• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖားကန့်တွင် မြေစာပုံပြိုကျမှု အလောင်း ၁၀၀ ကျော် ပြန်တွေ့

by အောင်သီဟ
2 July 2020
in သတင်း
A A
မြေစာပုံပြိုကျမှုမှ ပိတ်မိနေသူများကို ကယ်ဆယ်ရှာဖွေမှုများ ပြုလုပ်လျက် ရှိသည် / မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့

မြေစာပုံပြိုကျမှုမှ ပိတ်မိနေသူများကို ကယ်ဆယ်ရှာဖွေမှုများ ပြုလုပ်လျက် ရှိသည် / မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့

18.4k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာတွင် ယနေ့ နံနက် ၈ နာရီဝန်းကျင်က ဖြစ်ပွားခဲ့သော မြေစာပုံ ပြိုကျမှု ကြောင့် ရေမဆေးကျောက် ရှာဖွေနေသူ ၂၀၀ ကျော် ပျောက်ဆုံးခဲ့ရာ နေ့လည် ၁၂ နာရီ ၃၀ မိနစ် ဝန်းကျင်အထိ ရှာဖွေ ကယ်ဆယ်မှု အခြေအနေများအရ သေဆုံးသူ ရုပ်အလောင်း ၁၀၀ ကျော်ကို ရှာဖွေတွေ့ရှိထားပြီ ဖြစ်ကြောင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးစန်းသူက ဧရာဝတီသို့ ပြောသည်။

၎င်းက “ တွင်းထဲမှာ ရှိနေကြတာတော့ ၂၀၀ ကျော်လောက်ရှိတယ်။ အကုန်လုံးကတော့ သေဖို့ များတယ်။ အခု ရှာဖွေ တွေ့ရှိထားသလောက်လည်း အကုန်လုံး အလောင်း ပဲ ပြန်ရထားတာ ” ဟု ဆိုသည်။

အဆိုပါ မြေပြိုမှုဖြစ်ပွားသော နေရာသည် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ လခူးချောင်ရပ်ကွက်ရှိ တသုံးလုံး၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင်၊ ဧရာရတနာစုပေါင်း လုပ်ကွက်ဟောင်း ဖြစ်ပြီး မိုးရွာ သွန်းမှုကြောင့် မြေစာပုံများ မြေပြိုကျမှု ဖြစ်ပွားပြီး ကျောက်တွင်းထဲတွင် ရေမဆေးကျောက်ရှာဖွေသူ ၂၀၀ ကျော်ကို နွံနစ်သွားစေခဲ့ခြင်းဖြစ်ကြောင်း ဖားကန့်မြို့နယ် မီးသတ်စခန်းထံမှ သိရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

ထိုမြေစာပုံ ပြိုကျသော တွင်းအနက်သည် အနက် ပေ ၈၀၀ ကျော်အထိရှိပြီး ယင်းပတ်ဝန်းကျင်တွင် ရေမဆေးကျောက် ရှာဖွေသူအရေအတွက်သည် ၇၀၀ ကျော်မှ ၈၀၀ ဝန်းကျင်အထိ ရှိကြောင်း သိရသည်။

မြေစာပုံပြိုကျမှုမှ ပိတ်မိနေသူများကို ကယ်ဆယ်ရှာဖွေမှုများ ပြုလုပ်လျက် ရှိသည်/ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့

ဖားကန့်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က “ အဓိက ဧက ၅၀၊ ၁၀၀ တူးနေလို့ အခုလို ဖြစ်နေတာ။ ကျောက်မျက်ဥပဒေ အသစ်က ရှိထားပြီးနေပြီး နည်းဥပဒေ မထွက်နိုင်သေးတော့ တရားဥပဒေစိုးမိုးမှုကို မလုပ်နိုင်သေးတာ ဒါတွေထွက်လာမှ သေချာလုပ်လို့ရမှာ ” ဟု ပြောသည်။

မိုးရာသီဥတု အချိန်တွင် ဖားကန့်ဒေသတွင် မကြာခဏဆိုသလို မြေစာပုံ ပြိုကျမှုများ ဖြစ်ပွားလေ့ရှိပြီး နှစ်စဉ် လူရာချီကာ သေဆုံးလျက်ရှိကာ အစိုးရက အကျိုးတူ လုပ်ကွက်များကို လုပ်ကိုင်ခွင့် သက်တမ်း ထပ်တိုးပေးလိုက်ခြင်းကြောင့်လည်း ယခုလို ဖြစ်ရပ်မျိုး ဖြစ်ပွားရခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

လက်ရှိအချိန်တွင် ကျန်ရှိနေသော ရုပ်အလောင်းများကို ဖားကန့်မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများက ပူးပေါင်း ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင် လျက်ရှိသည်။

ဇွန်လကုန်ပိုင်းကလည်း ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာ၊ ဘွမ်နန်ကျေးရွာကြားရှိ အမြင့်ပေ ၃၀၀ ဝန်းကျင်ရှိသော စွန့်ပစ်မြေစာပုံ ပြိုကျမှုဖြစ်ပွားခဲ့ရာ သေဆုံး၊ ပျောက်ဆုံးသူများ ရှိခဲ့သည်။

You may also like these stories:

တောင်ကုတ်တွင် မိုင်း ပေါက်ကွဲမှုဖြစ် ၄ ဦးသေဆုံး

စစ်တွေစခန်းမှ ရဲ ၁ ဦး ဓားထိုး သတ်ဖြတ်ခံရ

မြောင်းမြသို့ အထောက်ထားမဲ့ မွတ်စလင်များ ခေါ်ဆောင်လာသူ ၈ ဦးကို ဖမ်းဆီး စစ်ဆေး

Your Thoughts …
Tags: ကျောက်မျက်ဥပဒေဖားကန့်မြေစာပုံ
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

KIA ထိုးစစ်က မြို့ကြီးများအား ဝိုင်းပတ်မည့် အခြေအနေ ရောက်လာ

KIA ထိုးစစ်က မြို့ကြီးများအား ဝိုင်းပတ်မည့် အခြေအနေ ရောက်လာ

by ဧရာဝတီ
14 March 2024
8.9k

တောင်နှင့်မြောက်ဘက်တို့တွင် မြေပြင်လမ်းကြောင်းများ တစိတ်တပိုင်း ဖြတ်တောက်ခံထားရသည့် ဗန်းမော်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ရေကြောင်းမှတဆင့် စစ်ကူ၊ ရိက္ခာဖြည့်တင်းနိုင်သည့် အခြေအနေ ရှိသော်လည်း ထိုရေလမ်းသည် PDF များအားကောင်းရာ ထီးချိုင့်၊ ကသာ၊ ရွှေကူမြို့နယ်တို့အား ဖြတ်သန်းရမည်

စစ်ကောင်စီနှင့် KIA တို့ အပြန်အလှန်စစ်ဆင်နေသည့် ကချင်စစ်မျက်နှာ

စစ်ကောင်စီနှင့် KIA တို့ အပြန်အလှန်စစ်ဆင်နေသည့် ကချင်စစ်မျက်နှာ

by စောရယ်
1 October 2023
5.2k

ကချင်ပြည်နယ်တွင် တော်လှန်ရေး ပူးပေါင်းတပ်များအချင်းချင်း ချိတ်ဆက်မှုနှင့် စုဖွဲ့ပြင်ဆင်မှုများ အားကောင်းနေပြီး တိုက်စစ်အတွက် အသင့်အနေအထား ဖြစ်နေပြီ ဖြစ်ကြောင်း

ဖားကန့်ကို ပိတ်ဆို့ထိန်းချုပ်ရန် KIA ပူးပေါင်းတပ် ကြိုးပမ်း

ဖားကန့်ကို ပိတ်ဆို့ထိန်းချုပ်ရန် KIA ပူးပေါင်းတပ် ကြိုးပမ်း

by ဧရာဝတီ
28 February 2024
4.4k

ကချင်ပြည်နယ်၊ ဖားကန့်မြို့အဝင် လမ်းပိုင်းများအား ဖြတ်တောက်ပိတ်ဆို့ပြီး ထိန်းချုပ်နိုင်ရေး ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်က ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

နန့်ယားစခန်းကို သိမ်း၍ ဖားကန့်ကို KIA ပူးပေါင်းတပ် ပိတ်ဆို့ထိန်းချုပ်

နန့်ယားစခန်းကို သိမ်း၍ ဖားကန့်ကို KIA ပူးပေါင်းတပ် ပိတ်ဆို့ထိန်းချုပ်

by ဧရာဝတီ
11 April 2024
3.4k

ကမ္ဘာ​ကျော် ကျောက်စိမ်းများထွက်ရှိရာ ကချင်ပြည်နယ်၊ ဖားကန့်မြို့အား ဆက်သွယ်ထားသည့် လမ်းကြောင်းများပေါ်မှ တပ်စခန်းများကို ထိုးစစ်ဆင်သိမ်းပိုက်ပြီးနောက် ဖားကန့်အား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များ ပိတ်ဆို့ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း KIA နှင့် စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

တရုတ်ဝယ်လက်မရှိ၍ ကျောက်စိမ်းဈေးကွက်ပျက်

တရုတ်ဝယ်လက်မရှိ၍ ကျောက်စိမ်းဈေးကွက်ပျက်

by ဧရာဝတီ
4 June 2024
2.8k

ကျောက်စိမ်းရောင်းဝယ်ခြင်းများကို အွန်လိုင်း (We Chat)မှ တဆင့် ပြုလုပ်နေကြသော်လည်း တန်ဖိုးကြီး ကျောက်များအရောင်းအဝယ်ဖြစ်မှု အလွန်နည်းကြောင်း၊ တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ ကျောက်မျက်ဈေးတွင်လည်း We Chat အရောင်းအဝယ်များကိုပါ တရုတ်ရဲတပ်ဖွဲ့က မကြာခဏ ဝင်ရောက်ဖမ်းဆီးခြင်းများ ပြုလုပ်

စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် ဖားကန့်ကို စစ်ဆင်

စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် ဖားကန့်ကို စစ်ဆင်

by ဧရာဝတီ
24 April 2025
2.7k

ကာမိုင်း-ဖားကန့်လမ်းရှိ အရေးပါသော နန့်ယားစစ်တပ်စခန်းအား KIA ပူးပေါင်းတပ်များမှ ယမန်နှစ် ဧပြီ ၁၁ ရက်က တိုက်ခိုက် သိမ်းပိုက်ကာ ဖားကန့်အဝင်လမ်းအား ဖြတ်တောက်ပိတ်ဆို့ထားပြီး လတ်တလော စစ်ရေးတင်းမာမှုများကြောင့် ယင်းလမ်းကြောင်းအား စစ်တပ်ရော KIA တို့ နှစ်ဖက်...

Next Post
ဘန်ကောက်မြို့က နိုက်ကလပ် တနေရာ

ဘန်ကောက်မှာ စည်းမျဉ်းသစ်နဲ့ နိုက်ကလပ်တွေ ပြန်ဖွင့်ပြီ

ထိုင်းနဲ့ ပြင်သစ် ခရီးသွားလုပ်ငန်းတွေအနေနဲ့ ဒေါ်လာ ၄၇ ဘီလီယံခန့် ဆုံးရှုံးနိုင်သလို အမေရိကန်နိုင်ငံအနေနဲ့ အပိုင်း ၃ ပိုင်း စလုံးမှာ အရှုံးပေါ်နိုင်ပါတယ်။

ကမ္ဘာ့ခရီးသွားလုပ်ငန်း ဒေါ်လာ ၃ ထရီလီယံကျော် အရှုံးပေါ်နိုင်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.9k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved