• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဦးတီခွန်မြတ်ကို လွှတ်တော် ဥက္ကဌ ရာထူးမှ ဖြုတ်ချရန် ကြိုးပမ်းမှု မအောင်မြင်

by ထက်နိုင်ဇော်
1 June 2020
in သတင်း
A A
ယနေ့ ပြည်သူ့လွှတ်တော်သို့ တက်ရောက်လာသည့် ဦးတီခွန်မြတ်  / ထက်နိုင်ဇော် / ဧရာဝတီ

ယနေ့ ပြည်သူ့လွှတ်တော်သို့ တက်ရောက်လာသည့် ဦးတီခွန်မြတ် / ထက်နိုင်ဇော် / ဧရာဝတီ

54k
VIEWS
Share on FacebookShare on Twitter

ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်ကို ရာထူးမှ ဖြုတ်ချရန် အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ၏ အားထုတ်မှုမှာ ယနေ့ နေပြည်တော်တွင် လိုအပ်သည့် မဲအရည်အတွက် အလုံအလောက် မရသဖြင့် အောင်မြင်မှု မရရှိ ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်အား တာဝန်မှ ရုတ်သိမ်းရေး အဆိုတခုကို ကြံ့ခိုင်ရေး ပါတီမှ ဦးဆောင်ပြီး တပ် မတော်သား ကိုယ်စားလှယ်များနှင့်အတူ ယင်းပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က ကိုယ်စားလှယ် ၁၁၀ ၏ ကိုယ်စား မေလ ၂၈ ရက်နေ့က လွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။

RelatedPosts

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

15 June 2025
881
စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ကုလသမဂ္ဂနဲ့ အာဆီယံ ဘယ်လိုမြင်လဲ (ရုပ်/သံ)

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ကုလသမဂ္ဂနဲ့ အာဆီယံ ဘယ်လိုမြင်လဲ (ရုပ်/သံ)

15 June 2025
69
အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

15 June 2025
886

ထို့ကြောင့် ယင်းအဆိုကို ယနေ့ စတင်ဆွေးနွေးကြရာတွင် ကြံ့ခိုင်ရေးပါတီ၊ တပ်မတော်သား ကိုယ်စားလှယ်များနှင့် မအူ ပင် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းတို့က ဦးတီခွန်မြတ်ကို ဖြုတ်ချရန် သဘောတူကြောင်း ဆွေး နွေးကြသည်။

သို့သော် ဆွေးနွေးမှုများအပြီး မဲခွဲဆုံးဖြတ်ရာတွင် ဦးတီခွန်မြတ်ကို ဖြုတ်ချရန် သဘောတူသူ ၁၃၂ ဦး၊ ကန့်ကွက်သူ ၂၄၃ ဦး ရှိပြီး ထောက်ခံသူ ၃ ပုံ ၂ ပုံ မရှိသဖြင့် ကြံ့ခိုင်ရေးပါတီ၏ အဆို ရှုံးနိမ့်ခဲ့ရသည်။

“မဲခွဲရာမှာ ပြီးသွားပြီ ဆိုပေမယ့်လည်း အဲဒါမျိုး ကျန်တဲ့ကာလလေးမှာ ကိုယ်တို့ ဒီလိုမျိုး ပြုပြင် ထိန်းသိမ်းခဲ့တဲ့အတွက် ကြောင့်မိုလို့ လွှတ်တော်က ဒါထက်ပိုမိုကောင်းမွန်တဲ့ ဒီမိုကရစ်တစ်ဖြစ်တဲ့ လမ်းကြောင်းကို သွားမယ်ဆိုရင် ကိုယ်တို့ အမြတ်ပဲ”ဟု ကြံ့ခိုင်ရေးပါတီမှ ဦးမောင်မြင့်က မဲခွဲဆုံးဖြတ်မှု အပြီးတွင် သတင်းထောက်များကို ပြောသည်။

လွှတ်တော်တွင် တင်သွင်းခဲ့သည့် အဆိုများ၊ မေးခွန်းများကို ခွင့်ပြုရာတွင် လူပုဂ္ဂိုလ် အဖွဲ့ အစည်းကို ကြည့်၍ ခွင့်ပြုခြင်း ထက် အမျိုးသား အကျိုးစီးပွားကို ကြည့်၍ ခွင့်ပြုထောက်ခံသည့် ပြည်သူများ၏ လွှတ်တော် ဖြစ်စေချင်၍ ယခုလို အဆိုကို တင်ပြရခြင်း ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောသည်။

“ခြုံပြောရရင် ပြည်သူ့အသံ မပြောနဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အသံများကိုတောင် အကြောင်းအမျိုးမျိုးနဲ့ ပယ်ချ ကန့်ကွက်နေတဲ့ လွှတ်တော်မှာ ပြည်သူရဲ့ မျှော်လင့်ချက်ကို ဘယ်လိုဖော်ဆောင်ရွက်မှာလဲ”ဟု ဦးသောင်းအေးက ယနေ့ ကျင်းပသည့် လွှတ်တော်တွင် မေးခွန်းထုတ်သည်။

၎င်းတို့အနေဖြင့် မအောင်မြင်မှန်း သိရက်နှင့် လုပ်ဆောင်ခြင်း မဟုတ်ဘဲ အတိုင်းအတာတခု အောင်မြင်မည်ဟု ယူဆ ကြောင်း၊ ယခုလို စက်ခလုတ်သုံး မဲပေးခြင်း မဟုတ်ဘဲ လျှို့ ဝှက်ဆန္ဒမဲ စာရွက်ဖြင့် ဆန္ဒပြုသည့် စနစ်ဖြင့် ဆောင်ရွက်မည် ဆိုပါက ယခုထက် မဲပိုရမည်ဟု ထင်ကြောင်း ကြံ့ခိုင်ရေးပါတီဘက်မှ ကိုယ်စားလှယ်များက ပြောသည်။

၎င်းတို့ ကြံ့ခိုင်ရေးပါတီက တင်သွင်းခဲ့သည့် ဖွဲ့ စည်းပုံ ပြင်ဆင်ရေး အဆိုများကို ပြည်ထောင်စု လွှတ်တော်တွင် ဆက် လက်ဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊ ပြည်သူ့လွှတ်တော်တွင် အများပြည်သူ အကျိုးအတွက် တင်ပြသည့် အရေးကြီး အဆိုများကို ခွင့်မပြုခြင်းတို့ကြောင့် ဦးတီခွန်မြတ်ကို စွပ်စွဲပြစ်တင်ရခြင်းဟု အကြောင်းပြသည်။

“ကျနော်တို့ ပုဂ္ဂိုလ်ရေး မပါပါဘူး”ဟု ကြံ့ခိုင်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ယနေ့ သ တင်းထောက်များကို ပြောသည်။

တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး မျိုးထက်ဝင်းကလည်း နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးစီးပွားအတွက် အရေး ကြီး ကိစ္စများ တင်ပြရာတွင် လွှတ်တော်က လက်ခံ ဆွေးနွေး အဖြေရှာ ရမည် ဖြစ်သော်လည်း လွှတ်တော် ဥက္ကဌတဦး အနေဖြင့် ခွင့်မပြုခြင်းသည် မရိုးသားသည့် ဆောင်ရွက်မှုဟု ယူဆသည့် အပြင် ၎င်းထံတွင် တစုံတရာသော ဖိအားများ ရှိနေသည်ဟု ယူဆကြောင်း လွှတ်တော်တွင် ဆွေးနွေးသည်။

“နိုင်ငံတော် အတွက် အကျိုးရှိမယ့် အကြောင်းအရာတွေကို တင်ပြခဲ့ကြရာမှာ မျက်ကွယ်ပြုခြင်းများအတွက် စိတ်ရှည် သည်းခံစွာနဲ့ ခွင့်လွှတ်ခဲ့သော်လည်း အခုလို ဖြစ်စဉ်တွေကြောင့် နိုင်ငံတော်အတွက် ရေရှည်မှာ ပိုမိုနစ်နာလာနိုင်ပါတယ်” ဟု ဗိုလ်မှူးကြီး မျိုးထက်ဝင်းက ပြောသည်။

ထို့ကြောင့် ဦးတီခွန်မြတ်သည် အခြေခံ ဥပဒေပါ ပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း အပြင် ဥပဒေအရ ဆောင် ရွက်ရမည့် တာဝန်များကိုလည်း မထမ်းဆောင်နိုင်ကြောင်း သုံးသပ်မိ၍ တပ်မတော်သား ကိုယ်စားလှယ်များက ယခုအဆို ကို ထောက်ခံကြောင်း ဆိုသည်။

ထိုသို့ ဆွေးနွေးမှုများတွင် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်း၏ ဆွေးနွေးချက်များထဲမှ ဘက်လိုက် သည်ဆိုသော စကားရပ်နှင့် ပါတီတခု၏ သြဇာကို လွှမ်းမိုးသည်ဆိုသော စကားလုံးများကိုမှတ်တမ်းက ပယ်ဖျက်မည်ဟု ယနေ့ လွှတ်တော်ကို ဦးဆောင်ကျင်းပသူ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌ ဦးထွန်းထွန်းဟိန်က ပြောဆိုခဲ့သည်။

ထို့ပြင် မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းအား လွှတ်တော် ထိုင်ခုံတွင် ပြန်မထိုင်ပါက အရေး ယူမည်ဟုလည်း သတိပေးခဲ့ရသည်။

ယနေ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ် ရာထူးတာဝန် ဆက်မြဲနေခြင်းမှာ အာဏာရ NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များက ၎င်းဘက်တွင် အခိုင်အမာ ရပ်တည်ခဲ့ခြင်းကြောင့် ဖြစ်သည်။

NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက လွှတ်တော်တွင် အဆိုများ၊ မေးခွန်းများကို ခွင့်ပြုခြင်း၊ ခွင့်မပြုခြင်းသည် ဥပဒေအရ အပ်နှင်းထားသည့် ဥက္ကဌ၏ လုပ်ပိုင်ခွင့် ဖြစ်ကြောင်း၊ မိမိတို့ ဖြစ်လိုစိတ်တခုကို ရှေ့ တန်း တင်ပြီး ကိုယ်ဖြစ်ချင်သလို ဖြစ်မလာတဲ့အတွက် လွှတ်တော် ဥက္ကဌအား စွပ်စွဲပြစ်တင်မှုသည် အင်မတန် ဝမ်းနည်း စရာ ကောင်းကြောင်း လွှတ်တော်တွင် ပြောသည်။

“အဆိုတင်သော လွှတ်တော်ကိုယ်စားလှယ်တဦးက မီဒီယာတခုနဲ့ အင်တာဗျူးရာမှာ အဆိုကို မအောင်မြင်မှန်း သိပါတယ်။ ဒါပေမယ့် လွှတ်တော်မှတ်တမ်း ကျန်အောင် တင်သွင်းပါတယ် ဆိုတဲ့ ပြောကြားချက်ကို ကြည့်ရင် အဆိုရဲ့ ဦးတည်ရာဟာ လွှတ်တော် ဥက္ကဌတဦးရဲ့ ဂုဏ်သိက္ခာကို မှေးမိန်အောင် လုပ်တယ်လို့ပဲ ကျနော်တို့ ခံစားပါတယ်”ဟု ဒေါက်တာ လှမိုးက ပြောသည်။

နေပြည်တော်ရှိ သတင်းထောက်တချို့က ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်နှင့် တွေ့ ဆုံ မေးမြန်းလိုကြောင်း လွှတ်တော်ရုံး အရာရှိများထံမှတဆင့် ဆက်သွယ်ရာ ယခုလို ဆက်သွယ်မှုအတွက် ကျေးဇူးတင်ကြောင်း၊ ယခုလို အချိန်တွင် တည်ငြိမ်မှုမှာ အရေးကြီးသဖြင့် မတွေ့ ဆုံလိုသေးကြောင်း တုန့်ပြန်ခဲ့သည်။

ဦးတီခွန်မြတ်မှာ စွပ်စွဲပြစ်တင်မှု ခံထားရချိန် ဖြစ်သဖြင့် ယနေ့ ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးကို ဦးဆောင် မကျင်းပဘဲ အောက်ရှိ အခြား လွှတ်တော်ကိုယ်စားလှယ်များနည်းတူ ဝင်ထိုင်၍ ဆန္ဒမဲ ပေးခဲ့သည်ကို တွေ့ ရသည်။

ယနေ့ စွပ်စွဲပြစ်တင် ခံနေရသည့် ဦးတီခွန်မြတ်သည် တပ်မတော် အစိုးရ နောက်ပိုင်း ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေး ကောက်ပွဲတို့တွင် လက်ရှိ အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရလာသူ တဦး ဖြစ်သည်။

ထို့ပြင် NLD အစိုးရ လက်ထက် ဒုတိယ အကြိမ် လွှတ်တော်သက်တမ်းတွင် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌ ဘဝဖြင့် ကြံ့ခိုင်ရေးပါတီ၏ ညီလာခံ တခုသို့ တက်ရောက်ဖူးပြီး ထိုစဉ်ကလည်း ဥက္ကဌ ဖြစ်လာသူ ဦးသန်းဌေးကိုယ်တိုင်က ဥက္ကဌကြီးဟု ခေါ်ဆိုကာ ရင်းရင်းနှီးနှီး နုတ်ဆက်ခဲ့ဖူးသည်။

ယင်းနောက်ပိုင်းတွင် ဦးတီခွန်မြတ်သည် ကြံ့ခိုင်ရေး ပါတီမှ နုတ်ထွက်ခဲ့ပြီး တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ခဲ့သည်။

ယင်းအခြေအနေများအကြောင်းကို ရှင်းပြပေးရန် ယနေ့ လွှတ်တော် အစည်းအဝေးအပြီး နေပြည်တော်တွင် ပြုလုပ်သည့် ကြံ့ခိုင်ရေး ပါတီ၏ သတင်းစာ ရှင်းလင်းပွဲတွင် မေးမြန်းရာ ယခု ကိစ္စသည် တိုက်ရိုက် မသက်ဆိုင်သဖြင့် မဖြေကြားပေးနိုင်ကြောင်း ပါတီ တာဝန်ရှိသူများက တုန့်ပြန်ခဲ့သည်။

Your Thoughts …
Tags: NLDပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီလွှတ်တော်ဦးတီခွန်မြတ်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
32.2k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.3k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.5k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

Next Post
သံဃာတော်များကို ပစ်မှတ်ထား၍ အွန်လိုင်းမှတဆင့် ငွေလိမ်တောင်းမှုဖြင့် ဖမ်းဆီးထားသူများ  / ဧရာဝတီ

သံဃာတော်များ ပစ်မှတ်ထား၍ အွန်လိုင်းမှ ငွေလိမ်သည့်အဖွဲ့ ပုသိမ်၌ ဖမ်းမိ

ဝါရှင်တန်ရှိ သမ္မတ အိမ်ဖြူတော်ရှေ့ ရဲနှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့နေစဉ်

အိမ်ဖြူတော်အနီး ရုန်းရင်းဆန်ခတ် ဖြစ်သည်အထိ အမေရိကန် မငြိမ်သက်မှု နက်ရှိုင်းလာ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

4 days ago
4.9k

Most Read

  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

    shares
    Share 0 Tweet 0
  • အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate