• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ICOE အစီရင်ခံစာနှင့် အစိုးရရပ်တည်ချက်ကို ဂျပန်ကြိုဆို

by စမ်းယမင်းအောင်
26 January 2020
in သတင်း
A A
၂၀၁၉ အောက်တိုဘာ ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ခရီးစဉ်အတွင်း ရှီဇိုအာဘေးနှင့် တွေ့ဆုံစဉ် / Global New Light of Myanmar 

၂၀၁၉ အောက်တိုဘာ ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ခရီးစဉ်အတွင်း ရှီဇိုအာဘေးနှင့် တွေ့ဆုံစဉ် / Global New Light of Myanmar 

7.2k
VIEWS
Share on FacebookShare on Twitter

၂၀၁၇ ခုနှစ်နှောင်းပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖေါက်မှုများကိုစုံစမ်း၍ထုတ်ပြန်ခဲ့သည့် မြန်မာအစိုးရ၏ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) အစီရင်ခံစာနှင့် ထိုအမှုများကို စုံစမ်းစစ်ဆေးအရေးယူရန် မြန်မာအစိုးရက ကြေညာခြင်းကို တာဝန်ခံမှုရှိရေးအတွက် အရေးကြီးသည့်လုပ်ဆောင်ချက်အဖြစ် ဂျပန်အစိုးရက ကြိုဆိုလိုက်သည်။

ဂျပန်နိုင်ငံသည် မြန်မာအစိုးရ၊ တပ်မတော်ကို လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်များနှင့်ပတ်သက်ပြီး ပွင်းလင်းမြင်သာ၍ု ယုံကြည်စိတ်ချရသော အနေအထားဖြင့် စုံစမ်းစစ်ဆေးမှုများကိုဆောင်ရွက်ပြီး ၎င်းရလဒ်အတိုင်း သင့်တော်သည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် အကြိမ်ကြိမ်အားပေးခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၂၂ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖေါ်ပြထားသည်။

“လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ တင်သွင်းခြင်းနှင့် မြန်မာအစိုးရ၏ ရပ်တည်ချက်ကို ကြေညာခြင်းသည် မြန်မာနိုင်ငံကိုယ်တိုင်က မိမိတို့ တာဝန်ယူဆောင်ရွက်သွားမည့် လမ်းကြောင်းကို ပြသသောအရေကြီးသည့် လုပ်ဆောင်ချက်ဖြစ်သောကြောင့် အထူးတန်ဖိုးထားပါသည်” ဟု ထိုကြေညာချက်က ဆိုသည်။

ICOE သည် အကြံပြုချက် ၂၂ ချက်ပါဝင်သည့် အပြီးသတ်အစီရင်ခံစာကို ပြီးခဲ့သည့် တနင်္လာနေ့က သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ထံ တင်သွင်းခဲ့သည်။ စာမျက်နှာ ၄၆၁ မျက်နှာရှိသော ထိုအစီရင်ခံစာက ရခိုင်ပြည်နယ်မှ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးအတွင်း မွတ်ဆလင်များကို လုံခြုံရေးတပ်များက ကျူးလွန်သည့် ရာဇဝတ်မှုများသည် ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများပြောသည့် လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက် ရှိသည်ဟူသည့် အချက်ကို ငြင်းပယ်သည်။ စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖေါက်မှုများနှင့် ပြည်တွင်းဥပဒေချိုးဖေါက်မှုများဖြစ်ပွားခဲ့ကြောင်း ICOE က ကောက်ချက်ချခဲ့သည်။

ကော်မရှင်၏ အကြံပြုချက်များကို သဘောတူကြောင်း သမ္မတဦးဝင်းမြင့်က အင်္ဂါနေ့တွင် ပြောကြားပြီး အာရကန်ရိုဟင်ဂျာကယ်တယ်ရေးတပ်ဖွဲ့ (ARSA) က ကျူးလွန်သည့် ရာဇဝတ်မှုများအပါအဝင် အမှုများအားလုံးကို ဆက်လက်စုံစမ်းစစ်ဆေးအရေးယူရန် အစီရင်ခံစာ အပြည့်အစုံကို ပြည်ထောင်စု ရှေ့နေချုပ်ထံ ပေးပို့ခဲ့သည်။

မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသည် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးအရေးယူရန်အတွက်လည်း သမ္မတသည် ထိုအစီရင်ခံစာကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့လည်း ပေးပို့ခဲ့သည်။

ကော်မရှင်၏ အကြံပြုချက်များ အပေါ်အခြေခံပြီး လိုအပ်သော ဥပဒေဆိုင်ရာအရေးယူမှုများကို မြန်မာအစိုးရနှင့် တပ်မတော် နှစ်ဘက်စလုံးကဆောင်ရွက်ပြီး အလားတူ ပြန်လည်နောက်ထပ်ဖြစ်ပွားခြင်းကိုတားဆီးရန်နှင့် သက်ဆိုင်ရာ နိုင်ငံတကာ ဥပဒေများကို လိုက်နာရန် ကြိုးပမ်းအားထုတ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဂျပန်အစိုးရကဖေါ်ပြသည်။

မြန်မာ့ ဒီမိုကရေစီနှင့် အစိုးရ၏ ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး နှင့် နေရပ်စွန့်ခွာရသူများပြန်လာရေး အဆင်ပြေစေရန် အားထုတ်မှုများကိုလည်း ဆက်လက်ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း ဂျပန်အစိုးရက ဖေါ်ပြသည်။ ထိုကြေညာချက်တွင် ရိုဟင်ဂျာ ဟူသော စကားလုံးကို ထည့်သွင်းသုံးနှုန်းခြင်းမရှိပေ။

ဂျပန်နိုင်ငံသည် ခေတ်အဆက်ဆက်က မြန်မာအစိုးရများနှင့် ဆက်ဆံရေးကောင်းမွန်အောင် ထိန်းသိမ်းထားပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ရွေးကောက်ခံအစိုးရကို အထူး ထောက်ခံသည်။ ဒီဇင်ဘာလက နိုင်ငံတကာတရားရုံး (ICJ) တွင် မြန်မာဥပဒေအဖွဲ သက်သေခံသောအခါ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံကို အခိုင်အမာထောက်ခံကြောင်းကြေညာသည့် ပထမဆုံးသော နိုင်ငံဖြစ်သည်။

ICJ သည် ရခိုင်ပြည်နယ်မြောက်ပိုင်းနေ မွတ်ဆလင်များအပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် ဂမ်ဘီယာနိုင်ငံက တောင်းဆိုသော အရေးပေါ် အစီအမံများချမှတ်ရန် ကြာသပတေးနေ့က ဆုံးဖြတ်ခဲ့သည်။ သေးငယ်သော အာဖရိက နိုင်ငံဖြစ်သည့် ဂမ်ဘီယာက မြန်မာနိုင်ငံသည် မွတ်ဆလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်သည်ဟု စွပ်စွဲကာ ICJ တွင် တရားစွဲခဲ့သည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.3k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
76
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
60

ရန်ကုန်ရှိအမေရိကန် သံရုံးကလည်း ICOE အစီရင်ခံစာနှင့် ICJ စီရင်ချက်ကို ရည်ညွုန်းပြီး ဖေ့ဘွတ်တွင် ကြာသပတေးနေ့က မှတ်ချက်ရေးသားခဲ့သည်။ “မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အတွင်း တရားမျှတမှုကို ရှာဖွေရန်နှင့် လူ့အခွင့်အရေးကို ပိုမိုလေးစားတန်ဖိုးထားရေးအတွက် ယင်းတိုးတက်မှုများကို အသုံးချမည်ဟု မိမိတို့မျှော်လင့်ပါသည်။ သည့်အတွက်ကြောင့် နိုင်ငံတနိုင်ငံလုံးအနေဖြင့် အပေါင်းလက္ခဏာဆောင်သော ဦးတည်မှုတရပ်ဆီသို့ ဆက်လက်ရှေ့တိုးဆောင်ရွက်နိုင်မည်ဖြစ်ပါသည်” ရေးသားသည်။

( San Yamin Aung ၏ Japan Welcomes Myanmar Govt’s Report on Crimes Against Rohingya, Promise to Prosecute ကို ဘာသာပြန်ဆိုသည်။)

ကြားဖြတ်အစီအမံ အပေါ် အမြင်များ

ICJ ကြားဖြတ်အစီအမံ ဆုံးဖြတ်ချက် ကျော်လွန်၍

မြန်မာမီဒီယာတွေကို ခြိမ်းခြောက်နေတဲ့ “ရိုဟင်ဂျာ”လော်ဘီများ

Your Thoughts …
Tags: IOCEကြိုဆိုဂျပန်အစိုးရရပ်တည်ချက်အစီရင်ခံစာ
စမ်းယမင်းအောင်

စမ်းယမင်းအောင်

ဧရာဝတီ

Similar Picks:

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

by ဧရာဝတီ
19 May 2024
13.6k

ဘီလီယံနာ အငြိမ်းစား တယောက် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂေါက်သွား ရိုက်တာ မဆန်း။ အဲဒီထဲမှာ မြန်မာပြည်က သူဌေးကြီး ဦးအောင်ကိုဝင်းလည်း ပါသည်။

ယူကရိန်းတွင် ဖျက်ဆီးခံထားရသည့် ရုရှားတင့်ကားတစီး / AFP

မြန်မာနှင့် အိန္ဒိယသို့ ရောင်းချထားသော လက်နက်များ ရုရှားပြန်ဝယ်နေ

by ဧရာဝတီ
6 June 2023
15.5k

မြန်မာနှင့် အိန္ဒိယသို့ တင်ပို့ထားသည့် တင့်ကားနှင် ဒုံးကျည်အစိတ်အပိုင်းများကို ရုရှားက ပြန်လည်တင်သွင်းသည့် မှတ်တမ်းများကို တွေ့ရသည်။

အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ

by စွယ်တော်
5 January 2025
8.4k

“အဘက အမ်းပေးခဲ့တာတောင် ဂွကျတဲ့အထိဖြစ်ရပြီ” ဆိုသည့်စကားက စစ်တပ်တွင် အခုလတ်တလော ပြောစမှတ်တွင်နေသည့်စကား ဖြစ်သည်။

ရခိုင်ပြည်နယ်ကို စစ်ကောင်စီ လက်လွှတ်ရတော့မည်

ရခိုင်ပြည်နယ်ကို စစ်ကောင်စီ လက်လွှတ်ရတော့မည်

by ဧရာဝတီ
27 August 2024
6.8k

အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတခုက ထိန်းချုပ်သည့် တခုတည်းသော အကြီးမားဆုံးဒေသ ဖြစ်လာတော့မည်ဟု ICG အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

ဂျပန်နှင့် တောင်ကိုရီးယားက ထောက်ပံ့သည့် မြန်မာတံတားများ

ဂျပန်နှင့် တောင်ကိုရီးယားက ထောက်ပံ့သည့် မြန်မာတံတားများ

by Sadachika Watanabe
6 November 2025
4k

မြန်မာနိုင်ငံတွင် စစ်ဖြစ်နေပြီး နှစ်ပေါင်းများစွာ ဖရိုဖရဲဖြစ်နေသော်လည်း ဂျပန်နှင့် တောင်ကိုရီးယားက ကူညီသည့် ကြီးမားသောတံတားများ တခုပြီးတခု ပြီးစီးသည်။

စစ်ရှုံး အရှက်

စစ်ရှုံး အရှက်

by လူထုစိန်ဝင်း
24 February 2024
3.9k

အကဲ့ရဲ့ ခံရမယ့် အရှက်တကွဲ အဖြစ်ကို ရင်ဆိုင်ရမှာထက် အသက်ကိုသာ အသေခံသွားမယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ အရှက်ကို အသက်နဲ့ လဲသွားကြတာ…

Next Post
Miss Universe Myanmar 2019 အလှမယ် ဆွေဇင်ထက်  / ဝေဝေနှင်း/ဧရာဝတီ

မိန်းကလေး ချောချော လှလှလေးတွေကို ရင်ခုန်တဲ့ အလှမယ် ဆွေဇင်ထက်

ပူလွန်းတဲ့ အစားအစာတွေကို ပလတ်စတစ်နဲ့ ထုပ်ပိုးခြင်းအား လျှော့ချဖို့ ဆေးပညာရှင်တွေက အကြံပြုထားပါတယ်။

ပူလွန်းတဲ့ အစားအစာတွေကို ပလတ်စတစ်နဲ့ ထည့်စားခြင်းဟာ ရင်သားကင်ဆာ ပိုဖြစ်စေနိုင်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

5 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved