• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

မုဒိမ်းကျင့်ပြီး အသတ်ခံရတဲ့ “မြမြ”အကြောင်း ရိုက်ကူးမယ့် ဒါရိုက်တာ ညိုမင်းလွင်နဲ့ တွေ့ဆုံခြင်း

by ချစ်ပိုး
4 September 2019
in Entertainment
A A
"မြ" ရုပ်ရှင်ကို ရိုက်ကူးမယ့် ဒါရိုက်တာ ညိုမင်းလွင်  / ဧရာဝတီ

"မြ" ရုပ်ရှင်ကို ရိုက်ကူးမယ့် ဒါရိုက်တာ ညိုမင်းလွင် / ဧရာဝတီ

56.9k
VIEWS
Share on FacebookShare on Twitter

လူမှုကွန်ရက် စာမျက်နှာပေါ်မှာ လူအများ စိတ်ဝင်စားခဲ့ကြတဲ့ မုဒိမ်းကျင့်ပြီး အသတ်ခံခဲ့ရသူ “မြမြ” ဆိုတဲ့ မိန်းကလေး တယောက်အကြောင်း ရုပ်ရှင်အဖြစ် ဒါရိုက်တာ ညိုမင်းလွင်က ပုံဖော် ရိုက်ကူးမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မြမြအဖြစ် သင်ဇာဝင့်ကျော်နဲ့ မြမြ ဝင်ပူးတာကို ခံရတဲ့ မိန်းကလေး နေရာမှာ အငြိမ့်မင်းသမီး ဝင်းသပြေထွန်းတို့က သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားကို ရိုက်ကူးမယ့်အကြောင်းနဲ့ ဇာတ်ကားမှာ ပါဝင်မယ့် သရုပ်ဆောင်တွေကို ရွေးချယ်ဖြစ်တဲ့ အကြောင်းတို့နဲ့ ပတ်သက်ပြီး ဒါရိုက်တာ ညိုမင်းလွင်ကို ဧရာဝတီ သတင်းဌာနမှ အခုလိုပဲ သီးသန့် တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး ။   ။ “မြမြ” ဇာတ်ကားအတွက် သင်ဇာဝင့်ကျော်ကို ရွေးဖြစ်တဲ့အကြောင်း ပြောပြပေးပါဦး။

ဖြေ ။  ။ ကျနော်တို့ “ညကျောင်း” ရုပ်ရှင်ထုတ်လုပ်ရေးအနေနဲ့ “မြ” ရုပ်ရှင်ဇာတ်ကား ရိုက်မယ်ဆိုတဲ့အချိန်မှာ သင်ဇာဝင့်ကျော်ကိုပဲ မျက်လုံးထဲ မြင်တယ်။ အဲဒါကြောင့် သူ့ကို ရွေးချယ်ဖြစ်တယ်။ သင်ဇာဝင့်ကျော်နဲ့ ကျနော်အရှေ့မှာ ဗီဒီယိုတွေလည်း ရိုက်ဖူးတယ်လေ။ ရုပ်ရှင်ကားကြီးဆိုရင် “လူသားများကို ခြောက်လန့်ရန် တစ္ဆေတကောင် အလိုရှိသည်” ဆိုတဲ့ကား ရိုက်ဖူးတယ်။ အထိုက်အလျောက်လည်း အောင်မြင်ခဲ့တယ်။

ဒါရိုက်တာ ညိုမင်းလွင်နဲ့ “မြမြ” အဖြစ် သရုပ်ဆောင်မယ့် သင်ဇာဝင့်ကျော်

ကျနော်တို့ အချင်းချင်းကျတော့ ရုပ်ရှင်တကား ရိုက်ဖို့အတွက် အများကြီး ညှိနှိုင်းနေစရာ မလိုတဲ့ အထဲမှာ ပါတာပေါ့နော်။ တယောက်ကို တယောက်၊ အကြောင်း သိနေခဲ့ကြပြီးပြီ။ ကျနော် ဘယ်လို ရိုက်မယ်ဆိုတာ ကိုလည်း သူသိတယ်၊ သူဘယ်လောက် လုပ်နိုင်မလဲဆိုတာကိုလည်း ကျနော်သိတယ်။ အဲဒီအတွက် အများကြီး ညှိနှိုင်းစရာ မလိုဘူးပေါ့။ သူ Sexy ဖြစ်တာမျိုးကြောင့်တော့ မဆိုင်ဘူး။ အဓိက သူနဲ့ ဒီဇာတ်ရုပ်နဲ့ လိုက်မယ်လို့ ကျနော်သိတယ်။

မေး ။  ။ မြမြ ဝင်ပူးခံရတဲ့ နေရာမှာ ဝင်းသပြေထွန်းကို ရွေးဖြစ်တဲ့အကြောင်းလည်း ပြောပြပေးပါဦး။

မြမြ ဝင်ပူးတာခံရတဲ့ မိန်းကလေးနေရာက သရုပ်ဆောင်မယ့် ဝင်းသပြေထွန်း

ဖြေ ။  ။ ဝင်းသပြေထွန်းက “အနန္တ” ဇာတ်ကားတုန်းက Notra ဇာတ်ရုပ်အတွက် သရုပ်ဆောင်ခေါ်တုန်းက ဝင်ပြိုင်ခဲ့ဖူးတယ်။ သူ သရုပ်ဆောင်နိုင်မယ်လို့လည်း ကျနော်သိတယ်။ ဝင်ပူးခံရတဲ့ ကောင်မလေးကို ဗီဒီယိုတွေမှာ ကြည့်ကြည့်တော့ ကျနော် ဝင်းသပြေထွန်းကိုပဲ မြင်တယ်။ အဲဒါကြောင့် ရွေးချယ်ပေးခဲ့တာပါ။

မေး ။  ။ ဇာတ်ညွှန်းရော ပြီးသွားပြီလား။

ဖြေ ။  ။ ဇာတ်ညွှန်းကလည်း ပြီးပြီ။ Location ကတော့ တောင်ဒဂုံ စက်မှုဇုံဘက် လိုက်ကြည့်နေတယ်။

မေး ။  ။ ဇာတ်ကားထဲမှာ မင်းသားရော ပါဦးမလား။

ဖြေ ။  ။ ဇာတ်လမ်းထဲမှာ မင်းသားကလည်း အရေးကြီးတယ်။ မင်းသားလည်း ပါတယ်။ ဘယ်သူဆိုတာကို ကျနော်ကိုယ်တိုင် မရွေးရသေးတာ။ ကျနော် မင်းသားနေရာလည်း ရှာနေတုန်းပါ။

မေး ။  ။ မုဒိမ်းသမားနေရာမှာ သရုပ်ဆောင်မယ့်သူတွေကို ဘယ်နေ့ ရွေးချယ်သွားမလဲ၊ အဲဒီနေရာမှာ အသစ်တွေကို ဘာကြောင့် ရွေးချယ်ဖြစ်တာလဲ။

ဖြေ ။  ။ လာမယ့် စက်တင်ဘာ ၈ ရက်နေ့မှာ မုဒိမ်းသမားနေရာမှာ သရုပ်ဆောင်မယ့်သူတွေကို အယောက် ၃၀ ရွေးမယ်။ အဲ့ထဲက ၃ ယောက် ပြန်ရွေးမှာပါ။ စက်တင်ဘာမှာ သူတို့ကို ရွေးပြီး အောက်တိုဘာလမှာ ရိုက်ပါမယ်။ ကျနော့်ကို အရင် ရုပ်ရှင်ထဲကသူတွေ မရှိဘူးလား ပြောကြတယ်။ ရုပ်ရှင်ထဲက သူတွေက ကျနော် ရိုက်ကြည့်ပြီးသလောက် စကား အရမ်းပြောရတယ်။

ဒါက ဆင်ဆာရပါ့မလားတို့၊ ဘာတို့ ပြောနေရတယ်။ သူတို့ကို ရှင်းပြနေရတယ်။ အဲ့လိုတွေ ပြောနေရမယ့်အစား အသစ်တွေကို အခွင့်အရေးပေးတာ ပိုအဓိပ္ပာယ်ရှိတယ်။ သူတို့က ဆင်ဆာရတာတွေ၊ မရတာတွေ မသိဘူး။ ဒီနေရာမှာ ဒါလုပ်ဆို လုပ်ကြမှာလေ။ အဲ့ဒါမျိုး လိုချင်တာကြောင့် အသစ်တွေ ရွေးဖြစ်တာ။ သူတို့လည်း လုပ်နိုင်မယ်လို့ ယုံတယ်။

မေး ။  ။ မုဒိမ်းကျင့်တဲ့ ဇာတ်ဝင်ခန်းတွေကိုရော ဆင်ဆာ မထိအောင် ဘယ်လို ရိုက်ကူးသွားမလဲ။

ဖြေ ။ ။ ကျနော် ဆင်ဆာကို မေ့ထားတယ်။ အဲ့လို မေ့ပြီးရိုက်မှ ကောင်းမှာမျိုးတွေ ရှိတယ်။ မုဒိမ်းကျင့်ပြီး အသတ်ခံရတယ်ဆိုတဲ့ အဖြစ်အပျက်ကို အခြေခံထားတာဆိုတော့ ဒီနေရာမှာ သွားပြီး မုဒိမ်းကျင့်တာကို ပန်းအိုးလေးကျကွဲတာတွေ၊ ဖိနပ်လေးတွေ ပူးတာတွေ ပြနေလို့မရဘူး။ မုဒိမ်းကျင့်တာကို မုဒိမ်းကျင့်သလို ရိုက်ပြနိုင်မှ ကောင်းမှာ။

မေး ။ ။ ဒီဇာတ်ကားကို ပရိသတ်တွေက ဝေဖန်တာတွေလည်း ရှိသလို၊ အကောင်းမြင်တာတွေလည်း ရှိတယ်။ အဲ့အပေါ် ဒါရိုက်တာ တယောက်အနေနဲ့ ဘာပြောချင်တာမျိုးရှိလဲ။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128
သဇင်ပန်း

သဇင်ပန်း

10 January 2026
143
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
315

ဖြေ ။ ။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ကျနော် ရိုက်ပါမယ်လို့ စပြောကတည်းက မရိုက်ဘူးလို့ ထင်နေတဲ့သူတွေလည်းရှိတယ်။ ပေါ်ပင် ထလုပ်တယ်လို့ ထင်နေတဲ့သူတွေလည်း ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော် ဘက်ကတော့ မြမြကို ကျနော် မြင်ထားတဲ့ ထောင့်တခု ရှိတယ်။ အဲ့ထောင့်ကို ကျနော် ချဉ်းကပ်တာပေါ့။ မြမြ တကယ်ရှိတယ်လို့ ယုံကြည်လက်ခံတဲ့ ပရိသတ်တွေအတွက်ရော၊ တကယ် မရှိပါဘူးလို့ ပြန်ပြီးငြင်းခုန်နေတဲ့ ပရိသတ်တွေ အတွက်ရော အဆင်ပြေတဲ့ ဇာတ်လမ်းမျိုး ဖြစ်ပါလိမ့်မယ်။

မေး ။  ။ ပရိသတ်တွေအတွက် “မြ” ဇာတ်ကားနဲ့ ပတ်သက်ပြီး ဘာပြောချင်သေးလဲ။

ဖြေ ။  ။ စိတ်ဝင်တစားနဲ့ စောင့်ကြည့်ပေးတဲ့ ပရိသတ်တွေကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ကျနော် ဒါရိုက်တာ ညိုမင်းလွင်လို့ ခေါင်းစဉ် တပ်ထားသမျှ ဇာတ်ကားအားလုံးကို အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားပါတယ်။ တခါတလေမှာ ပရိသတ်တွေနဲ့ အဆင်ပြေတာလည်း ရှိမယ်၊ အဆင်မပြေတာလည်း ရှိမယ်။ ကျနော့်ဘက်က ပရိသတ်ကိုထားတဲ့ စေတနာကတော့ ဘယ်တော့မှ မလျော့စေရပါဘူး။

အရင်တုန်းက ပရိသတ်က ရုပ်ရှင် တကားကြည့်ဖို့ ၂၀၀ ကျပ်ပဲ ကုန်တယ်။ အခုကျတော့ ရုပ်ရှင်တကားကြည့်ဖို့ အချိန်၊ ငွေကြေး အများကြီး ပေးရတယ်။ အဲ့အတွက် ကျနော်တို့ ပြန်ဖန်တီးပေးတဲ့သူတွေက ထိုက်ထိုက်တန်တန် ပြန်ပေးနိုင်ဖို့လိုတယ်။ ကျနော် အဲ့အတွက်လည်း ကြိုးစားထားပါတယ်။ ။

You may also like these stories:

“နေရာတကာမှာ ယဉ်ကျေးမှုဆိုတဲ့ ပေတံနဲ့ ထောက်လို့ မရဘူး”လို့ ဒါရိုက်တာ ညိုမင်းလွင် ပြော

“မြ” ရုပ်ရှင်နဲ့ ပတ်သက်ပြီး မုဒိမ်းသမားနေရာ လျှောက်ထားသူ ရာကျော်နေပြီလို့ ညိုမင်းလွင် ပြော

“မုဒိမ်းကျင့် အသတ်ခံရတဲ့ ဇာတ်ကားမျိုး ရိုက်ဖူးတယ်”လို့ ဒါရိုက်တာ ညိုမင်းလွင် ဆို

“သမီးနှစ်ယောက်ကို Sex Education သင်ပေးဖို့တော့ စောသေးတယ်”လို့ ညိုမင်းလွင် ပြော

Your Thoughts …
Tags: "မြ" ရုပ်ရှင်ဒါရိုက်တာ ညိုမင်းလွင်မြမြ
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

Social Influencer ဒီးဒီး (Burmese Vlog)  / ချစ်ပိုး / ဧရာဝတီ

“မြမြ ရုပ်ရှင်က ထင်ထားသလို မုဒိမ်းကား မဟုတ်ပါဘူး”လို့ ဒီးဒီး ပြော

by ချစ်ပိုး
3 February 2020
30.2k

ကိုယ်နဲ့ ပိုလိုက်မယ့် ကာရိုက်တာကတော့ တိုင်းရင်းသား ဇာတ်ဝင်ခန်းတွေဆိုရင် ကျနော်နဲ့ ပိုလိုက်မယ်လို့ ထင်ပါတယ်”လို့ ဒီးဒီးက ပြောပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / ဧရာဝတီ

ထင်မထားတဲ့ ဇာတ်မျိုး ဖြစ်တာကြောင့် “မြမြ” ကာရိုက်တာကို လက်ခံခဲ့တဲ့ သင်ဇာဝင့်ကျော်

by ချစ်ပိုး
9 September 2019
21.2k

"သင်ဇာကိုယ်တိုင်လည်း ဇာတ်ဖတ်ချိန်မှာ အရမ်းကို မိုက်တယ်။ ထင်မထားတဲ့ ဇာတ်မျိုးဖြစ်နေတာကြောင့် အရမ်းကိုကြိုက်ပြီး လက်ခံဖြစ်တာပါ"လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

သရုပ်ဆောင် မျိုးလှိုင်ဝင်း  / နေပိုင်  / ဧရာဝတီ

“မြမြ” ဇာတ်ကားမှာ မုဒိမ်းသမားအဖြစ် သရုပ်ဆောင်မယ့် မျိုးလှိုင်ဝင်း

by ချစ်ပိုး
25 September 2019
12.9k

“ကျနော်တို့ လူတဖက်သားကို အကျင့်ယုတ်တော့မယ်ဆိုရင် မျက်နှာထားမှာကိုက အကျင့်ယုတ်တဲ့ သဏ္ဍာန်ဖြစ်နေရမှာလေ။ အဲ့အိုက်တင်မျိုးပဲ ရွေးချယ်ပွဲတုန်းကလည်း လုပ်ပြခဲ့တာပါ။

ဒါရိုက်တာ ညိုမင်းလွင်  / နေပိုင် / ဧရာဝတီ

“မြမြ” ဇာတ်ကားမှာ ရဲတိုက်အစား ဖြိုးမြတ်အောင်ကို ရွေးချယ်ဖြစ်ပုံ ပြောပြတဲ့ ညိုမင်းလွင်

by ချစ်ပိုး
29 September 2019
15.7k

“ ကျနော် ဒါရိုက်တာ တယောက်အနေနဲ့ သူ့ကို ကြည့်လိုက်ရင်လည်း ဒီကာရိုက်တာကို သူ အကောင်းဆုံး သရုပ်ဆောင်နိုင် လိမ့်မယ်ဆိုတာ သိပါတယ်။ သူ့ကိုလည်းသဘောကျလို့ပါ။

သရုပ်ဆောင်၊ အငြိမ့်မင်းသမီး ဝင်းသပြေထွန်း

ညိုမင်းလွင်ကို ယုံကြည်လို့ “မြမြ” ဝင်ပူးတဲ့ မိန်းကလေးနေရာက သရုပ်ဆောင်မယ့် ဝင်းသပြေထွန်း

by ချစ်ပိုး
26 September 2019
35.2k

"ညီမက အိုက်တင် ပြန်လုပ်ရမှာလေ။ ဟိုညီမလေးက ဝင်ပူးခံထားရတာလေ။ သူ ဝင်ပူးတာနဲ့တော့ မတူနိုင်ဘူး။ ရုံတင်ရင် အိုက်တင် လုပ်တာ မကောင်းဘူးလို့ ပြောခံရမှာတော့ ကြောက်တယ်။

ဒါရိုက်တာ ညိုမင်းလွင် / ချစ်ပိုး / ဧရာဝတီ

“မြမြ ရုပ်ရှင်ရိုက်တာ၊ လုပ်စားတာ မဟုတ်ဘူး”လို့ ဒါရိုက်တာ ညိုမင်းလွင် ပြော

by ချစ်ပိုး
31 January 2020
8.6k

ကောင်းတာပဲပြောပြော၊ ဆိုးတာပဲပြောပြော၊ ကျနော် တိုက်ခိုက်တယ်လို့ လုံးဝ မခံယူထားဘူး။ ဝေဖန်တယ်လို့ပဲ လက်ခံထားတယ်”လို့ ညိုမင်းလွင်က ပြောပါတယ်။

Next Post
ထိုင်းဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ပရာယွတ်ချန်အိုချာနှင့် တွေ့ဆုံနေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် / seniorgeneralminaunghlaing.com.mm

လိပ်ကျွန်းအမှုမှ မြန်မာ ၂ ဦးကို သက်ညှာပေးရန် ထိုင်းဝန်ကြီးချုပ်ထံ တပ်ချုပ်တောင်းဆို

အင်းစိန်ထောင်အား အပေါ်စီးမှ မြင်ရစဉ်  / ဧရာဝတီ

အင်းစိန်ထောင်တွင်း ဖြစ်ရပ်မှန် အကြောင်းအရာများကို ရုပ်ရှင်အဖြစ် မြင်ရမယ့် “ရှစ်စက္ကန့်ငြိမ်”

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.7k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved