• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

UEC ဥက္ကဌ ဦးလှသိန်းနှင့် အဖွဲ့ဝင် ဦးမြင့်နိုင်တို့ ထောင်မှပြန်လွှတ်

by ဧရာဝတီ
27 October 2022
in သတင်း
A A
UEC ဥက္ကဋ္ဌ ဦးလှသိန်း၊ အတွင်းရေးမှူး ဦးမြင့်နိုင် / ဧရာဝတီ

UEC ဥက္ကဋ္ဌ ဦးလှသိန်း၊ အတွင်းရေးမှူး ဦးမြင့်နိုင် / ဧရာဝတီ

9.9k
VIEWS
Share on FacebookShare on Twitter

မဲစာရင်းမှားယွင်းမှုအကြောင်းပြ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီက ထောင် ၃ နှစ်စီချမှတ်ထားသည့် NLD အစိုးရလက်ထက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဌ ဦးလှသိန်းနှင့် အဖွဲ့ဝင် ဦးမြင့်နိုင်တို့ ယမန်နေ့က ရမည်းသင်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း နီးစပ်သူ ရှေ့ နေတဦးက ပြောသည်။
 
စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသည့် ၎င်းတို့အနေဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇ ရက်နေ့တွင် ရွေးကောက်ပွဲကြီးကြပ်ရန် လုပ်ငန်းတာဝန်ပျက်ကွက်ခဲ့သည်ဟုဆိုကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀(က) ဖြင့် နေပြည်တော်ထောင်တွင်း အထူးတရားရုံးက ထောင် ၃ နှစ်စီ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရခြင်းဖြစ်သည်။
 
၎င်းနှင့်နီးစပ်တဲ့ ရှေ့နေတဦးက “ပြစ်ဒဏ်ချမှတ်ခံရပြီး‌တော့ လွတ်ငြိမ်းချမ်းခွင့်နဲ့ ပြန်လွတ်လာတယ်လို့ ကြားသိရတယ်။ ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၄၀၁ အရလည်း ပေးမယ်ဆို ပေးလို့ရပါတယ်၊ အသေးစိတ်တော့ မသိသေးဘူး” ဟု ပြောသည်။
 
လက်ရှိတွင် ဦးလှသိန်းသည် ၎င်းနေထိုင်ရာ မိတ္ထီလာမြို့သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။
 
ယခုကဲ့သို့ ၎င်းတို့နှစ်ဦး ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ၎င်းတို့နှင့်အတူ ဖမ်းဆီးခံရကာ ထောင် ၃ နှစ်ချမှတ်ခံရသည့် UEC အဖွဲ့ဝင် ဦးသန်းဌေးမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်းလည်း သိရသည်။
 
နီးစပ်သူတဦးက “သူ (ဦးသန်းဌေး) က ဖမ်းထားတုန်းက ဝန်ခံခိုင်းတာကို ဝန်မခံဘူးလို့သိရတယ်၊ မှားပါတယ်ဆိုတာကို ဝန်ခံခိုင်းတာ၊ ကျန်နှစ်ဦးကတော့ ဘယ်လိုပြောလဲမသိဘူး၊ ဒါပေမယ့် ဝန်ခံခံ၊ မခံခံ တရားစွဲပြီးအမိန့်ချတာပါပဲ” ဟု ပြောသည်။
 
ပြီးခဲ့သည့်၂၀၂၀ အထွေထွေရွေးကောက်ပွဲကို UEC ဥက္ကဌ ဦးလှသိန်း၊ အဖွဲ့ဝင်ဦးမြင့်နိုင်နှင့် ဦးသန်းဌေးတို့ပါဝင်သည့် ရွေးကောက်ပွဲကော်မရှင်သည် ကိုဗစ်-၁၉ ကပ်ရောဂါ ကန့်သတ် ချက်များကြားကပင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက အစိုးရဖွဲ့နိုင်သည်အထိ အပြတ်အသတ် ထပ်မံအနိုင်ရခဲ့သည်။
 
သို့သော် ရွေးကောက်ပွဲရလဒ်အား အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်တပ်က လက်မခံခဲ့ဘဲ မဲစာရင်းမှားယွင်းမှုနှင့် မဲမသမာမှုများရှိသည်ဟုဆိုကာ အာဏာသိမ်းခဲ့ပြီး သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ဝင်များအား ဖမ်းဆီးခဲ့ကာ ရွေးကောက်ပွဲရလဒ်အား ဖျက်သိမ်းခဲ့သည်။
 
ရွေးကောက်ပွဲရလဒ်ဖျက်သိမ်းပြီးနောက် အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲကော်မရှင်အသစ်ကို ဖွဲ့စည်းခဲ့ပြီး ၎င်းတို့စွပ်စွဲသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀(က)အပါအဝင် စွပ်စွဲချက်ပုဒ်မများဖြင့် ၂၀၂၀ ရွေးကောက်ပွဲ ဦးစီးကျင်းပခဲ့သည့် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ ဥက္ကဌနှင့်အဖွဲ့ဝင် စုစုပေါင်း နှစ်ထောင်ကျော်အား ပြစ်ဒဏ်များချမှတ်ခဲ့သည်။
 
ယင်းအပြင် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူတို့လည်း ရွေးကောက်ပွဲဆိုင်ရာစွပ်စွဲချက်ဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀(က)ဖြင့် စက်တင်ဘာ ၂ ရက်နေ့က အလုပ်နှင့်ထောင် ၃ နှစ်စီချမှတ်ခံခဲ့ရသည်။

စစ်တပ်အာဏာသိမ်းရန် အကြောင်းပြချက်ဖြစ်သည့် ရွေးကောက်ပွဲဆိုင်ရာ စွပ်စွဲထောင်ချမှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အပေါ် အခြားသောစွပ်စွဲချက်အမှုများနှင့်မတူဘဲ အလုပ်ဒဏ်ပါ ထည့်သွင်းခဲ့သည်ကိုလည်းတွေ့ရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.3k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
75
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
59

You may also like these stories:

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အပါအဝင် ၃ ဦး ထောင် ၃ နှစ်စီ ချခံရ

နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲ ဥက္ကဌ အိမ်တွင် လက်ပစ်ဗုံးတလုံး ထပ်တွေ့

ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံပွဲ ဦးကိုကိုကြီး တက်မှာလား

ရွေးကောက်ပွဲ လျှို့ဝှက်ညွှန်ကြားစာများမှာ အတုများသာဖြစ်ဟု တပ်မတော်ပြော

Your Thoughts …
Tags: UECစစ်ကောင်စီပြစ်ဒဏ်မဲစာရင်းရမည်းသင်းထောင်ရလဒ်ရွေးကောက်ပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ယခု အာဏာသိမ်းစစ်တပ် တန်ခိုးထွားလာနေချိန်တွင် ယခင်ခရိုနီဟောင်းများ ဖယ်ထုတ်ခံရပြီး ခရိုနီမျိုးဆက်သစ်များ ပေါ်ထွက်လာသည်

ခေတ်ဟောင်း ခရိုနီတွေ အရာကျကုန်ပြီ

ဝက်လက်မြို့နယ် အရှေ့ခြမ်းက စစ်ဘေးရှောင်ပြည်သူများ  / CJ

ဝက်လက်တွင် စစ်တပ်စီးနင်းမှု ၁ လအတွင်း ၆၀ ကျော် သေဆုံး

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved