• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ပရိသတ်တွေရဲ့ ထင်ကြေးပေးမှုများနဲ့ လွဲချော်ခဲ့တဲ့ အကယ်ဒမီ ည

by သီဟတိုး
24 March 2019
in Entertainment
A A
၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီဆု ရရှိသူများ  / အောင်ကျော်ထက် / ဧရာဝတီ

၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီဆု ရရှိသူများ / အောင်ကျော်ထက် / ဧရာဝတီ

20.5k
VIEWS
Share on FacebookShare on Twitter

၂၀၁၈ ခုနှစ်အတွက် ပေးအပ်ချီးမြှင့်တဲ့ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီပေးပွဲကြီးကတော့ မတ်လ ၂၃ ရက်နေ့ ညက ရန်ကုန်မြို့၊ The One Entertainment Park မှာ ကျင်းပ ပြီးစီးခဲ့ပါတယ်။ အကယ်ဒမီ ဆုပေးပွဲကြီးဟာ နှစ်စဉ်ဖြစ်နေကျ ထုံးစံအတိုင်း ပရိသတ်တွေ ထင်ကြေးပေးထားတဲ့ အနုပညာရှင်များ အကယ်ဒမီဆုများနဲ့ လွဲချော်ခဲ့တဲ့အတွက် ပွဲပြီးတဲ့အခါ ဝေဖန်မှုများစွာ ရှိနေပါတယ်။

အကယ်ဒမီ မတိုင်ခင်က ဆန်ခါတင်စာရင်းမှာ တစ်ပြေးခဲ့တဲ့ အနုပညာရှင်များနဲ့ တကယ်တမ်း ဆုကြေညာတဲ့အခါ ရရှိခဲ့တဲ့ အနုပညာရှင်များ လွဲချော်ခဲ့တာ တွေ့ရပါတယ်။ ယခုနှစ် အကယ်ဒမီဆုပေးပွဲ အခမ်းအနားမှာလည်း ယခင်နှစ်အတိုင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ကာ အမှာစကား ပြောကြားခဲ့ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
124
သဇင်ပန်း

သဇင်ပန်း

10 January 2026
134
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားစဉ် (ဓာတ်ပုံ – အောင်ကျော်ထက်/ဧရာဝတီ)

ဒေါ်အောင်ဆန်းစုကြည်က ရုပ်ရှင်လောကသားများကို လက်ရှိ ရောက်နေတဲ့နေရာမှာ တိမ်းတိမ် မနေဘဲ နိုင်ငံတကာ အထိရောက်အောင် ကြိုးစားဖို့လိုကြောင်း၊ နိုင်ငံ့ ယဉ်ကျေးမှု၊ သမိုင်းတို့ကို ကမ္ဘာကို ချပြနိုင်အောင်၊ တမူထူးခြားအောင် ရိုက်ပြသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မှ ဒေါ်မြင့်မြင့်ခင်အား “ရုပ်ရှင် တသက်တာဆု” ပေးအပ် ချီးမြှင့်စဉ် (ဓာတ်ပုံ – အောင်ကျော်ထက်/ဧရာဝတီ)

၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးမှာ “ရုပ်ရှင် တသက်တာ ထူးချွန်ဆု”ကို ပထမဆုံး ပေးအပ် ကြေညာခဲ့ရာ အသက် ၈၅ နှစ်အရွယ်၊ ၅ ထပ်ကွမ်း အကယ်ဒမီဆုရှင် စည်သူ ဒေါ်မြင့်မြင့်ခင်က ရရှိခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆုပေးအပ် ချီးမြှင့်ခဲ့ပါတယ်။

အခုလိုမျိုး “ရုပ်ရှင် တသက်တာ ထူးချွန်ဆု”ရတဲ့အတွက် “နောင်လာနောက်သားတွေလည်း ကျမလိုမျိုး အသက်ရှည်ရှည်နဲ့ ဒီလို တသက်သာ ထူးချွန်ဆုကို ရရှိနိုင်ကြပါစေ”လို့ အကယ်ဒမီ ၅ ဆုရှင် စည်သူ ဒေါ်မြင့်မြင့်ခင်က ကျေးဇူးတင်စကားမှာ ပြောကြားခဲ့ပါတယ်။

“အကောင်းဆုံး ဓာတ်ပုံဆု” ရရှိခဲ့တဲ့ ဝင်းလွင်ထက် (ဓာတ်ပုံ – အောင်ကျော်ထက်/ဧရာဝတီ)

အဲဒီနောက် “အကောင်းဆုံး ရုပ်ရှင် အသံဆု”ကို ကြေညာခဲ့ရာ “မုန်းစွဲ”ရုပ်ရှင်နဲ့ ကိုအေးက ရရှိခဲ့ပါတယ်။ အကောင်းဆုံး ရုပ်ရှင် တည်းဖြတ်ဆုကို “ရွှေကြာ”ရုပ်ရှင်နဲ့ ကျော်ခိုင်စိုး၊ အကောင်းဆုံး ရုပ်ရှင် ဓာတ်ပုံဆုကို “မုန်းစွဲ”ရုပ်ရှင်နဲ့ ဝင်းလွင်ထက်တို့ ရရှိခဲ့ပါတယ်။

ဆက်လက်ပြီး “အကောင်းဆုံး နောက်ခံတေးဂီတဆု”ကို ကြေညာခဲ့ရာ “မျက်နှာပြင်များ” (Dimensions) ရုပ်ရှင်နဲ့ ရှလုံးအမ်ရောနမ်က ရရှိခဲ့ပါတယ်။ “မျက်နှာပြင်များ” (Dimensions) ရုပ်ရှင်ဟာ လူငယ် ဒါရိုက်တာ ဉာဏ်ထင် ရိုက်ကူးထားပြီး မျက်နှာသစ် လူငယ်သရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ဆုရရှိခဲ့တဲ့ ရှလုံးအမ်ရောနမ်ကတော့ ကချင်တိုင်းရင်းသားတဦး ဖြစ်ပါတယ်။

အခုလိုမျိုး တခါမှ အကယ်ဒမီဆု မရရှိဖူးထားသေးတဲ့ မျက်နှာသစ် လူငယ် အနုပညာရှင်၊ အတတ်ပညာရှင်များကို ဆုပေးအပ်ခဲ့တဲ့အတွက်လည်း ပရိသတ်များက အံ့သြ ဝမ်းသာ ချီးကျူး ခဲ့ကြပါတယ်။

“အကောင်းဆုံး ဇာတ်ညွှန်းဆု” ရရှိခဲ့တဲ့ ဒါရိုက်တာဝိုင်း (ဓာတ်ပုံ – အောင်ကျော်ထက်/ဧရာဝတီ)

“အကောင်းဆုံး ဇာတ်ညွှန်းဆု”ကို “ရွှေကြာ”ရုပ်ရှင်နဲ့ ဒါရိုက်တာဝိုင်း ရရှိခဲ့ပါတယ်။ “ကျနော့် အသက် ၂၃၊ ၂၄ နှစ် ဘိန်းစား ဘဝကတည်းကနေ ချော့တခါ ခြောက်တလှည့်နဲ့ ဇာတ်ညွှန်းပညာကို သင်ကြားပေးခဲ့တဲ့ ဆရာ ညီညီထွန်းလွင်ကို ကျေးဇူးတင်ပါတယ်”လို့ အကယ်ဒမီ ၄ ထပ်ကွမ်းဆုရှင် ဒါရိုက်တာ ဝိုင်းက ပြောပါတယ်။

“အကောင်းဆုံး ဒါရိုက်တာဆု” ရရှိခဲ့တဲ့ ဒါရိုက်တာ သြရသ (ဓာတ်ပုံ – အောင်ကျော်ထက်/ဧရာဝတီ)

အဲဒီနောက် “အကောင်းဆုံး ဒါရိုက်တာဆု”ကို ကြေညာခဲ့ရာ ပရိသတ်များ ခန့်မှန်းထားတဲ့ “မုန်းစွဲ”ရုပ်ရှင်နဲ့ ဒါရိုက်တာ သြရသက ရရှိခဲ့ပါတယ်။ အဆိုပါ “မုန်းစွဲ”ရုပ်ရှင်ဟာ ဆရာတော် အရှင်ဆန္ဒာဓိက ရေးသားတဲ့ “အသေလှတဲ့သူ” ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရုပ်ရှင်အဖြစ် ဒါရိုက်တာ သြရသက ပုံဖော် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

“အကောင်းဆုံး ရုပ်ရှင်ဆု”ကို “ရွှေကြာ”ရုပ်ရှင်နဲ့ ငွေသော်တာ ရုပ်ရှင်ထုတ်လုပ်ရေးမှ ရရှိခဲ့ပါတယ်။ “ရွှေကြာ”ရုပ်ရှင်ကို ဒါရိုက်တာ ဝိုင်း ဇာတ်ညွှန်းရေးသား ရိုက်ကူးပြီး အကောင်းဆုံး ဇာတ်ညွှန်းဆုကိုလည်း “ရွှေကြာ”ရုပ်ရှင်နဲ့ပဲ ဒါရိုက်တာ ဝိုင်းက ရရှိထားပါတယ်။

“အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု” ရရှိခဲ့တဲ့ ကျော်ကျော်ဗို (ဓာတ်ပုံ – အောင်ကျော်ထက်/ဧရာဝတီ)

ဆက်လက်ပြီး “အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု”ကို ကြေညာရာ အကယ်ဒမီ မတိုင်ခင် တစ်ပြေးနေတဲ့ မင်းသား၊ ပရိသတ်များ ခန့်မှန်းထားတဲ့အတိုင်းပဲ “မုန်းစွဲ”ရုပ်ရှင်နဲ့ ကျော်ကျော်ဗိုက ရရှိခဲ့ပါတယ်။ အဆိုပါ “မုန်းစွဲ”ရုပ်ရှင်ဟာ အသံဆု၊ ဓာတ်ပုံဆုနဲ့ ဒါရိုက်တာဆုတို့ ရရှိထားပြီး ဇာတ်ပို့ဆုဟာ ၄ ဆုမြောက် ဖြစ်ပါတယ်။

“အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု” ရရှိခဲ့တဲ့ အေးမြတ်သူ (ဓာတ်ပုံ – အောင်ကျော်ထက်/ဧရာဝတီ)

“အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု”ကို ကြေညာရာ ပရိသတ်လုံးဝ ထင်မှတ်ထားတဲ့ “နောင်တွင် ဥဒါန်း တည်စေတည်း”ရုပ်ရှင်ကားနဲ့ အေးမြတ်သူက ရရှိခဲ့ပါတယ်။ ဒီဆုဟာ အေးမြတ်သူရဲ့ ပထမဆုံး အကယ်ဒမီဆုဖြစ်ပြီး အေးမြတ်သူမှ ကျေးဇူးတင်စကားကိုလည်း မိနစ် အချိန်အတော်ကြာ ပြောကြားခဲ့ပါတယ်။ အေးမြတ်သူ ကိုယ်တိုင်လည်း ဒီဆုရမယ်လို့ ထင်မှတ်မထားတဲ့ အတွက် ရင်ခုန်စိတ်လှုပ်ရှားနေပုံပါပဲ။

ပရိသတ် အချို့ကတော့ အေးမြတ်သူဟာ ဒီဇာတ်ကားမှာ ဇာတ်ပို့ မင်းသမီး မဟုတ်ပါဘဲ ဘာကြောင့် ဇာတ်ပို့ဆု ပေးရသလဲဆိုပြီး ဝေဖန်မှုများ ရှိနေပါတယ်။ အကယ်ဒမီပွဲ မတိုင်ခင်ကတော့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို “မုန်းစွဲ” ရုပ်ရှင်နဲ့ မအေးသောင်းလို့ ပရိသတ်တွေက ထင်ကြေးပေး ခန့်မှန်းခဲ့ကြပေမယ့် ပရိသတ်တွေရဲ့ ခန့်မှန်းချက်နဲ့ လွဲချော်ခဲ့ပါတယ်။

“အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု” ရရှိခဲ့တဲ့ ဖွေးဖွေး (ဓာတ်ပုံ – အောင်ကျော်ထက်/ဧရာဝတီ)

“အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု”ကို ကြေညာရာမှာတော့ “ရွှေကြာ”ရုပ်ရှင်နဲ့ ဖွေးဖွေးက ရရှိခဲ့ပါတယ်။ “ရွှေကြာ”ရုပ်ရှင်ဟာ တည်းဖြတ်ဆု၊ ဇာတ်ညွှန်းဆု၊ ရုပ်ရှင်ဆုတို့ ရရှိထားပြီး ယခုအခါ “အမျိုးသမီး ဇာတ်ဆောင်ဆု”ကိုပါ ထပ်မံ ရရှိတာ ဖြစ်ပါတယ်။

“ရွှေကြာ”ရုပ်ရှင်မှာ ဖွေးဖွေးက ပြည့်တန်ဆာ မိန်းကလေးတဦးအဖြစ် သရုပ်ဆောင်ထားပြီး ဒီဆုဟာ ဖွေးဖွေး အတွက် ၃ ဆုမြောက် အကယ်ဒမီဆုပဲ ဖြစ်ပါတယ်။ ဖွေးဖွေးကို ပရိသတ်များက “ရွှေကြာ”နဲ့ မဟုတ်ဘဲ “မုန်းစွဲ”ရုပ်ရှင်နဲ့ အကယ်ဒမီ ခန့်မှန်း ပေးခဲ့ကြပါတယ်။ ဖွေးဖွေးဟာ အကယ်ဒမီ မတိုင်ခင်က ကားအက်ဆီးဒင့် ဖြစ်ခဲ့အတွက် အကယ်ဒမီပွဲကိုလည်း လက်မှာ ပတ်တီးဝတ်ဆင်ကာ တက်ရောက်လာတာ တွေ့ရပါတယ်။

“အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု” ရရှိခဲ့တဲ့ သူထူးစံ (ဓာတ်ပုံ – အောင်ကျော်ထက်/ဧရာဝတီ)

နောက်ဆုံးဆု အနေနဲ့ “အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု”ကို ကြေညာခဲ့ရာ ပရိသတ် လုံးဝ ထင်မှတ်မထားတဲ့ “မှော်ဝင်သမန်းကျား”ရုပ်ရှင်နဲ့ သူထူးစံက ရရှိခဲ့ပါတယ်။ “မှော်ဝင်သမန်းကျား”ရုပ်ရှင်ကို အကယ်ဒမီ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ရိုက်ကူးပြီး သူထူးစံနဲ့အတူ ခွန်းဆင့်နေခြည် ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီဆုဟာ သူထူးစံအတွက် ပထမဆုံး အကယ်ဒမီဆု ဖြစ်ပါတယ်။

သူထူးစံဟာ အကယ်ဒမီပွဲ မတိုင်ခင် ပရိသတ်များရဲ့ အကယ်ဒမီ ထင်ကြေးပေးမှုများထဲမှာ တွေ့ရနည်းတဲ့ သရုပ်ဆောင် မင်းသား တလက်ပါ။ အခုလိုမျိုး ပရိသတ်များရဲ့ ထင်ကြေးနဲ့ မတူညီတဲ့အတွက် ပရိသတ်များက အံ့သြနေကြသလို “မုန်းစွဲ”ရုပ်ရှင်နဲ့ “အမျိုးသား ဇာတ်ဆောင်ဆု”ရမယ်လို့ ပရိသတ်များ ခန့်မှန်းပေးခဲ့ကြတဲ့ မင်းသား နေတိုးအတွက်လည်း စိတ်မကောင်း ဖြစ်နေကြပါတယ်။

ဒီနှစ် အကယ်ဒမီ ပေးပွဲကတော့ ပရိသတ်များရဲ့ ထင်ကြေးပေးမှုများနဲ့ အများဆုံး လွဲချော်ခဲ့ရတဲ့ နှစ်လို့လည်း ဆိုနိုင်ပါတယ်။ ဒါ့အပြင် အကယ်ဒမီပွဲ ကျင်းပနေစဉ် အချိန်အတွင်းမှာလည်း ဆုရရှိသူများ စာရင်းဆိုပြီး အွန်လိုင်းမှာ ပေါက်ကြားမှုများ ရှိခဲ့ပါတယ်။ ဒီစာရင်းဟာ တကယ်လား၊ အတည်လားလို့ ဘယ်သူမှ သေချာ တပ်အပ် မပြောနိုင်ပေမယ့် ဒီဆုစာရင်းမှာ ပါဝင်သူများ ကွက်တိ ဆုရခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွင်းမှာ ပြသခဲ့တဲ့ ရုပ်ရှင်တွေထဲမှာ ပရိသတ်တွေ သဘောကျ နှစ်ခြိုက်ခဲ့ကြတဲ့ “ဥပါယ်တံမျဉ်”၊ “မုဒြာရဲ့ခေါ်သံ”၊ “မီ”၊ “ဒုဋ္ဌဝတီကို လွန်၍”စတဲ့ ရုပ်ရှင်များကတော့ အကယ်ဒမီဆုများ တဆုမှ မရရှိခဲ့ဘဲ လွဲချော်ခဲ့ပါတယ်။

အကယ်ဒမီပွဲနဲ့ လွဲချော်ခဲ့ရတဲ့ ဒါရိုက်တာ ဏကြီးနဲ့ ဇနီး ပိုင်ဖြိုးသု (ဓာတ်ပုံ – အောင်ကျော်ထက်/ဧရာဝတီ)

အကယ်ဒမီ ဆန်ခါတင် စာရင်းဝင်ခဲ့တဲ့ “မီ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ရိုက်ကူးသူ ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ဇနီးဖြစ်သူ ပိုင်ဖြိုးသုတို့ဟာလည်း အကယ်ဒမီနဲ့ လွဲချော်ခဲ့ရပါတယ်။

ထို့အတူပဲ အကယ်ဒမီ ဆန်ခါတင် စာရင်းဝင်ခဲ့တဲ့ “ဥပါယ်တံမျဉ်”နဲ့ “မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ဇာတ်ကားများကို ဖန်တီး ရိုက်ကူးခဲ့ကြတဲ့ ခီမောင်နှံတို့ နှစ်ဦးလည်း အကယ်ဒမီနဲ့ လွဲချော်ခဲ့ရပါတယ်။ ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးထားတဲ့ “မုဒြာရဲ့ခေါ်သံ”ရုပ်ရှင်ဇာတ်ကားဟာ နိုင်ငံတကာမှာ ဆုတံဆိပ်ပေါင်းများစွာ ရရှိထားပြီး ခီမောင်နှံဘက်က ပရိသတ်များက ရပ်တည်ကြောင်း ပြောဆိုနေကြပါတယ်။

ဧရာဝတီ သတင်းဌာနမှ အကယ်ဒမီနဲ့ ပတ်သက်ပြီး ပရိသတ်များရဲ့ ဆန္ဒနဲ့ ထပ်တူ ကျမကျ၊ အကယ်ဒမီအပေါ် ကျေနပ်မှု ရှိမရှိ၊ Poll လုပ်မေးမြန်းခဲ့ရာ ၉၄ ရာခိုင်နှုန်းသော ပရိသတ်များက အကယ်ဒမီနဲ့ ထပ်တူ မကျကြောင်း Vote များ ပေးထားတာ တွေ့ရပါတယ်။

၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲ ဆုရရှိသူများ စာရင်း

(၁) တသက်တာ ရုပ်ရှင် ထူးချွန်ဆု – စည်သူ ဒေါ်မြင့်မြင့်ခင်

(၂) အသံဆု – ကိုအေး (မုန်းစွဲ ရုပ်ရှင်)

(၃) တည်းဖြတ်ဆု – ကျော်ခိုင်စိုး (ရွှေကြာ)

(၄) ဓာတ်ပုံဆု – ဝင်းလွင်ထက် (မုန်းစွဲ)

(၅) နောက်ခံ တေးဂီတဆု – ရှလုံးအမ်ရောနမ် (မျက်နှာပြင်များ – Dimensions)

(၆) ဇာတ်ညွှန်းဆု – ဒါရိုက်တာ ဝိုင်း (ရွှေကြာ)

(၇) ဒါရိုက်တာဆု – ဒါရိုက်တာ သြရသ (မုန်းစွဲ)

(၈) ရုပ်ရှင်ဆု – ရွှေကြာ (ငွေသော်တာ ရုပ်ရှင်ထုတ်လုပ်ရေး)

(၉) အမျိုးသား ဇာတ်ပို့ဆု – ကျော်ကျော်ဗို (မုန်းစွဲ)

(၁၀) အမျိုးသမီး ဇာတ်ပို့ဆု – အေးမြတ်သူ (နောင်တွင်ဥဒါန်း တည်စေသတည်း)

(၁၁) အမျိုးသမီး ဇာတ်ဆောင်ဆု – ဖွေးဖွေး (ရွှေကြာ)

(၁၂) အမျိုးသား ဇာတ်ဆောင်ဆု – သူထူးစံ (မှော်ဝင်သမန်းကျား)

Your Thoughts …
Tags: မြန်မာ့ရုပ်ရှင်အကယ်ဒမီအကယ်ဒမီဆု
သီဟတိုး

သီဟတိုး

ဧရာဝတီ

Similar Picks:

အမေရိကန်ဒေါ်လာနှင့် ရွှေဈေးမြင့် ဖမ်းဆီးမှုများရှိ

အမေရိကန်ဒေါ်လာနှင့် ရွှေဈေးမြင့် ဖမ်းဆီးမှုများရှိ

by ဧရာဝတီ
21 February 2024
3.9k

စစ်မှုမထမ်းလိုသည့် မြန်မာလူငယ်များမှာ ထိုင်းနိုင်ငံသို့ နီးစပ်ရာ နယ်စပ်ထွက်ပေါက်များမှ တရားမဝင် နယ်စပ်ဖြတ်ကျော် ထွက်ခွာနေကြသလို တရားဝင်လမ်းကြောင်းမှလာရန် ရန်ကုန်ရှိ ထိုင်းသံရုံး၌ ဗီဇာတန်းစီသူ နေ့စဉ်ထောင်နှင့်ချီ၍ ရှိနေကြောင်း

ဒါရိုက်တာ ညိုမင်းလွင် / ချစ်ပိုး / ဧရာဝတီ

“နေရာတကာမှာ ယဉ်ကျေးမှုဆိုတဲ့ ပေတံနဲ့ ထောက်လို့ မရဘူး”လို့ ဒါရိုက်တာ ညိုမင်းလွင် ပြော 

by ချစ်ပိုး
9 August 2019
6.9k

"နေရာတကာတိုင်းတော့ ယဉ်ကျေးမှုဆိုတဲ့ ပေတံနဲ့ သွားထောက်လို့ မရဘူး။ သူတို့က ပုံပဲ မြင်ကြသေးတာ။ အခုဇာတ်လမ်းထဲမှာ သူတို့က မြန်မာလူမျိုး မဟုတ်ဘူး။

၂၀၁၇ ခုနှစ် ပြည်သူ့ရင်ပြင်တွင် ကျင်းပခဲ့သည့် အကယ်ဒမီပေးပွဲ/VOA

၂၀၁၉ ခုနှစ် အကယ်ဒမီဆုရှင်များ လဲလှယ်ခံရ

by ဧရာဝတီ
26 April 2023
12.4k

အကယ်ဒမီ ဆုပေးပွဲအတွက် ရွေးချယ်ထားသော ဆုရသူများ အမည်စာရင်း ထည့်သွင်းထားသည့် ချိတ်ပိတ်ထားသော စာအိတ်များအား ဖွင့်ဖေါက်၍ အလဲအလှယ်ပြုလုပ်ခဲ့သည်။

အိန္ဒြာကျော်ဇင်သည် ရုပ်အဆင်းရူပကာ လှပတင့်တယ်ရုံမျှမက အနုပညာ အရည်အသွေးလည်း ပြည့်ဝသူ ဖြစ်သည် / ဧရာဝတီ

ပြည်သူချစ်သော အကျဉ်းစံ မင်းသမီး အိန္ဒြာကျော်ဇင်

by ဧရာဝတီ
30 January 2022
5.5k

အိန္ဒြာကျော်ဇင်သည် ခင်ပွန်းဖြစ်သူ ပြေတီဦးနှင့်အတူ ပြီးခဲ့သည့်နှစ် ဧပြီလ ၉ ရက်နေ့က စစ်ကောင်စီ၏ မတရား ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။

လူမျိုးရေး များနေတဲ့ အကယ်ဒမီ ၃ ဆုရှင် အုတ်ကြားမြက်ပေါက်

လူမျိုးရေး များနေတဲ့ အကယ်ဒမီ ၃ ဆုရှင် အုတ်ကြားမြက်ပေါက်

by စိုင်းလတ်
21 March 2017
13.7k

အုတ်ကြားမြက်ပေါက်ရုပ်ရှင်မှာ မြန်မာအမျိုးသမီးတွေကို ကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကောင်းရှိပေမယ့် လူမျိုးရေးကို ရှေ့တန်းတင်တယ်။

“အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု”ရခဲ့တဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင် / မျိုးမင်းစိုး / ဧရာဝတီ

၁၃ နှစ် အကြာမှာ ဒုတိယမြောက် အကယ်ဒမီဆု ရရှိခဲ့တဲ့ အိန္ဒြာကျော်ဇင်

by ယုဖြူဟန်
24 March 2018
7.9k

“ရင်ဘတ်ထဲကဓား” ရုပ်ရှင် ဇာတ်ကားကတော့ စာရေးဆရာမ လမင်းမိုမိုရဲ့ “အမှောင်ထဲမှာ” ဆိုတဲ့ ဝတ္ထုကို ဒါရိုက်တာဝိုင်းက ပြန်လည် ပုံဖော်ရိုက်ပြီး အဆိုပါဇာတ်ကားနဲ့ပဲ ဒါရိုက်တာဝိုင်းက ဒီနှစ်မှာ ဇာတ်ညွှန်းဆု အကယ်ဒမီ ရရှိခဲ့ပါတယ်။

Next Post
မန္တလေးကို လာရောက် လည်ပတ်တဲ့ တရုတ် ခရီးသွား တချို့  /  ဇော်ဇော် / ဧရာဝတီ

ဇီးရိုး ဘတ်ဂျက် တရုတ် ခရီးသွားတွေကို ကြပ်မတ်ဖို့ လိုနေပြီလား

ရွာကြိုက်

ရွာကြိုက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved