• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို စွဲချက်တင်၊ မတင် လာမည့် ရုံးချိန်းတွင် အမိန့်ချမည်

by ထက်ခေါင်လင်း
4 July 2019
in သတင်း
A A
ပြီးခဲ့သည့် မေလ ၉ ရက်နေ့က ရုံးချိန်းတွင် တွေ့ရသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး  / ဧရာဝတီ

ပြီးခဲ့သည့် မေလ ၉ ရက်နေ့က ရုံးချိန်းတွင် တွေ့ရသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး / ဧရာဝတီ

12.2k
VIEWS
Share on FacebookShare on Twitter

တပ်မတော်မှ တရားစွဲဆို ထားသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၏ အမှုနှင့် ပတ်သက်၍ စွဲချက်တင်သင့်၊ မတင်သင့်ကို လာမည့် ၁၈ ရက်နေ့တွင် အင်းစိန်တရားရုံးမှ အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

ယနေ့တွင် ရုံးချိန်းတွင် တရားလိုပြ သက်သေ ၅ ဦးအနက် နောက်ဆုံးသက်သေ ဗိုလ်မှူးအောင်ရဲကျော် ကိုစစ်ဆေးပြီးနောက် နှစ်ဖက်ရှေ့နေများက တရားစွဲဆိုသင့်၊ မသင့်ကို အပြီးသတ် လျှောက်လွှဲခဲ့ကြကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီး အမှုတွင် လိုက်ပါ ဆောင်ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

“ဒီနေ့ စွဲချက် မတင်သင့်ကြောင်း လျှောက်လွှဲခဲ့တဲ့အထဲမှာ မြန်မာနိုင်ငံမှာ ပြည်ထောင်စု တပ်မတော်တခုထဲပဲရှိတယ်၊ အဲ့ဒီ တပ်မတော်ရဲ့ အကြီးအကဲက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖြစ်တယ်။ အခု ဒီအမှုမှာ တပ်မတော်ကို စော်ကားတဲ့ ပိုစ့်တွေကို လူမှုကွန်ယက်မှာ တင်တယ် ဆိုရင်တောင် ကာကွယ်ရေး ဦးစီးချုပ်က တရားစွဲဆိုဖို့ ခွင့်ပြုစာကို ပေးမထားဘူး။ ဒီလို လူမှုကွန်ရက်မှာ ရေးလိုက်လို့ တပ်မတော်တွေထဲမှာ ပုန်ကန်တာ၊ တာဝန် မလေးမစား ဖြစ်သွားတာ မျိုးလည်း ဘာမှဖြစ်မသွားဘူး။ ဒါဟာ ပုဒ်မ ၅ဝ၅(က) နဲ့ အမှု မမြောက်ဘူး။ တကယ်လို့ စွဲမယ်ဆိုရင်တောင်မှ ဆက်သွယ် ရေး ဥပဒေနဲ့ပဲ စွဲရမှာလို့ လျှောက်လွှဲခဲ့တယ်” ဟု ဆိုသည်။

တရားလိုဖြစ်သော တပ်မတော်ဘက်မှ စစ်ဘက် သက်သေ ၅ ဦးသာ တင်ပြခဲ့ပြီး၊ အရပ်သား သက်သေများ တင်ပြခြင်း မရှိကြောင်း၊ အဆိုပါ စစ်ဘက်သက်သေ ၅ ဦးတွင် နောက်ဆုံး သက်သေ ဗိုလ်မှူး အောင်ရဲကျော်ကို ယနေ့ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံး သက်သေ ဗိုလ်မှူး အောင်ရဲကျော်ကို မိမိတို့ဘက်မှ ပြန်လှန်စစ်မေးရာတွင် ၎င်းသည် ပြီးခဲ့သည့် မတ်လ အတွင်းက အောက်ခြေရဲဘော်များမှ မင်းထင်ကိုကိုကြီး၏ တပ်မတော်အပေါ်ဝေဖန်ရေးသားချက်များကို တင်ပြသည့် အတွက် ဖတ်မိကြောင်း၊ အထက်ကို ဆက်လက် တင်ပြခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု ဦးရောဘတ်ဆန်းအောင်က ဆက်ပြောသည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ရုံးချိန်း အပြီးတွင် သတင်းမီဒီယာများအား “အဲ့ဒီမှာ ကျနော်တို့ ဘာကြည့်ရမှာလဲ ဆိုတော့ တရားသူကြီးက တရားရေး မဏ္ဍိုင်ပေါ်မှာ ဘယ်လောက် တည့်တည့်မတ်မတ် ရပ်သလဲ ဆိုတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ၆၆(ဃ)နဲ့လည်း စွဲထားပြီးသား၊ ပြီးတော့ ၅၀၅(က) နဲ့ ထပ်စွဲထားတာက တချက်။ နောက်တချက်က အင်္ဂါရပ်တွေနဲ့လည်း လုံး၀ မညီညွတ်ဘူး။ တပ်တွင်းပုန်ကန်မှုမဖြစ်ဘူး။ တပ်မတော်က တပ်တွင်းပုန်ကန်မှုဖြစ်စေချင်တဲ့ဆန္ဒ ထင်ရှားအောင် လည်း မပြနိုင်ဘူး။ ၅၀၅(က)နဲ့မှာ အဲ့ဒီဟာတွေ သက်သေမရှိဘူး။ ဒါပေမယ့် တရားသူကြီးက အဂတိပေါ့နော်၊ အဂတိထဲမှာ ဘယာဂတိဆိုတာ ပါတယ်။ ကြောက်လို့ အဂတိနဲ့ အမိန့်ချမှတ်တာပေါ့နော်။ အဲ့ အဂတိ ဘယ်လောက်ကင်းလဲဆိုတာကို ၁၈ ရက်နေ့မှာ တွေ့ရမှာပါခင်ဗျ။ အားလုံးကို ကျေးဇူးတင်ပါတယ်”ပြောဆိုထားကြောင်း Justice for Min Htin Ko Ko Gyi Facebook Page တွင် ဖော်ပြထားသည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် သူ၏ လူမှုကွန်ယက် စာမျက်နှာတွင် တပ်မတော်အား ဝေဖန်သည့် အကြောင်းအရာ များ ရေးသားခဲ့ခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒု ဗိုလ်မှူးကြီး လင်းထွန်းက အင်းစိန်မြို့နယ် ရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) နှင့် အမှုဖွင့်ခဲ့သလို အင်းစိန်မြို့နယ် တရားရုံးတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) နှင့်လည်း တရားစွဲရန် ဦးတိုက် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

တရားလိုဖြစ်သူ ဒု ဗိုလ်မှူးကြီး လင်းထွန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သုတေသနမှူး ဦးမျိုးရန်နောင်သိန်း၊ The Voice ဂျာနယ်မှာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် တာဝန်ရှိသူများကို တပ်မတော်ကို အသရေပျက်စေ အောင်ပြုလုပ် သည်ဆိုပြီး အဆိုပါ ပုဒ်မများဖြင့်ပင် တရားစွဲဆိုခဲ့ဖူးသူဖြစ်သည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
8
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
12
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
107

ဒါရိုက်တာ မင်းထင်ကိုကိုကြီး အား ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်မှု အပေါ် ရဲစခန်းမှ အာမခံပေးခဲ့ သော်လည်း ၅ဝ၅(က) ဖြင့် တရားစွဲဆိုမှုကို အင်းစိန် တရားရုံးမှ အာမခံပယ်ချကာ အင်းစိန်ထောင်တွင် ချုပ်နှောင်ထား သည်မှာ ၃ လနီးပါး ရှိနေပြီဖြစ်သည်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)သည် ဆက်သွယ်ရေး ကွန်ရက်အား အသုံးပြုပြီး ပုဂ္ဂိုလ်တဦးထံမှ ကြောက်လန့် စေခြင်း၊ နှောင့်ယှက်ခြင်း၊ အသရေဖျက်ခြင်း၊ မလျော်သြဇာသုံးခြင်း (ခ) ခြိမ်းခြောက်ခြင်းဟု ပြဌာန်းထားပြီး အမြင့်ဆုံး ပြစ်ဒဏ် ၂ နှစ်အထိချမှတ်နိုင်သည်။

ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅ဝ၅(က)သည် ပြည်ထောင်စု အစိုးရ၏ ကြည်း၊ ရေ၊ လေ တပ် တခုခုမှ အရာရှိအား၊ သို့မဟုတ် တပ်သားအား စစ်ပုန်ကန်ခြင်း ကိုသော်၎င်း၊ သက်ဆိုင်ရာ မိမိတာဝန်ကို မလေးစားခြင်းသော်၎င်း၊ ပျက်ကွက်ခြင်းသော်၎င်း၊ ပြုစေရန်အကြံရှိလျှင်၊ သို့မဟုတ် ထိုသို့ပြုစေတန်ရာသည့် အကြောင်းရှိလျှင်ဟု ပြဌာန်းထားပြီး ထောင်ဒဏ် ၂ နှစ် အထိ ၎င်း၊ ငွေဒဏ်၎င်း၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သည် နိုင်ငံရေးတွင် ဝင်ရောက် နေရာယူမှုများနှင့် ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသူ ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာအထိ ဖြန့်ကျက်နိုင် သည့် လူ့အခွင့်အရေး မှတ်တမ်းရုပ်ရှင်များကို ထုတ်လုပ်နေသော လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံကို တည်ထောင်သူတဦး ဖြစ်သည်။

ဆက်စပ်ဖတ်ရှု့ရန်

ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီးကို တပ်မတော် က ပုဒ်မ ၆၆ (ဃ) ဖြင့်အမှုဖွင့်

ပို့စ် ၁၀ ခုကြောင့် တပ်မတော်၏ အမှုဖွင့်ခြင်း ခံရဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီး ပြော

မင်းထင်ကိုကိုကိုကြီး လွတ်မြောက်ရေး နိုင်ငံတကာ ရုပ်ရှင်အဖွဲ့များ တောင်းဆို

ဒါရိုက်တာ မင်းထင်ကိုကိုကြီး အာမခံ ထပ်မံ လျှောက်ထားမှု ပယ်ချခံရ

ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲခံရသူ ၂၀၀ အထိရှိလာ

Your Thoughts …
Tags: တပ်မတော်ဒါရိုက်တာ မင်းထင်ကိုကိုကြီး
ထက်ခေါင်လင်း

ထက်ခေါင်လင်း

ဧရာဝတီ

Similar Picks:

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.5k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

by အောင်သူရ
16 October 2025
5.5k

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက် စားပွဲထိုးများ ကောင်းစားသည်ဟု စစ်တပ်အသိုင်းအဝိုင်းကြား တီးတိုးပြောတတ်ကြသည်။

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

by ဧရာဝတီ
22 May 2025
3.3k

ဒီနှစ်အကုန်မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အတင်း ကြော်ငြာထိုးပြီး မင်းအောင်လှိုင် ပြောနေတာကတော့ သူဟာ သမ္မတ အဖြစ် ရာထူး ဆက်ယူထားဖို့ကို ကြံစည်နေတာပဲ ဖြစ်ပါတယ်။

မိုးကုတ်၊ မိုးမိတ်ပြန်ပေး၍ အပစ်ရပ်ရန် TNLA သဘောတူ

မိုးကုတ်၊ မိုးမိတ်ပြန်ပေး၍ အပစ်ရပ်ရန် TNLA သဘောတူ

by ဧရာဝတီ
29 October 2025
3.3k

စစ်တပ်အား အကြီးအကျယ်အထိနာစေခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ၂ နှစ်ပြည့်သည့်ရက်နှင့်တိုက်ဆိုင်စွာ ပြုလုပ် ခဲ့သည့် ဆွေးနွေးပွဲတွင် TNLA က မြို့နှစ်မြို့ပြန်ပေးကာ အပစ်ရပ်သဘောတူခဲ့ပြီဖြစ်သည့်အတွက် ၁၀၂၇ စစ်ဆင်ရေး ဦးဆောင်ခဲ့သူများထဲတွင် အာရက္ခတပ်တော်(AA) တဖွဲ့တည်းသာ စစ်တပ်အား ဆက်လက်...

၂၀၂၀ နိုဝင်ဘာ လပြည့်ည အင်းလျားကန်ဘောင်ပေါ်တွင် အပန်းဖြေနေကြသူများ / ဧရာဝတီ

အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ

by ပေါ်ထွန်း
15 January 2022
53.2k

သူများနှင့် မတူသည်က သူသည် အိမ် ၂ လုံး ပိုင်ဆိုင်ထားသည်။

စွမ်းသေးရဲ့လား

စွမ်းသေးရဲ့လား

by မသီတာ(စမ်းချောင်း)
7 April 2025
3.1k

တပ်ထဲက တပ်မှူး၊ တပ်သား လူစွမ်းကောင်းတွေ လိုနေပါတယ်။

Next Post
အထင်မှားစေတဲ့ ရေစိုခံဖုန်း ကြော်ငြာ

အထင်မှားစေတဲ့ ရေစိုခံဖုန်း ကြော်ငြာတွေကြောင့် Samsung တရားစွဲခံရ

ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းမောဒေသအတွင်းရှိ လက်ဖက်စိုက်ခင်းများ  / မျိုးမင်းစိုး / ဧရာဝတီ

တရုတ် လက်ဖက်ခြောက် မှောင်ခိုသွင်းနေမှုများ တားဆီးပေးရန် တောင်းဆို

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved