• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပြည်ထဲရေး ဝန်ကြီးသစ်နှင့် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး

by ထက်နိုင်ဇော်
7 February 2020
in သတင်း
A A
ပြည်ထဲရေး ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် အမည်စာရင်း တင်သွင်းခံရသည့်ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်  / ထက်နိုင်ဇော် / ဧရာဝတီ

ပြည်ထဲရေး ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် အမည်စာရင်း တင်သွင်းခံရသည့်ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ် / ထက်နိုင်ဇော် / ဧရာဝတီ

28k
VIEWS
Share on FacebookShare on Twitter

အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ အစိုးရ သက်တမ်း ၁ နှစ်ပင် မကျန်တော့သည့် ကာလတွင် ပြည်ထဲရေး ဝန်ကြီး တဦးကို အပြောင်းအလဲ ပြုလုပ်ခြင်းသည် စစ်ဘက် – အရပ်ဘက် ဆက်ဆံရေး လေ့လာ စောင့်ကြည့်သူများ အတွက် စိတ်ဝင်စားစရာ ကောင်းသော အပြောင်းအလဲတခု ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့က လက်ရှိ ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကို မူလ စစ်ဘက် တာဝန်များ ပြန်လည် ထမ်းဆောင်စေရန် သမ္မတက ခွင့်ပြုကြောင်း အမိန့်သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ထံမှ ဝန်ကြီး အစားထိုးလိုကြောင်း တောင်းဆိုမှုကြောင့် ပေါ်ပေါက်လာရသည့် အမိန့်တခု ဖြစ်ကြောင်း သိရှိရသည်။

အခြေခံ ဥပဒေအရ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ၃ ဦးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က အမည်စာရင်း တင်သွင်းရခြင်း ဖြစ်ပြီး သမ္မတက လွှတ်တော်၏ အတည်ပြုချက်ဖြင့် ခန့်အပ်ရခြင်း ဖြစ်ရာ ယင်း အချက်ကိုလည်း လက်ရှိ အာဏာရပါတီက ဖွဲ့စည်းပုံ ပြင်ဆင်ရေး အဆိုပြုချက်များတွင် ပြင်ဆင်ရန် ထည့်သွင်း အဆိုပြု ထားသည်။

ပြည်ထဲရေး ဝန်ကြီးအဖြစ် တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် (စရဖ ချုပ်) ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ် အား ခန့်အပ် တာဝန်ပေးမည်ဟု သမ္မတက လွှတ်တော်သို့ အကြောင်းကြားခြင်းသည်လည်း တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်၏ အမည်စာရင်း တင်သွင်းလာမှုကြောင့်ပင် ဖြစ်သည်။

ထို့ကြောင့် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်အား ပြည်ထဲရေး ဝန်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီချက်ရယူမှုသည် အာ ဏာရ NLD ပါတီ ကြီးစိုးထားသည့် လွှတ်တော်တွင် အငြင်းအခုံ ဖြစ်ရန် အကြောင်းတခု မဟုတ်တော့သဖြင့် လာမည့် တနလာင်္နေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ပြည်ထဲရေး ဝန်ကြီး ဖြစ်လာတော့မည်။

ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ဗိုလ်သင်တန်းကျောင်း အပတ်စဉ် (OTS) ၆၄ မှ ဖြစ်ပြီး ယင်းသင်တန်းတွင် အကောင်းဆုံး ဗိုလ်လောင်းဆု ရရှိခဲ့သူတဦး ဖြစ်ကြောင်း သိရသည်။

အငြိမ်းစား ယူသွားပြီ ဖြစ်သည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အနီးကပ် လူရင်း ဗိုလ်ချုပ်စိုးရှိန်နှင့် တပတ်စဉ်တည်း ဖြစ်သလို ၎င်း၏ ဖခင်ဖြစ်သူ ဗိုလ်မှူးချုပ် လွန်းမောင်ကြောင့် ငယ်စဉ်က တပ်မတော် အရာရှိဘဝ၌ တပ်တွင် သက်သောင့်သက်သာ နေခဲ့ရသူဟု တပ်မတော်တွင် တိုင်းမှူး အဆင့်အထိ တာဝန်ယူခဲ့ဖူးသူ ဗိုလ်ချုပ်ဟောင်းတဦးက ပြောပြသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
524
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
44
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
91

ယင်းအငြိမ်းစား ဗိုလ်ချုပ်က“သူက ကြိုးစားအားထုတ်မှု ကောင်းတဲ့သူပါ။ စာပေမှာလည်း အားထုတ်မှု ကောင်းတယ်။ တိုက်ရည်ခိုက်ရည်မှာတော့ နာမည်ရတဲ့သူမျိုးတော့ မဟုတ်ဘူး။ သာမန်ပဲ။ သူ့ရဲ့အဖေက တပ်မတော်မှာ အရာရှိကြီး တယောက် ဖြစ်နေတဲ့အတွက် သူ့အဖေရဲ့ ဖေးမမှု၊ စောင့်ရှောက်မှုနဲ့ သူက တပ်မတော်ထဲမှာ အဆင်ပြေပြေနဲ့ ဖြတ် သန်းခဲ့ရတယ်”ဟု ပြောသည်။

၂၀၀၁ ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီ (နအဖ) အတွင်းရေးမှူး (၂) ဗိုလ်ချုပ်ကြီး တင်ဦး လိုက်ပါ စီးနင်းလာသည့် ရဟတ်ယာဉ် ပျက်ကျသည့်အခါ သူ့ဖခင်လည်း ပါဝင်သွားခဲ့၍ နိုင်ငံ့တာဝန် ထမ်း ဆောင်ရင်း သေဆုံးသွားခဲ့သည့် တပ်မတော် အရာရှိကြီးတဦး၏ သားဟုလည်း ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ် ကို ပြောဆိုကြသည်။

ယင်းရဟတ်ယာဉ် ပျက်ကျမှုတွင် ပါဝင်သွားခဲ့သော်လည်း အသက်မသေဘဲ ကျန်ခဲ့သည့် ဦးလှဌေးဝင်း (ထိုစဉ်က ဗိုလ်မှူးကြီး) သည် ယခုအခါ ဗိုလ်ချုပ်ကြီး ရာထူးဖြင့် အငြိမ်းစား ယူပြီးနောက် လွှတ်တော် ကိုယ်စားလှယ်အဖြစ် နေပြည်တော်တွင် တာဝန် ထမ်းဆောင်လျက် ရှိသည်။

“တပ်မ ၈၈ မှာ တပ်မမှူး မကွေးမှာ သူတာဝန် ယူခဲ့တယ်။ အဲဒီကနေ တိုင်းမှူးဖြစ်တယ်။ ၂၀၁၀ ဇူလိုင်မှာပေါ့။ တိုင်းမှူး ဘဝနဲ့ တောင်ကြီးကို တခါ ထပ်ပြောင်းရတယ်။ ရှမ်းပြည်မှာ ဖြစ်တယ်။ တောင်ကြီးကနေ တိုင်းမှူးအဖြစ်နဲ့ပဲ မန္တလေးကို ထပ်ပြောင်းရတယ်။ ပြောင်းပြီးတော့ မန္တလေးမှာ သူတိုင်းမှူးနဲ့ နေတဲ့ကာလမှာတော့ သူ့ထက်ငယ်တဲ့သူတွေ ဒုတိယ ဗိုလ်ချုပ်ကြီးတွေ ဖြစ်ကုန်တယ်။ ဗိုလ်ချုပ်ရာထူးနဲ့ပဲ သူကျန်နေခဲ့တယ်။ အဲဒီတုန်းက၂၀၁၅ ဇူလိုင်ပါ”ဟု အထက်ပါ အမည်မဖော် လိုသော အငြိမ်းစား ဗိုလ်ချုပ်က ပြောပြသည်။

တချို့ကလည်း ပခုက္ကူတွင် တပ်မ ၁၀၁ တပ်မမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သေးသည်ဟုလည်း ဆိုကြသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်သည် အရှေ့ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်း တို့တွင် တိုင်းမှူးတာဝန် ထမ်းဆောင်နေရင်း ၂၀၁၆ ခုနှစ်တွင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးဖြင့် စစ်ဥပဒေချုပ် ဖြစ်လာပြီး မကြာမီတွင် စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဖြစ်လာသည်ဟု ဆိုသည်။

“အဲဒီနောက်ပိုင်းမှာ လက်ရှိတပ်ချုပ်နဲ့ တော်တော်လေး ရင်းနှီးသွားတယ်။ ယုံကြည်မှုလည်း ရသွားတယ်။ တော်တော် လေးကိုပဲ သူ့ကို နေရာပေးတယ်။ တာဝန်ပေးတယ်။ လုပ်ပိုင်ခွင့်ပေးတယ်။ အခုအချိန်ထိ ယုံကြည် အားကိုးတာ တပ်ချုပ် ရဲ့ ပြည်တွင်း ခရီးစဉ်၊ ပြည်ပ ခရီးစဉ်တိုင်းမှာ ပါတာကို ကြည့်ရင် သိသာတယ်”ဟု အဆိုပါ အငြိမ်းစား ဗိုလ်ချုပ် ကပင် ပြောသည်။

ပြည်ထဲရေးဝန်ကြီး ရာထူးသည့် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး အတွက်လည်း အလွန်အရေးကြီး၍ တပ်ချုပ်က ၎င်းကို သစ္စာရှိသူ၊ ယုံကြည်စိတ်ချရသူကိုသာ တာဝန်ပေးခြင်း ဖြစ်သဖြင့် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယခု ရာထူးနှင့် သင့်လျော်သည်ဟု ထင်မြင်ကြောင်း တာဝန် ထမ်းဆောင်ဆဲ တပ်မတော် အရာရှိကြီးတဦးက ပြောသည်။

“သူက အေးအေးဆေးဆေးပါ။ ခြုံငုံပြောရရင်တော့ လူကြီးလူကောင်းဆန်တယ်။ အဆင်ပြေပါတယ်။ တပ်မတော်က နေ အဲဒီလို တာဝန်ပေးရင် သူ့ရဲ့ ကိုယ်ရေး ရာဇဝင်တွေ သူလုပ်ဆောင်ခဲ့တာတွေကို ကြည့်ပြီးမှ သင့်တော်လို့ တာဝန် ပေးတာ”ဟုလည်း ၎င်းက ရှင်းပြသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း အနီးကပ် ဆက်ဆံခဲ့ရသူ ဖြစ်သဖြင့် ၎င်းသာ အလုပ်လုပ်နိုင်မည် ဆိုပါက တပ်မတော်နှင့် အစိုးရကြားတွင် ဆက်ဆံ ရေး ပိုမိုကောင်းမွန် ထိရောက်လာမည်ဟု ထင်ကြောင်း မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျူ မှ ဒါရိုက်တာ တဦးဖြစ်သူ ဦးအောင်သူငြိမ်းက ပြောသည်။

“တပ်ထဲမှာ အသက်ကြီးလာတဲ့သူတွေကို အပေါ်ပို့တယ်။ နောက်ထပ် မျိုးဆက်တွေကို ဆွဲတင်တတ်လေ့ ရှိတာကိုး။ ကျနော် ထင်တာကတော့ ဒီကိစ္စတခုတည်းတင် မဟုတ်ဘူးထင်တယ်။ ကျန်တဲ့ အပြောင်းအလဲတွေလည်း ရှိမယ်လို့ ထင်တယ်”ဟု ၎င်းက ပြောဆိုသည်။

ဧရာဝတီ၏ စုံစမ်းလေ့လာမှုများအရ ပြီးခဲ့သည့် တပ်မတော် လေးလပတ် အစည်းအဝေး ဆုံးဖြတ်ချက်များအရ တပ်ထဲတွင် ရာထူးအပြောင်းအလဲ ၃၀ ဝန်းကျင် ပြုလုပ်မည်ဟု သိရပြီး လက်ရှိ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ် နေရာ ဖြစ်သော စရဖချုပ် နေရာသို့ မန္တလေး တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာလင်း၊ ယင်း မန္တလေးတိုင်းမှူး နေရာသို့ စစ်ဦးစီး အရာရှိ ဗိုလ်မှူးချုပ် ကိုကိုဦး ဖြစ်လာမည်ဟု ဆိုကြသည်။ သို့သော် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိန်းကမူ လက်ရှိ အပြောင်းအလဲသည် ကောင်းမွန်ပြီး တိုင်းပြည်တွင် တရားဥပဒေ စိုး မိုးရေး ကျဆင်းနေသဖြင့် ပြည်ထဲရေး ဝန်ကြီးသည် အရေးကြီးကြောင်း ယနေ့ နေပြည်တော်တွင် သတင်းထောက်များ ကို ပြောသည်။

ဦးစိုးသိန်းက“အခု အသစ်လာတဲ့ ပြည်ထဲရေးဝန်ကြီးက ပိုပြီးတော့မှာ Active ဖြစ်မလား၊ ဒိုင်းနမစ် ဖြစ်မလား ဆိုတာ စောင့်ကြည့်ရမယ်။ ဘောလုံးပွဲလိုပေါ့ဗျာ။ ခြေမတွေ့ဘူးဆိုရင် လဲလိုက်တာ အေးတယ်”ဟုလည်း ပြောဆိုသည်။

သီပေါမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကမူ ပြည်ထဲရေး ဝန်ကြီးသည် ဦးဝီရသူ၊ ဘူးလက်လှဆွေ တို့ကို မဖမ်းနိုင်ခြင်း၊ အောင်ဝင်းခိုင် မဖမ်းနိုင်ခြင်း၊ နေပြည်တော်မှ ဗစ်တိုးရီးယားအမှု တလွဲဆောင်ရွက်ချက်များကို မဖြေရှင်းနိုင်သဖြင့် အရေးယူရမည့် အစား ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်မှု ရှိသဖြင့် ယခုလို အပြောင်းအလဲ လုပ်ခြင်းသည် နိုင်ငံအတွက် အခြေအနေ မကောင်းဟု ပြောဆိုသည်။

“ဆိုလိုချင်တာက ခေါင်းဆောင်တွေ ကိုယ်တိုင်က ပုဂ္ဂိုလ်ရေး ခံစားချက်တွေနဲ့ အခုလို ဖြစ်ကျတာက မကောင်းတဲ့ ကိစ္စ ပဲ။ တိုင်းပြည်အတွက် တော်တော်ကို မကောင်းတဲ့ ကိစ္စပဲ။ ဦးသိန်းစိန် လက်ထက်မှာ စာရင်းစစ်ချုပ် ဦးလွန်းမောင်ကို ဖြုတ်လိုက်တာက အခြေခံ ဥပဒေပါ စည်းကမ်းချက်တွေကို ဖောက်ဖျက်လို့ ဆိုပြီး နားလည်ပေးလို့ ရတယ်”ဟုလည်း ၎င်းက ပြောသည်။

ပြည်ထဲရေး ဝန်ကြီးသည် တပ်ချုပ်နှင့် ပြေလည်ခြင်း၊ မပြေလည်ခြင်းထက် ၎င်း၏ တာဝန်ကို ကျေပွန်ရေး ထမ်းဆောင် နိုင်သူမျိုး ဖြစ်ရန် လိုကြောင်း၊ အစိုးရအနေဖြင့်လည်း ကိုယ်နှင့် အဆင်ပြေမည့်သူထက် တာဝန်ကို ကျေပွန်ရန် ထမ်းဆောင်နိုင်မည့် သူမျိုးကို ကြည့်ရမည် ဖြစ်ကြောင်း ဦးရဲထွန်းက ထောက်ပြသည်။

တပ်မတော် အရာရှိဟောင်း နိုင်ငံရေး သုတေသီ ဒေါက်တာ အောင်မျိုးက“ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုကျော်ဆွေနဲ့ ရင်းနှီးလို့ ပြောင်းတယ်လို့ ပြောရင် ကျနော်တို့ အထင်ပဲ ဖြစ်လိ့မ်မယ်။ တဖက်ကလည်း သူအသက်ပြည့်နေလို့ ချိန်းတာပါလို့ ပြောရင်လည်း ရတာပဲ။ ကျနော်တို့က ဘာမှ စောဒကတက်လို့ မရဘူး”ဟု ပြောသည်။

မြန်မာလူမျိုးများသည် ပုဂ္ဂိုလ်ရေးနှင့် မူဝါဒကို ခွဲမမြင်ကြဘဲ လူပုဂ္ဂိုလ် ဆက်ဆံရေးကို ပိုပြီး အလေးထားကြခြင်းသည် မဖွံ့ဖြိုး မတိုးတက်သေးသည့် အယူအဆ ဖြစ်ကြောင်း၊ ထို့ကြောင့် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ် ရောက်လာ၍ ပြည်ထဲရေး ဝန်ကြီးဌာန ပိုဆိုးသွားမည်ဟု မထင်ကြောင်း ဒေါက်တာ အောင်မျိုးက ဆက်ပြောသည်။

“သူ့လမ်းစဉ်နဲ့သူ သွားနေမှာပဲ။ တပ်မတော်ကလည်း ဒို့တာဝန် အရေး ၃ ပါးကို ဆက်ဆုပ်ကိုင်ထားပြီး ဖွဲ့ စည်းပုံ အခြေခံ ဥပဒေဘောင်ထဲက ပေးထားချက်တွေကို ကျော်မလာနဲ့။ အဲဒီဘောင်အတွင်းမှာတော့ ပြည်ထဲရေးဝန်ကြီးက သမ္မတ အမိန့်ကို နာခံပါမယ် ဆိုတာမျိုးကတော့ သေချာတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

ထို့ပြင် ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်မှ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန (ထွေအုပ်)ကို အစိုးရ အဖွဲ့ရုံး လက်အောက် သို့ ပြောင်းရွှေ့လိုက်သည့် အချိန်မှစ၍ ထွေအုပ်သည် တိုင်းပြည်တွင် အရေးမပါတော့ကြောင်း၊ ရဲတပ်ဖွဲ့သည်လည်း နဂိုကတည်းကပင် ဒေသန္တရ အုပ်ချုပ်ရေး အောက်တွင် ရှိနေခြင်း ဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ အောက်တွင် အပြောင်းအရွှေ့နှင့် မူဝါဒပိုင်းသာ ရှိတော့ကြောင်း ဒေါက်တာ အောင်မျိုးက ပြောသည်။

“အရင် စ သုံးလုံး (အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာန)ရဲ့ အခန်းကဏ္ဍကို အဂတိကော်မရှင်က ယူသွားပြီ။ ထောင် ဆိုတာလည်း လူဆိုးတွေပဲ ထိန်းရတာလေ။ လူကောင်းတွေရဲ့ ကိစ္စကို ဘာမှ ဝင်ပြောလို့ မရဘူး”ဟုလည်း ၎င်းက ဆက်ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်တွင်း ခရီးစဉ်တိုင်းတွင် လိုက်ပါလေ့ရှိပြီး အတိုင်ပင်ခံ ၏အနားတွင် အမြဲပင် ဖော်ရွေပြုံးရွှင်သော ပုံစံရှိသည့် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကို လူ အများ က သတိထား မိကြပြီး စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး၏ ပြယုဂ်ကောင်းသည်ဟုလည်း ပြောဆိုမှုများ ရှိ သည်။

လက်ရှိ အစိုးရသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် ကာကွယ်ရေး၊ ပြည်ထဲရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး ၃ ဦးတို့ကို အရပ်ဘက် အုပ်ချုပ်ရေးတွင် ပါဝင်ဆောင်ရွက်နေခြင်းအား နှစ်သက်ပုံ မရ သော်လည်း တိုင်းပြည်အတွက် အလုပ်ဖြစ်စေရန် ဆိုသော ရည်ရွယ်ချက်ဖြင့် ပူးပေါင်းဆောင်ရွက်မှု ရှိခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် တချို့က ပြောဆိုကြသည်။

ကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ နယ်စပ် ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်တို့နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၆ ခုနှစ်တွင် စတင်တွေ့ ဆုံစဉ်က “ဘယ်သူတွေ များလဲလို့ မင်းသားတွေကိုး”ဟု အမည်များကို ကြည့်၍ အတိုင်ပင်ခံက အရွှမ်း ဖောက်ခဲ့ဖူးကြောင်းလည်း သိရသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ၂၀၁၈ ခုနှစ်က စင်ကာပူနိုင်ငံ ခရီးစဉ်အတွင်း သူ၏ NLD အစိုးရနှင့် တပ်မတော်ကြား ဆက်ဆံရေး မဆိုးကြောင်း၊ အစိုးရအဖွဲ့တွင် ပါဝင်သည့် ဝန်ကြီး ၃ ဦးသည်လည်း “ခင်မင်ဖွယ်” ဖြစ်ကြောင်း အမေးအဖြေ ကဏ္ဍတခုတွင် အတိုင်ပင်ခံက ထုတ်ဖော်ချီးကျူးခဲ့သေးသည်။

မည်သို့ပင်ဖြစ်စေ ပြည်ထဲရေး ဝန်ကြီး အသစ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ပြည်ထဲရေး ဝန်ကြီးဌာနက ပြဿနာ များ၊ စိန်ခေါ်မှုများစွာဖြင့် စောင့်ကြိုနေပြီ ဖြစ်သလို အစိုးရ ခေါင်းဆောင်များနှင့် ၎င်း၏ ဆက်ဆံရေး အခြေအနေကို လည်း အများက စိတ်ဝင်စားကြလိမ့်မည်ဟု ထင်မြင် ယူဆမိပါသည်။ ။

Your Thoughts …
Tags: NLDကာကွယ်ရေး ဦးစီးချုပ်စစ်ဘက်-အရပ်ဘက်စရဖပြည်ထဲရေး ဝန်ကြီးသမ္မတ
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

by ဧရာဝတီ
11 September 2023
24.3k

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ညွှန်ချုပ်အဖြစ် ပြောင်းရွှေ့ကြောင်း ထုတ်ပြန်ပြီးနောက် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ) မှ ဗိုလ်မှူးကြီး အောင်ဇော်လင်းမှာ စ သုံးလုံး...

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

Next Post
ယနေ့ မနက်ပိုင်းက လုယက်မှုဖြစ်ပွားခဲ့သည့် မြောက်ဒဂုံ စီဘီဘဏ်ခွဲအား လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးစဉ် / မျိုးမင်းစိုး / ဧရာဝတီ

မြောက်ဒဂုံ CBဘဏ် လုယက်မှုမှ သံသယဖြစ်ဖွယ်ကားနှင့် ယာဉ်မောင်းကို ရဲတပ်ဖွဲ့စစ်ဆေးနေ

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ တယ်လီဖုန်း တာဝါတိုင်တတိုင်  / မင်းအောင်ခိုင်

ရခိုင်တွင် အင်တာနက် ဖြတ်ရခြင်းမှာ ဒေသတွင်း တည်ငြိမ်မှုရှိရန် ဖြစ်ဟု ပို့ဆက် ဒုဝန်ကြီးပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved