• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံပွဲ ဦးကိုကိုကြီး တက်မှာလား

by ဧရာဝတီ
18 May 2021
in သတင်း
A A
၂၀၂၀ စက်တင်ဘာ ၈ရက်နေ့က ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီက ကမာရွတ်မြို့နယ် လှည်းတန်း လမ်းဆုံတွင် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်စဉ် / ဧရာဝတီ

၂၀၂၀ စက်တင်ဘာ ၈ရက်နေ့က ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီက ကမာရွတ်မြို့နယ် လှည်းတန်း လမ်းဆုံတွင် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်စဉ် / ဧရာဝတီ

76.9k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ဖိတ်ခေါ်သည့် နိုင်ငံရေးပါတီ များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး တက်ရောက်နိုင်ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။

မေ ၁၇ ရက်က ပြုလုပ်ခဲ့သော ပြည်သူ့ပါတီ ဗဟိုကော်မတီ အစည်းအဝေးတွင် UEC က ဖိတ်ကြားသည့် ဆွေးနွေးပွဲသို့ တက်ရေး၊ မတက်ရေး ဆွေးနွေးခဲ့ရာ ပြည်သူ့ပါတီအတွင်း သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ပါတီ၏ အထွေထွေ အတွင်းရေးမှူး အပါအဝင် ပါတီဝင်တချို့ ပါတီမှ နုတ်ထွက်ထားကြောင်း ပါတီနှင့်နီးစပ်သူများထံမှ သိရှိရသည်။

ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်အား မည်သည့်အကြောင်းကြောင့် ပါတီမှ နုတ်ထွက်ရသည်ကို ဧရာဝတီက မေးမြန်းခဲ့သော်လည်း လတ်တလော မဖြေကြားလိုသေးကြောင်း ပြန်လည် ပြောဆိုသည်။

၎င်းက “ပါတီက နုတ်ထွက်ထားတယ်ဆိုတာ ဟုတ်ပါတယ်။ လက်ရှိ အချိန်မှာတော့ ကျနော် မဖြေကြားလိုသေးပါဘူး။ ပါ တီက ဘာမှ မပြောသေးခင်မှာ ကျနော်ပြောတာက မကောင်းလို့ပါ။ နောက်တော့ ကျနော် ပြောသင့်ပြောထိုက်တာကို ပြော မှာပါ” ဟု ဆိုသည်။

ပါတီဝင်များ နုတ်ထွက်သည့် အကြောင်းရင်းနှင့် ပတ်သက်၍ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးထံ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ လတ်တလော သတင်းထုတ်ပြန်ရန် မရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ဧရာဝတီက စုံစမ်းသိရှိရသည့် အချက်အလက်များအရ လာမည့် မေ ၂၁ ရက်တွင် နေပြည်တော်၌ ပြုလုပ်မည့် UEC နှင့် နိုင်ငံရေးပါတီများ ဆွေးနွေးပွဲကို ဦးကိုကိုကြီး သွားတက်ရောက်ရန် ပြည်သူ့ပါတီ ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ထားကြောင်း သိရသည်။

ဦးကိုကိုကြီးနှင့် နီးစပ်သူများကမူ ဆွေးနွေးပွဲ တက်ရောက်ခြင်း၊ မတက်ရောက်ခြင်းနှင့် ပတ်သက်၍ ယတိပြတ် ပြောဆိုခြင်း မရှိသော်လည်း ပါတီဝင်များအနေဖြင့် နုတ်ထွက်ကြောင်း ထုတ်ဖော်ပြောဆိုခြင်းသည် မဖြစ်သင့်ကြောင်း မှတ်ချက်ပြု သည်။

ပြည်သူ့ပါတီက မည်သည့်အကြောင်းအရာမျှ မထုတ်ပြန်ရသေးမီ အချိန်တွင် ပါတီတွင်း သဘောထားကွဲလွဲသောကြောင့် နုတ်ထွက်ရသည်ဟူ၍ ကြိုတင်ပြောဆိုနေခြင်းသည် နိုင်ငံရေးကျင့်ဝတ် မရှိသည့် လုပ်ရပ်ဖြစ်သည်ဟုလည်း ဆိုသည်။

ဆက်လက်၍ ဦးကိုကိုကြီးနှင့် နီးစပ်သူများက မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ဖွဲ့စည်းရာ၌ ရာထူး ၁ နေရာ ရယူရန် ဦးကိုကိုကြီးအား ကမ်းလှမ်းခဲ့သော်လည်း လက်မခံခဲ့ကြောင်း၊ ယခုတကြိမ် ပြုလုပ်မည့် ဆွေးနွေး ပွဲသည်လည်း ရာထူးရယူရန် ကမ်းလှမ်းခြင်းမျိုး မဟုတ်ကြောင်း ပြောဆိုသည်။

သတင်းစာဆရာ ဦးစည်သူအောင်မြင့်က ရွေးကောက်ပွဲ ကော်မရှင်နှင့် သွားရောက်တွေ့ဆုံခြင်းသည် စစ်ကောင်စီကို အသိအမှတ်ပြုရာ ရောက်ကြောင်း၊ လက်ရှိ ရွေးကောက်ပွဲကော်မရှင်ကို ဦးဆောင်နေသူသည် မဲသမာမှုများ ရှိခဲ့ သည့် ၂၀၁၀ ရွေးကောက်ပွဲကို တာဝန်ယူ ဆောင်ရွက်ခဲ့သော ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး ဖြစ်ပြီး အာဏာရှင် အလိုကျ လိမ်လည်ဆောင်ရွက်ပေးမည့် အဖွဲ့သာဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်ရေးသားထား သည်။

“၂၀၂၀ တုန်းက ဦးကိုကိုကြီးဟာ သူကိုယ်တိုင်လည်း ရွေးကောက်ပွဲမနိုင်၊ သူ့ပါတီကလည်း တယောက်မှ မနိုင်တော့ ဒီ တကြိမ် မင်းအောင်လှိုင်ကများ ရွေးကောက်ပွဲ လုပ်ပေးရင် ၂၀၁၀ တုန်းကလို NLD တို့၊ SNLD တို့လို ပါတီကြီးတွေ ပါဝင် ခွင့်မရ၊ ဝင်မပြိုင်တဲ့ပွဲမှာ မင်းအောင်လှိုင်နဲ့ သူခန့်တဲ့ကော်မရှင်က ဖန်တီးပေးမယ့် အရိုးအယွင်း နေရာနည်းနည်းလေး များ ရနိုင်မလား မျှော်လင့်ချက်နဲ့ ကော်မရှင်နဲ့ သွားပြီးပူးပေါင်းဖို့ စဉ်းစားတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်” ဟု ဦးစည်သူအောင် မြင့်က သုံးသပ်ရေးသားထားသည်။

ဦးကိုကိုကြီးသည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော နိုင်ငံရေး အကျပ်အတည်းများနှင့် ပတ် သက်၍ ဆွေးနွေးညှိနှိုင်းကြရန် ကြားဝင်စေ့စပ်မည့်အဖွဲ့ကို ဦးဆောင်မည်ဟုလည်း ဖေဖော်ဝါရီလ ဒုတိယ အပတ်အတွင်း က သတင်းများ ထွက်ပေါ်ခဲ့သေးသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
507
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
38
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
84

ထိုစဉ်က ပြည်သူအများစုက ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ပြီး မတရား အာဏာသိမ်းယူထားသည့် စစ်တပ်နှင့် စေ့စပ်ရန်မလိုဟု ပြောဆိုကာ ဦးကိုကိုကြီး ကြားဝင်စေ့စပ်မည် ဟူသော ကိစ္စအပေါ်၌လည်း ဝေဖန်ပြစ်တင်ခဲ့ ကြသေးသည်။

ဦးကိုကိုကြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ပြည်သူ့ပါတီကို ၂၀၁၈ သြဂုတ် ၂၃ ရက်တွင် တည်ထောင်ခဲ့ပြီးနောက် ပြီး ခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း တနေရာမှ အနိုင်မရရှိခဲ့ပါ။

You may also like these stories:

ရန်ကုန်တိုင်း ပညာရေး အရာရှိ ၇ ဦးကို စစ်ကောင်စီက တာဝန်မှ ရပ်စဲ

ယူနီဖောင်းဝတ်ထားတဲ့အချိန် ရွံရှာတဲ့ အကြည့်တွေကို ကျနော်တို့ မခံနိုင်တော့ဘူး

မြန်မာဒုက္ခသည်များ ပြန်မောင်းမထုတ်ဟု ထိုင်းဝန်ကြီးချုပ် ပြော

Your Thoughts …
Tags: UECပြည်သူ့ပါတီဦးကိုကိုကြီး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

၈၈ မျိုးဆက်ခေါင်းဆောင်ဟောင်း ဦးကိုကိုကြီး ရန်ကုန်တွင် ပြည်သူ့ပါတီရုံးဖွင့်

၈၈ မျိုးဆက်ခေါင်းဆောင်ဟောင်း ဦးကိုကိုကြီး ရန်ကုန်တွင် ပြည်သူ့ပါတီရုံးဖွင့်

by ဧရာဝတီ
31 January 2024
3k

UEC ၏ အချက်အလက်များအရ ၂၀၂၂ ခုနှစ်က ပြည်သူ့ပါတီတွင် ပါတီဝင် ၃,၂၉၄ ဦးနှင့် ရုံးခန်း ရှစ်ခုသာရှိသည်။

၂၀၂၀ ရွေးကောက်ပွဲ မဲမသမာကြောင်း စစ်ကောင်စီ ထပ်လိမ်နေပြန်

၂၀၂၀ ရွေးကောက်ပွဲ မဲမသမာကြောင်း စစ်ကောင်စီ ထပ်လိမ်နေပြန်

by မောင်ကဝိ
26 March 2024
2.9k

အမျိုးသားဒီမိုကရေစီ အင်အားစု ဥက္ကဋ္ဌ၊ အခု စစ်ကောင်စီ ဗဟိုအကြံပေးအဖွဲ့မှာ ပါဝင်တဲ့ ဦးခင်မောင်ဆွေက ၂၀၁၀ ရွေးကောက်ပွဲမှာ မသမာမှုတွေရှိတယ်လို့ ပြောခဲ့တယ်။

ပါတီများအား စစ်ကောင်စီခန့် UEC ခွဲခြားကန့်သတ်လာနေ

ပါတီများအား စစ်ကောင်စီခန့် UEC ခွဲခြားကန့်သတ်လာနေ

by ဧရာဝတီ
26 October 2023
2.4k

ဦးသိန်းစိုးဦးဆောင်သော ရွေးကောက်ပွဲကော်မရှင် (UEC) လက်ထက်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ရာ၌ ဖိနှိပ်ကန့်သတ်မှုများသည် သမိုင်းတပတ် ပြန်လည်လာပြီ။

ဘာလဲဟဲ့ ရွေးကောက်ပွဲ

ဘာလဲဟဲ့ ရွေးကောက်ပွဲ

by ဉာဏ်လင်း
5 May 2025
2.3k

သတ်မှတ်ချက်များ ပြည့်မီခြင်း မရှိသေးသည့် နိုင်ငံရေးပါတီ လေးပါတီစာရင်းကိုလည်း ရုံးတွင်းစာများတွင် ဖော်ပြထားသည်ဟု သိရပါသည်။

ထိုင်းနိုင်ငံရေးတွင် တော်ဝင်ဝါဒီများက အခိုင်အမာ ချုပ်ကိုင်ထားဆဲ

by ဧရာဝတီ
17 August 2024
2.2k

ရှည်လျားသော စစ်တပ်ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးကို ဖေါ်ဆောင်ခဲ့သည့် ထိုင်းတော်ဝင်ဝါဒီအသိုက်အဝန်းသည် အာဏာချုပ်ကိုင်ထားဆဲဖြစ်သည်

နိုင်ငံရေးပါတီတွေ လုံခြုံရေးစိုးရိမ်မှုကြား ရွေးကောက်ပွဲအတွက် ပြင်နေ

နိုင်ငံရေးပါတီတွေ လုံခြုံရေးစိုးရိမ်မှုကြား ရွေးကောက်ပွဲအတွက် ပြင်နေ

by ဧရာဝတီ
23 July 2025
1.9k

ရွေးကောက်ပွဲကို လာမယ့်ဒီဇင်ဘာနဲ့ ဇန်နဝါရီလအတွင်းမှာ အပိုင်းလိုက်ကျင်းပမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားပြီး လတ်တလော မှတ်တင်ထားတဲ့ပါတီအနေနဲ့ ပြည်ထောင်စုတဝန်းလုံးပြိုင်မယ့် ၉ ပါတီ အပါအဝင် ၅၅ ပါတီရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ရဲ့ စာရင်းအရ သိရပါတယ်။

Next Post
ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး  / ကျော်ခ / ဧရာဝတီ

ဂယက်ထသွားသည့် KNU ဥက္ကဋ္ဌ၏ ကြေညာချက်

လူရွှင်တော် ကောင်းကျော်  / U Kaung Kyaw's Facebook

အနုပညာ လုပ်စားသူများအကြောင်း ပြောပြလာတဲ့ ကောင်းကျော်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved