• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“နေရာတကာမှာ ယဉ်ကျေးမှုဆိုတဲ့ ပေတံနဲ့ ထောက်လို့ မရဘူး”လို့ ဒါရိုက်တာ ညိုမင်းလွင် ပြော 

by ချစ်ပိုး
9 August 2019
in Entertainment
A A
ဒါရိုက်တာ ညိုမင်းလွင် / ချစ်ပိုး / ဧရာဝတီ

ဒါရိုက်တာ ညိုမင်းလွင် / ချစ်ပိုး / ဧရာဝတီ

6.9k
VIEWS
Share on FacebookShare on Twitter

ဒါရိုက်တာ ညိုမင်းလွင်က သူ ရိုက်ကူးတဲ့ “The Spa” ရုပ်ရှင်နဲ့ ပတ်သက်ပြီး ဒီဇာတ်ကားမှာ အဝတ်ဗလာနဲ့ ဇာတ်ဝင်ခန်း ပါရှိတဲ့အပေါ် နေရာတကာမှာ ယဉ်ကျေးမှုဆိုတဲ့ ပေတံနဲ့ ထောက်လို့ မရဘူးလို့ ပြောပါတယ်။

“The Spa ဇာတ်ကားအတွက် သရုပ်ဆောင်တွေကို ဘယ်လို စည်းရုံးလဲဆို ဒါက ကျနော် တဏှာရူးနေတာ မဟုတ်ဘူးလေ။ အလုပ်လုပ်ကြတာပဲ။ အလုပ်အရ ဇာတ်ဝင်ခန်းမှာ ချွတ်ဖို့လိုရင် ချွတ်ရမှာပဲပေါ့။ အဲ့မှာ ရိုက်ကတည်းကိုက မီးထိုးစရာရှိတာ မီးထိုးပြီးရင် အပြင်ထွက်၊ အခန်းထဲမှာ ဒါရိုက်တာနဲ့ DOP ပဲ ရှိရမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ ရိုက်ကြတာ။ ယဉ်ကျေးမှု မရှိဘူးလို့ ဝေဖန်ထောက်ပြတဲ့ သူတွေကလည်း ရှိမှာပဲ။ ဒါကို မငြင်းပါဘူး”

“နေရာတကာတိုင်းတော့ ယဉ်ကျေးမှုဆိုတဲ့ ပေတံနဲ့ သွားထောက်လို့ မရဘူး။ သူတို့က ပုံပဲ မြင်ကြသေးတာ။ အခုဇာတ်လမ်းထဲမှာ သူတို့က မြန်မာလူမျိုး မဟုတ်ဘူး။ မြန်မာလူမျိုး အနေနဲ့ သရုပ်ဆောင်ထားတာ မဟုတ်တော့ မြန်မာ့ယဉ်ကျေးမှုဆိုတဲ့ စံနဲ့ သွားထောက်လို့တော့ မရဘူး။ Spa သွားရင် ကျောချမ်းလာအောင် ရိုက်ထားတာ”လို့ ဒါရိုက်တာ ညိုမင်းလွင်က ပြောပါတယ်။

ဆက်လက်ပြီး ဒါရိုက်တာ ညိုမင်းလွင်က ဒီဇာတ်ကားမှာ Sex အသားပေးတဲ့ ဇာတ်ဝင်ခန်း နှစ်ခုလောက် ပါတယ်လို့လည်း ဆိုပါတယ်။

“The Spa” ရုပ်ရှင်မှာ ပါဝင်တဲ့ သရုပ်ဆောင် ဆုမြတ်နိုးဦး (ဓာတ်ပုံ – Nyo Min Lwin’s Facebook)

“The Spa က လွန်ခဲ့တဲ့ တနှစ်ကတည်းက ဆင်ဆာ တင်ထားတာ။ ဇာတ်သိမ်းခန်းကို ဆင်ဆာဖြတ်တယ်။ Sex အသားပေးတဲ့ ဇာတ်ဝင်ခန်း နှစ်ခုလောက် ပါတယ်။ လိုအပ်လို့ ပြထားတာ။ ဒါပေမဲ့ အဲ့ဒါကို ဖြတ်ထားတယ်။ အများကြီး မဖြတ်ချင်လို့ ပေတေပြီး စောင့်နေခဲ့တာ။ နောက်ဆုံးတော့ ရပြီပေါ့။ ရုံတင်ဖို့ကတော့ Lucky Boss က ကိုသိန်းဇော် ပိုသိပါလိမ့်မယ်။ အရမ်းကြမ်းတဲ့ ပုံတွေ ရှိသေးတယ်။ ရုံတင်ခါနီးမှပဲ တင်တော့မယ်”လို့ ညိုမင်းလွင်က ပြောပါတယ်။

လက်ရှိ မြန်မာ့ရုပ်ရှင်လောကရဲ့ အနေအထားနဲ့ ပရိသတ်တွေရဲ့ အားပေးမှု အပေါ်ကိုလည်း ညိုမင်းလွင်ကအခုလိုပဲ ပြောပါတယ်။

“ကျနော်တို့ မြန်မာ့ရုပ်ရှင် လက်ရှိအနေအထားက ပရိသတ်ရဲ့ အားကိုလည်း အများကြီး မူတည်နေပါတယ်။ တချို့က ရှိတယ်လေ၊ ဘယ်လောက်ပဲ ကောင်းအောင် လုပ်ထား လုပ်ထား၊ မြန်မာကားဆိုရင် မကြည့်ဘူးလို့ ပြောတဲ့သူတွေ ရှိတယ်။ အဲ့လို အခြေအနေမျိုးမှာ စိတ်ဝင်တစား စောင့်ကြည့်တဲ့ ပရိသတ်ကို လေးလေးနက်နက် ကျေးဇူးတင်ပါတယ်။ အဲ့ဒါနဲ့ ထိုက်တန်တာ ပြန်ပေးနိုင်အောင် ကျနော် ပြင်ဆင်နေပါတယ်” လို့ ညိုမင်းလွင်က ဆိုပါတယ်။

“The Spa” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ အောင်ရဲလင်း၊ ဆုမြတ်နိုးဦး၊ ထိုင်းမင်းသမီး Lily Panipak ၊ မျက်နှာသစ် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ တေးထက်လင်းရောင်နဲ့ အောင်ဘွိုင်းလေးတို့ ပါဝင်ထားကြပါတယ်။ “The Spa” ရုပ်ရှင်ဇာတ်ကားကို ထိုင်းဘာသာ စကားပြော၊ အင်္ဂလိပ်စကားပြောတို့နဲ့ ရိုက်ကူးထားပြီး ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတို့မှာ ရုံတင်ပြသဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒါရိုက်တာ ညိုမင်းလွင်ကတော့ အများနဲ့ကွဲထွက်ပြီး ထူးခြားတဲ့ ဇာတ်လမ်း အကြောင်းအရာတွေကို ရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာတဦး ဖြစ်ပါတယ်။ “မြမြ” ဆိုတဲ့ ရုပ်ရှင်ကိုလည်း ရိုက်ကူးဖို့ စီစဉ်နေပြီး မကြာသေးခင်ကလည်း ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးခဲ့တဲ့ “Anada” သိပ္ပံရုပ်ရှင်ဇာတ်ကား ရုံတင်ပြသခဲ့ပါတယ်။

You may also like these stories:

“သမီးနှစ်ယောက်ကို Sex Education သင်ပေးဖို့တော့ စောသေးတယ်”လို့ ညိုမင်းလွင် ပြော

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
113
သဇင်ပန်း

သဇင်ပန်း

10 January 2026
127
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
309

ရုံတင်ဖို့ ၄ နှစ်ကြာ စောင့်ခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး သိပ္ပံရုပ်ရှင် “အနန္တ”

“မြ” ရုပ်ရှင်နဲ့ ပတ်သက်ပြီး မုဒိမ်းသမားနေရာ လျှောက်ထားသူ ရာကျော်နေပြီလို့ ညိုမင်းလွင် ပြော

“မုဒိမ်းကျင့် အသတ်ခံရတဲ့ ဇာတ်ကားမျိုး ရိုက်ဖူးတယ်”လို့ ဒါရိုက်တာ ညိုမင်းလွင် ဆို

Your Thoughts …
Tags: The Spaဒါရိုက်တာ ညိုမင်းလွင်မြန်မာ့ရုပ်ရှင်
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

"မြ" ရုပ်ရှင်ကို ရိုက်ကူးမယ့် ဒါရိုက်တာ ညိုမင်းလွင်  / ဧရာဝတီ

မုဒိမ်းကျင့်ပြီး အသတ်ခံရတဲ့ “မြမြ”အကြောင်း ရိုက်ကူးမယ့် ဒါရိုက်တာ ညိုမင်းလွင်နဲ့ တွေ့ဆုံခြင်း

by ချစ်ပိုး
4 September 2019
56.9k

ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ကျနော် ရိုက်ပါမယ်လို့ စပြောကတည်းက မရိုက်ဘူးလို့ ထင်နေတဲ့သူတွေလည်းရှိတယ်။ ပေါ်ပင် ထလုပ်တယ်လို့ ထင်နေတဲ့သူတွေလည်း ရှိတယ်။

ဒါရိုက်တာ ညိုမင်းလွင် / ချစ်ပိုး / ဧရာဝတီ

“မြမြ ရုပ်ရှင်ရိုက်တာ၊ လုပ်စားတာ မဟုတ်ဘူး”လို့ ဒါရိုက်တာ ညိုမင်းလွင် ပြော

by ချစ်ပိုး
31 January 2020
8.6k

ကောင်းတာပဲပြောပြော၊ ဆိုးတာပဲပြောပြော၊ ကျနော် တိုက်ခိုက်တယ်လို့ လုံးဝ မခံယူထားဘူး။ ဝေဖန်တယ်လို့ပဲ လက်ခံထားတယ်”လို့ ညိုမင်းလွင်က ပြောပါတယ်။

ဒါရိုက်တာ ညိုမင်းလွင် / ဧရာဝတီ

“သမီးနှစ်ယောက်ကို Sex Education သင်ပေးဖို့တော့ စောသေးတယ်”လို့ ညိုမင်းလွင် ပြော

by ချစ်ပိုး
1 July 2019
20.7k

“Sex Education သင်ပေးဖို့ မြန်မာနိုင်ငံမှာက အမေနဲ့ သားတို့၊ အဖေနဲ့ သမီးတို့ ခွဲခြားပြီး ကန့်လိုက်တော့ ဒီစကားက အဖေရှေ့မှာ မပြောရဘူးတို့၊ အမေရှေ့မှာ မပြောရဘူးတို့ ပါလာတာပေါ့။

ဒါရိုက်တာ ညိုမင်းလွင်  / Nyo Min Lwin's Facebook

“မုဒိမ်းကျင့် အသတ်ခံရတဲ့ ဇာတ်ကားမျိုး ရိုက်ဖူးတယ်”လို့ ဒါရိုက်တာ ညိုမင်းလွင် ဆို

by ချစ်ပိုး
25 April 2019
5.3k

“ရေပန်းစားနေတဲ့ကိစ္စအပေါ်မှာ လုပ်စားတာလား ဆိုရင်တော့ နိုးပါ၊ အခုချက်ချင်း ထ ရိုက်ရင်တောင် အနည်းဆုံး နောက်တနှစ်လောက်ကြာပြီးမှပဲ ပရိသတ်ဆီရောက်မှာပါ။

၂၀၁၇ ခုနှစ် ပြည်သူ့ရင်ပြင်တွင် ကျင်းပခဲ့သည့် အကယ်ဒမီပေးပွဲ/VOA

၂၀၁၉ ခုနှစ် အကယ်ဒမီဆုရှင်များ လဲလှယ်ခံရ

by ဧရာဝတီ
26 April 2023
12.4k

အကယ်ဒမီ ဆုပေးပွဲအတွက် ရွေးချယ်ထားသော ဆုရသူများ အမည်စာရင်း ထည့်သွင်းထားသည့် ချိတ်ပိတ်ထားသော စာအိတ်များအား ဖွင့်ဖေါက်၍ အလဲအလှယ်ပြုလုပ်ခဲ့သည်။

သရုပ်ဆောင် ထွန်းထွန်းဝင်း / ဝေဝေနှင်း / ဧရာဝတီ

အရင်ခေတ်က ရုပ်ရှင် အမှတ်တရတွေအကြောင်း ပြောပြတဲ့ ထွန်းထွန်းဝင်း

by ချစ်ပိုး
14 June 2020
37.6k

“ကျနော်တို့က အဖြူအမည်း ခေတ်ကတည်းက ရုပ်ရှင် ရိုက်ခဲ့ရတာဆိုတော့ ရုပ်ရှင်ပဲ ပေါ်ခဲ့တာ ကာလာတောင် မပေါ် သေးဘူး။

Next Post
MSF မှ ဒုတိယ ကျန်းမာရေးဆိုင်ရာ ညှိနှိုင်းရေးမှူး ဒေါက်တာဘုန်းသစ် / သဇင်လှိုင် / ဧရာဝတီ

အသည်းအရောင် အသားဝါ စီပိုး ကုသမှုက အရမ်းကို ရိုးရှင်းလွယ်ကူနေပြီ

အာဖရိကတိုက်မှာ ရှိတဲ့ ဆင်တွေဟာ ခြိမ်းခြောက်ခံရမှု အများဆုံး ဖြစ်နေပါတယ်

ဆင်စွယ် ရောင်းဝယ်ဖောက်ကားမှုများကြောင့် နောက်မွေးမည့် ဆင်များတွင် အစွယ် ပါမလာနိုင်တော့

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved