• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မဲစာရင်းတွင် တိုင်းရင်းသား အမည်များရှေ့၌ “ဦး” “ဒေါ်” မတပ်ရန် ကရင်ပါတီ တောင်းဆို

by ထွန်းထွန်း
2 August 2019
in သတင်း
A A
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် မဲစားရင်းများ လိုက်လံ ကောက်ယူစဉ် / ဧရာဝတီ

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် မဲစားရင်းများ လိုက်လံ ကောက်ယူစဉ် / ဧရာဝတီ

11k
VIEWS
Share on FacebookShare on Twitter

လူဦးရေစာရင်းနှင့် အခြေခံ မဲစာရင်း ကောက်ယူရာတွင် တိုင်းရင်းသား အမည်များရှေ့ “ဦး”၊ “ဒေါ်” အစား မူလဝိသေသ အသုံးအနှုန်းများသာ ထည့်သွင်းပေးရန် ကရင်ပြည်သူ့ ပါတီ (KPP) က တောင်းဆိုလိုက်သည်။

ကရင် တိုင်းရင်းသားများ၏ ဝိသေသ လက္ခဏာ အနေဖြင့် အမည်များရှေ့၌ စော၊ စ၊ မန်း၊ နော်၊ နန့်၊ ဂါ့ တို့ကိုသာ ထည့် သွင်း သုံးနှုန်းလေ့ ရှိသည်။

ကရင်ပြည်သူ့ ပါတီ အတွင်းရေးမှူး စောစေးဝါးက “ဦး၊ ဒေါ် တပ်တာ ယုတ်ညံ့တဲ့ အသုံးအနှုန်းတော့ မဟုတ်ပေမယ့် လွှမ်း မိုးချင်တဲ့ သဘောလို့ ခံစားရတယ်။ ဖြစ်နိုင်ရင် ကြိုက်ကို မကြိုက်ဘူး။ ကျနော်တို့ ဝိသေသ လက္ခဏာနဲ့ပဲ ထည့်သွင်းစေချင် တယ်” ဟု ပြောသည်။

စာရင်း ကောက်ယူရာတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူများအား ဦး(သို့) ဒေါ် တပ်၍လည်းကောင်း၊ ၁၈ နှစ်မပြည့်သေးသူ များအား မောင်(သို့) မ တပ်၍လည်းကောင်း ထည့်သွင်းရေး အတွက် ဧရာဝတီတိုင်း ဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ကြေညာထားသည်ကို တွေ့ရသည်။

အိမ်ထောင်စုစာရင်း ကောက်ယူခြင်းနှင့် မှတ်ပုံတင် ပြုလုပ်ရာတွင်လည်း အမည်များရှေ့တွင် အဆင်ပြေသလို ထည့်သွင်း နေခြင်းမှာ တိကျသည့် မူဝါဒ မရှိသကဲ့သို့ ဖြစ်နေကြောင်းလည်း စောစေးဝါးက ဝေဖန်ခဲ့သည်။

ကယန်း အမျိုးသား ပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးက “တိုင်းရင်းသား မျိုးနွယ်တွေရဲ့ အမည်တွေရှေ့မှာ သူတို့ အသိအမှတ်ပြုတာ မျိုးပဲ ထည့်သွင်းပါတယ်။ ဒါဟာ မျိုးနွယ်အလိုက် လူဦးရေစာရင်း အမှန်လဲ ထွက်လာမှာပါ။ အခုက တိုင်းရင်းသားရေးရာ ဝန်ကြီး ရသင့်ရဲ့သားနဲ့ မရတာတွေ ရှိနေပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်နဲ့ ဆွေးနွေးဖို့ လိုပါတယ်” ဟု ပြောသည်။

လက်ရှိတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ သတ်မှတ်ဦးရေ ပြည့်မီသည့် တိုင်းရင်းသား မျိုးနွယ်စုများ ရှိသော်လည်း အစိုးရ အဖွဲ့အတွင်း တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ ရရှိရေးအတွက် ငြင်းပယ်ခံရမှုများ ရှိနေကြောင်းလည်း ၎င်းက ဆိုသည်။

လတ်တလော လူဦးရေစာရင်း ကောက်ယူနေခြင်းသာ ဖြစ်ပြီး မဲစာရင်းပြုစုချိန်တွင် တိုင်းရင်းသား အမည်များရှေ့ မည်သို့ ထည့်သွင်းမည်ကို ဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ပြောရေး ဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောသည်။

ဦးမြင့်နိုင်က “မဲစာရင်းမှာ ဘယ်လိုထည့်မလဲ ဆိုတာ အခုနေ ပြောလို့တော့ မရသေးဘူး။ ထပ်ပြီး ဆွေးနွေးဖို့တွေ လိုပါ သေးတယ်။ ဟိုတုန်းကတော့ မှတ်ပုံတင်က အတိုင်းပဲ ကောက်ခဲ့တာပေါ့။ အခုက မဲစာရင်းလဲ မပြုစုသေးပါဘူး။ အကုန်လုံး အဆင်ပြေအောင်တော့ ဆောင်ရွက်မှာပါ” ဟု ပြောဆိုသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
520
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
42
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
89

လက်ရှိ လူဦးရေစာရင်း ကောက်ယူမှုအား ၃ လ အတွင်း အပြီး ဆောင်ရွက်ရန် စီစဉ်ထားပြီး ရရှိလာသည့် စာရင်းများအား သတ်မှတ်ချက်အတိုင်း မဲစာရင်းတွင် ထည့်သွင်းကာ စာရင်းမှန် ရရှိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေးနှင့် ယုံကြည်မှု တည်ဆောက်ရေးကို ရှေးရှှုနေသည့် ကာ လတွင် ရှုပ်ထွေးပြီး တိုင်းရင်းသားများ သံသယဝင်စေနိုင်သည့် အသုံးအနှုန်းများ၊ အပြုအမူများအား မပြုလုပ်သင့်ကြောင်း လည်း ကရင်ပြည်သူ့ ပါတီက ပြောဆိုထားသည်။

Your Thoughts …
Tags: တိုင်းရင်းသားအမည်မဲစာရင်း
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

စစ်ကောင်စီ ရွေးကောက်ပွဲ တရုတ် ပြန်သုံးသပ်နိုင်သလား

စစ်ကောင်စီ ရွေးကောက်ပွဲ တရုတ် ပြန်သုံးသပ်နိုင်သလား

by Maria Siow
10 August 2024
4.1k

"ရွေးကောက်ပွဲဟာ စစ်တပ်အတွက် ရှောင်လမ်းဖြစ်တယ်လို့ တရုတ်က မြင်တယ်"

အရုပ်သမား၊ အသံသမားတွေနဲ့ ကျားဖြန့် ရွေးကောက်ပွဲ

အရုပ်သမား၊ အသံသမားတွေနဲ့ ကျားဖြန့် ရွေးကောက်ပွဲ

by ခင်မမ
14 November 2025
493

ဒီလို အခြေအနေအောက်မှာ လူထုက "ကျားဖြန့်ရွေးကောက်ပွဲ" လို့ အမည်ပေးတာလာတာ အတော်လေး သဘာဝကျတယ်ဆိုရပါမယ်။

မန္တလေး၌ မဲကတ်ထုတ်ရန် ပျူစောထီးများ နှိုးဆော်

မန္တလေး၌ မဲကတ်ထုတ်ရန် ပျူစောထီးများ နှိုးဆော်

by ဧရာဝတီ
7 January 2026
228

မဲစာရင်းကြည့်ရန်နှင့် မဲစာရင်းနံပါတ်များ ထုတ်ယူကြ ရန်အတွက် အုပ်ချုပ်ရေးပိုင်းနှင့် ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့များ လိုက်လံနှိုးဆော်နေကြောင်း ဒေသခံများထံက သိရသည်။

မဲစာရင်းကြောင့် အာဏာသိမ်းခဲ့တဲ့ စစ်တပ်ရဲ့ မဲစာရင်းတွေမှားနေ (ရုပ်/သံ)

မဲစာရင်းကြောင့် အာဏာသိမ်းခဲ့တဲ့ စစ်တပ်ရဲ့ မဲစာရင်းတွေမှားနေ (ရုပ်/သံ)

by ဧရာဝတီ
7 October 2025
157

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရရှိခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မဲစာရင်း မှားယွင်းမှု၊ မဲမသမာမှုတွေ ရှိနေတယ်ဆိုပြီး အကြောင်းပြ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ သူဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲ မဲစာရင်းမှာ အမှားအယွင်းများစွာရှိနေတယ်လို့ နိုင်ငံရေးပါတီနဲ့ အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

"မကောင်းဆိုးဝါး မင်းသား"လို့ လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့သူ စစ်ထောက်လှမ်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ခင်ညွန့်

တပတ်အတွင်း သတင်းစုံ

by ထက်မြက်ငြိမ်းချမ်း
19 November 2022
15.3k

ဦးခင်ညွန့်၏ နောက်ဆုံး နေ့ရက်များ၊ မဲစာရင်းမှန်ဖို့ ခက်တယ်လို့ ဒု စစ်ခေါင်းဆောင် ဝန်ခံ၊ အနေကြာဖို့ နေကြာစိုက်တာလားနဲ့ စစ်ကောင်စီ ဗုံးကြဲမည့် ရန်ကြောင့် ရွှေ့လိုက်ရတဲ့ KNU ကွန်ဂရက်တို့အကြောင်း တင်ပြလိုက်ပါတယ်။

UEC ဥက္ကဋ္ဌ ဦးလှသိန်း၊ အတွင်းရေးမှူး ဦးမြင့်နိုင် / ဧရာဝတီ

UEC ဥက္ကဌ ဦးလှသိန်းနှင့် အဖွဲ့ဝင် ဦးမြင့်နိုင်တို့ ထောင်မှပြန်လွှတ်

by ဧရာဝတီ
27 October 2022
9.9k

၎င်းတို့နှစ်ဦး ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ၎င်းတို့နှင့်အတူ ဖမ်းဆီးခံရကာ ထောင် ၃ နှစ်ချမှတ်ခံရသည့် UEC အဖွဲ့ဝင် ဦးသန်းဌေးမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်းလည်း သိရသည်။

Next Post
မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဆောင်သည့် အဆင့်မြင့် မစ်ရှင်အဖွဲ့သည် ဇူလိုင်လ ၂၇ ရက်မှ ၂၉ ရက်အထိ ကော့ဘဇားရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့သည် / Reuters

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် ပြန်လက်ခံရေး မြန်မာ ကတိကဝတ်ကို အာဆီယံ ထောက်ခံ

ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံ

ပါကစ္စတန်နိုင်ငံအကြောင်း စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်များ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved