• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

အတည်အတံ့၊ အငြိမ်ဇာတ်ရုပ်တွေလည်း သရုပ်ဆောင်ချင်တဲ့ အေးမြတ်သူ

by ချစ်ပိုး
20 June 2019
in Entertainment
A A
သရုပ်ဆောင် အေးမြတ်သူ  / Aye Myat Thu's Facebook

သရုပ်ဆောင် အေးမြတ်သူ / Aye Myat Thu's Facebook

9.5k
VIEWS
Share on FacebookShare on Twitter

ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်လေ့ရှိတဲ့ အကယ်ဒမီ အေးမြတ်သူကတော့ သူ့အတွက် ဇာတ်ရုပ်တိုင်းဟာ စိန်ခေါ်မှုရှိပြီး အတည်အတံ့၊ အငြိမ်ဇာတ်ရုပ်လည်း သရုပ်ဆောင်ချင်တယ်လို့ ပြောပါတယ်။

“အေးမြတ်သူကတော့ ဇာတ်ရုပ်တွေ အကုန် လုပ်ချင်တယ်။ အခြေခံလူတန်းစား ဇာတ်ရုပ်တွေနဲ့ လိုက်တယ်လို့ အေးမြတ်သူကို ပြောကြတယ်။ အဲ့လိုဇာတ်တော့ လာတယ်။ စကားတလုံးချင်း ပြောပြီး အတည်အတံ့၊ အငြိမ် ဇာတ်ရုပ်လည်း လုပ်ချင်ပါသေးတယ်။ ကာရိုက်တာတိုင်းကတော့ အေးမြတ်သူအတွက် စိန်ခေါ်မှု ရှိပါတယ်”လို့ အေးမြတ်သူက ပြောပါတယ်။

အေးမြတ်သူကတော့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ရိုက်ကူးထားတဲ့ “နှစ်ပတ်အလို” ဇာတ်ကားမှာ စိန်ဆိုင်ပိုင်ရှင် အမျိုးသမီး တယောက်အနေနဲ့ ပါဝင်ထားပြီး အဲဒီဇာတ်ရုပ်နဲ့ ပတ်သက်ပြီးတော့လည်း အခုလိုပဲ ပြောပါတယ်။

“ကာရိုက်တာကတော့ ရတီချမ်းဆိုတဲ့ အမျိုးသမီး တယောက်၊ စိန်ဆိုင် ပိုင်တယ်။ အလုပ်လုပ်တာ တိကျတယ်၊ ပြတ်သားတယ်။ အဲ့ဒီလို မိန်းမမျိုး ဖြစ်တယ်။ နောက်ပိုင်းမှာတော့ သူ လုံးဝ ထင်မထားတဲ့ ယောကျာ်းတယောက်ကို အရမ်းချစ်မိသွားတဲ့ ကာရိုက်တာအဖြစ် ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားထဲမှာ ကိုယ့်ချစ်သူနဲ့ ကိုယ်နဲ့က တယောက်နဲ့ တယောက် ဖွင့်မပြောကြပေမယ့် ချစ်နေကြတယ်။ ပါဝင်တဲ့ အဓိက ဇာတ်ကောင် ၈ ယောက် ရှိတယ်။ အကုန်လုံးကလည်း အားပြိုင်ကြတဲ့ ဇာတ်ကောင်မျိုးတွေ ဖြစ်ပါတယ်”

“ဒီဇာတ်ကားမှာက တယောက်တည်းရဲ့ကာရိုက်တာကို ဇောင်းပေး၊ ဦးတည်ပြီး ရိုက်ထားတာမျိုး မဟုတ်ဘူး။ ကိုပြေတီဦးကို လေးစားတယ်။ ဒီဇာတ်ကားထဲမှာ သူ မင်းသားဆိုပြီး ရိုက်တာမျိုး မဟုတ်ဘူး။ ဇာတ်ကောင်တွေက တယောက်နဲ့ တယောက် အားပြိုင်နေတော့ ဇာတ်အိမ်က အရမ်းကြီးသွားတယ်။ အေးမြတ်သူကလည်း အဲ့လိုမျိုးပုံစံကို ကြိုက်လို့ ဒီဇာတ်ကားကို ရိုက်ဖို့ လက်ခံခဲ့တယ်။ ဒီဇာတ်ကားထဲမှာ အဓိကဇာတ်ဆောင်ဆိုတာ မရှိဘူး။ အဓိက ဇာတ်ကောင်ဆိုရင်တော့ ဇာတ်အိမ်ကြီးပဲ ဖြစ်ပါတယ်”လို့ အေးမြတ်သူက ပြောပါတယ်။

အေးမြတ်သူကတော့ ဖားကန့်က ကျောက်တူးသမားတွေ အကြောင်း ဒါရိုက်တာ ဒေါင်လွဏ်း ရိုက်ကူးထားတဲ့ “လောဘနွံ” ရုပ်ရှင်မှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ အဲဒီဇာတ်ကားနဲ့ ပတ်သက်ပြီးလည်း အေးမြတ်သူက အခုလိုပဲ ပြောပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
116
သဇင်ပန်း

သဇင်ပန်း

10 January 2026
129
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
310

“လောဘနွံ ဇာတ်ကားမှာတော့ ပါဝင်မှုအရလည်း အရမ်းမများသလို လုပ်ပိုင်ခွင့်လည်း အရမ်းမများပါဘူး။ အေးမြတ်သူက ပွဲစားတယောက်အနေနဲ့ ပါဝင်ထားတယ်။ ဒီကားကလည်း အဓိကက ရေမဆေး ကျောက်တူး သမားတွေရဲ့ ဘဝတွေ၊ လောပန်းတွေရဲ့ စိတ်အခြေအနေတွေ၊ သူတို့ရဲ့ ပဋိပက္ခတွေကို အဓိက ရိုက်ထားတဲ့ကားပါ။ ဇာတ်လမ်းကို အေးမြတ်သူ ကြိုက်တယ်။ ဖြစ်နိုင်ရင် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ပြစေချင်တယ်။ ရိုက်ကူးရေးက အခက်အခဲတွေ သိပ်မရှိပါဘူး။ ဒီကားထဲမှာပါတဲ့ ဇာတ်ကောင် ဘဝတွေကသာ ခက်ခဲကြမ်းတမ်းတာပါ”လို့ အေးမြတ်သူက ဆိုပါတယ်။

မကြာသေးခင်ကမှ အသက် ၃၄ နှစ်ပြည့်ခဲ့တဲ့ သရုပ်ဆောင် အေးမြတ်သူဟာ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယိုဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာမှာ ပါဝင် သရုပ်ဆောင်ခဲ့သူပါ။ ယခုနှစ်အတွင်းမှာလည်း အေးမြတ်သူက “နောင်တွင် ဥဒါန်းတည်စေသတည်း” ရုပ်ရှင်နဲ့ “အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု” အကယ်ဒမီ ရရှိခဲ့ပါတယ်။

You May Also Like These Stories:

အကယ်ဒမီရပြီးနောက်ပိုင်း စကားပြောတာနဲ့ အနေအထိုင်ကို ထိန်းသိမ်းလာတယ်လို့ အေးမြတ်သူပြော

“အသက် ၃၄ နှစ်ရောက်မှ Tik Tok ဆော့ဖြစ်တယ်”လို့ ပြောတဲ့ အေးမြတ်သူ

Your Thoughts …
Tags: အငြိမ်ဇာတ်ရုပ်အတည်အတံ့အေးမြတ်သူ
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

ထဘီရင်လျားနဲ့ ဓာတ်ပုံ ရိုက်ခဲ့တဲ့ သရုပ်ဆောင် အေးမြတ်သူ  /  Aye Myat Thu's Fcaebook

ရွှေစက်တော်မှာ ထဘီရင်လျားနဲ့ ဓာတ်ပုံ ရိုက်ခဲ့တဲ့အကြောင်း ပြောပြတဲ့ အေးမြတ်သူ

by ချစ်ပိုး
27 February 2020
40.8k

ရွှေစက်တော်မှာ ရင်လျားတဲ့ပုံ ရိုက်ခဲ့တာက အရမ်း အမြင်မရိုင်းဘူးလို့ မြင်ပါတယ်။ လူတွေ အရမ်းစည်ကားနေရင်တော့ ရင်လျားလို့ အဆင်ပြေမှာ မဟုတ်ဘူး။

သရုပ်ဆောင် အေးမြတ်သူ  / ထက်ဝေ / ဧရာဝတီ

ဇာတ်ကားတကားရိုက်ဖို့ ခန္ဓာကိုယ်အချိုးအစား ပြောင်းလဲနေတဲ့ အေးမြတ်သူ

by ယုဖြူဟန်
4 November 2018
7.6k

"မနေ့ကဖြစ်သည် ၂" မှာ ရဲအုပ်ခက်ခက်ခိုင် နေရာက သရုပ်ဆောင်ခဲ့တဲ့ အေးမြတ်သူဟာ ပရိသတ်ရဲ့ ကြိုက်နှစ်သက်မှုနဲ့အတူ ဝေဖန်မှု အနည်းငယ်လည်း ကြုံတွေ့ခဲ့ရပါတယ်။

၂၀၁၆ ခုနှစ် သင်္ကြန်မှာ ရေကစားနေတဲ့ သရုပ်ဆောင် အေးမြတ်သူ / အေးမြတ်သူ / facebook

အေးမြတ်သူနဲ့ သင်္ကြန် ဖက်ရှင်

by ဧရာဝတီ
6 April 2017
13.5k

ပြီးခဲ့တဲ့ သင်္ကြန်ကဆိုရင် အေးမြတ်သူကို အားလုံးလည်း ပိုချစ်ကြတယ်။ ဒီလိုလေး ရေပက်တာကို အမြဲတမ်းပဲ ကောင်းတယ် ဆိုပြီး ချီးမွမ်းစကား ပြောပေးကြတယ်ဆိုတော့ အေးမြတ်သူ အသက် ၃၀ မှာ ပြီးခဲ့နှစ်သင်္ကြန်က အေးမြတ်သူအတွက် တသက်လုံး အမှတ်ရနေမယ့်...

အကယ်ဒမီ အေးမြတ်သူ / Aye Myat Thu's Facebook

“အကယ်ဒမီ မင်းသမီးလို့ ပြောတာနဲ့ ကံကောင်းတယ်လို့ ခံစားရတယ်”

by ချစ်ပိုး
20 January 2021
4.5k

အကယ်ဒမီ သရုပ်ဆောင်ဆိုတာ ဘာနဲ့မှ လဲလို့ မရတဲ့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမှု ဖြစ်နေတာ။ ပြောတိုင်း ကြည်နူးရတယ်”လို့ အေးမြတ်သူက ပြောပါတယ်။

သရုပ်ဆောင် နေမင်းနဲ့ အေးမြတ်သူ / ချစ်ပိုး / ဧရာဝတီ

“အပျိုကြီး မလုပ်ပါဘူး၊ အိမ်ထောင်ပြုဖို့ ဆန္ဒ ရှိပါတယ်”လို့ ပြောတဲ့ အေးမြတ်သူ

by ချစ်ပိုး
26 February 2019
14.9k

"အိမ်ထောင်ဘက်က ပိုက်ဆံရှိတယ်၊ အရမ်းချမ်းသာတယ်ဆိုတာထက် ပညာဉာဏ် ရှိစေချင်တယ်။ အဆိုး၊ အကောင်းကို ခွဲခြားနိုင်တယ်။ ဘာသာတရား လက်ကိုင်ထားပြီး အကောင်းမြင်တတ်သူကို အေးမြတ်သူ ရွေးချယ်မယ်။

သရုပ်ဆောင် အေးမြတ်သူ / ချစ်ပိုး / ဧရာဝတီ

အကယ်ဒမီရပြီးနောက်ပိုင်း စကားပြောတာနဲ့ အနေအထိုင်ကို ထိန်းသိမ်းလာတယ်လို့ အေးမြတ်သူပြော

by ချစ်ပိုး
22 May 2019
8.3k

“ ကိုယ့်ရဲ့ အပြုအမူတွေက တဖက်သားအတွက် စရိုက်ဆန်သွားတာမျိုးတွေ၊ တဖက်သားက အထင်သေးသွားမယ့် အပြုအမူမျိုးတွေ မဖြစ်အောင်လို့ သေသေချာချာလေးတော့ ကြိုးစားပြီး တည်ဆောက်နေပါတယ်။

Next Post
ဗာရာဏသီမြို့မှာ ရှိတဲ့ “Mumukshu Bhawan” တည်းခိုခန်း

သေဖို့ စောင့်နေတဲ့ လူတွေအတွက် ဖွင့်ပေးထားတဲ့ တည်းခိုခန်း

ကမ္ဘာကျော် ဟောလိဝုဒ် အနုပညာရှင်များ

ဟောလိဝုဒ် အနုပညာရှင်တွေ မအောင်မြင်ခင်က လုပ်ကိုင်ခဲ့တဲ့ အသက်မွေးဝမ်းကြောင်း အလုပ်များ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved