• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန်မြို့၏ နုံးမြေ အခြေအနေကြောင့် ငလျင်လှုပ်ခတ်မှု ပြင်းထန်စွာ ခံစားခဲ့ရ ဟုဆို

by သဇင်လှိုင်
13 November 2019
in သတင်း
A A
ငလျင်လှုပ်ခတ်မှုကြောင့် တာမွေမြို့နယ်ရှိ စောင်းသွားသည့် တိုက်အား စစ်ဆေးနေပုံ / သဇင်လှိုင် / ဧရာဝတီ

ငလျင်လှုပ်ခတ်မှုကြောင့် တာမွေမြို့နယ်ရှိ စောင်းသွားသည့် တိုက်အား စစ်ဆေးနေပုံ / သဇင်လှိုင် / ဧရာဝတီ

20.1k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်းအတွင်း လှုပ်ခတ်ခဲ့သည့် ငလျင်သည် ပြင်းအား နည်းသော်လည်း ရန်ကုန်မြို့တည်ရှိရာ နုံးမြေ အခြေအနေ ကြောင့် လှုပ်ခတ်သည့်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရခြင်း ဖြစ်ကြောင်း မြေငလျင်ပညာရှင်များက သုံးသပ် ပြောဆို သည်။

ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက် ည ၉ နာရီ ၅၄ မိနစ်တွင် တိုက်ကြီးမြို့၏ အနောက်တောင်ဘက် ၁၃ မိုင်ခန့် အကွာ၌ အနက် ၁၀ ကီ လိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၁ အဆင့်ရှိ မြေငလျင်တခု လှုပ်ရှားသွားခဲ့ပြီး ရန်ကုန်မြို့အနှံ့ လှုပ်ရှားမှုဒဏ်ကို ပြင်းပြင်းထန်ထန် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ မြေငလျင် ကော်မတီ နာယက ဒေါ်လှလှအောင်က “အဓိက အချက်က ရန်ကုန်က နုံးမြေတွေနဲ့ပဲ ဖုံးလွှမ်းနေ တဲ့ အတွက် ငလျင်လှုပ်တယ်ဆိုရင် ငလျင်လှိုင်းက မူလ အခြေအနေ ကနေ ပိုပြီး ကြီးထွားစေတဲ့ အတွက်ကြောင့်မို့လို့ ဒီလောက်ထိ ပြင်းပြင်းထန်ထန် လှုပ်သွားတာ ဖြစ်တယ်” ဟု သုံးသပ်သည်။

ယမန်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ပြတ်ရွေ့ နှင့် ပတ်သက်၍ ဒေါ်လှလှအောင်က “ရန်ကုန်မြို့မှာက မြေပုံပေါ်မှာ တင်ရ လောက်အောင် ပြတ်ရွေ့ကို မမြင်ရဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ခုနက ပြောခဲ့တဲ့ နုံးမြေတွေနဲ့ ဖုံးနေလို့ ရန်ကုန်မြို့က။ ပြတ်ရွေ့မရှိဘဲနဲ့တော့ ငလျင်က မလှုပ်ဘူး။ အဲဒီတော့ ပြတ်ရွေ့က ရှိတယ်၊ ရန်ကုန်မြို့ရဲ့ အောက်တည့်တည့်မှာ ရှိတယ်။ အဲဒါတွေကို မမြင်ရတဲ့အတွက် ဘယ်ပြတ်ရွေ့က လှုပ်တယ်ဆိုတာကို ပိုင်ပိုင်နိုင်နိုင် မပြောနိုင်ဘူး” ဟု ဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၊ မြေငလျင် ဌာနခွဲ မှ ဒု ညွှန်ကြားရေးမှူး ဒေါက်တာ ယဉ်မျိုးမင်းထွေး က လည်း “အဓိက အရေးကြီးတာ အောက်ခံမြေ အမျိုးအစားပေါ့။ မြေပျော့နဲ့ မြေမာပေါ့။ ပျော့တဲ့ မြေပေါ်မှာ ဆောက်လုပ်တဲ့ အဆောက်အအုံ ဆိုရင် ငလျင်ရဲ့ လှိုင်းသက်ရောက်မှုကို ပိုပြီးတော့ သိရတယ်။ မြေမာတဲ့ အခါကျတော့ မြေငလျင်လှိုင်းရဲ့ လှုပ်ခါမှုကို မြေပျော့လောက် မသိရဘူးပေါ့” ဟု ပြောသည်။

ထိုသို့ မြေအနေအထားအပြင် အဆိုပါ ငလျင်သည် ဗဟိုချက် တိမ်သည့်အတွက် လှုပ်ရှားမှုဒဏ်ကို ပိုမို သတိပြုမိခြင်း ဖြစ် ကြောင်း ၎င်းက ဆိုသည်။

မြေငလျင်ဘေးသည် ကြိုတင် ခန့်မှန်းတွက်ချက်၍ မရနိုင်သည့် အတွက် နောက်ဆက်တွဲ ငလျင်နှင့် ပတ်သက်ပြီး တိတိကျ ကျ ထုတ်ပြန်နိုင်ရန် ခက်ခဲသော်လည်း လှုပ်ခတ်ခဲ့သည့် ဗဟိုချက် ပြင်းအား ပမာဏ အရ နောက်ဆက်တွဲ ငလျင် လှုပ်နိုင် ခြေမှာ နည်းပါးကြောင်း မိုး/ဇလ က ခန့်မှန်းသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
110
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
33
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
115

ထိုသို့ ရန်ကုန်အတွင်း မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြည်သူများ စိုးရိမ် ထိတ်လန့်ခဲ့ကြကာ မြို့နယ်တချို့အတွင်းရှိ တိုက် ခန်းများတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်ခြင်း၊ တိုက်များ စောင်းသွားခြင်း အစရှိသည်တို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ မနက်ပိုင်း ၉ နာရီ၌ နမ့်စန်မြို့၏ မြောက်ဘက် ၁၃ မိုင်ခန့် အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ၂ အဆင့်ရှိ အင်အား အနည်းငယ် ရှိသော မြေငလျင်တခု ထပ်မံ လှုပ်ခတ်သွားကြောင်း မိုး/ ဇလ က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ အထိ မြေငလျင် အကြိမ်ရေ ၁၄၀ လှုပ်ခတ်ခဲ့ပြီး ယခု နိုဝင်ဘာလ တွင် ၅ ကြိမ် လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၊ မြေငလျင် ဌာနခွဲက သိရသည်။

You may also like these stories:

ငလျင်ကြီး လှုပ်မှာကို အချက်ပြနေတာလားလို့ ထင်တယ်

မိုးကြိုးပစ်၊ ကမ်းပြို၊ မြေပြို နှင့် ငလျင် ၁ နှစ်ပတ်လုံး ဖြစ်နိုင်ခြေ အများဆုံးရှိဟု ဆို

Your Thoughts …
Tags: ပြင်းအားရန်ကုန်ငလျင်
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ယနေ့ ရုံးထုတ်တွင် တွေ့ရသော ဦးစိုးထွန်းရှိန်  / ဒီလှိုင်းဝင်း / ဧရာဝတီ

(ဦး) စိုးထွန်းရှိန် အမှု တရားလို စတင်စစ်ဆေး

ရခိုင်မျိုးစောင့်အဖွဲ့ (Arakan Rakkhita Group - ARG) အသင်းဥက္ကဋ္ဌ ဦးဘအေး / ဦးစောဝင်း

မူးယစ်မှုဖြင့် တရားစွဲခံရသည့် ARG ဥက္ကဋ္ဌ သက်သေမခိုင်လုံ၍ ပြန်လွှတ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved