• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“အကယ်ဒမီ မင်းသမီးလို့ ပြောတာနဲ့ ကံကောင်းတယ်လို့ ခံစားရတယ်”

by ချစ်ပိုး
20 January 2021
in Entertainment
A A
အကယ်ဒမီ အေးမြတ်သူ / Aye Myat Thu's Facebook

အကယ်ဒမီ အေးမြတ်သူ / Aye Myat Thu's Facebook

4.5k
VIEWS
Share on FacebookShare on Twitter

အနုပညာသက်တမ်း ၁၅ နှစ် ကျော်ပြီဖြစ်တဲ့ သရုပ်ဆောင် အေးမြတ်သူက အကယ်ဒမီ မင်းသမီးလို့ ပြောတာနဲ့ ကိုယ့်ကိုယ်ကိုယ် အရမ်း ကံကောင်းတယ်လို့ ခံစားရတယ်လို့ ဆိုပါတယ်။

“ရုပ်ရှင် နှစ် ၁၀၀ ပြည့်မှာ တနေရာစာလောက် ပါရတာ အရမ်းဂုဏ်ယူနေပါတယ်။ အနုပညာသက်တမ်းတော့ ၁၅ နှစ်ကျော်လောက် ရှိပြီ။ ဗီဒီယိုကားတွေကတည်းက စခဲ့တာပါ။ အကယ်ဒမီ မင်းသမီးလို့ ပြောတာနဲ့ ကိုယ့်ကိုယ်ကိုယ် အရမ်းကံကောင်းတယ်လို့ ခံစားရတယ်။ ဘဝမှာ တခါမှ မရဖူးတဲ့ ကံကောင်းခြင်းမျိုး ရတယ်လို့ ခံစားရတယ်”လို့ အေးမြတ်သူက ပြောပါတယ်။

သရုပ်ဆောင် အေးမြတ်သူ (ဓာတ်ပုံ – Aye Myat Thu’s Facebook)

၂၀၁၉ ခုနှစ်မှာ နောက်ဆုံး ကျင်းပခဲ့တဲ့ အကယ်ဒမီပွဲမှာ ဆုရခဲ့တာကြောင့် နှစ် ၁၀၀ ပြည့်ပွဲမှာ ပါဝင်ခွင့်ရတဲ့အတွက် အရမ်းပျော်မိတယ်လို့ ဆိုပါတယ်။

“၂၀၁၉ ခုနှစ် အကယ်ဒမီက နောက်ဆုံး ကျင်းပခဲ့တဲ့ ခုနှစ်၊ အဲ့မှာ ကိုယ် ၂၀၁၉ မှာ ရလိုက်လို့ ကိုယ်က နှစ် ၁၀၀ ထဲလည်း ပါဝင်ခွင့်ရတယ်။ ရုပ်ရှင်သမိုင်း ပြတိုက်မှာလည်း ကိုယ့်ပုံလေး ချိတ်ခွင့်ရတယ်။ နှစ် ၁၀၀ သမိုင်းစာအုပ်မှာလည်း ပါဝင်ခွင့်ရတယ်။ ကိုယ်သာ အကယ်ဒမီ မရခဲ့ဘူးဆိုရင် ဒီလောက်ထိ ယုံကြည်မှု မရှိဘဲ ပျော်စရာကောင်းမှာ မဟုတ်ဘူး”လို့ အေးမြတ်သူက ပြောပါတယ်။

အကယ်ဒမီဆု ရရှိလိုက်တာဟာ ဘဝနဲ့ချီပြီး ကံကောင်းခြင်းတခုလို့ ဆိုပြီး ပြန်ပြောတိုင်း ကြည်နူးရတယ်လို့ ဆိုပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
124
သဇင်ပန်း

သဇင်ပန်း

10 January 2026
135
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311

“ပြန်တွေးတိုင်း ငါ့ဘဝမှာ ဘဝနဲ့ ချီပြီး ကံကောင်းခြင်းတခု ရခဲ့တာပဲ။ ၂၀၂၀ မှာ မပေးသေးတော့ မပါလာရသေးဘူး ဖြစ်နေတာပေါ့။ ကိုယ်ကတော့ ကပ်သီးလေး ပါခွင့်ရတယ်။ အဲ့အတွက်လည်း ဂုဏ်ယူမိတယ်။ အကယ်ဒမီ သရုပ်ဆောင်ဆိုတာ ဘာနဲ့မှ လဲလို့ မရတဲ့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမှု ဖြစ်နေတာ။ ပြောတိုင်း ကြည်နူးရတယ်”လို့ အေးမြတ်သူက ပြောပါတယ်။

အကယ်ဒမီ ဆုရချိန် ကျေးဇူးတင်စကား ၈ မိနစ်လောက် ကြာသွားခဲ့တဲ့အကြောင်းလည်း အခုလိုပဲ ဆိုပါတယ်။

အကယ်ဒမီ အေးမြတ်သူ (ဓာတ်ပုံ – Aye Myat Thu’s Facebook)

“အကယ်ဒမီရတုန်းက အမှတ်တရဆိုရင် ကျေးဇူးတင်စကား ၈ မိနစ်လောက် ဖြစ်သွားတာပေါ့။ ဝေဖန်မှုက ၂ ခုလောက် ရှိတယ်။ တချို့ အရမ်းကြာတယ်။ ကိုယ်တိုင်က စကားအရမ်းများတဲ့ မင်းသမီးဖြစ်နေတော့ ကျေးဇူးတင်စကားက ၈ မိနစ်လောက် ဖြစ်သွားတယ်။ တချို့ကကျတော့လည်း ကျေးဇူးရှိတဲ့ သူ အားလုံးကို သူ မှတ်ထားတယ်။ အရာတိုင်းက အကောင်းအဆိုး ဒွန်တွဲနေတာပေါ့။ ၈ မိနစ်လောက် ကျော်လိမ့်မယ်လို့လည်း မထင်ခဲ့ဘူး”

“ဒါပေမဲ့ ကျေးဇူးတင်ရမယ့် သူတွေက ကိုယ့်ဆီမှာ အများကြီးပဲ။ ဒီနေရာကို ရောက်ခဲ့တာကလည်း ငွေကြေးအင်အား တောင့်တင်းခိုင်မာလို့လည်း မဟုတ်သလို အဆက်အသွယ်ကောင်း ရှိခဲ့လို့လည်းမဟုတ်ဘူး။ ကိုယ့်ဆွေစဉ်မျိုးဆက် ၃ ဆက်လောက်ထိ ကြည့်ရင်ကို စာပေ၊ အနုပညာရှင် တယောက်မှ မရှိဘူး။ ကိုယ့်သင်ဆရာ၊ မြင်ဆရာနဲ့ ပံ့ပိုးပေးသူတွေကို အဲ့အချိန်မှာ မှတ်မိပြီး ပြန်ပြောတာပေါ့။ ၈ မိနစ်ကျော်လို့ ရှက်တော့ ရှက်တယ်”လို့ အေးမြတ်သူက ပြောပါတယ်။

အကယ်ဒမီ အေးမြတ်သူဟာ အနုပညာသက်တမ်း တလျှောက် ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာတွေ များစွာ ရိုက်ကူးခဲ့ပါတယ်။ အေးမြတ်သူကတော့ “နောင်တွင် ဥဒါန်းတည်စေသတည်း” ရုပ်ရှင်ကားနဲ့ “အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု” ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

You may also like these stories:

ကိုဗစ် ဒုတိယလှိုင်းမှာ နေထိုင်မှုပုံစံ ပြောင်းလဲလိုက်တဲ့ အေးမြတ်သူ

ရုပ်ရှင်သမိုင်းပြတိုက်မှာ ဓာတ်ပုံပါဝင်ခွင့်ရလို့ စိတ်လှုပ်ရှားနေတဲ့ အေးမြတ်သူ

“ကိုဗစ်ကာလမှာ အနုပညာရှင်တွေလည်း လှုပ်ရှားရုန်းကန်နေကြတာပါ”

Your Thoughts …
Tags: နှစ် ၁၀၀မြန်မာ့ရုပ်ရှင်အကယ်ဒမီအနုပညာရှင်အေးမြတ်သူ
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

by ဧရာဝတီ
10 November 2023
18k

တိုက်ပွဲဝင်နေကြသည့် စစ်သားများအား ဖျော်ဖြေပေးရန် စစ်ကောင်စီ၏ ပြန်ကြား ရေးဝန်ကြီး ဦးမောင်မောင်အုန်းက တိုက်တွန်းပြောဆိုမှုအပေါ် အနုပညာရှင်အများစုမှာ နှုတ်ဆိတ်လျက်

BC မသိလို့ Boycott လုပ်ခံရတော့မယ့် အဆိုတော်လေးဖြူ

BC မသိလို့ Boycott လုပ်ခံရတော့မယ့် အဆိုတော်လေးဖြူ

by ဧရာဝတီ
5 July 2024
7.2k

ဇူလိုင်လ ၂ ရက်က နေပြည်တော်ရှိ စစ်တပ်အသိုင်းအဝန်းနှင့် ဆက်နွယ်နေသော VIP စားသောက်ဆိုင်တွင် လေးဖြူက သွားရောက် ဖျော်ဖြေရင်း ၎င်းကို သပိတ်မှောက်မည့် BC ဆိုသော စကားလုံးကို နားမလည်ကြောင်း၊ A to Z...

မြန်မာနိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းခံ တော်လှန်အနုပညာရှင်များ

မြန်မာနိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းခံ တော်လှန်အနုပညာရှင်များ

by Will Jackson
27 September 2025
6.3k

နိုင်ငံသားဖြစ်ခွင့်သည် စစ်အုပ်စု၏ လက်နက်များအနက် တခုဖြစ်သည်။ ဒါဇင်ပေါင်းများစွာသော အတိုက်အခံ နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် ဝေဖန်သူများကို နိုင်ငံမဲ့ဖြစ်အောင် လုပ်သည်။

အမေရိကန်ဒေါ်လာနှင့် ရွှေဈေးမြင့် ဖမ်းဆီးမှုများရှိ

အမေရိကန်ဒေါ်လာနှင့် ရွှေဈေးမြင့် ဖမ်းဆီးမှုများရှိ

by ဧရာဝတီ
21 February 2024
3.9k

စစ်မှုမထမ်းလိုသည့် မြန်မာလူငယ်များမှာ ထိုင်းနိုင်ငံသို့ နီးစပ်ရာ နယ်စပ်ထွက်ပေါက်များမှ တရားမဝင် နယ်စပ်ဖြတ်ကျော် ထွက်ခွာနေကြသလို တရားဝင်လမ်းကြောင်းမှလာရန် ရန်ကုန်ရှိ ထိုင်းသံရုံး၌ ဗီဇာတန်းစီသူ နေ့စဉ်ထောင်နှင့်ချီ၍ ရှိနေကြောင်း

ရုပ်ရှင်သရုပ်ဆောင်များ ရွေးကောက်ပွဲကြွေးကြော်သံ ရိုက်ရမည်

ရုပ်ရှင်သရုပ်ဆောင်များ ရွေးကောက်ပွဲကြွေးကြော်သံ ရိုက်ရမည်

by ဧရာဝတီ
2 November 2025
2.3k

ရွေးကောက်ပွဲနှင့်ပတ်သက်သော ကြွေးကြော်သံများကို တဦးချင်း ဖတ်ပြရမည်ဖြစ်ပြီး ရိုက်ကူးရေးကို စစ်ကော်မရှင်ဘက် ပြုလုပ်မည်ဖြစ်ကာ သတင်းနှင့် ဖျော်ဖြေရေး ပလက်ဖောင်း အားလုံးတွင် ထုတ်လွှင့်မည်ဖြစ်ကြောင်း၊ ရိုက်ကူးမှုများအား နိုဝင်ဘာလဆန်းတွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

လိပ်ပြာလုံချင်သူ ခါရာနှင့် တွေ့ဆုံခြင်း

လိပ်ပြာလုံချင်သူ ခါရာနှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
5 January 2025
1.7k

အဲဒီလိုမျိုး ရက်ရက်စက်စက် သတ်ဖြတ်နေတာကို သူတို့ ကြည့်ရက်နိုင်တယ်ဆိုရင် ဒါက ပြည်သူတွေ အပေါ်မှာ စေတနာရှိတာ မဟုတ်ဘူး။ သူတို့ပြောနေတဲ့စကား ပြည်သူတွေက ထမင်းရှင်တွေ ဘာတွေဆိုတာ အလကားပဲ အဓိပ္ပာယ် မရှိဘူး

Next Post
ယမန်နေ့က ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်ပွဲ / ခိုင်ရိုးလ / ဧရာဝတီ

စစ်ဘေးရှောင် နေရပ်ပြန်ရေး တပ်စခန်းများ ရုပ်ပေးရန် ဆန္ဒထုတ်ဖော်

မော်လမြိုင်ကျွန်းမြို့နယ် သစ်ပုတ်ကျေးရွာအနီးရှိ ရာဇူဒိုင်မြစ်အတွင်း ဖမ်းမိခဲ့သည့် ရခိုင်ပြည်နယ်မှ မွတ်စလင်များ / ထွန်းထွန်းနိုင် / မော်ကျွန်း

မော်လမြိုင်ကျွန်းသို့ ဝင်လာသည့် အထောက်အထားမဲ့ မွတ်စလင် ၃၄ ဦး ထပ် ဖမ်းမိ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.9k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved