• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မိုးကြိုးပစ်၊ ကမ်းပြို၊ မြေပြို နှင့် ငလျင် ၁ နှစ်ပတ်လုံး ဖြစ်နိုင်ခြေ အများဆုံးရှိဟု ဆို

by ဒီလှိုင်းဝင်း
9 August 2019
in သတင်း
A A
နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် သြဂုတ်လ ၆ ရက်က ပြုလုပ်သည့် အမျိုးသား အဆင့် ငလျင် ဘေး အန္တရာယ် ကြိုတင် ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေး စီမံချက် မိတ်ဆက်ခြင်း အခမ်းအနားနှင့် မြေငလျင် ဘေးအန္တရာယ် ဆိုင်ရာ ဖိုရမ်  / သမ္မတရုံး

နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် သြဂုတ်လ ၆ ရက်က ပြုလုပ်သည့် အမျိုးသား အဆင့် ငလျင် ဘေး အန္တရာယ် ကြိုတင် ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေး စီမံချက် မိတ်ဆက်ခြင်း အခမ်းအနားနှင့် မြေငလျင် ဘေးအန္တရာယ် ဆိုင်ရာ ဖိုရမ် / သမ္မတရုံး

3.6k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ အတွင်း ကမ်းပြို၊ မြေပြိုမှု၊ မိုးကြိုးပစ်မှုနှင့် မြေငလျင် လှုပ်ခတ်ခြင်းများသည် ဒေသအလိုက် တနှစ်ပတ်လုံး ဖြစ်ပွား နိုင်ခြေ အများဆုံး ရှိသော သဘာဝ ဘေးအန္တရာယ်များဟု အမျိုးသား သဘာ၀ ဘေးအန္တရာယ် ဆိုင်ရာ စီမံ ခန့်ခွဲ မှု ကော်မတီ ဥက္ကဋ္ဌ ဒု သမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောသည်။

နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် သြဂုတ်လ ၆ ရက်က ပြုလုပ်သည့် အမျိုးသား အဆင့် ငလျင်ဘေးအန္တရာယ် ကြို တင် ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေး စီမံချက် မိတ်ဆက်ခြင်း အခမ်းအနားနှင့် မြေငလျင် ဘေးအန္တရာယ်ဆိုင်ရာ ဖိုရမ် တွင် ပြောကြားခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ် နောက်ပိုင်း၌ မြန်မာနိုင်ငံ အတွင်း လူသိနည်းသော သဘာဝ ဘေးအန္တရာယ်များ ဖြစ်သည့် မိုးကြိုးပစ်မှုနှင့် ကမ်းပြို၊ မြေပြိုမှု ဖြစ်ပွားခြင်းများ ယခင်ထက် ပို၍ များပြားလာကာ လူသေဆုံးမှုများလည်း မြင့်တက်လာသလို မြေ ငလျင် လှုပ်ခတ်ခြင်းများကြောင့်လည်း လူ့အသက်အိုးအိမ်၊ အဆောက်အအုံများ ထိခိုက် ပျက်စီးဆုံးရှုံးနေရသည်ဟု ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

၎င်းက“အခုနောက်ပိုင်းမှာ လူသိနည်းတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်တဲ့ မိုးကြိုးပစ်မှုနဲ့ ကမ်းပြို၊ မြေပြိုမှု၊ ငလျင် လှုပ် ခြင်းတွေ အဖြစ်များ လာပါတယ်။ မိုးကြိုးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်မှာ ဆုံးရှုံး နစ်နာမှုတွေ အများကြီး ဖြစ်ခဲ့ တယ်။ မိုးကြိုး ပစ်တာ၊ ကမ်းပြို၊ မြေပြိုမှုတွေမှာဆို ဆုံးရှုံးမှုက အင်မတန် ကြီးမားပါတယ်။ မိုးကြိုးပစ်တယ် ဆိုရင် လူ သေတော့ ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ပါတယ်။ မြေငလျင်များကြောင့် လူ့အသက်အိုးအိမ် အဆောက်အအုံများ ထိခိုက် ပျက်စီးဆုံးရှုံးခဲ့သလို တန်ဖိုး မဖြတ်နိုင်တဲ့ ရှေးဟောင်း အမွေအနှစ်တွေလည်း ပျက်စီးဆုံးရှုံးရပါတယ်”ဟု ဆိုသည်။

တနိုင်ငံလုံး အတိုင်းအတာ အနေဖြင့် မိုးကြိုးပစ်ခြင်း ဖြစ်ပွားမှုသည်၂၀၁၇ ခုနှစ်က မိုးကြိုးပစ်မှု ၂၅ ကြိမ် ဖြစ်ပွားခဲ့ကာ ၅၉ ဦး သေဆုံးခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်က မိုးကြိုးပစ်ခတ်မှု ၁၀၉ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၁၁ ဦး၊ ဒဏ်ရာရရှိသူ ၃၉ ဦး ရှိခဲ့ကြောင်း၊ မိုးကြိုးပစ်မှုကြောင့် လူသေဆုံးရမှုမှာ ဧရာဝတီတိုင်း အတွင်း အများဆုံး ဖြစ်ပွားခဲ့ကြောင်း လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။

၂၀၁၉ ခုနှစ် ဇူလိုင်လ အထိ တိုင်းဒေသကြီး၊ ပြည်နယ်များ အလိုက် မိုးကြိုးပစ်ခတ်မှု ဖြစ်စဉ်ပေါင်း ၆၂ ကြိမ် ဖြစ်ပွား ခဲ့ကာ သေဆုံးသူ ၅၇ ဦး၊ ဒဏ်ရာရရှိသူ ၂၁ ဦး ရှိကြောင်း၊ လူသေဆုံးမှုများ အနက် ဧရာဝတီတိုင်းတွင် သေဆုံးသူ အများဆုံး ဖြစ်ပြီး အဆောက်အအုံနှင့် ကျွဲ နွား တိရစ္ဆာန်များပါ ထိခိုက်မှု တချို့ရှိသော်လည်း စာရင်းကောက်ယူထားမှု မရှိကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၏ စာရင်းများ အရ သိရသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
381
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
54

ဧရာဝတီတိုင်း၌ ၂၀၁၉ ခုနှစ်၌ မိုးဦးကျ ကာလ ဖြစ်သည့် မေလမှ ဇွန်လဆန်းပိုင်းအထိ တလကျော်အတွင်း မိုးကြိုးပစ် ခံရသည့် အတွက် ၁၅ ဦး သေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးက ပြောပြသည်။

ဦးသန်းစိုးက“မေလအတွင်းနဲ့ ဇွန် လတွေမှာ မိုးကြိုးပစ်တာတွေ များတယ်။ ဧရာဝတီတိုင်းထဲမှာတော့ ဟင်္သာတ ခရိုင်ထဲမှာ မိုးကြိုးပစ်ခံရပြီး သေဆုံးတာ အများဆုံးပဲ။ မေလအတွင်းကလည်း ဇလွန်မြို့က ကလေး ၃ ယောက် ကစားနေတုန်း မိုးကြိုး ပစ်ခံရလို့ ၃ ဦး စလုံး သေဆုံးခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်”ဟု ဧရာဝတီကို ပြောသည်။

ယခုအခါ မိုးကြိုးပစ်ခံရ၍ သေဆုံးသူ တဦးလျှင် ငွေကျပ် ၃ သိန်းနှုန်း၊ ဒဏ်ရာရရှိသူများကို တဦးလျှင် ငွေကျပ် ၅ သောင်း နှုန်းဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ထောက်ပံ့ပေးလျက် ရှိကြောင်း သိရသည်။

မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများ ဖြစ်ပေါ်ခြင်းသည် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုကြောင့် ဖြစ်ပြီး မိုးတိမ်တောင် ဖြစ်ပေါ် မှုကြောင့် လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းများ အပြင် မိုးသက်လေပြင်း တိုက်ခတ်ခြင်းနှင့် လေဆင်နှာမောင်း တိုက်ခတ် ခြင်းများပါ ဖြစ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) ထုတ်ပြန်ထားသည်။

မိုး/ဇလမှ ဦးကျော်လွင်ဦးက“မိုး/ဇလ အနေနဲ့ကတော့ နေ့စဉ် ဖြစ်ပေါ်နေတဲ့ မိုးလေဝသဆိုင်ရာ အပြောင်းအလဲတွေကို အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးတယ်။ ထူးခြားဖြစ်စဉ် ဖြစ်လာနိုင်ခြေ ရှိတယ်ဆိုရင်လည်း သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးက ရရှိလာတဲ့ သတင်း အချက်အလက်တွေကို ပေးပို့ပေးနေပါတယ်။ ဒီလို ထုတ်ပြန်ပေးတာကြောင့် အခု နောက်ပိုင်းမှာ သဘာ၀ ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးမှုတွေ လျော့နည်းလာနိုင်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ထို့ပြင် ရေကြီးရေလျှံမှုများနှင့် မိုးရွာသွန်းမှု များပြားခဲ့ခြင်းများကြောင့် ကမ်းပြို၊ မြေပြိုမှု ဖြစ်ပွားခြင်းများလည်း မြင့်တက်လာ ကာ ကမ်းပြို၊ မြေပြိုမှုများကြောင့် လယ်ယာမြေ ဆုံးရှုံးခြင်း၊ လူနေအိုးအိမ် ပျက်စီးခြင်း၊ အသက် သေဆုံးခြင်းများ ရှိခဲ့ပြီး မြစ်ကြောင်း ပြောင်းလဲမှုများလည်း ဖြစ်ပေါ်ကာ ဆိုးကျိုးများ ဆက်တိုက် ဖြစ်ပေါ်နေမှုများလည်း ရှိကြောင်း သိရသည်။

နိုင်ငံအတွင်း ကမ်းပြို၊ မြေပြိုဖြစ်ပွားမှုများ အနေဖြင့် ၂၀၁၇ ခုနှစ်က ၂၂၇ ကြိမ် ဖြစ်ပွားခဲ့ပြီး၂၀၁၈ ခုနှစ် အတွင်း ၅၃၁ ကြိမ် အထိ ဖြစ်ပွားခဲ့ကြောင်း၊ ကမ်းပြို၊ မြေပြိုမှုများမှာ ၂နှစ် အတွင်း နှစ်ဆခွဲနီးပါးခန့် ဖြစ်ပွားမှု မြင့်တက်လာကြောင်း ဘေးအန္တ ရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက“နိုင်ငံ အတွင်း ဖြစ်ပေါ်နေတဲ့ သဘာဝဘေး အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ဆန်းစစ်ဖို့ လိုလာပြီ။ အားလုံး ဝိုင်းဝန်းပူးပေါင်း ဂရုစိုက်ပြီးတော့ ဆောင်ရွက်ဖို့လည်း လိုတယ်ဆိုတာကို ပြီးခဲ့တဲ့ အတွေ့အကြုံတွေကနေ သိလာရပြီ ဖြစ်တယ်။ လူသိ နည်းတဲ့ သဘာဝ ဘေးအန္တရာယ်တွေကို ပြည်သူတွေ အနေနဲ့ သတိမထားမိပေမယ့် ဖြစ်လာရင်တော့ ဆုံးရှုံးမှုတွေက ကြီးမားတယ်။ ဒါ ကြောင့် ပြည်သူတွေကို အတတ်နိုင်ဆုံး အသိပညာပေးတာတွေ ဆက်တိုက် လုပ်ဆောင်ပေးနေပါ တယ်”ဟု ပြောသည်။

မြေငလျင် လှုပ်ခတ်မှု အနေဖြင့်လည်း ၂ဝ၁၁ ခုနှစ်က ရှမ်းပြည်နယ် တာလေငလျင်၊ ၂ဝ၁၂ ခုနှစ် သပိတ်ကျင်း ငလျင်၊ ၂ဝ၁၆ ခုနှစ် ဧပြီလက ကလေးမြို့ အနီး ဗဟိုပြုလှုပ်ခဲ့သည့် ငလျင်နှင့် ဩဂုတ်လအတွင်း ချောက်မြို့အနီး လှုပ်ခတ်ခဲ့ သည့် မြေငလျင်များကြောင့် လူ့အသက် အိုးအိမ် အဆောက်အအုံများ ထိခိုက်ပျက်စီး ဆုံးရှုံးရုံမျှမက တန်ဖိုးမဖြတ်နိုင် သည့် ပုဂံရှေးဟောင်း အမွေအနှစ် ဘုရား၊ စေတီ ပုထိုး တချို့ ပြိုကျပျက်စီးခဲ့ရကြောင်း သိရသည်။

ယခုနှစ်အတွင်း၌လည်း သြဂုတ် ၂ ရက်က မော်လိုက်မြို့ အရှေ့တောင် ၁၃ မိုင် အကွာကို ဗဟိုပြု လှုပ်ခတ်ခဲ့သည့် ၄ ဒသမ ၇ ရစ်ချက်စတာ စကေးရှိသည့် မြေငလျင်၊ သြဂုတ် ၃ ရက်က  မိုးညှင်းမြို့ အရှေ့မြောက် ၉ မိုင် အကွာကို ဗဟို ပြု လှုပ်ခတ်ခဲ့သည့် ၃ ဒသမ ၅ ရစ်ချက်စတာ စကေးနှင့် ဆင်ဘိုမြို့ အရှေ့မြောက် ၂၈ မိုင် အကွာကို ဗဟိုပြု လှုပ်ခတ် ခဲ့သည့် ငလျင်များ အပါအဝင် အကြိမ် ၈၀ ခန့် လှုပ်ခတ်ခဲ့သည်ဟု ဆိုသည်။

ဒု သမ္မတ ဦးဟင်နရီဗန်ထီးယူက“ငလျင်ဘေးအန္တရာယ်က အခြားမီးဘေး၊ ရေဘေး၊ လေဘေး စတဲ့ ဘေးအန္တရာယ် များလို မကြာခဏ ဖြစ်ပွားလေ့ မရှိတဲ့အတွက် အများစုက မေ့လျော့နေတတ်ကြပါတယ်။ ဒါကြောင့် အချိန်အခါမရွေး ဖြစ်ပေါ်လာနိုင်တဲ့ ငလျင်ဘေးအန္တရာယ် အတွက် ကြိုတင်ကာကွယ်ရေးနှင့် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းတွေကို စနစ် တကျ ဖြစ်အောင် လုပ်ဆောင်ထားဖို့ လိုပါတယ်”ဟု ပြောသည်။

ယခုအခါ အမျိုးသား သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အနေဖြင့် သဘာဝဘေး အန္တရာယ် ဖြစ်ပွား မှုများ အတွက် အရေးပေါ် တုံ့ပြန်မှု ဆောင်ရွက်နိုင်ရန် လိုအပ်ချက်များနှင့် ကြိုတင်ပြင်ဆင်ရေး အတွက် မဟာဗျူဟာ များနှင့် စီမံချက်များ ရေးဆွဲ အကောင်အထည်ဖော်ခြင်း၊ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ပြဋ္ဌာန်းခြင်း၊ ပြည်သူလူထု အတွင်း ငလျင် ဘေးအန္တရာယ် ဆိုင်ရာ ပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ဇာတ်တိုက် လေ့ကျင့်ခန်း ပြုလုပ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။

ထို့သို့ကြိုတင် ဆောင်ရွက်မှုများအဖြစ် စက်လှေ၊ အသက်ကယ် အင်္ကျီ၊ မိုးကာတဲ၊ မိုးကာ အစရှိသည်များကို သက်ဆိုင် ရာ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ကြိုတင် ဖြည့်ဆည်းပေးထားကြောင်း၊ ကြိုတင် ကာကွယ်မှုများ အဖြစ် တိုင်း ဒေသကြီး၊ ပြည်နယ် အလိုက် တင်ပြထားသော မုန်တိုင်းဒဏ်ခံ အဆောက်အအုံ တည်ဆောက်ပေးခြင်း၊ တာတမံ များ ပြုပြင် ထိန်းသိမ်းခြင်း၊ ရေတွင်းရေကန်များ တူးဖော်ပေးခြင်းများကို ဦးစားပေး ဆောင်ရွက်လျက် ရှိကြောင်း သိရ သည်။

You may also like these stories:

ပဲခူးတိုင်း ညောင်လေးပင်တွင် လေပြင်းတိုက်၊ အိမ်ခြေ ၈၀ ကျော် ပျက်စီး

သုံးလအတွင်း မိုးကြိုးပစ်ခံရ၍ သေဆုံးသူ ၅၉ ဦးရှိ

ရခိုင်မြောက်ပိုင်း ရေကြီးမှု ဒေသခံ ၉ ထောင် ကျော် ရေဘေးသင့်နေ

Your Thoughts …
Tags: ငလျင်သဘာဝ ဘေးအန္တရာယ်
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား

ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား

by Hannah Beech
1 April 2025
22.3k

ယခု နောက်ဆုံးကပ်ဆိုးသည် အစိုးရ အပြောင်းအလဲဖြစ်မည့် နိမိတ် ဟုတ်၊ မဟုတ် မေးခွန်းထုတ်နေကြသည်။

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
15.2k

မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့က Sky Villa အဆောက်အဦ စတင်ပြိုကျခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေလာတာဖြစ်ပါတယ်။

နေပြည်တော်ကို (ဖြစ်သလို) ဆောက်ခဲ့ကြသူများ

နေပြည်တော်ကို (ဖြစ်သလို) ဆောက်ခဲ့ကြသူများ

by အောင်သူရ
12 April 2025
14.7k

ငလျင်လှုပ်ခတ်မှုကြောင့် နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများ၊ ရုံးအဆောက်အဦများ၊ လမ်းများ၊ ဆေးရုံများ စစ်တပ်အဆောက်အဦ များစွာ ပျက်စီးသွားခဲ့သည်။

တပ်မ ၇၇ တပ်မမှူး လက်နက်ချ အဖမ်းခံရခြင်း

တပ်မ ၇၇ တပ်မမှူး လက်နက်ချ အဖမ်းခံရခြင်း

by စွယ်တော်
12 April 2025
11.4k

ထိုကဲ့သို့ ပြည်သူ့အမုန်းခံ တပ်မ ၇၇ ၏ အကြီးအကဲ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးသည် တော်လှန်ရေးအင်အားစုများ၏ ဖမ်းဆီးမှုကို ခံလိုက်ရပြီဖြစ်သည်။

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

by ဇုန်းရိန်
14 May 2025
9.7k

ဤအကူအညီများသည် နေ့စဉ်နှင့်အမျှ သတ်ဖြတ်နေသည့် စစ်ကောင်စီကို ဆက်လက် ထောက်ခံ ကူညီနေသော တရုတ်နိုင်ငံကို အကောင်းမြင်လာအောင် မစွမ်းဆောင်နိုင်ပါ။

Next Post
၂၀၁၆ ခုနှစ်က လူ့အခွင့်အရေးကော်မရှင်ရုံးရှေ့တွင် ဆန္ဒပြသည့် မြင်ကွင်းတခု  / ဧရာဝတီ 

လူ့အခွင့်အရေးကော်မရှင် လူရော မူပါ ပြုပြင်ပြောင်းလဲပါ

အထည်ချုပ် လုပ်ငန်းရှင်များ အသင်း အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် / မျိုးမင်းစိုး / ဧရာဝတီ

အထည်ချုပ်ကဏ္ဍ အောင်မြင်တာက တိုင်းပြည်အောင်မြင်တာပဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved