• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“ကိုဗစ်ကာလမှာ အနုပညာရှင်တွေလည်း လှုပ်ရှားရုန်းကန်နေကြတာပါ”

by ချစ်ပိုး
10 June 2020
in Entertainment
A A
သရုပ်ဆောင် အေးမြတ်သူ  / ချစ်ပိုး / ဧရာဝတီ

သရုပ်ဆောင် အေးမြတ်သူ / ချစ်ပိုး / ဧရာဝတီ

4.7k
VIEWS
Share on FacebookShare on Twitter

COVID-19 ကာလမှာ အနုပညာရှင်တွေ ဈေးရောင်းကြတာဟာ အသက်မွေးဝမ်းကြောင်းအတွက် လှုပ်ရှား ရုန်းကန်နေကြတာပါလို့ အေးမြတ်သူက ဆိုပါတယ်။

“အေးမြတ်သူဆိုရင် ၃ လပိုင်း ၈ ရက်နေ့ကတည်းက မန္တလေးက ပြန်လာတာ။ အဲဒီကတည်းက ဝင်ငွေ မရှိတာပေါ့နော်။ အခုထိလည်း အလုပ်ရှိဖို့ အလားအလာ မမြင်သေးဘူး။ ဒီအချိန်မှာ မရှိတဲ့ အလုပ်တခုကိုရအောင် ရှာကြံပြီးတော့ အလုပ်လုပ်တဲ့သူတွေကို အရမ်းလေးစားတယ်။ ဒါပေမဲ့ ပိုက်ဆံရှာတဲ့နေရာမှာ သမာအာဇီဝ ရှိဖို့တော့ လိုအပ်တာပေါ့။ အဲ့ဒါဆို ဂုဏ်ရှိတယ်လို့ ခံစားရတယ်”လို့ အေးမြတ်သူက ပြောပါတယ်။

ကိုဗစ်ကြောင့် အားလုံး စားဝတ်နေရေး ခက်ခဲနေကြပြီး ဈေးရောင်းကြတဲ့အပေါ် အနုပညာရှင်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ မကြည့်ပါနဲ့လို့လည်း အေးမြတ်သူက ဆိုပါတယ်။

“အကုန်လုံး စားဝတ်နေရေးအတွက် ခက်ခဲနေကြတာ။ အနုပညာရှင်ဆိုတာကို မကြည့်ပါနဲ့။ အသက်မွေးဝမ်းကြောင်းအတွက် လှုပ်ရှား ရုန်းကန်နေကြတာပါ။ အနုပညာရှင်တွေ ဈေးရောင်းကြတာကို မေတ္တာစိတ်နဲ့ အားပေးကြတာလည်း ရှိတယ်၊ ဝေဖန်ပြောနေကြတာလည်း ရှိတယ်။ အနုပညာရှင်တွေကလည်း ရေရှည်တော့ စီးပွားရေးတွေ လုပ်နေကြတာတော့ မဖြစ်နိုင်ပါဘူး။ ဒါတွေက ကိုယ့်ပင်မ အသက်မွေးဝမ်းကြောင်း မဟုတ်ဘူး။ အခုချိန်မှာ ဝင်ငွေလည်းရမလား ဆိုတာရယ်၊ အားနေတာရယ်ကြောင့်သာ ရောင်းနေကြတာပါ”

“အနုပညာရှင်တွေကို ချစ်တဲ့ စိတ်နဲ့ ဝယ်ယူအားပေးနေကြတာကိုလည်း ကျေးဇူးတင်ပါတယ်။ ရောင်းနေတဲ့သူတွေ ပြောရင်လည်း ကိုယ်လည်း အားကျတယ်။ အေးမြတ်သူလည်း မရောင်းတတ်လို့။ ရောင်းတတ်ရင် ရောင်းနေမှာ။ အခုလို ရောင်းနေတာလည်း ဒီတိုင်းနေမယ့်အစား တခုခုလုပ်ပြီး ရောင်းနေတယ်လို့ ယူဆပါတယ်”လို့ အေးမြတ်သူက ပြောပါတယ်။

ဂီတ၊ သဘင်၊ ရုပ်ရှင်ပိုင်းက အခြေခံလူတန်းစားတွေ ဖြစ်တဲ့ စက်အဖွဲ့သားတွေက တော်တော်လေး ထိခိုက်ကြတယ်လို့ အေးမြတ်သူက ဆိုပါတယ်။

“အေးမြတ်သူတို့ ဖျော်ဖြေရေးလုပ်ငန်းက လူတွေအားလုံး ပျော်ရွှင်နေမှ၊ ကြည့်ရှုသူတွေအတွက် ဝင်ငွေ ပုံမှန်လည်ပတ်နေမှ ပိုက်ဆံသုံးကြမှာလေ။ အေးမြတ်သူတို့ ခရီးသွားခြင်းနဲ့ ဖျော်ဖြေရေးလုပ်ငန်းက တော်တော်ကို အားစိုက်ရမယ်။ အကုန်လုံးက အခက်အခဲ ဖြစ်နေကြတယ်။ ဂီတရော၊ သဘင်ရော၊ရုပ်ရှင်ရော အခြေခံလူတန်းစားတွေ ဖြစ်တဲ့ စက်အဖွဲ့တွေက တော်တော်လေး ထိခိုက်ကြတယ်”

RelatedPosts

သဇင်ပန်း

သဇင်ပန်း

10 January 2026
102
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
304
အင်ဒိုနီးရှား မြို့တော် ဂျကာတာ ကမ္ဘာ့ အကြီးဆုံးမြို့ ဖြစ်လာ

အင်ဒိုနီးရှား မြို့တော် ဂျကာတာ ကမ္ဘာ့ အကြီးဆုံးမြို့ ဖြစ်လာ

4 January 2026
1.8k

“အခုချိန်မှာ အကုန်လုံးက မွန်းကြပ်နေကြတာ။ လူက အိမ်ထဲမှာနေရပြီး စိတ်ကလည်း လှောင်ပိတ်နေတာ။ ပုံမှန်ဝင်ငွေကလည်း မရှိတော့ဘူး။ ရှိတဲ့ ငွေလေးကလည်း စားရင်းကုန်တော့ စိတ်တွေ ဖိစီးလာ ကြတယ်။ လူတွေက ပေါက်ကွဲချင်လာကြတယ်”

“အဲ့တော့ ကိုယ့်ဘာသာ တရားငြိမ်းချမ်းရာတွေ၊ စာဖတ်တာတွေ၊ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင် နေကြတာလုပ်ရင် အကောင်းဆုံးပေါ့။ ဒီတော့ ကိုယ့်ရှိသလောက်လေးကိုပဲ ခြိုးခြံ ချွေတာပြီးတော့ စားရအောင်။ ကိုယ့်ရဲ့ အသုံးစရိတ်လေးကို လျှော့ကြမယ်။ အိမ်မှာနေရင်းနဲ့ စာအုပ်လေး ဖတ်ကြမယ်”လို့ အေးမြတ်သူက ဆိုပါတယ်။

You may also like these stories:

“ရိုက်ကူးရေးတွေ ပြန်စဖို့ တရားဝင် မပြောသေးဘူး”လို့ အေးမြတ်သူ ပြော

ကိုဗစ်ကာလအတွင်း အွန်လိုင်းမှာ အစားအသောက် ရောင်းလာကြတဲ့ အနုပညာရှင်များ

 

Your Thoughts …
Tags: ကိုဗစ်ကာလအနုပညာရှင်အေးမြတ်သူ
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

by ဧရာဝတီ
10 November 2023
18k

တိုက်ပွဲဝင်နေကြသည့် စစ်သားများအား ဖျော်ဖြေပေးရန် စစ်ကောင်စီ၏ ပြန်ကြား ရေးဝန်ကြီး ဦးမောင်မောင်အုန်းက တိုက်တွန်းပြောဆိုမှုအပေါ် အနုပညာရှင်အများစုမှာ နှုတ်ဆိတ်လျက်

BC မသိလို့ Boycott လုပ်ခံရတော့မယ့် အဆိုတော်လေးဖြူ

BC မသိလို့ Boycott လုပ်ခံရတော့မယ့် အဆိုတော်လေးဖြူ

by ဧရာဝတီ
5 July 2024
7.2k

ဇူလိုင်လ ၂ ရက်က နေပြည်တော်ရှိ စစ်တပ်အသိုင်းအဝန်းနှင့် ဆက်နွယ်နေသော VIP စားသောက်ဆိုင်တွင် လေးဖြူက သွားရောက် ဖျော်ဖြေရင်း ၎င်းကို သပိတ်မှောက်မည့် BC ဆိုသော စကားလုံးကို နားမလည်ကြောင်း၊ A to Z...

မြန်မာနိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းခံ တော်လှန်အနုပညာရှင်များ

မြန်မာနိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းခံ တော်လှန်အနုပညာရှင်များ

by Will Jackson
27 September 2025
6.3k

နိုင်ငံသားဖြစ်ခွင့်သည် စစ်အုပ်စု၏ လက်နက်များအနက် တခုဖြစ်သည်။ ဒါဇင်ပေါင်းများစွာသော အတိုက်အခံ နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် ဝေဖန်သူများကို နိုင်ငံမဲ့ဖြစ်အောင် လုပ်သည်။

ရုပ်ရှင်သရုပ်ဆောင်များ ရွေးကောက်ပွဲကြွေးကြော်သံ ရိုက်ရမည်

ရုပ်ရှင်သရုပ်ဆောင်များ ရွေးကောက်ပွဲကြွေးကြော်သံ ရိုက်ရမည်

by ဧရာဝတီ
2 November 2025
2.3k

ရွေးကောက်ပွဲနှင့်ပတ်သက်သော ကြွေးကြော်သံများကို တဦးချင်း ဖတ်ပြရမည်ဖြစ်ပြီး ရိုက်ကူးရေးကို စစ်ကော်မရှင်ဘက် ပြုလုပ်မည်ဖြစ်ကာ သတင်းနှင့် ဖျော်ဖြေရေး ပလက်ဖောင်း အားလုံးတွင် ထုတ်လွှင့်မည်ဖြစ်ကြောင်း၊ ရိုက်ကူးမှုများအား နိုဝင်ဘာလဆန်းတွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

လိပ်ပြာလုံချင်သူ ခါရာနှင့် တွေ့ဆုံခြင်း

လိပ်ပြာလုံချင်သူ ခါရာနှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
5 January 2025
1.7k

အဲဒီလိုမျိုး ရက်ရက်စက်စက် သတ်ဖြတ်နေတာကို သူတို့ ကြည့်ရက်နိုင်တယ်ဆိုရင် ဒါက ပြည်သူတွေ အပေါ်မှာ စေတနာရှိတာ မဟုတ်ဘူး။ သူတို့ပြောနေတဲ့စကား ပြည်သူတွေက ထမင်းရှင်တွေ ဘာတွေဆိုတာ အလကားပဲ အဓိပ္ပာယ် မရှိဘူး

စစ်တပ် ရွေးကောက်ပွဲ၏ မျက်နှာစာ သို့မဟုတ် လူသတ်ကောင်များ၊ ဆယ်လီများနှင့် အစွန်းရောက်ဝါဒီများ

စစ်တပ် ရွေးကောက်ပွဲ၏ မျက်နှာစာ သို့မဟုတ် လူသတ်ကောင်များ၊ ဆယ်လီများနှင့် အစွန်းရောက်ဝါဒီများ

by မောင်ကဝိ
25 August 2025
1.6k

ဦးခင်ရီက အဲဒီ အမျိုးသားရေးအစွန်းရောက်တွေနဲ့ အနုပညာရှင်တွေကို “မိတ်ဆွေတွေ” လို့ ရည်ညွှန်းခေါ်ဝေါ်တယ်။

Next Post
လက်ရှိအချိန်ထိ စင်ကာပူမှာ ရောဂါကူးစက်သူပေါင်း ၃၈,၀၀၀ ကျော်သွားခဲ့ပါပြီ။

စင်ကာပူမှာ ကိုဗစ်လူနာသစ် တဝက်လောက်က ရောဂါလက္ခဏာ မပြ

“Gone with the Wind” ရုပ်ရှင်

HBO Max ကနေ “Gone with the Wind” ရုပ်ရှင် ဖယ်ရှားခံရ

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

14 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved