• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Culture

ပါကစ္စတန်နိုင်ငံအကြောင်း စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်များ

by ညီညီသူ
2 August 2019
in Culture
A A
ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံ

ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံ

12.8k
VIEWS
Share on FacebookShare on Twitter

ပါကစ္စတန်နိုင်ငံလို့ လူသိများတဲ့ နိုင်ငံရဲ့ နာမည် အပြည့်အစုံကတော့ ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံပါ။ တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်ပြီး ၁၉၄၇ ခုနှစ်မှာ ပေါ်ပေါက်လာခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဆဋ္ဌမမြောက် လူဦးရေ အများဆုံး နိုင်ငံတနိုင်ငံပါ။

ပါကစ္စတန်နိုင်ငံရဲ့ အနောက်ဖက်မှာ အာဖဂန်နစ္စတန်နိုင်ငံ၊ အနောက်တောင်ဖက်မှာ အီရန်နိုင်ငံ၊ အရှေ့ဖက်မှာ အိန္ဒိယနိုင်ငံနဲ့ အရှေ့မြောက်ဖက်မှာ တရုတ်နိုင်ငံတို့ တည်ရှိပါတယ်။ သမိုင်းကြောင်းအရ စိတ်ဝင်စားဖို့ကောင်းတဲ့ နိုင်ငံတနိုင်ငံဖြစ်သလို ပါကစ္စတန်နိုင်ငံနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) နိုဘယ်လ်ဆုရှင် ၂ ဦး

ပါကစ္စတန်နိုင်ငံဟာ နိုဘယ်လ်ဆုရှင် ၂ ဦးကို ပိုင်ဆိုင်ထားပါတယ်။ ပထမ တယောက်ကတော့ Abdus Salam သီအိုရီ ရူပပညာရှင်ပါ။ သူဟာ ၁၉၇၉ ခုနှစ်မှာ နိုဘယ်လ်ဆု ရရှိခဲ့ပါတယ်။ နောက်တယောက်ကတော့ Malala Yousafzai ပါ။ သူဟာ အမျိုးသမီးတွေ ပညာသင်ကြားခွင့် ရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့သူဖြစ်ပြီး တာလီဘန်တွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာတော့ အိန္ဒိယနိုင်ငံက Kailash Satyarthi ဆိုသူနဲ့အတူ နိုဘယ်လ်ဆုကိုပူးတွဲ ရရှိခဲ့ပါတယ်။ နိုဘယ်လ်ဆုရရှိချိန်မှာတော့ မာလာလာရဲ့အသက်က ၁၇ နှစ်သာ ရှိပါသေးတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
91
သဇင်ပန်း

သဇင်ပန်း

10 January 2026
121
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
308

(၂) ပါကစ္စတန်(Pakistan) နိုင်ငံရဲ့အဓိပ္ပါယ်

ပါကစ္စတန်နိုင်ငံဟာ အိန္ဒိယနိုင်ငံကနေ ခွဲထွက်ခဲ့တဲ့ နိုင်ငံဖြစ်ပေမယ့် ပါကစ္စတန်ဆိုတဲ့ နာမည်ရဲ့ အဓိပ္ပါယ်မှာ ဟိန္ဒူစကားလုံး ပါနေတာကို တွေ့ရပါတယ်။ “Pak” ဆိုတဲ့စကားလုံးက ပါရှားဘာသာ စကားက ဆင်းသက်လာတာ ဖြစ်ပြီး “မြင့်မြတ်ခြင်း၊ သန့်စင်ခြင်း၊ စင်ကြယ်ခြင်း”လို့ အဓိပ္ပာယ် ရပါတယ်။ “istan” ဆိုတဲ့စကားကတော့ ဟိန္ဒူစကားဖြစ်ပြီး “ငြိမ်းချမ်းရေး”လို့ အဓိပ္ပာယ် ရပါတယ်။

ပါကစ္စတန်နိုင်ငံဟာ အိန္ဒိယကနေ ခွဲထွက်ခဲ့တဲ့ နိုင်ငံတနိုင်ငံဖြစ်ပေမယ့် ဟိန္ဒူစကားလုံးကို အရေးတယူ လုပ်ပြီး နိုင်ငံနာမည်နဲ့ ပေါင်းစပ်ထားတာကို တွေ့ရပါတယ်။

(၃) ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ၆ ခုကိုပိုင်ဆိုင်ထားခြင်း

ပါကစ္စတန်နိုင်ငံဟာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ၆ ခုကိုပိုင်ဆိုင်ထားပါတယ်။ အဲဒါတွေကတော့ Moenjodaro ၊ Takht-i-Bahi ၊ Sahr-i-Bahlol ၊ Shalamar Gardens ၊ Makli နဲ့ Taxila တို့ ဖြစ်ပါတယ်။

(၄) ပထမဆုံး ကွန်ပျူတာ ဗိုင်းရပ်စ်ကို ဖန်တီးခဲ့ခြင်း

ပါကစ္စတန်ရဲ့ ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Basit Farooq Alvi နဲ့ Amjad Farooq Alvi တို့ဟာ “Brain” လို့ အမည်ရတဲ့ ကွန်ပျူတာ ဗိုင်းရပ်စ်ကို ကမ္ဘာပေါ်မှာ ပထမဆုံး ဖန်တီးခဲ့ကြသူတွေဖြစ်ပါ တယ်။ သူတို့ ၂ ယောက်ဟာ အဲဒီဗိုင်းရပ်စ်ကို ၁၉၈၆ ခုနှစ်မှာ ဖန်တီးခဲ့တာဖြစ်ပါတယ်။

(၅) ကမ္ဘာ့အမြင့်ဆုံး တောင်တန်းကြီးများကို ပိုင်ဆိုင်ထားခြင်း

ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင်တချို့က ပါကစ္စတန်နိုင်ငံမှာ ရှိပါတယ်။ ကမ္ဘာပေါ်မှာ ဒုတိယမြောက် အရှည်ဆုံး တောင်တန်းကြီးကလည်း ပါကစ္စတန်နိုင်ငံမှာရှိပါတယ်။ အဲဒီတောင်တန်းကြီးရဲ့ နာမည်ကတော့ အမျိုးမျိုးပါပဲ။ ဒေသခံတွေက Chogori လို့ခေါ်ပြီး အင်္ဂလိပ်တွေကတော့ Godwin-Austen လို့ ခေါ်သလို တရုတ်တွေကတော့ Qogir Fengin လို့ခေါ်ကြပါတယ်။

(၆) အမျိုးသမီးခေါင်းဆောင် ပေါ်ထွန်းခဲ့ခြင်း

မွတ်စလင်လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေကို နေရာပေးလေ့ မရှိပါဘူး။ ဒါပေမယ့် ပါကစ္စတန်မှာတော့ အဲဒီလို မဟုတ်ပါ။ Banazir Bhutto ဆိုသူဟာ မွတ်စလင်လူ့အဖွဲ့အစည်းမှာ ပထမဆုံးသော ပါကစ္စတန်အမျိုးသမီး ဝန်ကြီးချုပ်ပါပဲ။

Ref:usnews

You may also like these stories:

ပါကစ္စတန်နိုင်ငံမှာ Transgender များအတွက် ပထမဆုံး ဖွင့်လှစ်လိုက်တဲ့ ပညာသင်ကျောင်း

ခရီးသွားတွေအတွက် အန္တရာယ်အရှိဆုံ းနိုင်ငံများ

Game of Thrones ဇာတ်လမ်းတွဲထဲကTyrion Lannister နဲ့တူလွန်းတဲ့ စားပွဲထိုး

Your Thoughts …
Tags: ပါကစ္စတန်နိုင်ငံ
ညီညီသူ

ညီညီသူ

Similar Picks:

တောင်ကိုရီးယားနိုင်ငံမှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ

ပါကစ္စတန်နိုင်ငံမှာ ဗုဒ္ဓဘာသာ ခရီးသွားလုပ်ငန်း ပြန်လည် ထွန်းကားလာဖို့ မျှော်လင့်

by ညီညီသူ
15 November 2019
6.4k

စေတီပုထိုးနဲ့ ရှေးဟောင်း အဆောက်အဦတွေဟာ ပျက်စီးယိုယွင်းတာ ဖျက်ဆီးခံရတာမျိုးရှိခဲ့ပေမယ့် ဗုဒ္ဓဘာသာဆိုင်ရာ ရှေးဟောင်းလက်ရာတွေ ကျန်ရှိနေပါသေးတယ်။

ပါကစ္စတန်ရှိ ကုန်စုံဆိုင် တဆိုင်မှာ ဈေးဝယ်နေသူ တဦး

ကိုဗစ်ကာလအတွင်း ပါကစ္စတန်ရှိ ကုန်စုံဆိုင်များ အွန်လိုင်းကနေ ရောင်းချလာ

by Aurora
27 December 2020
2.7k

Lockdown ကာလတုန်းကတော့ အွန်လိုင်းက အဝယ်လိုက်ပေမယ့် Lockdown လည်း ပြန်ဖြေလျှော့လိုက်ရော အွန်လိုင်းကနေ ဝယ်သူ နည်းသွားတယ်” လို့ ဆိုပါတယ်။

ပါကစ္စတန်မှာ အစိုးရ တာဝန်ရှိသူတွေ ချမှတ်ပေးထားတဲ့ ဗိုင်းရပ်စ် ကာကွယ်ရေး စည်းကမ်းတွေကို လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။

ပါကစ္စတန်မှာ COVID-19 နေ့စဉ် ကူးစက်မှုနှုန်း ၃၀၀၀ ကျော်ထိ ရှိလာ

by Aurora
27 November 2020
6k

နိုဝင်ဘာ ၂၄ ရက်မှာ အများဆုံးကူးစက်ခံထားရတဲ့ ဒေသကတော့ နိုင်ငံအနောက်တောင်ပိုင်းရှိ Sindh ခရိုင် ဖြစ်ပြီး ကူးစက်ခံရသူ ၁,၃၀၀ ကျော်နဲ့ သေဆုံးသူ ၁၃ ဦးထိ ရှိခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံက မီးရထားတစင်း မီးလောင်မှုကြောင့် လူများစွာ သေဆုံး

ပါကစ္စတန်နိုင်ငံက မီးရထားတစင်း မီးလောင်မှုကြောင့် လူများစွာ သေဆုံး

by ညီညီသူ
1 November 2019
12.5k

မီးရထားဟာ ပါကစ္စတန်နိုင်ငံ ကရာချိမြို့ကနေ Rawalpindi မြို့ကို ပြေးဆွဲနေတဲ့ မီးရထားဖြစ်ပြီး ရထားတွဲ ၃ တွဲကို မီးလောင်ကျွမ်းခဲ့ပါတယ်။

Next Post
သရုပ်ဆောင် ကူးကူးဇင်အောင် / KuKu ZinAung's Facebook

“သူစိမ်းအိမ်” ရုပ်ရှင်နဲ့ ပတ်သက်ပြီး ၂ လလောက် ကြိုတင်လေ့ကျင့်ခဲ့ရတဲ့ ကူးကူးဇင်အောင် 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုနှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဒွန်ပရမ်မတ်ဝီနိုင်တို့ ယမန်နေ့က အာဆီယံနိုင်ငံခြားရေး အစည်းအဝေးတွင် တွေ့ဆုံစဉ် / Bangkok Post

တရုတ်၏ မဲခေါင်ဆည်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဝေဖန်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved