• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင် ကွယ်လွန်

by ထက်ခေါင်လင်း
4 November 2019
in သတင်း
A A
မိုးလေဝသပညာရှင် ဦးထွန်းလွင် / ဧရာဝတီ

မိုးလေဝသပညာရှင် ဦးထွန်းလွင် / ဧရာဝတီ

26.5k
VIEWS
Share on FacebookShare on Twitter

မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်(၇၁နှစ်) သည် ဂရန်းဟံသာ ဆေးရုံကြီးတွင် နှလုံး ရောဂါဖြင့် ယနေ့ ည ၆နာရီ ၅၇ မိနစ်တွင် ကွယ်လွန်သွားကြောင်း သိရသည်။

ဦးထွန်းလွင်ကို စစ်ကိုင်းတိုင်း ငါန်းဇွန်မြို့နယ်တွင် ၁၉၄၈ခုနှစ်က မွေးဖွားခဲ့ပြီး၊ မန္တလေးမြို့ ဖာသာ လဖုန်းကျောင်းတွင် ပညာသင်ယူခဲ့သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
527
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
45
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
92

တက္ကသိုလ်ဝင်တန်း အောင်မြင်ချိန်မှ စ၍ မိုးလေဝသနှင့် ဇလဗေဒ ဌာနတွင် ဝင်ရောက်လုပ်ကိုင် ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ် အထိ တာဝန်ယူခဲ့သူဖြစ်သည်။

မိုးလေဝသသတင်းများ၊ ခန့်မှန်းချက်များကို မြန်မာ့ရုပ်မြင်သံကြားမှ တင်ဆက်သူအဖြစ် လူသိများပြီး ဌာနမှ အနားယူသည့်တိုင် ယနေ့အချိန်အထိ မိုးလေဝသနှင့် ပတ်သက်၍ ခန့်မှန်းချက်များကို သူ၏ Facebook Page မှနေ၍ ပြည်သူများ အတွက် ရေးသားနေသူဖြစ်သည်။

၎င်းကွယ်လွန်မှုသည် မိုးလေဝသ ပညာရပ်များအပြင် ပြည်သူလူထု တရပ်လုံး အနေဖြင့် ပညာရှင် တယောက်ကို ဆုံးရှုံးလိုက်ရသည် သာမက ဝမ်းနည်းမှုဖြင့် ယူကျုံးမရ ဖြစ်နေလိမ့်မည်ဟု ယူဆကြောင်း ဦးထွန်းလွင်နှင့် စာပေဟောပြောပွဲ မိတ်ဆွေဖြစ်သူ ကာတွန်းဆရာ အော်ပီကျယ်က မှတ်ချက်ပြုသည်။

ဆရာ အော်ပီကျယ်က “သူက ကျနော့်ထက် ၁၀ နှစ်ကျော် ကြီးပေမယ့် သူငယ်ချင်းပေါင်း ပေါင်း တာ။ သူနဲ့ ကျနော်က အကျင့်တာ စရိုက်တူနဲ့ ရင်းနှီးလာတာ နှစ် ၃၀ ကျော်ပြီ။ ကျနော်က တရုတ် ပြည်က ပြန်လာတာ မကြာသေးလို့ မနက်ဖြန်မှ သူ့ဆီသွားမယ်လို့ စဉ်းစားထားကာမှ သူကွယ်လွန် သွားတော့ စိတ်တအားထိခိုက်ရတယ်” ဟု ဆိုသည်။

ဦးထွန်းလွင်သည် ပညာရပ်ပိုင်းဆိုင်ရာတွင်သာမက ပြည်သူအများ၏ အားကိုးယုံကြည်ရသူ ဖြစ် သည့်အပြင် မိုးလေဝသနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများ ရှိသော်လည်း ပညာရပ်နှင့် ပတ်သက်၍ ပြည်သူအများ အလေးထား အားကိုးနေရသူဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

Pan Myanmar အဖွဲ့မှ စာရေးဆရာမ မသီတာ(စမ်းချောင်း)က ဦးထွန်းလွင်သည် ပညာရပ်ပိုင်းကို ပညာရှင်တဦးထက် နိုင်ငံအပေါ် တာဝန်သိသူ တဦးအနေဖြင့် တာဝန်တရပ်ကို ထမ်းဆောင်နေ သူ ဖြစ်ကြောင်း သုံးသပ်သည်။

ဦးထွန်းလွင်၏ ရုပ်ကလပ်ကို လာမည့် နိုဝင်ဘာ ၆ရက် ညနေ ၅နာရီတွင် ရေဝေးသုဿန်သို့ ပို့ဆောင် သဂြိုဟ်မည်ဟု သိရသည်။

You may also like these stories:

မိုးနှောင်းကာလ ဖျက်မိုး အန္တရာယ် လျော့နည်းနိုင်ခြေရှိဟု ဦးထွန်းလွင်ပြော

Your Thoughts …
Tags: မိုးလေဝသဦးထွန်းလွင်
ထက်ခေါင်လင်း

ထက်ခေါင်လင်း

ဧရာဝတီ

Similar Picks:

အိန္ဒိယနဲ့ နီပေါမှာ အချိန်အခါ မဟုတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၁၀၀ ကျော် သေဆုံး

အိန္ဒိယနဲ့ နီပေါမှာ အချိန်အခါ မဟုတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၁၀၀ ကျော် သေဆုံး

by ဧရာဝတီ
13 April 2025
1.1k

အိန္ဒိယရဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ နီပေါ နိုင်ငံမှာတော့ မိုးကြိုးပစ်ခြင်းနဲ့ မိုးကြီးခြင်းကြောင့် အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အညွန့်ပဲ သတ်ပါရစေ

အညွန့်ပဲ သတ်ပါရစေ

by မောင်သစ်လွင် (လူထု)
10 March 2024
900

ဝါ၊ ဂျုံ၊ နှမ်း ပျိုးဖို့ စိုက်ပျိုးရေး ဘဏ်က စိုက်ပျိုးရေး စရိတ်များ ချေးခဲ့ကြတယ်။ ဒီနှစ်တော့ မိုးလေဝသ မမှန်လို့ ဝမ်းစာတောင် ခဲခဲယဉ်းယဉ်းမို့၊ စိုက်ပျိုးစရိတ်ကို ပြန်မဆပ်နိုင်ဘူး။

ငလျင်ဒဏ်ခံရတဲ့နေရာတွေမှာ မိုးများရင် မြေကျွံပေါက်တွေဖြစ်လာနိုင်  (ရုပ်/သံ)

ငလျင်ဒဏ်ခံရတဲ့နေရာတွေမှာ မိုးများရင် မြေကျွံပေါက်တွေဖြစ်လာနိုင် (ရုပ်/သံ)

by ဧရာဝတီ
9 April 2025
139

စစ်ကိုင်းတိုင်း၊ ရေမျက်ကြီးအင်းအနီး ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းက စစ်ကိုင်း၊ မန္တလေး နဲ့ နေပြည်တော် အနီးတဝိုက် မှာ မြေကြီးအက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

လူအများအပြားသေဆုံးစေခဲ့သော အာရှက နိုဝင်ဘာမိုးများ

လူအများအပြားသေဆုံးစေခဲ့သော အာရှက နိုဝင်ဘာမိုးများ

by Helen Regan
14 December 2025
130

ထိုမုန်တိုင်းများသည် လူ ၁,၇၀၀ ကျော်ကို သေဆုံးစေသည်ဟု သဘာဝဘေးအန္တရာယ်ဌာနများမှ အချက်အလက်များကို CNN က စုဆောင်းထားသည့် စာရင်းအရ သိရသည်။

မွန်ပြည်နယ်နှင့် ရန်ကုန်မြို့တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ်  / ဧရာဝတီ

ရန်ကုန်၊ မွန်နှင့် ကယားတို့တွင် ရေကြီးရေလျှံ၍ ပြည်သူများ စားသောက်ရေး အခက်ကြုံ

by ဧရာဝတီ
17 August 2022
6.2k

ရန်ကုန်မြို့တွင် ယခု ရွာသွန်းခဲ့သည့် မိုးရေချိန်မှာ ၆ ဒသမ ၆၉ ထိရှိခဲ့သဖြင့် နှစ်ပေါင်း ၅၀ ကျော်အတွင်း မိုးရေချိန် စံချိန်သစ် တင်ခဲ့ခြင်းဖြစ်ကာ ယခင်က စံချိန်တင် မိုးရေချိန်လက်မမှာ ၅ ဒသမ ၈၇...

မိုးလေဝသ ပညာရှင် ဦးထွန်းလွင် / ဧရာဝတီ

အရေးကြီးဆုံးက ကြိုတင် ပြင်ဆင်မှုပဲ

by ဧရာဝတီ
12 April 2017
35.4k

မုန်တိုင်းက ဘယ်အချိန်မှာ အန္တရာယ်ရှိသလဲ ဘယ်ဒေသကို အန္တရာယ်ပေးတတ်သလဲ ဘာကို ငါတို့က ကြည့်ရမှာလဲ အဲဒါလောက်ကတော့ အခြေခံအားဖြင့် လူတိုင်းသိရမယ်။

Next Post
မြန်မာ ငွေကျပ် တသောင်းတန်များ  /  ဧရာဝတီ

တန်ဖိုးကြီး ငွေစက္ကူများ ဗိုလ်ချုပ် အောင်ဆန်း ရုပ်ပုံဖြင့် ပြောင်းလဲ ထုတ်ဝေမည်

မြန်မာရေတပ်သင်္ဘောသစ် မုတ္တမ ရုရှားနိုင်ငံ ဗလာဒီဘော့စတော့ ဆိပ်ကမ်းသို့ ဝင်ဆိုက်စဉ်

မြန်မာရေတပ်သင်္ဘောသစ် ရုရှား ရောက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved