• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

Rating System ဖြစ်ဖို့ အလွှာပေါင်းစုံက လောကသားတွေရဲ့ ထောက်ခံမှု လိုအပ်

by ယုဖြူဟန်
16 December 2020
in Entertainment
A A
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနဲ့ သွားရောက် တွေ့ဆုံခဲ့တဲ့ WDOM အဖွဲ့

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနဲ့ သွားရောက် တွေ့ဆုံခဲ့တဲ့ WDOM အဖွဲ့

3.1k
VIEWS
Share on FacebookShare on Twitter

ရုပ်ရှင်ဥပဒေကို ပြင်ဆင်ကာ Rating System ပြုလုပ်ပေးဖို့အတွက် မြန်မာနိုင်ငံ ဝတ္ထု၊ ဇာတ်ညွှန်း ၊ ဒါရိုက်တာများအသင်း (Writers & Directors Organization of Myanmar) က ဦးဆောင် ပြုလုပ်လျက် ရှိပါတယ်။

ပြန်ကြားရေဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနဲ့လည်း သွားရောက် တွေ့ဆုံခဲ့ပြီး လက်ရှိ တည်ဆဲ ၁၉၉၆ ရုပ်ရှင်ဥပဒေ အတွင်းမှာပဲ အကောင်အထည် ဖော်နိုင်မယ့် နည်းလမ်းများကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့ မျှော်မှန်းထားတာထက် ပိုမိုခက်ခဲမယ့် ခရီးကို ကျနော်တို့ စရုံလေး စနိုင်ခဲ့ပါပြီ။ အခုမှ စပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနဲ့ ကျနော်တို့ WDOM အဖွဲ့ တွေ့ဆုံခဲ့ကြပါတယ်။ ကျနော်တို့ WDOM အနေနဲ့ စမ်းသပ် ကျင့်သုံးနိုင်ရန် အတွက် Rating System ရုပ်ရှင်အဆင့် သတ်မှတ်ရေး နမူနာပုံစံ (နောင်တွင် အားလုံး ပါဝင် ဆွေးနွေးနိုင်ရန် တင်ပြသွားပါမည်။)”

“ထို Rating System ရုပ်ရှင်အဆင့်သတ်မှတ်ရေး နမူနာပုံစံကို ပြန်ကြားရေးဝန်ကြီး အနေဖြင့် လက်ရှိတည်ဆဲ ၁၉၉၆ ရုပ်ရှင်ဥပဒေ အတွင်းမှာပင် ချက်ချင်း အကောင်အထည်ဖော်နိုင်မယ့် နည်းလမ်းများကိုလည်း အဓိကထား တင်ပြဆွေးနွေး ဖြစ်ခဲ့ပါတယ်” လို့ WDOM အဖွဲ့အစည်းက ပြောပါတယ်။

၁၉၉၆ ရုပ်ရှင်ဥပဒေပါ ပုဒ်မ ၃၇

၁၉၉၆ ရုပ်ရှင်ဥပဒေ ပုဒ်မ ၃၇ အရ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ Rating System ရုပ်ရှင်အဆင့်သတ်မှတ်ရေးအဖွဲ့ကို တရားဝင်ဖွဲ့စည်းပြီး ဒီဥပဒေပါ ပြဋ္ဌာန်းချက်အရ ရုပ်ရှင်ဆင်ဆာအဖွဲ့မှ ကြည့်ရှုစစ်ဆေးမည် ဆိုတဲ့ အချက်ကို ကင်းလွတ်ခွင့်ပြုတယ်ဆိုတဲ့ အမိန့်ကြေငြာစာကို ထုတ်ပြန်နိုင်တယ်လို့ သိရပါတယ်။

၁၉၉၆ ရုပ်ရှင်ဥပဒေပါ ပုဒ်မ ၄၁(က) နဲ့ ၄၁(ခ)

“ပြန်ကြားရေးဝန်ကြီးဌာနအနေနှင့် Rating System ကို အမြန်ဆုံး အကောင်အထည် ဖော်ပေးလို့ရတယ်ဆိုတာ ဒီအချက်က အထင်အရှား ဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၉၆ ရုပ်ရှင်ဥပဒေပါ ပုဒ်မ (၄၁-က)
“ပြန်ကြားရေးဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်တယ်။”

“ပုဒ်မ (၄၁-ခ) ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့ရုပ်ရှင်လုပ်ငန်း၊ ရုပ်ရှင်ဆင်ဆာ အဖွဲ့ သို့မဟုတ် အကဲဖြတ်အဖွဲ့သည် လိုအပ်သော အမိန့်၊ ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။” ဆိုတဲ့ အချက်များကလည်း Rating System ကို ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ခွင့်ပြုပေးနိုင်မယ့် အခြားနည်းလမ်းများလည်း ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်” လို့ ဆိုပါတယ်။

၂၀၁၅ ခုနှစ် ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ရုပ်ရှင်လောကသားများရဲ့ တောင်းဆိုမှုကြောင့် ဆင်ဆာမူဝါဒ ၁၀ ချက်နေရာမှာ ၄ ချက်ကို ပြန်ကြားရေးဝန်ကြီးရဲ့ နှုတ်မိန့်ဖြင့် လျှော့ချပေးခဲ့ပြီး လက်ရှိမှာ ၆ ချက်ပဲ ကျန်ရှိနေတယ်လို့ သိရပါတယ်။

“အများရဲ့ ထောက်ခံမှုနဲ့အတူ Rating System ကျင့်သုံး ဆောင်ရွက်မည့် လုပ်ငန်းစဉ်ကို ရေးဆွဲပြီး ပြန်ကြားရေးဝန်ကြီးဌာနကို ပြန်လည် တင်ပြပေးဖို့ ပြောလာပါတယ်။ ဒါကြောင့် ကျနော်တို့ကို ကူညီလက်စနဲ့ ကျနော်တို့ရဲ့ (Signature Movement) မှာ ထပ်ပြီး တရားဝင် ကူညီကြဖို့ အားလုံးကို တောင်းဆိုလိုပါတယ်။ ဒါမှလည်း ကျနော်တို့လို့ချင်တဲ့ Rating System ဟာ အားလုံးရဲ့ ထောက်ခံလက်မှတ်များနဲ့အတူ ပြန်ကြားရေးဝန်ကြီးထံကို တရားဝင် ရောက်ရှိသွားမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ဆက်လက်ပြီး “(ရှေ့ဆက်ရမယ့်လမ်း) ကျနော်တို့ မျှော်လင့်ထားတာထက် အများကြီး ပိုခက်ပါမယ်။ အားလုံးရဲ့ အားကိုးလိုပါတယ်။ ကျနော်တို့ ဒီမှာတင် ရပ်မသွားချင်ပါဘူး။ ရပ်သွားနိုင်တဲ့ အခြေအနေပါ။ မရရတဲ့လမ်းကို ရှာပြီး မရောက်ရောက်အောင် ကျနော်တို့ ဆက်သွားပါမယ်။ အများရဲ့ထောက်ခံမှုကို လိုပါတယ်” လို့ WDOM အဖွဲ့က ပြောထားပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထဲ ပေးပို့တဲ့အခါမှာ အလွှာစုံ လောကသားများရဲ့ ထောက်ခံကြောင်း အမည်နဲ့ လက်မှတ်များကို ရနိုင်သလောက် များများ စုဆောင်းတင်ပြပေးဖို့အတွက် ဝန်ကြီးက လိုလားလျက်ရှိတာကြောင့် ထောက်ခံ သဘောတူကြောင်း လက်မှတ်ထိုးစေချင်တယ်လို့ သိရပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
122
သဇင်ပန်း

သဇင်ပန်း

10 January 2026
133
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
310

“ဝန်ကြီးထံ ပြန်လည် ပေးပို့တဲ့အခါ အလွှာစုံ လောကသားတွေရဲ့ထောက်ခံကြောင်း အမည်နဲ့ လက်မှတ်တွေကို ရနိုင်သလောက်များများ စုဆောင်းတင်ပြပေးဖို့ ဝန်ကြီးက လိုလားလျက် ရှိပါတယ်။ သူ့အနေနဲ့ မြန်မြန်ပြောင်းလဲပေးနိုင်ဖို့ သက်ဆိုင်ရာ ဥပဒေပညာရှင်များရဲ့အကူအညီနဲ့ တရားဥပဒေနဲ့လည်း ညီညွတ်အောင် တာဝန်ခံ လုပ်ဆောင်ပေးရမှာဖြစ်တဲ့အတွက် ဝေဖန်ကန့်ကွက်မှု နည်းနိုင်သမျှ နည်းဖို့ လောကသားအများစုရဲ့ကျယ်ပြန့်တဲ့ ထောက်ခံမှုကို အင်အားအဖြစ် ရယူလိုတာလည်း ဖြစ်ပါတယ်”

“Rating System နမူနာပုံစံကို ဖတ်ရှုပြီး ဆွေးနွေးအကြံပြုကာ ကိုယ်တိုင်ပါဝင် ဆွေးနွေး ပြင်ဆင်နိုင်မှာဖြစ်ပြီး ထောက်ခံ သဘောတူကြောင်း လက်မှတ်ထိုးပေးကြစေချင်ပါတယ်” လို့ WDOM အဖွဲ့က ဆိုပါတယ်။

အဆိုပါ Rating System အသက်ဝင်စေဖို့ “ရုပ်ရှင်ဆင်ဆာ မလိုအပ်ပါ” ဆိုတဲ့ ကမ်ပိန်းကိုတော့ ဒီဇင်ဘာ ၁၁ ရက်နေ့က လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တွင်တွင်ကျယ်ကျယ် ပြုလုပ်လာကြတာဖြစ်ပြီး အနုပညာရှင်များစွာလည်း ပါဝင်ထားတာ တွေ့ရပါတယ်။

ဒီကမ်ပိန်းကိုတော့ မြန်မာနိုင်ငံ ဝတ္ထု၊ ဇာတ်ညွှန်း ၊ ဒါရိုက်တာများအသင်း “Writers & Directors Organization of Myanmar” က ဦးဆောင်ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

Your Thoughts …
Tags: Rating Systemဆင်ဆာစနစ်မြန်မာ့ရုပ်ရှင်
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

ဒါရိုက်တာ ညိုမင်းလွင် / ချစ်ပိုး / ဧရာဝတီ

“နေရာတကာမှာ ယဉ်ကျေးမှုဆိုတဲ့ ပေတံနဲ့ ထောက်လို့ မရဘူး”လို့ ဒါရိုက်တာ ညိုမင်းလွင် ပြော 

by ချစ်ပိုး
9 August 2019
6.9k

"နေရာတကာတိုင်းတော့ ယဉ်ကျေးမှုဆိုတဲ့ ပေတံနဲ့ သွားထောက်လို့ မရဘူး။ သူတို့က ပုံပဲ မြင်ကြသေးတာ။ အခုဇာတ်လမ်းထဲမှာ သူတို့က မြန်မာလူမျိုး မဟုတ်ဘူး။

၂၀၁၇ ခုနှစ် ပြည်သူ့ရင်ပြင်တွင် ကျင်းပခဲ့သည့် အကယ်ဒမီပေးပွဲ/VOA

၂၀၁၉ ခုနှစ် အကယ်ဒမီဆုရှင်များ လဲလှယ်ခံရ

by ဧရာဝတီ
26 April 2023
12.4k

အကယ်ဒမီ ဆုပေးပွဲအတွက် ရွေးချယ်ထားသော ဆုရသူများ အမည်စာရင်း ထည့်သွင်းထားသည့် ချိတ်ပိတ်ထားသော စာအိတ်များအား ဖွင့်ဖေါက်၍ အလဲအလှယ်ပြုလုပ်ခဲ့သည်။

သရုပ်ဆောင် ထွန်းထွန်းဝင်း / ဝေဝေနှင်း / ဧရာဝတီ

အရင်ခေတ်က ရုပ်ရှင် အမှတ်တရတွေအကြောင်း ပြောပြတဲ့ ထွန်းထွန်းဝင်း

by ချစ်ပိုး
14 June 2020
37.6k

“ကျနော်တို့က အဖြူအမည်း ခေတ်ကတည်းက ရုပ်ရှင် ရိုက်ခဲ့ရတာဆိုတော့ ရုပ်ရှင်ပဲ ပေါ်ခဲ့တာ ကာလာတောင် မပေါ် သေးဘူး။

အကယ်ဒမီ အေးမြတ်သူ / Aye Myat Thu's Facebook

“အကယ်ဒမီ မင်းသမီးလို့ ပြောတာနဲ့ ကံကောင်းတယ်လို့ ခံစားရတယ်”

by ချစ်ပိုး
20 January 2021
4.5k

အကယ်ဒမီ သရုပ်ဆောင်ဆိုတာ ဘာနဲ့မှ လဲလို့ မရတဲ့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမှု ဖြစ်နေတာ။ ပြောတိုင်း ကြည်နူးရတယ်”လို့ အေးမြတ်သူက ပြောပါတယ်။

၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီဆု ရရှိသူများ  / အောင်ကျော်ထက် / ဧရာဝတီ

ပရိသတ်တွေရဲ့ ထင်ကြေးပေးမှုများနဲ့ လွဲချော်ခဲ့တဲ့ အကယ်ဒမီ ည

by သီဟတိုး
24 March 2019
20.5k

ပရိသတ်တွေ သဘောကျ နှစ်ခြိုက်ခဲ့ကြတဲ့ "ဥပါယ်တံမျဉ်"၊ "မုဒြာရဲ့ခေါ်သံ"၊ "မီ"၊ "ဒုဋ္ဌဝတီကို လွန်၍"စတဲ့ ရုပ်ရှင်များကတော့ အကယ်ဒမီဆုများ တဆုမှ မရရှိခဲ့ဘဲ လွဲချော်ခဲ့ပါတယ်။

ဒါရိုက်တာ ရီဇော်နဲ့ သရုပ်ဆောင် ရဲတိုက်  / Satori Facebook Page)

“ရုပ်ရှင်ဆင်ဆာစနစ်ဟာ အာဏာရှင်စနစ်ရဲ့ အကြွင်းအကျန်ပါ”

by ယုဖြူဟန်
10 December 2020
6.7k

ကိုဗစ်ကာလကို ကျော်လွန်တဲ့အခါမှာ လက်ရှိ ဆင်ဆာစနစ်နဲ့ဆိုရင် နာလန်ပြန်ထူနိုင်ဖို့ မလွယ်ကူဘဲ လွတ်လပ်တဲ့ ဖန်တီးမှုများနဲ့ဆိုရင် ပရိသတ်ရဲ့စိတ်ဝင်စားမှုလည်း ရရှိနိုင်တယ်လို့ ဆိုပါတယ်။

Next Post
မြန်မာသံ တေးသံရှင် မေသက်ထားဆွေ  / May Thethar Swe's Facebook

“အနားနားမှာ” သီချင်းနဲ့ Shwe FM ဆု ရရှိခဲ့တဲ့ မေသက်ထားဆွေ

--

ချောင်းသာမြေအငြင်းပွားမှု ရှင်းလင်းပွဲလုပ်သူများ သဘာဝဘေး ဥပဒေဖြင့် တရားစွဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

18 hours ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved