• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဘူးသီးတောင် NLD ပါတီ ဥက္ကဋ္ဌ သေဆုံးမှု တိုက်ပွဲကြောင့် မဟုတ်ဟု တပ်မတော် ပြော

by ထက်နိုင်ဇော်
26 December 2019
in သတင်း
A A
ဘူးသီးတောင်မြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ဥက္ကဋ္ဌ ဦးရဲသိန်း

ဘူးသီးတောင်မြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ဥက္ကဋ္ဌ ဦးရဲသိန်း

26.9k
VIEWS
Share on FacebookShare on Twitter

ဘူးသီးတောင်မြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ဥက္ကဋ္ဌ ဦးရဲသိန်းသည် တပ်မတော်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ထိမှန်၍ သေဆုံးသွားပြီဆိုသော ရက္ခိုင့် တပ်မတော် (AA) ၏ ထုတ်ပြန်ချက်သည် မှန်ကန်မှု မရှိဘဲ မနေ့က ထိုဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိကြောင်း တပ်မတော်က ပြောသည်။

AA ၏ ထုတ်ပြန်ချက်တွင် ဒီဇင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီက တပ်မတော်က ပစ်ခတ်တိုက်ခိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် AA က ဖမ်းဆီးထိန်းသိမ်းထားသူများထဲမှ သေဆုံးသူနှင့် ဒဏ်ရာရသူ အချို့ရှိခဲ့ပြီး သေဆုံးသူထဲ ဘူးသီးတောင် NLD ဥက္ကဋ္ဌ ဦးရဲသိန်း ပါသွားကြောင်း ဆိုသည်။

ဦးရဲသိန်းသည် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)တွင် မြန်မာကိုယ်စားပြု သွားရောက်ဖြေရှင်းသည့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲပြုလုပ်ရန် စီစဉ်နေစဉ် AA ၏ ဖမ်းဆီးခြင်းကို ဒီဇင်ဘာလ ၁၁ ရက်နေ့က ခံခဲ့ရခြင်း ဖြစ်ပြီး အဖမ်းခံရအပြီး ၁၅ ရက်အကြာတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

“ဘူးသီးတောင် NLD ဥက္ကဌ သေတာနဲ့ ပတ်သက်ပြီးတော့ ပြောရရင် သူတို့ ပြောထားသလို တပ်မတော်ကနေပြီးတော့ သူတို့ စခန်းတွေကို ပစ်ခတ်မှုရှိတယ် ဆိုတာ ပြောရရင် ၂၅ ရက်နေ့မှာ ဘူးသီးတောင်မှာ ဘာဖြစ်စဉ်မှ မရှိဘူး” ဟု တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောသည်။

AA ၏ ထုတ်ပြန်ချက်တွင်မူ ဒီဇင်ဘာလ ၂၅ ရက်နေ့ မနက် ၉ နာရီကတည်းက ဘူးသီးတောင် အခြေစိုက် စကခ (၁၅) တပ်မဌာနချုပ်မှ လက်နက်ကြီးများဖြင့် AA ထိန်းချုပ်ထားသည့် တောင်ကုန်းသို့ လှမ်းပစ်နေခြင်း ဖြစ်ကြောင်း၊ ယင်းပစ်ခတ်မှုကြောင့်ပင် ဘူးသီးတောင် NLD ဥက္ကဋ္ဌ ဦးရဲသိန်း သေဆုံးသွားခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

“NLD ဥက္ကဌက အဖမ်းမခံရခင် အရင်ကတည်းက AA ရဲ့ ခြိမ်းခြောက်ထားခြင်း ခံရတယ်လို့ သိရတယ်။ ဘူးသီးတောင် ဒေသခံတွေက ကြောက်လို့ မပြောကြတာ။ ဖမ်းပြီး မကြာခင်မှာပဲ အသတ်ခံရတယ်ဆိုတာ ဒေသခံတွေ သိပြီးသား ဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
75
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
59

ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း ဘူးသီးတောင်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း မရှိဘဲ ယင်းနေ့က ဘူးသီးတောင်မှ တောင်ဘဇာ နယ်မြေစခန်းသို့ သွားရောက်သည့် လဝက ဝန်ထမ်း ၃ ဦး အဖမ်းခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့က တပ်မတော်က ထိန်းချုပ်ထားသည့် နှုန်းဘူးစခန်းကို AA က ၃ ကြိမ်ခန့် လာရာက်ပစ်ခတ် တိုက်ခိုက်မှု ရှိခဲ့ကြောင်း၊ ယင်းစခန်းသည် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ICJ တွင် မိန့်ခွန်းပြောစဉ်က AA က သာလွန်အင်အားဖြင့် ဝင်တိုက်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည့် စခန်း ဖြစ်ကြောင်း တပ်မတော်က ပြောသည်။

ယခု ဖြစ်စဉ်နှင့် ပတ်သက်၍ မေးခွန်းထုတ်ရန် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခထံသို့ ဧရာဝတီက အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပါ။

AA က ထုတ်ပြန်ချက်ကြောင့် ဦးရဲသိန်း သေဆုံးခြင်းကို အတည်ပြုနိုင်သော်လည်း ဘယ်သူ့ကြောင့် ဆိုသည့် အချက်မှာ မပြောနိုင်ကြောင်း၊ တိုက်ပွဲဖြစ်မဖြစ် ဆိုသည်မှာလည်း ကွဲလွဲချက်များ ၂ ဖက်လုံးတွင် ရှိနေကြောင်း ရခိုင် အမျိုးသား ပါတီမှ ဗဟိုအလုပ်မှုဆောင် တဦးဖြစ်သူ ဦးဖေသန်းက ပြောသည်။

“အစိုးရဘက်မှာလည်း ဖမ်းဆီးစဉ် သေဆုံးသွားတာတွေ အများကြီး ရှိတယ်။ တရားရုံးထဲကို တရားစွဲတင်ပြီးမှ အချုပ်ခန်းတွေမှာ ထောင်တွေမှာ ရုတ်တရက် ဒဏ်ရာရဲ့ ဆိုးကျိုးတွေကြောင့် ရုတ်တရက် သေဆုံးသွားတာလည်း ရှိတယ်။ ဒါတွေ သတင်းတွေအရရော လက်တွေ့ မြေပြင်မှာရော တွေ့သိနေရတယ်”ဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

၎င်း၏ မဲဆန္ဒနယ် မြေပုံမြို့နယ်တွင် ဒီဇင်ဘာလ ၂၃ ရက်နေ့က ဒေသခံ လယ်သမား ၂ ဦး၏ အသတ်ခံရသည့် အလောင်းများ ရှာဖွေတွေ့ ရှိခဲ့ကြပြီး ကာယကံရှင် မိသားစုဝင်များက တပ်မတော်၏ လက်ချက်ဖြစ်နိုင်ကြောင်း ဧရာဝတီသို့ ပြောဆိုထားသည်။

ဦးဖေသန်းက “တပ်မတော်က ဖမ်းဆီးစစ်ဆေးနေစဉ်မှာ သေဆုံးမှုတွေ ရှိတယ်ဆိုတာတော့ ကျနော်တို့ သိပြီး ဖြစ်တယ်။ မြေပြင် အခြေအနေအရပေါ့။ ဒါပေမယ့် တပ်မတော်ဘက်ကလည်း စစ်ဆေးတဲ့အခါမှာ AA အမာခံ ဖြစ်လို့ ဆိုပြီး ပြောနေတာတွေ ရှိတာပေါ့”ဟု ပြောသည်။

ဘူးသီးတောင် NLD ဥက္ကဌ ဦးရဲသိန်း သေဆုံးမှုသည် မည်သည့်အကြောင်းကြောင့် ဖြစ်စေ ၎င်းကို ဖမ်းဆီးထားသည့် AA အဖွဲ့ တွင်သာ တာဝန်ရှိကြောင်း NLD ပါတီမှ ဗဟိုပြန်ကြားရေးအဖွဲ့ ခေါင်းဆောင် မုံရွာအောင်ရှင်က ပြောသည်။

“သူက ဘာမှမဆိုင်တဲ့ အပြစ်မဲ့တဲ့ အရပ်သား၊ နောက်တခု NLD ရဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်ဗျာ။ နောက်တခုက သူ အဖမ်းခံရတဲ့အချိန်ကလည်း ဒေါ်အောင်ဆန်းစုကြည်က ICJ မှာ သွားပြီးတော့ ခုခံ ချေပနေတဲ့အချိန်၊ ဒါကို ထောက်ခံပွဲ လုပ်လို့ ဖမ်းပြီးတော့ သတ်တယ်ဆိုတာ၊ ဖမ်းပြီး သေရတယ်ဆိုတာကတော့ ဘယ်လိုမှ ကြားလို့မကောင်းတဲ့ အလုပ်ပဲ လို့ ပြောချင်တယ်”ဟု မုံရွာအောင်ရှင်က ပြောသည်။

ယခု NLD ပါတီမှ ဦးရဲသိန်း သေဆုံးသွားကြောင်း AA က အတည်ပြု ထုတ်ပြန်သော်လည်း အခြားဖမ်းဆီးခံရသူ တဦး ဖြစ်သည့် NLD ပါတီမှ ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း အသက်ရှင်လျက် ရှိ၊ မရှိကို အတည်ပြုပေးခြင်း မလုပ်သလို မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရချေ။

NLD ပါတီနှင့် နေပြည်တော်ရှိ လွှတ်တော်တို့က လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းဆီး ထိမ်းသိမ်းခဲ့သည့် AA အဖွဲ့ ၏ လုပ်ရပ်အား ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် ဦးဝှေ့တင်းအား အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

လက်ရှိ ဖြစ်ပွားနေသော ရခိုင်မြောက်ပိုင်း တိုက်ပွဲများမှာ အချိန် ကြာလာသည်နှင့်အမျှ အရပ်သား ထိခိုက်သေဆုံး၊ နှစ်ဘက်တပ်များ၏ ဖမ်းဆီးခံရမှုများမှာလည်း တနေ့ထက် တနေ့ များပြားလျက်ရှိသလို စစ်ရှောင် ဒုက္ခသည်များ နှင့်အတူ စစ်ပွဲဧရိယာမှာလည်း တဖြည်းဖြည်း ကျယ်ပြန့်လာလျက် ရှိနေသည်။

You may also like these stories:

ရခိုင်စစ်ပွဲမှာ ဘယ်သူတွေ နစ်နာနေသလဲ (၁)

ညှိနှိုင်းရေး စားပွဲပေါ်အရင်ဆုံးရောက်မှသာ ပြည်သူတွေ အသက်ရူချောင်မယ်

လူသတ်ဝါဒနှင့် စစ်ရာဇဝတ်မှုများ အလိုမရှိ

Your Thoughts …
Tags: AANLDပါတီဘူးသီးတောင်ဥက္ကဋ္ဌဦးရဲသိန်း
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

Next Post
လူ ၁၀ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့သော ယာဉ်တိုက်မှု မြင်ကွင်း / Sun Min Oo

မော်လမြိုင်-သံဖြူဇရပ်လမ်းပေါ် ကားမှောက်မှု ၁၀ ဦးသေ၊ ၅ ဦး ဒဏ်ရာရ

ဝီစတန်းဝစ် အမှိုက်ပစ်

ဝီစတန်းဝစ် အမှိုက်ပစ်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved