• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာအမျိုးသမီးအရေးဆောင်ရွက်သူကို ကုလသမဂ္ဂ ဂုဏ်ပြု

by စမ်းယမင်းအောင်
24 December 2019
in သတင်း
A A
ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်၏ ဒါရိုက်တာ မမေစပယ်ဖြူ

ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်၏ ဒါရိုက်တာ မမေစပယ်ဖြူ

9.2k
VIEWS
Share on FacebookShare on Twitter

လူ့အခွင့်အရေးနှင့် ကျား၊ မ တန်းတူရေးအတွက် နှစ်ပေါင်းများစွာ တက်ကြွလှုပ်ရှားသူအဖြစ် လုပ်ကိုင်ခဲ့သည့် မမေစပယ်ဖြူသည် အမျိုးသမီးများ၏ အသံကို ကိုယ်စားပြုသော လုပ်ဆောင်မှုများအတွက် ချီးမြှင့်သည့် ကုလသမဂ္ဂ ဖွံဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) ၏ N-Peace Award ကို ရရှိခဲ့သည်။

မမေစပယ်ဖြူသည် ယခုနှစ်အတွက် ဒေသတွင်းမှ N-Peace Award ရရှိသူ ၁၁ ဦးတွင် အပါအဝင်ဖြစ်သည်။ ဆုရရှိသော အခြားသူများတွင် အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှား၊ နီပေါ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နှင့် သီရိလင်္ကာမှ ဂျာနယ်လစ်များ၊ တက်ကြွလှုပ်ရှားသူများ၊ ကမ်ပိန်းသမားများနှင့် စည်းရုံးလှုံ့ဆော်သူများပါဝင်သည်။

မြန်မာနိုင်ငံတွင် အမျိုးသမီး အခွင့်အရေးရရှိရေးအတွက် ဆောင်ရွက်ရာတွင် မမေစပယ်ဖြူ၏ ကဏ္ဍအစုံမှချဉ်းကပ်မှုု နည်းလမ်းကို အသိအမှတ်ပြုသောအားဖြင့် ထိုဆုကိုပေးကြောင်း UNDP က ဆိုသည်။

“အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အတွက် ကာလကြာမြင့်စွာ လုပ်ကိုင်ခဲ့ခြင်းဖြင့် သူသည် ကျား၊ မ တန်းတူမှု အပြည့်အ၀ ရရှိရေးအတွက် အဟန့်အတားဖြစ်စေသော ဥပဒေများ၊ မူဝါဒများနှင့် ယဉ်ကျေးမှုနှင့် လူမှုဆိုင်ရာ အယူအဆစွဲများကို ဖြေရှင်းရန် နည်းလမ်းများကို စဉ်ဆက်မပြတ် ရှာဖွေ ဦးဆောင်ခဲ့သည်” ဟု UNDP ကဖော်ပြသည်။

အမျိုးသမီးအခွင့်အရေး ဆောင်ရွက်ရန် ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ အပါအဝင် အရပ်ဖက်အဖွဲ့အစည်း ၁၀၀ ကျော်ပါဝင်သည့် ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်၏ ဒါရိုက်တာ မမေစပယ်ဖြူသည် ငြိမ်းချမ်းရေးနှင့် တန်းတူညီမျှရေးကို ကိုယ်စားပြုသူဟု လူသိများသည်။ သူသည် သူ၏ အမျိုးသမီးအခွင့်အရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် မဆုတ်နစ်သော အားထုတ်မှုများကြောင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံတကာအမျိုးသမီး သတ္တိရှင်ဆု International Women of Courage ကိုလည်း ၂၀၁၅ ခုနှစ်က ရရှိဖူးသည်။

ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းအများအပြား ရှိနေသေးကြောင်း သူက ဧရာဝတီ သတင်းဌာနသို့ပြောသည်။
“ဒီလှုပ်ရှားမှု (ကျား၊ မ တန်းတူညီမျှရေး) မှာ ပါဝင်သူတဦးအနေနဲ့ ဒီလှုပ်ရှားမှုဟာ ဖြည်းဖြည်းချင်းတော့ ရွေ့နေတာကို ကျမသိပါတယ်။ ဒါပေမယ့် ကျမတို့မှာ လုပ်စရာအများကြီး ကျန်သေးတယ်” ဟု သူက ပြောသည်။

ယခင်ကထက်စာလျှင် ကျား၊ မ တန်းတူရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးပါဝင်မှုနှင့် ကျား၊ မ ကွဲပြားမှုကို အခြေခံသော အကြမ်းဖက်မှုများ တားဆီးသည့် လုပ်ငန်းများ ဆောင်ရွက်ရန်လိုသည်ဆိုသည်ကို နားလည်လက်ခံမှုများ ပိုမို တိုးတက်လာကြောင်းလည်း မမေစပယ်ဖြူက ပြောသည်။

“ဒါပေမယ့် ဆုံးဖြတ်ချတဲ့အဆင့်မှာ အမျိုးသမီးတွေပါဝင်မှုက နည်းနေပါသေးတယ်” ဟုလည်း သူက ပြောသည်။

အသိအမှတ်ပြုရန် ထိုက်တန်သည့် အမျိုးသမီးအခွင့်အရေးနှင့် ငြိမ်းချမ်းရေးအတွက် မြှုပ်နှံလိုသော အမျိုးသမီးများစွာ ရှိနေသေးကြောင်းလည်း သူက ပြောသည်။

အမျိုးသမီးများကို အကြမ်းဖက်ခြင်းမှ တားဆီးကာကွယ်သည့် ဥပဒေ အတည်ပြုရေးနှင့် ထိုဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့သည် လာမည့်နှစ်တွင် သူ ဦးစားပေးလုပ်ဆောင်မည့် ကိစ္စများဖြစ်သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
372
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
51

မြန်မာနိုင်ငံတွင် မရှိသေးသည့် လိင်အကြမ်းဖက်မှုနှင့်သက်ဆိုင်သည့် သုတေသနနှင့် ကျူးလွန်သူများ၏ အချက်အလက်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ဗဟိုစာရင်းအင်းအဖွဲ့တို့နှင့်အတူ ပြုစုသွားမည်ဖြစ်သည်။

( San Yamin Aung ၏ UN Honors Myanmar Women’s Rights Activist ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

လုပ်ငန်းခွင် စိန်ခေါ်မှုများ အတွင်းက အမျိုးသမီးများ

စစ်ကြောင့် အနာဂတ် ပျောက်နေသည့် အမျိုးသမီးများ

အရည်အချင်း ပြည့်မီတဲ့ အမျိုးသမီးတွေ အတွက် နေရာဖယ်ပေးရမယ်

Your Thoughts …
Tags: မမေစပယ်ဖြူမြန်မာအမျိုးသမီးအရေးဆောင်ရွက်သူကို ကုလသမဂ္ဂ ဂုဏ်ပြု
စမ်းယမင်းအောင်

စမ်းယမင်းအောင်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ရန်ကုန်တိုင်းတရားရုံးတွင် တွေ့ရသည့် အလုပ်သမားသံအရာရှိဟောင်း ဦးစန်းမောင်ဦး / မျိုးမင်းစိုး /  ဧရာဝတီ

အလုပ်သမား သံအရာရှိဟောင်း၏ အဂတိအမှု ရဲမလာ၍ မစစ်ဆေးဖြစ်

ရပ်ဆိုင်းတော့မည့် ရန်ကုန်စည်ပင်ပိုင် မြို့တော်သတင်းစာ

ရန်ကုန်စည်ပင်ပိုင် မြို့တော်သတင်းစာ ရပ်ဆိုင်းမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved