကူးသူများက တဦးလျှင် ဘတ် ၈၀၀၀ နှုန်းဖြင့် ထိုသို့သောသူများကို မဲဆိုင်မှ ချင်းမိုင်သို့ ပို့ဆောင်ပေးသည်။

သို့သော် လက်ရှိအချိန်အထိ မြန်မာအစိုးရနှင့် တပ်မတော်တို့သည် ရွှေကုက္ကိုကို စစ်ဆေးရန် ထိထိရောက်ရောက် လုပ်ဆောင်ခြင်း မရှိသေးပေ။

နေပြည်တော်မှ သတင်းစာရှင်းလင်းပွဲတခုတွင် ရွှေကုက္ကိုမှ လောင်းကစား လုပ်ငန်းအကြောင်း မေးမြန်သောကြောင့် အောက်တိုဘာလက ဖမ်းမိသည့် တရုတ် သုံးဦးသည် ထိုမြို့မှ ထွက်ပြေးလာခြင်းဖြစ်ကြောင်း ထိုင်း သတင်းရင်းမြစ်များက ယူဆသည်။

သို့သော် လက်ရှိအချိန်အထိ မြန်မာအစိုးရနှင့် တပ်မတော်တို့သည် ရွှေကုက္ကိုကို စစ်ဆေးရန် ထိထိရောက်ရောက် လုပ်ဆောင်ခြင်း မရှိသေးပေ။

ကိုဗစ်-၁၉ ဖြစ်ပွားသည့် အခြေအနေသည် လက်နက်မှောင်ခိုများအတွက် အကုန်အကျ ပိုများစေနိုင်သော်လည်း လက်နက်မှောင်ခိုလုပ်ငန်းကို တားဆီးနိုင်ခြင်း မရှိပေ။

ဇွန်လနှောင်းပိုင်းတွင် ထိုင်းအရာရှိများသည် မဲဆောက်တွင် လက်နက်အများအပြား ဖမ်းမိသည်။ ထိုတရုတ်လုပ်လက်နက်သစ်များကို ထိုင်းနိုင်ငံသား နှစ်ဦးနှင့်အတူ ဖမ်းမိခြင်းဖြစ်သည်။ ဖမ်းမိသည့် လက်နက်များတွင် M16, M5.56 နှင့် AK-47 တိုက်ခိုက်ရေး ရိုင်ဖယ်များနှင့် M79 ဗုံးပစ်လောင်ချာများ ပါဝင်သည်။

ထိုသိမ်းဆည်းမိသော လက်နက်များသည် ဒီမိုကရက်တစ်ကရင်အကျိုးပြု တပ်မတော်(DKBA) ၏ လက်နက်များဖြစ်ပြီး အကြမ်းဖက်သမားများနှင့် တိုင်ရင်းသားလက်နက်ကိုင်များ ခိုအောင်းနေသည့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရခိုင်ပြည်နယ်သို့ တင်ပို့မည်ဖြစ်ကြောင်း ဧရာဝတီ သတင်းဌာနက စုံစမ်းဖေါ်ထုတ်ခဲ့သည်။ နယ်စပ်တလျှောက်ရှိ ကရင်တိုင်းရင်းသား လက်နက်ကိုင်များသည်လည်း ထိုင်းဈေးကွက် သို့မဟုတ် တရုတ်ဈေးကွက်မှ လက်နက်များကို မှာယူနေဆဲဖြစ်သည်။

အောက်တိုဘာလအတွင်း မြဝတီဘက်ခြမ်းမှ တရားမဝင် ဝင်လာသော တရုတ် ၃ ဦးကို ထိုင်းဘက်ခြမ်းက ဖမ်းဆီးထားစဉ်/ Karen National Media

လွန်ခဲ့သောလက ထိုင်းအာဏာပိုင်များသည် အိန္ဒိယ ရူပီးငွေ ၁၆ သန်း ( ကျပ် ၂၈၆.၂၂ သန်း) ပါသော သေတ္တာတလုံးကို မဲဆောက်မှ ထိုင်းနိုင်ငံမြောက်ပိုင်းသို့ ဦးတည်နေသည့် ဘတ်စ်ကားတစင်း၏ ကုန်ပစ္စည်းထားသောနေရာတွင် ဖမ်းမိသည်။ ထိုင်းအာဏာပိုင်များသည် ထိုကိစ္စကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သော်လည်း ထိုငွေသည် မြဝတီမှလာသော ငွေဖြစ်ကြောင်း ခြေရာခံမိသည်။

ထိုငွေသည် ရွှေတြိဂံဒေသမှ တရားမဝင်နယ်စပ်ကုန်သွယ်ရေး သို့မဟုတ် အခြားရာဇဝတ်မှုများနှင့် ပတ်သက်နေသည်ဟု ထိုင်းနိုင်ငံမြောက်ပိုင်း မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့က သံသယရှိသည်ဟု ထိုင်း သတင်းများက ဖေါ်ပြသည်။

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်စပ်တလျှောက်တွင် လှုပ်ရှားနေသော အကြမ်းဖက်သမားများက လက်နက်မှာယူမှု ဖြစ်မည်ကို ဘန်ကောက်မှ သံတမန်များကလည်း စိုးရိမ်နေကြသည်။

ထိုငွေကို ဖမ်းမိခြင်းသည် လက်နက်မှာထားသည့် လက္ခဏာဖြစ်ကြောင်း ကရင်ပြည်နယ်မှ လက်နက်ကိုင် ရင်းမြစ်များက ယူဆကြသည်။

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်စပ်တလျှောက်တွင် လှုပ်ရှားနေသော အကြမ်းဖက်သမားများက လက်နက်မှာယူမှု ဖြစ်မည်ကို ဘန်ကောက်မှ သံတမန်များကလည်း စိုးရိမ်နေကြသည်။

အများအားဖြင့် နယ်စပ်မှ တရားမဝင်လုပ်ငန်းများသည် ကိုဗစ်-၁၉ ဖြစ်ပွားမှုနှင့် ကန့်သတ်ချက်များအကြားမှပင် ဆက်လက်ထွန်းကားနေသည်။

မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြည်သူ့စစ်များသည် မက်သာဖက်တမင်း ထုတ်လုပ်မှုနှင့် ပတ်သက်နေပြီး ထိုမက်သာဖက်တမင်းများကို ထိုင်းနိုင်ငံသို့ အလုံးအရင်း တင်ပို့ နိုင်ဆဲဖြစ်သည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
809
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
7.1k
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
200

ထိုင်းနိုင်ငံတွင် အိုက်စ် ဆေးပြားများ တောင်ပုရာပုံ ဖမ်းမိပြီးဖြစ်ကြောင်း လွန်ခဲ့သော ထိုင်းနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေး ရုံးက ဇူလိုင်လတွင် ဖေါ်ပြခဲ့သည်။ ကိုဗစ်-၁၉ ကန့်သတ်ချက်များကို ဖြေလျှော့သည့် ကာလအတွင်း ကုန်သည်များသည် မူးယစ်ဆေးဝါ ဖြန့်ချိခြင်းကို ဆက်လက်လုပ်ဆောင်ကြပြီး တရားမဝင်ကုန်သွယ်ရေးသည် ထွန်းကားနေသည်။

ထိုင်းနှင့်မြန်မာသတင်းစာများ၏ မျက်နှာဖုံးများတွင် အကြီးအကျယ် လက်နက်တပ်ဆင်ထားသည့် လုံခြုံရေးတပ်ဖွဲ့များ ကင်းလှည့်နေသည့် ဓါတ်ပုံများနှင့် သတင်းခေါင်းစဉ်များ အကြီးအကျယ် ဖော်ပြနေသော်လည်း မူးယစ်ဆေး၊ လက်နက်၊ လောင်းကစား၊ လိင်နှင့် ဖျော်ဖြေရေး တို့သည် မြန်မာ-ထိုင်းနယ်စပ်တွင် ဆက်လက်ထွန်းကားနေဆဲပင်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Sex, Drugs, Guns and COVID-19: Amid Pandemic, Illicit Border Trades Flourish ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

NLD အစိုးရ ဒုတိယသက်တမ်းမှာ နိုင်ငံခြားရေးမူဝါဒ ဘယ်လိုပြောင်းလဲနိုင်သလဲ

ငတ်နေတော့ ပိုးကူးမှာလည်း မကြောက်တော့ပါဘူး

ဘုရင်နဲ့ ကျမ (သို့မဟုတ်) ထောင်နှုတ်ခမ်းနင်းပြီး ထိုင်းဘုရင်စနစ်ကို စိန်ခေါ်သောကျောင်းသူ

Your Thoughts …
Tags: ကိုဗစ်-၁၉ထိုင်း-မြန်မာ တရားမဝင် နယ်စပ်ကုန်သွယ်ရေးမူးယစ်ဆေးလက်နက်လိင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

by ဧရာဝတီ
4 May 2024
12.5k

လူကြီးပိုင်းတွေကို လိမ်တာများတယ်။ လူကြီးပိုင်းတွေက အသက်ကြီးလာတော့ ရင်းနှီးမြှုပ်နှံမှုကို ပိုစိတ်ဝင်စားတယ်။ အသက်ကြီးသွားတော့ အလုပ်တွေဘာတွေမရှိတော့ဘူးလေ။ ရင်းနှီးမြှုပ်နှံမှုကရတဲ့ အမြတ်နဲ့ ထိုင်စားဖို့ပဲ ရှိကြတော့ အဲဒီလိုမျိုး မြူဆွယ်တာပေါ့။

၂၀၁၉ ခုနှစ်က ထိုင်း-မြန်မာ နယ်စပ်တွင် ကျင်းပသော ကရင့်တော်လှန်ရေးနေ့ နှစ် ၇၀ ပြည့် အခမ်းအနား  / AFP

အမေရိကန် DEA ၏လုပ်ရပ် တိုင်းရင်းသားလက်နက်ကိုင်များကို သိက္ခာချခြင်းသာ ဖြစ်

by Bertil Lintner
9 May 2022
54.1k

DEA သည် မြန်မာနိုင်ငံတွင်းမှ မည်သူမျှ မကြားဖူးသည့် အပြောကောင်းသော ဂျပန် လူလိမ်တယောက်နှင့် ထိုင်း လူလိမ် သုံးဦးကို ဖမ်းမိခြင်းသာ ဖြစ်နိုင်သည်။

ကွတ်ခိုင်တွင် လက်နက်ဝယ်လာသော PDF များ ပြန်လွှတ်ပေးပြီးဟု TNLA ပြော

ကွတ်ခိုင်တွင် လက်နက်ဝယ်လာသော PDF များ ပြန်လွှတ်ပေးပြီးဟု TNLA ပြော

by ဧရာဝတီ
22 March 2025
5.3k

စစ်ကိုင်းတိုင်းအခြေစိုက် PDF တပ်ဖွဲ့ဝင်အချို့ ကွတ်ခိုင်မြို့သို့ လက်နက်လာရောက်ဝယ်ယူစဉ် ငွေပေးချေမှု အဆင်မပြေ ဖြစ်ရာ ရောင်းသူဘက်မှ TNLA ကြားဝင်ညှိနှိုင်းဖြေရှင်းပေးရန် အကူအညီတောင်းခံမှုကြောင့် ယင်း PDF အဖွဲ့ဝင်များအား မန်တုံမြို့နယ်၌ မတ်လ ၁၇ ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက်...

၂၀၂၅ ရွေးကောက်ပွဲ၌ ပါတီအချို့ လက်နက်ကိုင်၍ လုံခြုံရေးယူမည်

၂၀၂၅ ရွေးကောက်ပွဲ၌ ပါတီအချို့ လက်နက်ကိုင်၍ လုံခြုံရေးယူမည်

by ဧရာဝတီ
14 December 2024
4.4k

ရွေးကောက်ပွဲ လုံခြုံရေးအတွက် ပြည်သူ့စစ်မှုထမ်း အင်အား၁ သောင်းကိုလည်း အသုံးပြုသွားမည် ဖြစ်ကြောင်း၊ ထိုအထဲမှ စစ်သင်တန်းဆင်း ၇ ထောင်ကို ကျဉ်စက်နှင့် ရာဘာတုတ်ကဲ့သို့ လုံခြုံရေး လက်နက်များ ကိုင်ဆောင်ခိုင်းမည် ဖြစ်ပြီး ကျန် ၃ ထောင်အား...

မင်းအောင်လှိုင်သည် MAI လေယာဉ်များကို လက်နက်ဝယ်ယူသည့် ရုရှားအပါအဝင်  နိုင်ငံတကာခရီးစဉ်များအတွက် သုံးသည်။

MAI လေကြောင်းလိုင်း ငွေစာရင်းကို စင်္ကာပူ UOB ဘဏ်က ပိတ်သိမ်း

by ဧရာဝတီ
11 July 2023
7.4k

စင်္ကာပူမှ United Overseas Bank သည် မြန်မာစစ်ကောင်စီနှင့် ပတ်သက်နေသော Myanmar Airways International ၏ ငွေစာရင်းများကို သြဂုတ်လ ၁၅ ရက်နေ့တွင် ပိတ်သိမ်းတော့မည်။

ထိုင်း ဆေးခြောက်မူဝါဒ အပြောင်းအလဲ ဝေဖန်ခံနေရ

ထိုင်း ဆေးခြောက်မူဝါဒ အပြောင်းအလဲ ဝေဖန်ခံနေရ

by ဧရာဝတီ
11 May 2024
1.3k

ပါလီမန်တွင် ဆေးခြောက်ဥပဒေ ပြဋ္ဌာန်းရခြင်း မရှိသေးသောကြောင့် ဆေးခြောက်လွတ်လပ်ခွင့်မည်မျှရှိသည်ကို မေးခွန်းထုတ်စရာဖြစ်စေသည်။

Next Post
Final အထိ တက်လှမ်းသွားတဲ့ ပြိုင်ပွဲဝင် ၄ ဦး / The Voice Myanmar

The Voice Myanmar Season 3 ရဲ့ ဖိုင်နယ် ပြိုင်ပွဲဝင် ၄ ဦး ပေါ်ထွက်

ရခိုင်မြောက်ပိုင်းနှင့် ပလက်ဝတို့တွင် အင်တာနက်လိုင်းများတောင်းဆိုမှု  / Students Union- Sittway University

ရခိုင်မြောက်ပိုင်းနှင့် ပလက်ဝ 4G အင်တာနက်လိုင်း ပြန်ပွင့်တော့မလား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved