• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“ရိုက်ကူးရေးတွေ ပြန်စဖို့ တရားဝင် မပြောသေးဘူး”လို့ အေးမြတ်သူ ပြော

by ချစ်ပိုး
8 June 2020
in Entertainment
A A
သရုပ်ဆောင် အေးမြတ်သူ  / Aye Myat Thu's Facebook

သရုပ်ဆောင် အေးမြတ်သူ / Aye Myat Thu's Facebook

4.8k
VIEWS
Share on FacebookShare on Twitter

သရုပ်ဆောင် အေးမြတ်သူကတော့ အိမ်မှာနေနေရတဲ့ ကာလမှာ ဇာတ်ညွှန်းတွေ ဖတ်ဖြစ်နေပြီး ရိုက်ကူးရေးတွေ ဘယ်တော့ပြန်စမလဲဆိုတာ မကြားမိသေးဘူးလို့ ဧရာဝတီကို ပြောပါတယ်။

“Stay Home ကာလမှာ အိမ်မှာ အိပ်လိုက်စားလိုက်နဲ့ အလုပ် မရှိတော့ ဖတ်ရမယ့် စာအုပ်လေးတွေ ဖတ်တယ်။ ရောဂါတွေပြီးသွားရင် ရိုက်မယ့် ကားတွေအတွက် ဇာတ်ညွှန်းတွေ ဖတ်တယ်။ ရုပ်ရှင်ကြည့်တယ်။ ဒါပေမဲ့ ကိုယ့်လုပ်ငန်းခွင်က ဘယ်တော့ ဝင်ရမှန်းလဲ မသိဘူးလေ။ ကိုယ့်အလုပ်အတွက် စာတွေ ဖတ်၊ ဇာတ်ကားတွေ ကြည့်ဖြစ်တယ်”

“ကိုယ့်အလုပ်ကို အထောက်အကူပြုမယ့် အရာတွေ အခုချိန်မှာ လေ့လာတယ်။ နောက်ပြီး ကျန်းမာဖို့ စားသလို ဇာတ်ကားတွေ ပြန်ရိုက်ရင်လည်း ဝမသွားအောင် လေ့ကျင့်ခန်းတွေ လုပ်တယ်”လို့ အေးမြတ်သူက ပြောပါတယ်။

“ရိုက်ကူးတွေ ပြန်စတော့မယ်ဆိုရင် ကိုယ့်လုပ်ငန်းခွင်ကို ဝင်ရတော့မှာဆိုတော့ ပျော်တာပေါ့။ ဇူလိုင်လမှာ ရိုက်ကူးရေးတွေ ပြန်စမယ်သာ ပြောနေကြတာ။ တရားဝင်ပြန်စလို့ရပြီလို့ ပြောတာ မကြားရသေးဘူး။ အနည်းစပ်ဆုံးပြောရင် ရွှေတိဂုံဘုရားတောင် ဘယ်တော့ ဖူးခွင့်ရမယ်ဆိုတာ မသိသေးဘူး။ အဲ့တော့ တရားဝင် ထုတ်ပြန်ချက်တွေ မရှိသေးတော့ ဘာမှပြောလို့ မရသေးပါဘူး”လို့ အေးမြတ်သူက ပြောပါတယ်။

COVID-19 ရောဂါကို မြန်မာနိုင်ငံက ကိုင်တွယ် လုပ်ဆောင်နေတဲ့အပေါ်လည်း အေးမြတ်သူက သဘောကျမိတယ်လို့ ဆိုပါတယ်။

“အခုချိန်မှာ မြန်မာနိုင်ငံ လုပ်ဆောင်နေတာကို သဘောကျတယ်။ တခြားနိုင်ငံတွေလို အများကြီးဖြစ်သွားမှာ စိတ်ပူတာ။ ကိုယ်တွေနိုင်ငံကလည်း စက်တွေဘာတွေကအစ အားနည်းတော့ တွေးပြီး စိတ်ပူနေတာ အခုတော့ တွေးပူတာ နည်းနည်းလျော့သွားတယ်။ အားလုံးရဲ့ ပရဟိတစိတ်တွေ အပြန်အလှန်ဖေးမရမယ်၊ စည်းလုံးရမှာတွေ ရှိတဲ့အခါကျတော့ ထင်သလောက် ရုပ်ပျက်ဆင်းပျက် မဖြစ်သွားဘူး”

“အားလုံးရဲ့ စည်းလုံးရိုင်းပင်းကူညီမှုတွေ ပရဟိတသမားတွေ ရော ထိန်းထိန်းသိမ်းသိမ်းလုပ်နေတဲ့အခါကျတော့ အများကြီးမဖြစ်သွားတဲ့ အတွက် စိတ်အေးရတယ်။ ၃ လလောက် ရှိပြီဆိုတော့ အလုပ်တွေ ပြန်လုပ်ကြတဲ့သူတွေလည်း မလုပ်နဲ့လို့ တားလို့မရဘူး။ အခုလုပ်လို့ရပြီဆိုရင် ကိုယ်လည်း ထလုပ်မှာပဲ။ တခုတော့ မေတ္တာရပ်ခံရမှာ လုပ်ငန်းခွင် ဝင်ချိန်မှာလည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ ကျန်းမာရေး အသိတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့တော့ လိုအပ်တယ်”လို့ အေးမြတ်သူက ဆိုပါတယ်။

သရုပ်ဆောင် အေးမြတ်သူကတော့ သရုပ်ဆောင် အလုပ်အပြင် ပရဟိတလုပ်ငန်းတွေမှာလည်း အားတက်သရော လူအင်အား ငွေအင်အားနဲ့ အမြဲ ကူညီတတ်သူလည်း ဖြစ်ပါတယ်။ COVID -19 အတွက် “I Do Nation” အဖွဲ့ နဲ့ ပူးပေါင်းပါဝင်ကာ ဈေးသည်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ပေးခဲ့သလို We Love Yagnon အဖွဲ့နဲ့လည်း လှူဒါန်းမှုတွေ လုပ်ခဲ့တာ တွေ့ရပါတယ်။

You may also like these stories:

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
89
သဇင်ပန်း

သဇင်ပန်း

10 January 2026
121
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
308

ရွှေစက်တော်မှာ ထဘီရင်လျားနဲ့ ဓာတ်ပုံ ရိုက်ခဲ့တဲ့အကြောင်း ပြောပြတဲ့ အေးမြတ်သူ

“ကိုယ့်ကြောင့် ရုပ်ရှင်ကို ပရိသတ် စိတ်ဝင်စားမှု နည်းမှာ စိုးရိမ်တယ်”လို့ အေးမြတ်သူ ပြော

အတည်အတံ့၊ အငြိမ်ဇာတ်ရုပ်တွေလည်း သရုပ်ဆောင်ချင်တဲ့ အေးမြတ်သူ

Your Thoughts …
Tags: COVID-19ရိုက်ကူးရေးအေးမြတ်သူ
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

ထဘီရင်လျားနဲ့ ဓာတ်ပုံ ရိုက်ခဲ့တဲ့ သရုပ်ဆောင် အေးမြတ်သူ  /  Aye Myat Thu's Fcaebook

ရွှေစက်တော်မှာ ထဘီရင်လျားနဲ့ ဓာတ်ပုံ ရိုက်ခဲ့တဲ့အကြောင်း ပြောပြတဲ့ အေးမြတ်သူ

by ချစ်ပိုး
27 February 2020
40.8k

ရွှေစက်တော်မှာ ရင်လျားတဲ့ပုံ ရိုက်ခဲ့တာက အရမ်း အမြင်မရိုင်းဘူးလို့ မြင်ပါတယ်။ လူတွေ အရမ်းစည်ကားနေရင်တော့ ရင်လျားလို့ အဆင်ပြေမှာ မဟုတ်ဘူး။

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

by ညီညီသူ
25 May 2020
8.5k

အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / Thin Zar Wint Kyaw's Facebook

Stay home ကာလ နေထိုင် စားသောက်မှု ပုံစံကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
13 July 2021
52.2k

ဒီကာလမှာ ပိုစားပါ။ ပိုအိပ်ပါ။ ကိုယ်ခံအား ကောင်းနေဖို့ အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။

--

ကိုဗစ်လှိုင်းကြားက မြန်မာ့ရိုးရာ သင်ဖြူးဖျာ

by အောင်ကျော်ထက်
28 August 2020
6.5k

စီးပွားရေးအကျပ်အတည်းရင်ဆိုင်နေရသော လုပ်ငန်းကဏ္ဍများစုံထဲတွင် မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်၊ မြန်မာ့ရိုးရာလက်မှုထုတ်ကုန်တခုလည်းဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့က သင်ဖြူးဖျာလုပ်ငန်းများသည်လည်း တခုအပါအဝင် ဖြစ်သည်။

ခုတ်ထွင်ရှင်းလင်းခံထားရတဲ့ ဒီရေတောတတော /  Oliver S. - Madagascar General  / Alamy Stock Photo 

သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများလေ လူတွေ ဘေးဒုက္ခများလေ

by သဇင်လှိုင်
9 July 2020
8.6k

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါက်တာ မြင့်ဇော်နဲ့ ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။

၂၀၂၀ အတွင်း ကွယ်လွန်သွားခဲ့တဲ့ အနုပညာရှင်များ

၂၀၂၀ ပြည့်နှစ်အတွင်း ကြွေလွင့်သွားခဲ့တဲ့ အနုပညာရှင်များ

by ချစ်ပိုး
30 December 2020
9.7k

၂၀၂၀ ပြည့်နှစ်ဟာ COVID-19 ရောဂါကြောင့် ကမ္ဘာတဝှမ်းမှာ စိတ်မချမ်းမြေ့စရာ သတင်းတွေ ကြုံတွေ့ခဲ့ရပြီး ဒီနှစ်ထဲမှာလည်း အနုပညာရှင်များစွာ ကြွေလွင့်ခဲ့ရပါတယ်။

Next Post
အဆိုတော် အမွန်း  / Ah Moon's Facebook

“အင်တာနက်မှာ နေရာ တနေရာရဖို့ မလွယ်ဘူး”လို့ အမွန်း ပြော

စက်ရုပ်တွေနဲ့ ဘွဲ့နှင်းသဘင်လုပ်မယ့် မလေးရှားက တက္ကသိုလ်

မလေးရှားရှိ တက္ကသိုလ် ဘွဲ့နှင်းသဘင်တွေမှာ စက်ရုပ်တွေ အစားထိုးမည်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved