• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒေါက်တာ ရှာဘတ်စ်၏ ရန်ကုန်တက္ကသိုလ်ဟောပြောပွဲ၊ ICJ အတွေ့အကြုံများ ပြန်လည်မျှဝေ

by ဇင်လင်းထက်
5 March 2020
in သတင်း
A A
ယနေ့ ရန်ကုန်တက္ကသိုလ်တွင် ဟောပြောမှု ပြုလုပ်ခဲ့သည့် ပါမောက္ခ ဒေါက်တာဝီလီယံ ရှာဘတ်စ် / ထက်ဝေ / ဧရာဝတီ

ယနေ့ ရန်ကုန်တက္ကသိုလ်တွင် ဟောပြောမှု ပြုလုပ်ခဲ့သည့် ပါမောက္ခ ဒေါက်တာဝီလီယံ ရှာဘတ်စ် / ထက်ဝေ / ဧရာဝတီ

7.1k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတကာ တရားရုံး (ICJ) တွင် မြန်မာဘက်က ခုခံချေပခဲ့သည့် ဥပဒေ ပညာရှင် ပါမောက္ခ ဒေါက်တာ ဝီလျံ ရှာဘတ်စ် ယနေ့ ရန်ကုန်တက္ကသိုလ်တွင် လာရောက်ဟောပြောရာ လူမျိုးတုံးသတ်ဖြတ်မှု အကြောင်းနှင့် ICJ တွင် ၎င်းဆောင်ရွက်ခဲ့ သည့် အတွေ့အကြုံများကို ကျောင်းသားများသို့ ပြန်လည်မျှဝေသည်။

“Genocide Convention ကို ဘယ်အချိန်မှာ စပြီး ဘာရည်ရွယ်ချက်နဲ့ စပြီးတော့ ရေးဆွဲခဲ့သလဲဆိုတဲ့ သမိုင်းဖြစ်စဉ်တွေ ပြောတယ်။ Genocide Convention နဲ့ ပတ်သက်တဲ့ စာတွေလည်း ရေးတယ် ဆိုတဲ့အကြောင်းအများကြီး ပြောပါတယ်” ဟု ဟောပြောပွဲသို့ တက်ရောက်သည့် ဥပဒေသုတေသီ ဖြစ်သူ ဦးဗျက်ထန်က ဧရာဝတီသို့ ပြောကြားသည်။

သို့သော် အစ္စလာမ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) အဖွဲ့ဝင် မော်လဒိုက်စ်နိုင်ငံက မြန်မာနိုင်ငံကို ICJ နိုင်ငံတကာ တရားရုံးတွင် ကြားဖြတ်အမှုတင်သွင်းရန် ကြေညာထားမှုနှင့် ပတ်သက်၍ ဒေါက်တာရှာဘတ်စ်က ဟောပြောပွဲတွင် ပြောကြားခဲ့ခြင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယနေ့ ဟောပြောပွဲကို ခေါင်းစဉ် သီးခြား ပေးမထားခဲ့ဘဲ ဟောပြောမှုကို အင်္ဂလိပ်ဘာသာစကားဖြင့် ပြုလုပ်ခဲ့ သည်ဟု သိရသည်။

ဟောပြောပွဲကို တက်ရောက်သည့် ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနမှ စတုတ္တနှစ် ဥပဒေပညာကျောင်သူ မချယ်မှုန်းထင်ကလည်း ဒေါက်တာရှာဘတ်စ်၏ ဟောပြောပွဲကို တက်ရောက်ခွင့်ရသဖြင့် ဝမ်းသာဂုဏ်ယူမိကြောင်း ဆိုသည်။

“သူလုပ်ခဲ့တဲ့ Experience တွေကို ပြောတာပေါ့။ တချို့ဟာလေးတွေလည်း သိပ်နားမလည်တာ ရှိပါတယ်။ တော်တော် တော့ Catch Up လုပ်ရတယ်။ ခေါင်းစဉ်တော့ မရှိဘူး။ အိုင်စီဂျေမှာ သွားခဲ့တဲ့ သူ့ရဲ့ အတွေ့အကြုံတွေကို ပြန်မျှတာပေါ့” ဟု ၎င်းက ပြောပြသည်။

ထိုကဲ့သို့ ကမ္ဘာကျော်ပညာရှင်များ၏ ပညာရပ်ဆိုင်ရာ ဟောပြောပွဲများကို ပညာရေးဝန်ကြီးဌာနက တတ်နိုင်သမျှ ဆောင်ရွက်ပေးသင့်ကြောင်း ဟောပြောပွဲသို့ တက်ရောက်လာသူအချို့က ဆိုကြသည်။

ဒေါက်တာရှာဘတ်စ်၏ ဟောပြောပွဲကို ထောက်ခံသူများ ရှိသကဲ့သို့ ကန့်ကွက်သူများလည်း ရှိပြီး ယနေ့ ပွဲတွင် ရန်ကုန် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ဘွဲ့နှင်းသဘင်ခန်းမ အနီးတွင် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးခန့်ဖြင့် “ငရဲ ခွေးကြီးများ လွတ်နေဆဲ”ဟု အဓိပ္ပာယ်ရသည့် အင်္ဂလိပ်စာသား ရေးသားထားသော ဆိုင်းဘုတ်ထောင်ကာ ဆန္ဒ ထုတ်ဖော်ခဲ့သည်။

ထို့အပြင် ဆန္ဒထုတ်ဖော်သော ကျောင်းသားများသည် “ငရဲခွေးကြီးများ လွတ်နေဆဲ”ဟု ခေါင်းစဉ်တပ်ထားသော ဆောင်းပါး ရေးသားထားသည့် စာရွက်များကိုလည်း ဟောပြောပွဲ တက်သူများထံ ဝေငှခဲ့သည်။

ဒေါက်တာရှာဘတ်စ်သည် ဟောပြောပွဲသို့ လာစဉ်က အဓိပတိလမ်းမထိပ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ ဝင်ပေါက်မှ ဝင်ရောက် ခဲ့သော်လည်း ဟောပြောပွဲအပြီးတွင်မူ ကျောင်းသားများ၏ ဆန္ဒပြမှုကြောင့် ဘွဲ့နှင်းသဘင်ဘေးဖက် အပေါက်မှ ထွက်ကာ ကားဖြင့် ထွက်ခွာသွားသည်။

ပါမောက္ခ ဒေါက်တာ ဝီလီယံရှာဘတ်စ်သည် ကနေဒါ နိုင်ငံသား ဂျူးလူမျိုးတဦး ဖြစ်သည်။

ဒေါက်တာ ဝီလီယံရှာဘတ်စ်ကို နိုင်ငံတကာ လူမျိုးတုံး သတ်ဖြတ်မှု လေ့လာသူများ အဖွဲ့အစည်း (IAGS) က မြန်မာ အစိုးရနှင့် အဆက်အသွယ် ဖြတ်ရန် ဖေဖော်ဝါရီလဆန်းပိုင်းက တိုက်တွန်းထားပြီးနောက် ဒေါက်တာ ဝီလီယံရှာဘတ်စ် ရန်ကုန် တက္ကသိုလ်၌ လာရောက်ဟောပြောခဲ့ခြင်းလည်း ဖြစ်သည်။

၎င်းသည် ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ IAGS အဖွဲ့၏ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။ လက်ရှိတွင် ၎င်းသည် လူ့အခွင့်ရေး ဥပဒေ၊ နိုင်ငံတကာ ရာဇဝတ်မှု ဥပဒေ၊ လူမျိုးတုံး သတ်ဖြတ်မှု၊ နိုင်ငံတကာ ရာဇဝတ် တရားရုံး ဥပဒေ၊ အသွင် ကူးပြောင်းရေး ကာလ တရားမျှတမှုနှင့် သေဒဏ် စီရင်မှု စသည့် ဘာသာရပ်များ အတွက် ပါရဂူဘွဲ့ (Ph.D) ယူမည့် ကျောင်းသားများကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ Middlesex University London တွင် ကြီးကြပ် ပေးနေသူလည်း ဖြစ်သည်။

ဆက်စပ်လင့်

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
49
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
802
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
226

ICJ တွင် မော်လဒိုက်က မြန်မာကို ကြားဖြတ်အမှု တင်သွင်းမည့် အပေါ် သူတို့အမြင်

ပါမောက္ခ ဒေါက်တာ ဝီလီယံ ရှာဘတ်စ် ရန်ကုန်တက္ကသိုလ်တွင် ဟောပြောမည်

ICOE ၏ ရခိုင်အစီရင်ခံစာ အကျဉ်းချုပ်ပါ အဓိကအချက်များ

Your Thoughts …
Tags: ဒေါက်တာဝီလီယံရှာဘတ်စ်ရန်ကုန်တက္ကသိုလ်ဟောပြောပွဲ
ဇင်လင်းထက်

ဇင်လင်းထက်

ဧရာဝတီ

Similar Picks:

ကျောင်းသားများ တက္ကသိုလ် လေ့ကျင့်ရေးတပ်သို့ ဝင်ရန် စစ်ကောင်စီ ပြော

ကျောင်းသားများ တက္ကသိုလ် လေ့ကျင့်ရေးတပ်သို့ ဝင်ရန် စစ်ကောင်စီ ပြော

by ဧရာဝတီ
28 February 2024
12.7k

ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ နေပြည်တော်၊ ပုသိမ်နှင့် တောင်ငူတို့တွင် UTCs များရှိကြောင်း စစ်ကောင်စီ၏ ကြေးမုံသတင်းစာက ဖော်ပြသည်။

စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

by ဖီးနစ်
7 December 2023
3.5k

အမျိုးသားနေ့သည် ကျောင်းသားလူငယ်တို့၏ မဟုတ်မခံ တော်လှန်လိုသော စိတ်ဓာတ်၊ အာဏာရှိသူကို တော်လှန်လိုသော စိတ်ဓာတ်တို့မှ ပေါက်ဖွားလာသည့် နေ့ထူးနေ့မြတ်တခု ဖြစ်လေသည်။

တက္ကသိုလ်သမဂ္ဂ အဆောက်အအုံရဲ့ ပထမနေ့ရက်များ

တက္ကသိုလ်သမဂ္ဂ အဆောက်အအုံရဲ့ ပထမနေ့ရက်များ

by မောင်ဘိုး
7 July 2025
831

“ငွေချည်ထိုး ခွပ်ဒေါင်းရုပ်အလံကြီး ချိတ်ဆွဲထားတဲ့ သမဂ္ဂအစည်းအဝေးခန်းမကြီးဟာ ဓာတ်မီး၊ ပန်ကာတွေနဲ့ တဖိတ်ဖိတ်တောက်အောင် ခမ်းနားလှပြီး အာရှနိုင်ငံတွေရဲ့ သမဂ္ဂ အဆောက် အဦတွေထဲမှာ အကောင်းဆုံးစာရင်းဝင်ကြောင်း” စနေနဂါးနီဂျာနယ်က မှတ်ချက်ပြုထားပါတယ်

ဆရာကြီး အိန်စတိန်းသို့ အယူခံလွှာ

ဆရာကြီး အိန်စတိန်းသို့ အယူခံလွှာ

by အောင်သင်း
14 September 2025
218

တကယ် စဉ်းစားကြည့်လိုက်လျှင်တော့ဖြင့် ဆရာကြီး ပြောသည့် စကားဟာ အမှန်ပါပဲ။ သူဆိုလိုသည်က တောင်စဉ်ရေမရ စကားများနေတာမျိုးကိုပဲ ဆိုလိုတာမျိုး ဖြစ်မှာပေါ့…

မြန်မာစစ်ဗိုလ်များကို ပုစွန်ဦးနှောက်နှင့်ဟု ပြောလျှင်လွန်အံ့မထင်ပါ

ပုစွန်ဦးနှောက်နှင့် စစ်ဗိုလ်ချုပ်များ

by ခင်မမ
22 February 2023
26.2k

ဖြစ်ချင်တာက ထိုင်းစစ်ဗိုလ်တွေလို၊ လုပ်နေတာက ကင်မ်ဂျုံးအွန်း လုပ်ပေါက်နှင့်၊ ကိုယ့်ကိုယ်ကိုယ် ဘာလုပ်လို့ လုပ်နေမှန်းမသိ။

--

ကျောင်းသား လှုပ်ရှားမှုက ရန်ကုန်တက္ကသိုလ်နဲ့ ခွဲမရဘူး

by သဇင်လှိုင်
5 December 2020
4.8k

အစဉ်အဆက် ကျောင်းသား လှုပ်ရှားမှုများ တွင် ပါဝင်လာသည့် ကျောင်းသားဟောင်းများကို ဧရာဝတီ မီဒီယာမှ မေးမြန်းထားသည် များကို စုစည်း ဖော်ပြလိုက်ပါသည်။

Next Post
မန်းရွှေစက်တော် ဘုရားပွဲသို့ လာရောက်ကြသူများကို မတ် ၂ ရက်က တွေ့ရစဉ် / Moe Naing Oo

ကျန်းမာရေး စစ်ဆေးမှုများ တိုးမြှင့်၍ ရွှေစက်တော်ဘုရားပွဲ ကျင်းပနေ

လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကင်းစင်နေသေးတဲ့ နိုင်ငံတွေ ကျန်ရှိနေပါတယ်

The Sun သတင်းစာက ထုတ်ပြန်လိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကင်းစင် နိုင်ငံများမှာ မြန်မာပါဝင်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved