Entertainment

အနုပညာ လုပ်စားသူများအကြောင်း ပြောပြလာတဲ့ ကောင်းကျော်

Want create site? Find Free WordPress Themes and plugins.

အနုပညာကို တကယ်ချစ်တဲ့ အနုပညာသမား အစစ်ဆိုတာ စိတ်မပါရင် ငွေဘယ်လောက် ပုံပေးပေး လုပ်ချင်မှ လုပ်တတ်ကြတယ်လို့ လူရွှင်တော် ကောင်းကျော်က ဆိုပါတယ်။

“အနုပညာကို တကယ်ချစ်တဲ့ အနုပညာသမားအစစ်ဆိုတာ ငွေမရပေမယ့် စိတ်ပါရင် ကိုယ့်စရိတ်ကို စားပြီး အလကား ဖျော်ဖြေပေးတတ်ကြသလို၊ အနုပညာသမားအစစ်ဆိုတာ စိတ်မပါရင်လည်း ငွေတွေ ဘယ်လောက် ပုံပေးပေး လုပ်ချင်မှ လုပ်တတ်ကြတယ်”လို့ ကောင်းကျော်က ပြောပါတယ်။

အနုပညာသမားမို့ ဘယ်သူနဲ့ဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ရမယ်လို့ ဆင်ခြေပေးတတ်သူတွေဟာ အနုပညာ လုပ်စားသူများဖြစ်တယ်လို့ သူက ဆိုပါတယ်။

လူရွှင်တော် ကောင်းကျော် (ဓာတ်ပုံ – U Kaung Kyaw’s Facebook)

“အနုပညာ လုပ်စားသူများကျတော့ အခွင့်အရေးတခုအတွက် လုပ်ချင်လာရင်လည်း ကိုယ်တွေက အနုပညာသမားမို့ ဘယ်သူနဲ့ဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ရမှာပဲလေလို့ ဆင်ခြေပေါင်း တသိန်း ပေးတတ်ကြလေတော့သတည်း။ အဖေ့ဆုံးမ စကားလေး သတိရမိလို့ပါ”လို့ ကောင်းကျော်က ဆိုပါတယ်။

ဟာသ သရုပ်ဆောင်၊ လူရွှင်တော် ကောင်းကျော်ဟာ နိုင်ငံတော်ကို စစ်တပ်မှ အာဏာသိမ်းတဲ့နေ့က စပြီး အမှန်တရားဘက်ကနေ ဒီမိုကရေစီအတွက် ပရိသတ်တွေ၊ ပြည်သူတွေနဲ့အတူ ပါဝင်ခဲ့တဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading