လူအများအပြား သေဆုံးစေခဲ့သည့် ဖားကန့် ဝှေခါမှော် မြေပြိုမှုနှင့် ပတ်သက်၍ လုံခြုံရေးဆိုင်ရာ အဓိက တာဝန်ရှိသူ တပ် မှူးတဦးနှင့် ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့အား အရေးယူလိုက်ကြောင်း တပ်မတော် သတင်း မှန် ပြန်ကြားရေးအဖွဲ့က ပြောသည်။
လုံခြုံရေးဆိုင်ရာ တာဝန်ရှိခဲ့သည့် တပ်မှူးမှာ မည်သူမည်ဝါ ဖြစ်သည်ကို တပ်မတော်က ထုတ်ဖော် ပြောကြားခြင်းမရှိသော် လည်း ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်းအား ဝန်ကြီးနေရာမှ ထုတ်ပယ်ကာ မူ လ စစ်ဘက်တာဝန်များ ပြန်လည် ထမ်းဆောင်စေပြီး လိုအပ်သည့် အရေးယူမှုများ ဆက်လက် ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။
လစ်လပ်သွားသည့် ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးနေရာတွင်လည်း အစားထိုး ခန့်အပ်နိုင်ရေး လုပ် ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်လျက် ရှိကြောင်းလည်း တပ်မတော်က ထုတ်ပြန်ထားသည်။
တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “သူတို့အနေနဲ့က ဒါနဲ့ပတ်သက်ပြီးတော့ တာဝန် ရှိပါတယ်။ တာဝန်ရှိတဲ့အတွက်ကြောင့် ကျနော်တို့ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါတယ်။ ဘယ်လို အရေးယူမလဲ တော့ အသေးစိတ် မပြောနိုင်သေးပါဘူး၊ ဘယ်လို အရေးယူနိုင်မလဲ ဆိုတာ စစ်ဆေးစရာတွေ ရှိပါသေးတယ်။ တပ်မတော် သားတွေ အများစုကတော့ တပ်မတော်ကနေ ခုံရုံဖွဲ့ပြီး လုပ်ထုံးလုပ်နည်းနဲ့ အဆင့်ဆင့် စိစစ်ပြီး အရေးယူလေ့ ရှိပါတယ်” ဟု ပြောသည်။
ဖားကန့်မြို့နယ် ဝှေခါကျေးရွာအနီး ဇူလိုင်၂ ရက်က ဖြစ်ပွားခဲ့သည့် မြေပြိုကျမှုတွင် ကျောက်ရှာဖွေသူ ၁၇၂ ဦး သေဆုံးခဲ့ရ ပြီး ၅၄ ဦး ဒဏ်ရာရှိခဲ့ကာ ပျောက်ဆုံးနေသူများကိုလည်း ဆက်လက် ရှာဖွေလျက် ရှိသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးကလည်း ပြည်ထောင်စု ဝန်ကြီးများ ပါဝင်သည့် စုံစမ်း စစ်ဆေးရေး အဖွဲ့အား ဇူလိုင် ၃ ရက်တွင်ပင် ဖွဲ့စည်းခဲ့သည်။
ယင်းအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးအုန်းဝင်းက ဦးဆောင်ပြီး ပြည်ထဲရေး ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီးစိုးထွဋ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်တို့က အဖွဲ့ဝင်အဖြစ် ပါဝင်လျက် ရှိသည်။
ဆက်စပ်ဖတ်ရှုရန်
ဖားကန့်တွင် မြေစာပုံပြိုကျမှု အလောင်း ၁၀၀ ကျော် ပြန်တွေ့