• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကရင်ပါတီများ အချင်းချင်း ညှိနှိုင်း၍ မဲဆန္ဒနယ် ခွဲဝေ ယှဉ်ပြိုင်မည်

by နန်းလွင်နှင်းပွင့်
22 July 2020
in သတင်း
A A
ကရင်ပြည်နယ် ဘားအံမြို့နယ်၌ ယခုလ ၂၀ ရက်က KNDP ပါတီ ဆိုင်းဘုတ်တင်ပွဲ ကျင်းပနေစဉ် / KNDP / Facebook

ကရင်ပြည်နယ် ဘားအံမြို့နယ်၌ ယခုလ ၂၀ ရက်က KNDP ပါတီ ဆိုင်းဘုတ်တင်ပွဲ ကျင်းပနေစဉ် / KNDP / Facebook

14.9k
VIEWS
Share on FacebookShare on Twitter

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမကွဲစေရန် ရည်ရွယ်ချက်ဖြင့် ကရင်ပါတီများ အချင်းချင်းကြား ညှိနှိုင်းပြီး မဲဆန္ဒနယ်များ ခွဲဝေကာ ယှဉ်ပြိုင်ကြမည် ဟု ကရင်နိုင်ငံရေး ပါတီများက ဧရာဝတီကို ပြောသည်။

ကရင် အမျိုးသား ဒီမိုကရက်တစ် ပါတီ (KNDP) ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက “အဓိက ကတော့ ရွေးကောက်ပွဲမှာ မဲ ဆန္ဒနယ်မြေ တခုမှာ ပါတီတခုက တယောက်ပဲ ဝင်ပြိုင်တယ် ဆိုရင် မဲများများ ရမှာပေါ့။ မဲအောင်နိုင်ရေး အတွက်ပါ” ဟု ပြောသည်။

တနိုင်ငံလုံးတွင် ကရင်ပါတီ ၄ ပါတီ ရှိပြီး ထိုထဲမှ ကရင် အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP) နှင့် ဖလုံ-စဝေါ် ဒီမို ကရက်တစ်ပါတီ တို့မှာ ကရင်ပြည်နယ်တွင် အခြေစိုက်သည်။

ကျန်၂ ပါတီ ဖြစ်သည့် ကရင်အမျိုးသားပါတီနှင့် ကရင်ပြည်သူ့ပါတီတို့မှာ ပြည်မ ဖြစ်သည့် ရန်ကုန်တိုင်း ဒေသကြီးတွင် အခြေစိုက်သည်။

ကရင်ပါတီ ၄ ခုလုံးမှာ ဝင်ရောက် ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မြေများတွင် ကိုယ်စားလှယ်များ မထပ်စေရန် ညှိနှိုင်းထားကြပြီး ပါတီတခုမှ ဝင်ရောက် ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မြေတွင် အခြားပါတီမှ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုဘဲ ရှောင်ပေးရန် ညှိနှိုင်း ကြသည်ဟု သိရသည်။

ပါတီ ၄ ခုအနက် KNDP က ကရင်ပြည်နယ်တွင်းရှိ မြို့နယ် ၇ မြို့နယ် အနက် ၆ မြို့နယ်၏ မဲဆန္ဒနယ် အားလုံးတွင် ဝင် ရောက် ယှဉ်ပြိုင်မည်ဟု ဦးမန်းအောင်ပြည်စိုးက ပြောသည်။

ကရင်ပြည်နယ်တွင် အခြေစိုက်သည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ် ပါတီမှာ ပြည်နယ်တွင်း ဝင်ရောက်ယှဉ်ပြိုင်ပါက KNDP နှင့် မဲဆန္ဒနယ် ထပ်နေမည် ကရင်ပြည်နယ် တပြည်နယ်လုံးတွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုတော့ကြောင်း သိရသည်။

ဧရာဝတီမှ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီသို့ ဆက်သွယ်မေးမြန်း၍ မရသော်လည်း ဇူလိုင် ၁၈ ရက်က ဖလုံ-စဝေါ်ပါတီ၊ ဥက္ကဋ္ဌ မှ KNDP သို့ ပေးပို့ထားသည့် စာထဲတွင် ကရင်ပါတီများကြား သဘောတူညီထားချက်အရ ကရင်ပြည်နယ်တွင်း ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုတော့ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။

ထို့ပြင် KNDP မှ ကရင်ပြည်နယ်တွင်းရှိ မြို့နယ် ၇ ခုအနက် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုတော့မည့် မြို့နယ်မှာ သံတောင် ကြီးမြို့နယ်ဖြစ်ပြီး၊ အဆိုပါ မဲဆန္ဒနယ်တွင် ကရင်ပြည်သူ့ပါတီက ဝင်ပြိုင်မည် ဖြစ်သောကြောင့်ဟု သိရသည်။

မန်းအောင်ပြည်စိုးက “ပြည်မက ကရင် အမျိုးသားပါတီက ကျနော်တို့နဲ့ ညှိစရာ ဘာမှ မရှိဘူး။ သူတို့နဲ့က ထပ်တာ ပြု တာမရှိဘူး။ နားလည်မှု ရှိပြီးသာ။ သူတို့ဆီကိုလည်း ကျနော်တို့ မသွားဘူး။ ကျနော်တို့ဆီလည်း သူတို့မလာဘူး။ သံတောင်မှာဆို ကရင်ပြည်သူ့ပါတီ (KPP) ပါ။ သူလည်း လွတ်လွတ်လပ်လပ် ပြိုင်ပါစေ။ ကျနော်တို့က မပြိုင်ဘူး” ဟု ဆို သည်။

KNDP ပါတီသည် ကရင်ဒီမိုကရက်တစ်ပါတီ (KDP)၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (KSDDP) ၊ စည်းလုံးညီညွတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ် ပါတီတို့ ပူးပေါင်းထားသည့် ပါတီကြီးတခု ဖြစ်ပြီး ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီမှ ပါတီဝင်အချို့လည်း ပါဝင် ပူးပေါင်းထားသည်။

ကရင်အမျိုးသားပါတီ၏ အထွေထွေ အတွင်းရေးမှူး မန်းကျော်ငြိမ်းက “ဖလုံ-စဝေါ်က ညှိထားတာ ရှိတော့ သူတို့ နာမည်နဲ့ မပြိုင်ဘဲ ကရင်အမျိုးသား ဒီမိုကရက်တစ် ပါတီ နာမည်နဲ့ ဝင်ပြိုင်မယ်။ နောက် ပါတီရပ်တည်ရေးအတွက် အနည်းဆုံး ၃ နေရာတော့ ပြိုင်ရမယ် ဆိုတော့ သူတို့က မွန်ပြည်နယ်ဘက်မှာ အနည်းဆုံး ၃ နေရာတော့ ဝင်ပြိုင်မယ်လို့ ကြားပါတယ်” ဟု ပြောသည်။

ပြည်မတွင် အခြေစိုက်သည့် ကရင် အမျိုးသားပါတီနှင့် ကရင်ပြည်သူ့ပါတီ တို့ကလည်း ရန်ကုန် တိုင်းဒေသကြီးနှင့် ဧရာ ဝတီတိုင်း ဒေသကြီးတို့တွင် အသီးသီး ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သော်လည်း မဲဆန္ဒနယ်မြေတခုတွင် ကိုယ်စားလှယ်လောင်းများ မထပ်ရန် ဆောင်ရွက်နေကြသည် ဟု သိရသည်။

ကရင် အမျိုးသားပါတီက ဧရာဝတီတိုင်းဒေသကြီးတွင် မြို့နယ် ၆ မြို့နယ်ခန့် ဝင်ရောက် ယှဉ်ပြိုင်ရန် လျာထားပြီး ကရင် ပြည်သူ့ပါတီက သက်တမ်းကြာပြီး လူထုထောက်ခံမှု ရှိထားသည့် မြို့နယ်များ ရှိသဖြင့် ၎င်းတို့ထက် မြို့နယ်များများ ဝင် ပြိုင်လိမ့်မည်ဟု ဦးမန်းကျော်ငြိမ်းက ဆိုသည်။

RelatedPosts

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
39
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
60
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
50

ဆက်လက်ပြီး မန်းကျော်ငြိမ်းက “မဲဆန္ဒနယ်မှာ ထပ်တယ်ဆိုရင်လည်း ကျနော်တို့က တိုင်းဒေသကြီးရဲ့ ၁ မှာ ဝင်ပြိုင်ရင် သူတို့က ၂ နေရာမှာ ပြိုင်မယ်။ ခွဲလိုက်မယ်။ ကိုယ်စားလှယ် နေရာကတော့ မထပ်ဘူး။ ဥပမာ အမျိုးသား လွှတ်တော်ဆို ရင် ကျနော်တို့ မပြိုင်နိုင်ဘူး။ အခက်အခဲ ရှိတယ်။ အများဆုံး ပြည်သူ့ လွှတ်တော်လောက်ပဲ ပြိုင်နိုင်မယ်။ အမျိုးသား လွှတ်တော်က မြို့နယ်တွေ ပေါင်းပြီး ဝင်ပြိုင်ရတော့ ဟိုဘက်ပါတီက မြို့နယ်များတော့ ဝင်ပြိုင်လို့ ရတယ်” ဟုလည်း ပြောဆိုသည်။

၎င်းတို့ ကရင် ၄ ပါတီကြား ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲမကွဲစေရေး၊ မဲဆန္ဒနယ်များ မထပ်စေရန် ညှိနှိုင်းကြ ရေးနှင့် ပါတီတခုမှ ဝင်ပြိုင်မည့်နေရာကို ကျန်ပါတီများက ဝင်ပြိုင်ခြင်းမှ ရှောင်ရှားပေးရေးတို့ကို၂၀၁၉ ခုနှစ်ကတည်းက ကရင်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ (KUPC) တွင် တွေ့ဆုံကာ ဆွေးနွေးပြီး သဘောတူထား ကြခြင်း ဖြစ်ပါသည်ဟုလည်း ဦးမန်းကျော်ငြိမ်းက ဆိုသည်။

KUPC သည် ကရင် လက်နက်ကိုင် တော်လှန်ရေး ခေါင်းဆောင်များ၊ ကရင်ဘာသာရေး ခေါင်းဆောင်များ၊ ကရင်ပါတီ နိုင်ငံရေး ကိုယ်စားလှယ်များနှင့် အရပ်ဘက် ကိုယ်စားလှယ်များ စုဖွဲ့ထားသည့် ကော်မတီ ဖြစ်သည်။

ယခု ရက်ပိုင်းအတွင်း လူမှုကွန်ရက်၌ ပျံ့နှံ့နေသည့် ရုပ်သံမှတ်တမ်းတခုတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ကရင်ပြည်သူများ ၂၀၂၀ ရွေးကောက်ပွဲတွင် KNDP ကိုသာ မဲပေးကြရန် စည်းရုံး ပြောဆိုနေသည်ကို တွေ့ရသည်။

အဆိုပါ ရုပ်သံမှတ်တမ်းတွင် ပဒိုမန်းငြိမ်းမောင်က KNU အနေဖြင့် ကရင်အမျိုးသားအရေးအတွက် ရပိုင်ခွင့်များကို လွှတ် တော်ပြင်ပ လမ်းကြောင်းမှ လက်နက်ကိုင် တော်လှန်ပြီး ရအောင် ဆောင်ရွက်နေပြီး လွှတ်တော်လမ်းကြောင်းမှ ကရင် ပါတီများ၊ ကရင်နိုင်ငံရေးသမားများက ဆောင်ရွက်မည် ဖြစ်သဖြင့်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ကရင်ပါတီကို မဲပေးရန် ပြောဆိုနေခြင်း ဖြစ်သည်။

ပဒိုမန်းငြိမ်းမောင်က “ကျနော် ပြောချင်တာက လာမယ့် ရွေးကောက်ပွဲမှာ ကရင့် မျိုးချစ်ပါတီတွေ ကရင် အမျိုးသား ပါတီတွေကို မဲပေးဖို့ လိုတယ်။ ဒါမှ ကရင့် အမျိုးသားတာဝန်တွေကို သူတို့ ထမ်းဆောင်နိုင်မှာ ဖြစ်တယ်။ ကရင့် အမျိုး သား တိုက်ပွဲကို သူတို့ အောင်အောင်မြင်မြင် ထမ်းဆောင်နိုင်မှာ ဖြစ်တယ်” ဟု ပြောဆိုနေသည်ကို တွေ့ရသည်။

ထို့ပြင် ပဒိုမန်းငြိမ်းမောင်က ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ကရင်လူထုက မည်သည့်ပါတီကို မဲပေးခဲ့သည်ကို မိမိကိုယ်ကိုယ် အသိဆုံး ဖြစ်ပြီး အစိုးရ သက်တမ်း ၅ နှစ်တာအတွင်း ကရင့်အမျိုးသား အခွင့်အရေး တခုမှ မရသည်မှာ မဲထည့်လိုက်သည့် သူများမှာ ကရင် မဟုတ်ခြင်းကြောင့် ဖြစ်သည်ဟုလည်း ပြောဆိုနေသည်ကို တွေ့ရသည်။

ရုပ်သံမှတ်တမ်းသည်၂၀၁၉ ခုနှစ် သြဂုတ်၂ ရက် ကရင့်အာဇာနည်နေ့ အခမ်းအနား တခုတွင် ရိုက်ကူးထားသည့် မှတ် တမ်း ဖြစ်ပြီး KNDP ပါတီ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇူလိုင် ၇ ရက်က ပြန်တင်ထားသည်။

ကရင် ၄ ပါတီအနေဖြင့် လက်ရှိတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်များကို လျာထားပြီး ဖြစ်သော်လည်း ကိုယ်စားလှယ် လောင်းများကို ရွေးချယ်နေဆဲ ဖြစ်သည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော် မရှင်က ကြေညာထားသည်။

ကရင်နိုင်ငံရေး ပါတီများ အနေဖြင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်နေရာအများစုတွင် အနိုင်ရပြီး လွှတ်တော်တွင် ကိုယ်စားလှယ်များများ ရရှိရန် မျှော်လင့်နေသည်ဟု ပြောဆိုကြသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပစဉ်က ကရင်နိုင်ငံရေး ပါတီ ၆ ပါတီက ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း သံတောင်ကြီး မဲဆန္ဒနယ် (၂) တွင် ကရင်ပြည်သူ့ပါတီမှ ကိုယ်စားလှယ်တဦးသာ အနိုင်ရခဲ့ပြီး ကျန် ကရင်ပါတီများ ဝင်ရောက် ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်အားလုံးတွင် မဲရှုံးခဲ့သည်။

ဆက်စပ်ဖတ်ရှုရန်

၂၀၂၀ ရွေးကောက်ပွဲအတွက် တိုင်းရင်းသားပါတီများ ညီညွတ်အင်အားကောင်းလာ

မဲစာရင်းတွင် တိုင်းရင်းသား အမည်များရှေ့၌ “ဦး” “ဒေါ်” မတပ်ရန် ကရင်ပါတီ တောင်းဆို

Your Thoughts …
Tags: KNDPကရင်ပါတီမဲဆန္ဒနယ်
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

ပြည်သူ တော်တော်များများက မဲပေးချင်တဲ့ဘက်က သိပ်မရှိဘူး

ပြည်သူ တော်တော်များများက မဲပေးချင်တဲ့ဘက်က သိပ်မရှိဘူး

by ဧရာဝတီ
10 September 2025
925

BGF ကတော့ နဂိုကတည်းက စစ်တပ်ကို ပူးပေါင်းခဲ့တဲ့တပ်ပဲ၊ နောက်ပြီးတော့ DKBA နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ကလည်း NCA ထိုးထားပြီးတော့ အခုချိန်အထိ ငြိမ်းချမ်းရေးကိစ္စတွေမှာ ပါဝင်နေတဲ့အဖွဲ့တွေပဲ၊ သူတို့...

စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲ ဝင်မည့် နိုင်ငံရေးပါတီအချို့၏ ခေါင်းဆောင်များ (အထက် - ဝဲမှယာ) ဦးခင်ရီ (USDP)၊ ဦးကိုကိုကြီဂ (PP)၊ မိုက်ကယ်ကျော်မြင့် (PCSP)၊ ဒေါ်သက်သက်ခိုင် (PPP), စိုင်းအိုက်ပေါင်း (SEDP), ဒေါ်သန်းသန်းနု (FDP)၊ (အောက် - ဝဲမှယာ) ဦးသိန်းညွန့် (NNDP), အင်ရှန်းဆန်အောင် (KSPP)၊ ဦးစိုးမောင် (DNP)၊ ဦးခင်မောင်ရွှေ (NDF)၊ ဦးကျော်ဇေယျ (UPUP)၊ ခွန်စန်းလွင် (PNO)

စစ်ကောင်စီ ရွေးကောက်ပွဲတွင် ၆၃ ပါတီ ယှဉ်ပြိုင်မည်

by ဧရာဝတီ
10 April 2023
6.7k

စစ်ကောင်စီထိန်းချုပ် UEC တွင် မှတ်ပုံတင်သည့်ပါတီ ၆၃ ပါတီအနက် အနည်းဆုံး ၃၀ သည် တိုင်းရင်းသားပါတီများ ဖြစ်သည်။

ပုံပျက်ပန်းပျက် ရွေးကောက်ပွဲ (ရုပ်/သံ)

ပုံပျက်ပန်းပျက် ရွေးကောက်ပွဲ (ရုပ်/သံ)

by ဧရာဝတီ
29 December 2025
109

ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲကျင်းပမယ့် အာဏာသိမ်းစစ်တပ်ဟာ အပိုင်း ၁ ကို ဒီဇင်ဘာ ၂၈ ရက်နေ့က ၁၀၂ မြို့နယ်မှာ ကျင်းပခဲ့ပြီး အပိုင်း ၂ နဲ့ ၃ ကို ဇန်နဝါရီ...

စစ်မီးကြားက ရွေးကောက်ပွဲ (ရုပ်/သံ)

စစ်မီးကြားက ရွေးကောက်ပွဲ (ရုပ်/သံ)

by ဧရာဝတီ
9 January 2026
34

စစ်ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲ အပိုင်း (၁) ကို နှစ်ဖက်တိုက်ပွဲ အပြင်းအထန်မရှိတဲ့ နေရာတွေမှာ ကျင်းပခဲ့ပေမယ့် ဒုတိယပိုင်း ကျင်းပမယ့်နေရာတွေမှာတော့ အားလုံးနီးပါးက တော်လှန်ရေးအင်အားစုတွေ စစ်ရေးလှုပ်ရှားမှု ရှိနေတဲ့ ဒေသတွေဖြစ်ပါတယ်။

ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးလှမိုးအောင်  / ဆလိုင်းသန့်စင် / ဧရာဝတီ

ဧရာဝတီတိုင်း ဝန်ကြီးချုပ်နှင့် ဝန်ကြီး ၄ ဦး ရွေးကောက်ပွဲ ပြန်ဝင်မည်

by ဆလိုင်းသန့်စင်
23 July 2020
9.9k

ဝန်ကြီးချုပ် ဦးလှမိုးအောင်မှာ မြန်အောင်မြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်မှ ဝင် ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးမှာ ရေကြည်မြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒ နယ်မှ...

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမဲဆွယ်မြင်ကွင်း ၁ ခု / ဧရာဝတီ

ရွေးကောက်ပွဲ မကျင်းပမည့် မဲဆန္ဒနယ် ၂၀၁၅ ထက် ပိုများလာ

by ထွန်းထွန်း နှင့် ဇင်လင်းထက်
17 October 2020
12.6k

ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူ ၁ သန်းခွဲခန့်မှာလည်း မဲပေးခွင့် ဆုံးရှုံးရမည်ဖြစ်သည်။

Next Post
လောက်ကိုင်မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၈ ဦးကို ဇူလိုင် ၁၄ ရက်နေ့က ဖမ်းဆီးရမိစဉ် / တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများ ဆက်တိုက်ဖမ်းမိ

ကြံ့ခိုင်ရေးနှင့် NLD ကိုယ်စားလှယ်တချို့  လွှတ်တော်တွင် လက်ဆွဲနုတ်ဆက်နေကြစဉ်  / ထက်နိုင်ဇော် / ဧရာဝတီ

ကြံ့ခိုင်ရေးပါတီ၏ လုပ်သားများ ပြန်ခေါ်ရေး အရေးကြီးအဆို“မရိုးသားဘူး”လို့ NLD ပြော

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved